စစ်တမ်းတွေမှာဖော်ပြတဲ့အချက်အလက်တွေကို အယုံကြည်မရှိကြောင်း အမေရိကန် သမ္မတပြော

 760

ဂျန်ဇက် (NP News) - ဇူလိုင် ၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ သမ္မရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ခံရမှုရှိမရှိဆိုတဲ့ စစ်တမ်းကောက်ယူမှုဆိုင်ရာအချက်အလက်တွေကို အယုံကြည်မရှိကြောင်း ထုတ် ဖော်ပြောဆိုလိုက်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် နဲ့ ပြုလုပ်တဲ့ စကားစစ်ထိုးပွဲမှာ မျှော်လင့်သလောက် စွမ်းရည်ကောင်းတွေမပြသနိုင်တဲ့အတွက် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ABC သတင်းဌာနက မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းထဲမှာ သမ္မတဂျိုးဘိုင်ဒန်ကို လာမယ့်ရွေးကောက်ပွဲမှာသမ္မတအဖြစ် တစ်ကျော့ပြန်အရွေးမခံရဘူးလို့ ယုံကြည်နေသူ (၃၆)ရာခိုင်နှုန်းကျော်ရှိနေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ပြုလုပ်တဲ့ သတင်းဌာနတွေရဲ့စစ်တမ်းတွေမှာ ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်နဲ့ နှိုင်းယှဉ်ရင် ပြည်သူထောက်ခံမှုနှုန်းကျဆင်းနေခဲ့ကြောင်းဖော်ပြနေပါတယ်။ ဒါပေမဲ့ ဂျိုးဘိုင်ဒန်က "ကျွန်တော်ဟာ စစ်တမ်းတွေရဲ့အခြေအနေတွေကို နားလည်ယုံကြည်မှုမရှိဘူး၊ စစ်တမ်းတွေဟာ တိကျမှုမရှိဘူး"လို့ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ပြုလုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဒီမိုကရက်တစ်ပါတီဝင်တွေ၊ ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီကို ငွေကြေးကူညီထောက်ပံ့ပေးနေသူတွေက ဂျိုးဘိုင်ဒန်ကို သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဖို့တောင်းဆိုတာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုးဘိုင်ဒန်က ၎င်းအနေနဲ့ သမ္မတရွေးကောက်ပွဲကို ဆက်လက်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘုရားသခင်က ဒေါ်နယ်ထရမ့်ကို အနိုင်ရအောင်ကူညီစောင့်ရှောက်ပေးမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဂျိုးဘိုင်ဒန်က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့၊ သမ္မတဖြစ်လာဖို့ ၎င်းထက် အရည်အချင်းပြည့်ဝသူမရှိကြောင်း ပြောပါတယ်။ဒါပေမဲ့ မဲပေးခွင့်ရှိသူအများစုက ဂျိုးဘိုင်ဒန်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်ရှိနေတယ်လို့ယုံကြည်ကြောင်း စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

zawgyi version
စစ္တမ္းေတြမွာေဖာ္ျပတဲ့အခ်က္အလက္ေတြကို အယုံၾကည္မရွိေၾကာင္း အေမရိကန္ သမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ၎အေနနဲ႔ သမၼေ႐ြးေကာက္ပြဲမွာ ျပန္လည္ေ႐ြးခ်ယ္ခံရမႈရွိမရွိဆိုတဲ့ စစ္တမ္းေကာက္ယူမႈဆိုင္ရာအခ်က္အလက္ေတြကို အယုံၾကည္မရွိေၾကာင္း ထုတ္ ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေဟာင္း ေဒၚနယ္ထရမ့္ နဲ႔ ျပဳလုပ္တဲ့ စကားစစ္ထိုးပြဲမွာ ေမွ်ာ္လင့္သေလာက္ စြမ္းရည္ေကာင္းေတြမျပသႏိုင္တဲ့အတြက္ ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။

ABC သတင္းဌာနက မၾကာေသးမီက ေကာက္ယူခဲ့တဲ့စစ္တမ္းထဲမွာ သမၼတဂ်ိဳးဘိုင္ဒန္ကို လာမယ့္ေ႐ြးေကာက္ပြဲမွာသမၼတအျဖစ္ တစ္ေက်ာ့ျပန္အေ႐ြးမခံရဘူးလို႔ ယုံၾကည္ေနသူ (၃၆)ရာခိုင္ႏႈန္းေက်ာ္ရွိေနေၾကာင္း ေဖာ္ျပခဲ့ဖူးပါတယ္။ မၾကာေသးမီက ျပဳလုပ္တဲ့ သတင္းဌာနေတြရဲ႕စစ္တမ္းေတြမွာ ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္နဲ႔ ႏႈိင္းယွဥ္ရင္ ျပည္သူေထာက္ခံမႈႏႈန္းက်ဆင္းေနခဲ့ေၾကာင္းေဖာ္ျပေနပါတယ္။ ဒါေပမဲ့ ဂ်ိဳးဘိုင္ဒန္က "ကြၽန္ေတာ္ဟာ စစ္တမ္းေတြရဲ႕အေျခအေနေတြကို နားလည္ယုံၾကည္မႈမရွိဘူး၊ စစ္တမ္းေတြဟာ တိက်မႈမရွိဘူး"လို႔ေျပာပါတယ္။

ေဒၚနယ္ထရမ့္နဲ႔ ျပဳလုပ္ခဲ့တဲ့ စကားစစ္ထိုးပြဲအၿပီးမွာ ဒီမိုကရက္တစ္ပါတီဝင္ေတြ၊ ဒီမိုကရက္တစ္ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပါတီကို ေငြေၾကးကူညီေထာက္ပံ့ေပးေနသူေတြက ဂ်ိဳးဘိုင္ဒန္ကို သမၼတ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္မျပဳဖို႔ေတာင္းဆိုတာေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ ဂ်ိဳးဘိုင္ဒန္က ၎အေနနဲ႔ သမၼတေ႐ြးေကာက္ပြဲကို ဆက္လက္ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ဘုရားသခင္က ေဒၚနယ္ထရမ့္ကို အႏိုင္ရေအာင္ကူညီေစာင့္ေရွာက္ေပးမယ္လို႔ ယုံၾကည္ေၾကာင္း ေျပာပါတယ္။ ဂ်ိဳးဘိုင္ဒန္က သမၼတေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔၊ သမၼတျဖစ္လာဖို႔ ၎ထက္ အရည္အခ်င္းျပည့္ဝသူမရွိေၾကာင္း ေျပာပါတယ္။ဒါေပမဲ့ မဲေပးခြင့္ရွိသူအမ်ားစုက ဂ်ိဳးဘိုင္ဒန္ဟာ စိတ္ပိုင္းဆိုင္ရာနဲ႔က်န္းမာေရးဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ရွိေနတယ္လို႔ယုံၾကည္ေၾကာင္း စစ္တမ္းေတြမွာေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.