"TNLA မအုပ်ချုပ်ရင် ပြီးရော ၊ တပ်မတော်အနေနဲ့ လုပ်စရာရှိတာလုပ်ပါ" (ကျောက်မဲ လူထုအသံ) (အင်တာဗျူး)

 9845

သုတကျော် (NP News) - ဇူလိုင် ၉

ကျောက်မဲမြို့ကို TNLA ပူးပေါင်းအဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲရာတွင် ကျောက်မဲမြို့ခံများအနေဖြင့် ယခင်နှင့်မတူသောအခြေအနေကို ကြုံတွေ့ခဲ့ကြရပြီး တိုက်ပွဲကြား မြို့ခံများ၏သေဆုံးမှု ပမာဏလည်း များပြားခဲ့ရသည်။ TNLA က မြို့ခံများ၏အိမ်ကို အကာ အကွယ်ယူခြင်းအပါအဝင် ကျောက်မဲမြို့တွင်နေထိုင်သူများမှာ ဘေးကျပ်နံကျပ် အခြေအနေဆိုးကိုလည်း ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

အနိဋ္ဌာရုံကို မျက်ဝါးထင်ထင်မြင်ရပြီး မတတ်သာသောအခြေအနေတွင် မြို့ကိုစွန့်ခွာခဲ့ရ သည့် ကျောက်မဲမြို့ခံများ၏ရင်ဆိုင်ခဲ့ရမှုများနှင့်ပတ် သက်၍ နယ်မြေခံသတင်းရစ်မြစ်တစ်ဦးအား The Statesman Journal ၏မေးမြန်းထားသည်များကို ထပ်ဆင့် ထုတ်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းမှာ ကျောက်မဲမြို့ခံ တွေအနေနဲ့ အလားအလာကို ကြိုတင်ခန့်မှန်းမိခဲ့ကြ ပါသလား။ လှုပ်လှုပ်ရှားရှားအခြေအနေမျိုး တွေ့ရပါသလား။
ဖြေ - တိုက်ပွဲမဖြစ်ခင် ငါးရက်၊ တစ်ပတ်အလိုမှာ တွေ့ရတယ်။ ကျောက်မဲနဲ့ မိုးကုတ်ဆိုတဲ့ လမ်း၊ အတွင်းလမ်း တစ်လမ်းရှိတယ်။ အဲဒီကနေ TNLA နဲ့ PDF တွေပေါ့။ အင်အား ရာဂဏန်းလောက်ရှိ တယ်။ ကားတစ်စီးမှာ လူခြောက်ဆယ်လောက်နဲ့ အင် အား နှစ်ရာကျော်ကျော်လောက်ပါတယ်။ ကျွန် တော်တို့ မျက်မြင်တွေ့တာပေါ့။ မြေသယ်ကားကြီးတွေနဲ့ သူတို့ရောက်လာတယ်။ ကျောက်မဲမြို့အနီးက အခု ငြိမ်းချမ်းရေးကုန်းလို့ခေါ်တဲ့နေရာမှာ သူတို့ စခန်း စပြီးချတယ်။ အဲဒီတည်းက ကျွန်တော်တို့က သိပ်အခြေအနေမကောင်းဘူး၊ ဖြစ်တော့မှာပဲလို့သိတာပေါ့။ သိပ်မကြာခင်ဖြစ်တာပါပဲ။

မေး - အခု ကျောက်မဲမှာ တိုက်ပွဲစဖြစ်တုန်းက အခြေအနေနဲ့ ကိုယ်တိုင်အတွေ့အကြုံကို ပြောပြ ပေးပါလား။
ဖြေ - ကျွန်တော်တို့ ကျောက်မဲဆိုတာက ဟိုးတုန်း တည်းက တိုက်ပွဲရှိခဲ့တဲ့အနေအထားပေါ့။ ပထမ တစ်ရက်လောက်ကတော့ မထူးခြားဘူးပေါ့။ မထူးခြားဘူးဆိုတာက PDF နဲ့ TNLA က မြို့ပြင်ကပဲ လှမ်းလှမ်းပြီးပစ်တယ်၊ ဆော်တယ်ပေါ့။ တပ်စခန်းတွေကို သွားသွားပြီးမှန်တယ်ဆိုတော့ ဪသာ် သိပ်မကြာခင် ပြီးသွားမှာပဲဆိုတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့လေးတော့ နေဖြစ် လိုက်တယ်။ သိပ်မကြာခင် နှစ်ရက်မြောက်၊ သုံး ရက် မြောက်နေ့မှာ အခြေအနေတွေက မြို့ကိုပတ်ပြီးတော့ ဝိုင်းလိုက်တယ်ပေါ့။ အမြောက်တပ်ကို စသိမ်းတယ်။ တစိမ့်စိမ့်ဝင်လာပြီးတော့ လူနေအိမ်ခြံထဲတွေမှာ ပတ် ပြီးပုန်းတယ်။ ပြီးတော့ စစ်တပ်ကို သွားသွားပစ်တယ်။ လက်နက်တွေနဲ့ဆော်လာတော့ အခြေအနေတွေက မကောင်းလာတော့ တော်တော်လေး ထိတ်လန့်မှုတွေ ဖြစ်တယ်။ လူတွေလည်း တော်တော်လေးဆုံးသွား တယ်။ သုံးရက်မြောက်နေ့မှာ အရပ်သား (၂၁)ယောက်ဆုံးသွားတယ်။ တော်တော်လေးတော့ တုန် လှုပ်သွားတယ်။ ကျွန်တော်တို့နေခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ မြို့ထဲဖြစ်တယ်ဆိုတာ မရှိခဲ့ပါဘူး။ သမိုင်းကြောင်းတစ်လျှောက် မရှိခဲ့ပါဘူး။ ဒီတစ်ခါပဲ ဖြစ်တယ်ဆိုတော့ ကြောက်တာပေါ့။ နီးစပ်ရာတွေ ထွက်ပြေးကြတာပေါ့။ အကုန်ထွက်ပြေးကြတာရှိခဲ့ပါတယ်။

မေး - ကျောက်မဲမှာ မြို့တွင်းတိုက်ပွဲကို အရင်က မကြုံဖူးဘဲ အခုမှ ကြုံဖူးတယ်ဆိုတော့ ဒေသခံတွေ တော်တော်ကြောက်သွားကြပါသလား။ သွေးပျက်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့လား။ ပြီးတော့ လုံခြုံတဲ့နေရာဆီ အချိန်မီ တိမ်းရှောင်ဖို့ကော အခက်အခဲအများ ကြီး ဖြစ်သွားကြပါသလား။
ဖြေ - ကျွန်တော်တို့မြို့က နံပါတ်တစ်က မြေမျက်နှာသွင်ပြင်အနေအထားအရ ရှမ်းမြောက်က မြို့ထဲမှာ ပြည်ထောင်စုလမ်းမကြီးရဲ့ အတွင်းပိုင်းမှာကျတယ်။ တစ်ခုခုဆိုရင် ပိတ်မိတယ်ပေါ့။ ပြေးလို့လည်းမရဘူး။ မြို့ပြင်ထွက်မယ်ဆိုတော့လည်း TNLA အဖွဲ့တွေက ရှိတယ်။ ဒီဘက်ကို ပြန်ပြေးတော့လည်း တပ်၊ ဟိုဘက်ကိုပြေးမယ်ဆိုတော့လည်း မိုင်းပျဉ်း၊ မိုင်းမော ဘက်ပြေးမယ်ဆိုလည်း TNLA ကရှိနေတယ် ဆိုတော့ ပထမ တစ်ရက်၊ နှစ်ရက်မှာ ကျွန်တော်တို့ တော်တော်လေး ပိတ်မိခဲ့တယ်ပေါ့။ မြို့ထဲမှာပဲပတ်ပြီးတော့ RC အဆောက် အအုံရှိတဲ့အိမ်တွေမှာ ခိုပုန်း ပြီးတော့ ပြေးရတဲ့ အနေအထားဖြစ်ခဲ့တဲ့ပေါ့။ အဲဒီလို အနေအထားကြောင့်ပဲ ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်ပေါ့။ တကယ်လို့သာ မြို့ပြင်လမ်းတွေမှာ TNLA တို့က လမ်းတွေပိတ်ဆို့ထားတာမဟုတ်ဘူးဆိုရင် ပြေးလို့ရတယ်ပေါ့။ အဲဒီလိုမျိုးဖြစ်ခဲ့ပါတယ်။ သွေးပျက်စရာ အနေအထားတော့ ဖြစ်ခဲ့ပါတယ်။ သာမန်ကတော့ အမြောက်ထုတယ် ပြီးသွားပြီ။ တစ်သက်လုံးလည်း ဒီလိုပဲ နေလာခဲ့တာ။ အခုမှ မြို့တွင်းမှာ တိုက်ပွဲဖော် ဆောင်တယ်။ ဘုန်းကြီးကျောင်းထဲ အထိမှာ နေရာယူ ပြီးပစ်ခတ်တာဖြစ်လာတော့ တော်တော်လေး သွေး ပျက်စရာ ဖြစ်သွားတယ်။ တချို့ဆို လက်နက်ကြီးသံကြောင့် Shock ဖြစ်ပြီး ဆုံးသွားတာပေါ့။ ကျွန်တော့် ဦးလေးကိုယ်တိုင်လည်း လက်နက်ကြီးထိလို့ ဆုံးသွား ပါတယ်။

မေး - TNLA ဟာ မြို့တွင်း တိုက်ပွဲ ဖော်ဆောင်တဲ့ အခါမှာ လူနေအိမ်တွေကို အကာအကွယ်ယူပြီး ပစ်တဲ့အတွက် မြို့ခံတွေရဲ့လူနေအိမ်တွေ ပျက်စီးရတာ များတယ်လို့သိရတယ်။
ဖြေ - အဲဒါအမှန်ပါပဲ။

မေး - ဆိုတော့ အဲဒီအခြေအနေကို မြို့ခံတစ် ယောက်အနေနဲ့ သိခဲ့ရ၊ မြင်ခဲ့ရသလောက် ပြောပြပေးလို့ ရမလား။
ဖြေ - သူက မြို့ထဲကိုဝင်တာမှာ လမ်းကြောင်း နှစ်ကြောင်းကနေ ဝင်လာတယ်။ နံပါတ်တစ်က ငြိမ်းချမ်းရေးကုန်းပေါ့။ တစ်ထပ်တိုက်လေးတွေ ရှိတယ်။ ရှမ်းပြည်နယ်က အိမ်လေးတွေက ရှမ်းဓလေ့ အရဆောက်တာ ပုပုသေးသေးလေးတွေရှိတော့ ဒီကောင်တွေက အဲဒီလိုနေရာဆို သိပ်အကာအကွယ် မရှိဘူး။ RC တိုက်တွေရှိတဲ့ ငြိမ်းချမ်းရေးကုန်းမှာဆို သုံးထပ်တိုက်ရှိတယ်၊ နှစ်ထပ်တိုက်ဆို လေးခု လောက်ရှိတယ်။ အဲဒီလိုနေရာကနေ အကာအကွယ် ယူတာ ဒါက တစ်လမ်းပေါ့။ နောက်တစ်ခုက လားရှိုး ဘက်က အဝင်။ ဒါက တစ်လမ်းပေါ့။ အဲဒီမှာဆိုရင် အထပ်မြင့်အဆောက်အအုံတွေ ရှိတယ်။ ကုန်ကုန် ပြောရရင် ဇွန်လ ၃၀ ရက်က ဗုံးကြဲလိုက်တဲ့ One Love ဟိုတယ်၊ ဆင်ဖြူတော် မုန့်တိုက်။ အဲဒီ ခိုင်မာတဲ့အဆောက်အအုံတွေမှာ ဒီကောင်တွေက စခန်းချပြီးနေတယ်။ စခန်းချရုံတင်မဟုတ်ဘူး၊ အဲဒီ အိမ်ရှင်တွေ ခွင့်ပြုပြု၊ မပြုပြု ချက်ကျွေးခိုင်းတယ်။ ပေးမထွက်ဘူး။ အကာအကွယ်ယူပြီးနေတယ်။ ဆင် ဖြူတော်မုန့်တိုက်ပိုင်ရှင်ကတော့ ထွက်ပြေးသွား တယ်။ သူ့မုန်တိုက်က မြို့လယ်က နှစ်ထပ်တိုက်ပေါ့။ TNLA က အင်အားအလုံးအရင်းနဲ့ကို ဝင်ပြီးနေတာ။ ဥညန ူသလန ဆိုလည်း အင်အားအပြည့်အစုံနဲ့နေတာ။ ခိုင်မာတဲ့ ျွဃ အဆောက်အအုံမှာ ဒီကောင်တွေ အမြဲတမ်းနေတယ်။ ဒရုန်းတွေလည်းလွှတ်တယ်။ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်မြင်ရတာပေါ့။

မေး - ဆက်စပ်ပြီး မေးစရာပေါ်တာက သူတို့က ခိုင် မာတဲ့အဆောက်အအုံတွေမှာနေထိုင်ပြီးတော့ အိမ်ရှင်တွေကို ထမင်းချက်ကျွေးခိုင်းတဲ့ဟာပေါ့။ အခုချိန်အထိ တိုက်ပွဲကာလတစ်လျှောက်လုံး ကျောက် မဲမြို့တိုက်ပွဲမှာ TNLA က အဲဒီလိုကျင့် သုံးခဲ့တာလား။ အဲဒီလိုချက်ကျွေးခဲ့ရတဲ့ အိမ်ရှင်ပမာဏကော များပါသလား။
ဖြေ - နှစ်ချက်ရှိတာပေါ့။ တချို့လုပ်ငန်းရှင်တွေ ကျတော့လည်း သူတို့ကို မလွန်ဆန်နိုင်လို့ လိုက်လျော လိုက်ရတာရှိတယ်။ နောက်တစ်ခုကတော့ ကြောက် စိတ်နဲ့ လုပ်ပေးနေရတာ ရှိတယ်။ လက်တလော One Love ဟိုတယ်နဲ့ ဆင်ဖြူတော်နားကတိုက်တွေ ဗုံးကြဲခံရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် (ထမင်းချက်ကျွေးရတယ်ဆိုတာက)ဘယ်သူကတော့ ကြည်ဖြူမှာလဲ။ ကြောက်လို့ ပေးနေထားတာ။ ငါ့အိမ် မနေနဲ့ သွားလို့ မောင်းမထုတ်ရဲဘူးလေ။ အ လိုက်အထိုက်နေလိုက်ရတဲ့သဘောရှိပါတယ်။

မေး - ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုတဲ့ အခု တိုက်ပွဲတွေထဲမှာ ကျောက်မဲမြို့ဟာ အရပ်သား သေ ဆုံးမှုများတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် သေဆုံးမှုများခဲ့တာပါလဲ။
ဖြေ - အရှင်းဆုံးစကားပြောရရင် ဒီကောင်တွေက တိုက်တာကို တပ်ကိုတိုက်ရိုက်မတိုက်ဘူး၊ ပြည်သူကို အကာ အကွယ်ယူပြီး တိုက်တာဖြစ်တဲ့အတွက် ပြည်သူ ထိတာပေါ့ဗျာ။ တပ်ကလည်းပစ်တဲ့အခါ ပစ်မှတ်က အနီးစပ်ဆုံး ချတာပေါ့။ ဒီကောင်တွေရှိတဲ့နေရာကို ချတာပေါ့။ စစ်ရဲ့သဘာဝကို ကျွန်တော်ကလည်း နားလည်ပါတယ်။ တခြားမြို့ထက် ဘာကြောင့် အသေအပျောက်များလဲဆိုတာ မြို့ကို အကာကွယ်ယူ ပြီးလုပ်တာမို့လို့ ပြည်သူ အသေအပျောက်များသွားတာပေါ့။

မေး - ကျောက်မဲမြို့ကနေ ထွက်ဖို့ရာမှာလည်း စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ တော်တော်လေး ခက်ခဲတယ်လို့ သိရပါတယ်။ ဘယ်လမ်းကြောင်းကနေ ဘယ်လို ထွက်ပြေးကြရပါသလဲ။
ဖြေ - နံပါတ်တစ်အခက်အခဲကတော့ အမြတ်ကြီး ရောင်းတဲ့ဆီဆိုင်တွေက ဈေးတင်ရောင်းတာပေါ့။ တစ်လီတာကို ရှစ်ထောင်၊ တစ်သောင်းပေါ့။ ဘယ်လို ပြေးလဲဆိုတော့ ဒီဘက်မှာ မနက် ၆ နာရီကနေ ရှစ်နာ ရီအတွင်းဆိုရင် တိုက်ပွဲနားတဲ့ ကာလပေါ့။ အဲဒီအချိန် မှာ ဘယ်လိုပြေးကြသလဲဆိုတော့ အလံဖြူတွေ ထောင်တယ်။ ပရဟိတအသင်းတွေနဲ့ ဘုန်းကြီးတွေ လာခေါ်တယ်။ ရွာတွေကနေ ကားတွေနဲ့လာခေါ်ပြီး မြို့ရဲ့အနောက်ဘက် လမ်းကြောင်းရှိတယ်။ ပြည် ထောင်စုလမ်းမကြီးကိုတက်တဲ့လမ်းရှိတယ်။ ရွာအ တွင်းလမ်းကနေ သုတ်သုတ် သုတ်သုတ်နဲ့ ပြေးရတာ ပေါ့။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရွှေထည်ငွေ ထည်၊ အရေးကြီးတာလေးယူပြီးပြေးကြရတာ။ ငါတို့ ဖွင့်ပေးထားတယ်ဆိုတာ မရှိဘူး။ မီးစင်ကြည့်ကပြီး ပြေးရတာပေါ့။

မေး - မြို့ကို စွန့်ခွာခဲ့ရသူတစ်ယောက်အနေနဲ့ ခံစား ချက်က ဘယ်လိုရှိပါသလဲ။ စစ်ကြောင့် မြို့ရဲ့ ပျက်စီး မှုတွေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ - ဘယ်သူကတော့ ကိုယ့်အိမ်ကိုယ်ပစ်ပြီး ခွာချင်မလဲ။ ဒါပေမဲ့ ကိုယ့်အသက်အန္တရာယ်ကြောင့် ခွာလာ ရတဲ့အဖြစ်ပေါ့။ တော်တော်လေးဝမ်းနည်းတယ်။ အဆောက်အအုံတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေပေါ့။ ကျွန်တော်တို့ဆိုလည်း လိုင်စင်ကားပါထိသွားတာ။ တအားဝမ်းနည်းတယ်။ နောက်ပြီးတော့ ခံပြင်းစိတ် ရှိတယ်။ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေက သူများအပေါ်လည်း အနိုင်မကျင့်ဘူး။ အခုကျတော့ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးဖြစ်စဉ် မတိုင်ခင် တည်းက ဒါ ဖြစ်မယ် ဆိုတာက ကျွန်တော်တို့ မြို့မှာ ပဋိပက္ခ နည်းနည်းလေးရှိတယ်။ ရှမ်းနဲ့ ပလောင်က ပဋိပက္ခ နည်းနည်းရှိတယ်။ သူတို့က ဒါကို အငြိုးအတေးထားပြီးတော့ TNLA က ပစ်မှတ်ထားပြီး လုပ်တာပေါ့။ လူမျိုးရေးအရပြောမယ်ဆိုရင်လည်း ကျွန်တော်တို့က TNLA ကို နည်းနည်းလေး မုန်းတယ်ပေါ့။ အနိုင်လည်းကျင့်တယ်။ အခုဆိုရင် တအား သနားစရာကောင်းတာက သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေကို ဒီကောင်တွေက ဖောက်ပြီး နေနေတယ်။ ဘာမှ ပြန်မလုပ်နိုင်ဘူးဆိုတော့ မတတ်နိုင်ဘူးပေါ့။ အဲဒီလိုအနေအထားတွေ တွေ့တယ်။ မြို့လာဖျက်တယ်လို့ မြင်တယ်။ မြို့လာသိမ်းတယ်ဆိုတာထက် မြို့လာဖျက်တယ်လို့ မြင်တယ်။ ကျွန်တော်တို့ နေခဲ့တဲ့ သက်တမ်းတလျှောက် RCSS နဲ့ တပ်နဲ့ ချတုန်းကလည်း ဒီလောက် မပြင်းထန်ဘူး။ ဒီတခါက သူတို့ကတော့ လူမျိုးရေးအရ သိမ်းတာလည်း ပါတယ်။ သူတို့ ပလောင်ပြည်နယ် အိပ်မက်ဆိုတာက ၂၀၁၉ တည်း က ကြေငြာစာတမ်းထုတ်ခဲ့တယ်။ အဲဒီကတည်းက ဒီပြဿနာကဖြစ်ခဲ့တာ။ အခုတော့ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီး ကျောက် မဲကို လာသိမ်းတယ်လို့ပဲ ပြောလို့ရတော့မှာပေါ့။

မေး - ဆိုတော့ လက်နက်အားကိုးနဲ့ မြို့ ရှမ်းတိုင်းရင်းသားတွေကို အနိုင်ယူတယ်လို့ ဆိုလိုချင်တာလား ခင်ဗျာ။ မြေပြင်အခြေအနေက ဘာကြောင့် ဒီလို ဖြစ်လာသလဲ ဆိုတာကို ဒေသခံ တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါလား။
ဖြေ - လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ ရှိတယ်။ ဒါကလည်း RCSS ရှိတုန်းက သူတို့က ဒီလို မလုပ်ရဲ ဘူး။ အခု SSPP နဲ့ RCSS ပြဿနာတက်ပြီးတဲ့ နောက် RCSS က ရှမ်းမြောက်ကနေခွာသွားပြီးတဲ့ နောက်ပိုင်းမှာ SSPP က TNLA နဲ့ မဟာမိတ်ဖြစ်တဲ့အတွက် TNLA အပေါ်မှာ မလွန်ဆန်နိုင်တာက နေစလာတဲ့ ဇာတ်လမ်းကနေ အခုလောက်အထိဖြစ် သွားတာပေါ့။ အရင်တုန်းက TNLA ဝင်ဖို့မပြောနဲ့ မြို့ထဲတောင် အနားမကပ်ရဲဘူး။ ဟိုတုန်းကနေခဲ့တဲ့ တစ်လျှောက်ပေါ့။ အဲဒီလိုမျိုးတွေ ရှိခဲ့ပါတယ်။

မေး - TNLA က ဒီမြို့ကို ထိန်းချုပ်သွားမယ်ဆိုရင် အစ်ကိုတို့အနေနဲ့ မြို့ကိုပြန်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ - ကျွန်တော်တို့ ရှမ်းတွေက ပြတ်တယ်။ ကျောက်မဲက နိုင်ငံရေး Strong ဖြစ်တဲ့မြို့ပါ။ နမ့်ခမ်း လိုမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ပေတေပြီးနေလို့ရတယ်။ မနေဘူး။ ဘာလို့လဲဆိုတော့ မင်းတို့အုပ်ချုပ်တာတော့ မနေဘူး ငါတို့ ငတ်ချင်ငတ်ပလေ့စေ ဆိုတဲ့စိတ် ကျွန်တော်တို့မှာရှိတယ်။ အဲဒါကြောင့် ခွာလာကြတာလည်း ပါတယ်။ လက်ရှိ တပ်မတော်ဘက်ကနေကြည့်လည်းသိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ပြည်သူတွေ ရှိနေတယ်ဆိုရင် လုပ်ရကိုင်ရခက်နေမှာစိုးလို့ ကိုယ့်အသိစိတ်နဲ့ကိုယ်ပေါ့ လက်တို့ပြီးတော့ ခွာလာကြတာ ပေါ့။ အကုန်လုံး ရပ်စောက်မှာရှိတယ်။ မေမြို့မှာ ရှိတယ် မေးကြည့်ပါ။ ကျွန်တော့်လိုပဲ ဖြေကြမှာ။ အကုန်လုံးက ရင်နာနာနဲ့ ခွာလာကြတာ။ သူတို့ အုပ်ချုပ်တဲ့အောက်မှာ မနေချင်ဘူးပေါ့။ အဲဒါ ကြောင့်လည်း ခွာလာတာ ပါပါတယ်။

မေး - မြို့မှာကော ဘယ်သူတွေ ကျန်ခဲ့ပါသလဲ။ သူတို့ကကော စိုးရိမ်စရာအခြေအနေ ရှိပါသလား။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော် တို့မြို့မှာက ွြှူဗ ကို အားပေးတဲ့တချို့ရှိတယ်။ အဲဒီသူတွေကတော့ ပေါင်းစားပြီးတော့ မရှောင်ဘူး။ နံပါတ် တစ် လူတန်စားပေါ့။ နံပါတ် နှစ်ကတော့ အ ကြောင်းအမျိုးမျိုးကြောင့် သွားစရာ၊ လာစရာ မရှိ၊ ကား မရှိ၊ သက်ကြီးရွယ်အိုတွေလောက်ပဲ ကျန်ပါ တော့တယ်။ မြို့ရဲ့ ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ် ရာခိုင် နှုန်းလောက်ကတော့ စွန့်ခွာလာပြီပေါ့လေ အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး - ကျောက်မဲဟာ စီးပွားရေးကောင်းတဲ့မြို့တစ် မြို့ ဖြစ်တာကြောင့် TNLA က သိမ်းပြီးတဲ့နောက်မှာ ကော မြို့စီးပွားရေးက အရင်လို တည်တည်ငြိမ်ငြိမ် ဖြစ်မယ် ထင်ပါသလား။
ဖြေ - သာဓက နမ့်ခမ်းကိုကြည့်ပါလို့ပဲ ပြောချင် တယ်။ နမ့်ခမ်းဆိုရင် အခြေအနေအရပ်ရပ် အဘက် ဘက်က ကျသွားတယ်ပေါ့နော်။ အခု ကျောက်မဲမြို့ကို သိမ်းတယ်လို့ပြောတယ်။ အခုထိ ကျွန်တော်တို့ ခံယူ ထားတာက ကျောက်မဲမြို့ဟာ မကျသေးဘူးဆိုတဲ့ စိတ်ရှိပါတယ်။ တပ်နဲ့လည်း ပစ်နေဆဲ ဆိုတဲ့ကာလမှာ မသိမ်းနိုင်ဘူးဆိုတဲ့ စိတ်ရှိတယ်။ ရသွားခဲ့သည်ရှိ သော် ကျောက်မဲမြို့ဟာ အရင်လို သာယာ အေးချမ်း ပြီး ပိုက်ဆံနည်းနည်းနဲ့ စားချင်တာစား၊ စီးပွားရေး ပြေလည်တဲ့မြို့ ဖြစ်လာမယ်လို့ မမျှော်လင့်ပါဘူး။ အကုန်လုံးက ခွာသွားပြီ ဖြစ်ပါတယ်။ ဘာကြောင့်ဆို ကျောက်မဲက စီးပွားရေး အရမ်းကောင်းတယ်။ လားရှိုး ပြီးရင် ကျောက်မဲက ကောင်းတယ်။ ကောင်းတယ် ဆိုတာမှာ စိုက်ပျိုးရေးက လက်ဖက်ရှိတယ်။ အသီး အနှံတွေ ထွက်တယ်။ လူကုံထံ အသိုင်းအဝိုင်းများတဲ့ မြို့တစ်မြို့ပဲ။ အရင်လို ပြန်ပြီးတော့ ဖြစ်လာမယ့် အနေအထားတော့ မတွေ့တော့ပါဘူး။

မေး - လက်ရှိ မြို့ခံ အများစုက ဘယ်ကို တိမ်းရှောင် နေကြပါသလဲ။
ဖြေ - လက်ရှိ တအားကြီး မသွားနိုင်တဲ့သူကတော့ ကျောက်မဲအနားက ပုံဟိုး၊ နားပြိန်းဘက် SSPP ရှိတယ်။ SSPP ကတော့ လောလောဆယ်မှာ အကာအကွယ်ပေးထားတာရှိတယ်။ စစ်ဖြစ်တဲ့ လမ်း ကြောင်းနဲ့ တခြားတစ်ဖက်ဖြစ်တဲ့အတွက် အဲဒီမှာ အများဆုံးရှောင်ကြတယ်။ ကျောက်မဲကနေ သွား မယ်ဆို မိနစ်အစိတ်လောက်သွားမယ်ဆို ရောက် တယ်။ ဖုန်းလိုင်းတော့ မမိဘူးပေါ့။ ဒုတိယဆို ရပ် စောက်ဘက် သွားရှောင်တယ်။ ရပ်စောက်မှာ မရှောင် တဲ့သူက မန္တလေး ရှောင်တယ်၊ မေမြို့ ရှောင်တယ်ပေါ့။ ပြောရမယ်ဆိုရင် အများစုက ရှမ်းတောင်ဘက် ရှောင် တယ်ပေါ့။

မေး - မြို့ခံတွေရဲ့ ဆန္ဒက ကျောက်မဲကို ဘယ်သူ့ လက်အောက် ဖြစ်စေချင်ပါသလဲ။
ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့က ရှမ်းတပ်ဆို RCSS ကို အားပေးတာပေါ့။ အဲဒီတုန်း က ဒီလိုပြဿနာမရှိဘူး။ RCSS ထွက်သွားပြီး SSPP ရောက်လာတော့ ကာကွယ်ပေးနိုင်မယ်၊ မြို့ကို ထိန်းနိုင်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ ထင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ နံပါတ်တစ် စိတ်ဓာတ်ကျတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျောက်မဲ မြို့ခံက အနီ၊ အစိမ်း မရှိဘူး။ တိုင်းရင်းသား အားကောင်းတဲ့ ဒေသပေါ့။ တပ်မတော်အပေါ် မုန်းလည်း မမုန်းဘူး။ ချစ်လည်း မချစ်ဘူး။ လက်ရှိ အခြေအနေ မှာ ဘာဖြစ်စေချင်သလဲ မေးရင် ငါတို့ မြို့ကို TNLA မအုပ်ချုပ်ရင် ပြီးရော တပ်မတော်အနေနဲ့ လုပ်စရာရှိတာလုပ်ပါလို့ မပြောရုံတမည်ပဲ ကျွန်တော်တို့ အပြုအမူအားလုံးက ဖော်ပြနေတယ်။ ဘာလဲဆိုရင် ကျွန်တော်တို့ မြို့ကနေ ခွာထားပေးတာကိုကြည့်ရင် အားလုံး သဘောပေါက် လိမ့်မယ်လို့ထင်တယ်။ ကျွန်တော်တို့ မခွာပေးဘူးဆို ရင် တပ်မတော်အနေနဲ့ လုပ်ရကိုင်ရတာ ခက်မယ်။ လိုင်းပေါ်တောင်တင်ပြီး သွားတာမဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက် လက်တို့ပြီး ငါတို့တော့ သွားတော့မယ်၊ ကျွန်တော်တို့ဆိုလည်း ညကျရင် လေယာဉ်ဗုံးချမယ် ထင်တယ်၊ လုပ်ရကိုင်ရ မခက် အောင်သွားကြမယ် ဒီကောင်တွေမရှိရင်ပြီးရော ဆိုတဲ့စိတ်နဲ့ မြို့က ခွာပေးကြတာဖြစ်တဲ့အတွက် ကျောက်မဲမြို့ခံအနေနဲ့ ပြောမယ်ဆိုရင် TNLA ကို မရှိစေချင်ဘူး။ ဒီကောင်တွေကို အမြစ်ပြတ်ပြီးတော့ သွားစေချင်တယ်။ ကျွန်တော်တို့ရင်ထဲကဆန္ဒကို ပြောပြတာပါ။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
"TNLA မအုပ္ခ်ဳပ္ရင္ ၿပီးေရာ ၊ တပ္မေတာ္အေနနဲ႔ လုပ္စရာရွိတာလုပ္ပါ" (ေက်ာက္မဲ လူထုအသံ) (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဇူလိုင္ ၉

ေက်ာက္မဲၿမိဳ႕ကို TNLA ပူးေပါင္းအဖြဲ႕က ၿမိဳ႕သိမ္းတိုက္ပြဲဆင္ႏႊဲရာတြင္ ေက်ာက္မဲၿမိဳ႕ခံမ်ားအေနျဖင့္ ယခင္ႏွင့္မတူေသာအေျခအေနကို ႀကဳံေတြ႕ခဲ့ၾကရၿပီး တိုက္ပြဲၾကား ၿမိဳ႕ခံမ်ား၏ေသဆုံးမႈ ပမာဏလည္း မ်ားျပားခဲ့ရသည္။ TNLA က ၿမိဳ႕ခံမ်ား၏အိမ္ကို အကာ အကြယ္ယူျခင္းအပါအဝင္ ေက်ာက္မဲၿမိဳ႕တြင္ေနထိုင္သူမ်ားမွာ ေဘးက်ပ္နံက်ပ္ အေျခအေနဆိုးကိုလည္း ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္သည္။

အနိ႒ာ႐ုံကို မ်က္ဝါးထင္ထင္ျမင္ရၿပီး မတတ္သာေသာအေျခအေနတြင္ ၿမိဳ႕ကိုစြန႔္ခြာခဲ့ရ သည့္ ေက်ာက္မဲၿမိဳ႕ခံမ်ား၏ရင္ဆိုင္ခဲ့ရမႈမ်ားႏွင့္ပတ္ သက္၍ နယ္ေျမခံသတင္းရစ္ျမစ္တစ္ဦးအား The Statesman Journal ၏ေမးျမန္းထားသည္မ်ားကို ထပ္ဆင့္ ထုတ္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - တိုက္ပြဲမျဖစ္ခင္ရက္ပိုင္းမွာ ေက်ာက္မဲၿမိဳ႕ခံ ေတြအေနနဲ႔ အလားအလာကို ႀကိဳတင္ခန႔္မွန္းမိခဲ့ၾက ပါသလား။ လႈပ္လႈပ္ရွားရွားအေျခအေနမ်ိဳး ေတြ႕ရပါသလား။
ေျဖ - တိုက္ပြဲမျဖစ္ခင္ ငါးရက္၊ တစ္ပတ္အလိုမွာ ေတြ႕ရတယ္။ ေက်ာက္မဲနဲ႔ မိုးကုတ္ဆိုတဲ့ လမ္း၊ အတြင္းလမ္း တစ္လမ္းရွိတယ္။ အဲဒီကေန TNLA နဲ႔ PDF ေတြေပါ့။ အင္အား ရာဂဏန္းေလာက္ရွိ တယ္။ ကားတစ္စီးမွာ လူေျခာက္ဆယ္ေလာက္နဲ႔ အင္ အား ႏွစ္ရာေက်ာ္ေက်ာ္ေလာက္ပါတယ္။ ကြၽန္ ေတာ္တို႔ မ်က္ျမင္ေတြ႕တာေပါ့။ ေျမသယ္ကားႀကီးေတြနဲ႔ သူတို႔ေရာက္လာတယ္။ ေက်ာက္မဲၿမိဳ႕အနီးက အခု ၿငိမ္းခ်မ္းေရးကုန္းလို႔ေခၚတဲ့ေနရာမွာ သူတို႔ စခန္း စၿပီးခ်တယ္။ အဲဒီတည္းက ကြၽန္ေတာ္တို႔က သိပ္အေျခအေနမေကာင္းဘူး၊ ျဖစ္ေတာ့မွာပဲလို႔သိတာေပါ့။ သိပ္မၾကာခင္ျဖစ္တာပါပဲ။

ေမး - အခု ေက်ာက္မဲမွာ တိုက္ပြဲစျဖစ္တုန္းက အေျခအေနနဲ႔ ကိုယ္တိုင္အေတြ႕အႀကဳံကို ေျပာျပ ေပးပါလား။
ေျဖ - ကြၽန္ေတာ္တို႔ ေက်ာက္မဲဆိုတာက ဟိုးတုန္း တည္းက တိုက္ပြဲရွိခဲ့တဲ့အေနအထားေပါ့။ ပထမ တစ္ရက္ေလာက္ကေတာ့ မထူးျခားဘူးေပါ့။ မထူးျခားဘူးဆိုတာက PDF နဲ႔ TNLA က ၿမိဳ႕ျပင္ကပဲ လွမ္းလွမ္းၿပီးပစ္တယ္၊ ေဆာ္တယ္ေပါ့။ တပ္စခန္းေတြကို သြားသြားၿပီးမွန္တယ္ဆိုေတာ့ ဪသာ္ သိပ္မၾကာခင္ ၿပီးသြားမွာပဲဆိုတဲ့စိတ္နဲ႔ ခပ္ေပါ့ေပါ့ေလးေတာ့ ေနျဖစ္ လိုက္တယ္။ သိပ္မၾကာခင္ ႏွစ္ရက္ေျမာက္၊ သုံး ရက္ ေျမာက္ေန႔မွာ အေျခအေနေတြက ၿမိဳ႕ကိုပတ္ၿပီးေတာ့ ဝိုင္းလိုက္တယ္ေပါ့။ အေျမာက္တပ္ကို စသိမ္းတယ္။ တစိမ့္စိမ့္ဝင္လာၿပီးေတာ့ လူေနအိမ္ၿခံထဲေတြမွာ ပတ္ ၿပီးပုန္းတယ္။ ၿပီးေတာ့ စစ္တပ္ကို သြားသြားပစ္တယ္။ လက္နက္ေတြနဲ႔ေဆာ္လာေတာ့ အေျခအေနေတြက မေကာင္းလာေတာ့ ေတာ္ေတာ္ေလး ထိတ္လန႔္မႈေတြ ျဖစ္တယ္။ လူေတြလည္း ေတာ္ေတာ္ေလးဆုံးသြား တယ္။ သုံးရက္ေျမာက္ေန႔မွာ အရပ္သား (၂၁)ေယာက္ဆုံးသြားတယ္။ ေတာ္ေတာ္ေလးေတာ့ တုန္ လႈပ္သြားတယ္။ ကြၽန္ေတာ္တို႔ေနခဲ့တဲ့ သက္တမ္း တစ္ေလွ်ာက္မွာ ၿမိဳ႕ထဲျဖစ္တယ္ဆိုတာ မရွိခဲ့ပါဘူး။ သမိုင္းေၾကာင္းတစ္ေလွ်ာက္ မရွိခဲ့ပါဘူး။ ဒီတစ္ခါပဲ ျဖစ္တယ္ဆိုေတာ့ ေၾကာက္တာေပါ့။ နီးစပ္ရာေတြ ထြက္ေျပးၾကတာေပါ့။ အကုန္ထြက္ေျပးၾကတာရွိခဲ့ပါတယ္။

ေမး - ေက်ာက္မဲမွာ ၿမိဳ႕တြင္းတိုက္ပြဲကို အရင္က မႀကဳံဖူးဘဲ အခုမွ ႀကဳံဖူးတယ္ဆိုေတာ့ ေဒသခံေတြ ေတာ္ေတာ္ေၾကာက္သြားၾကပါသလား။ ေသြးပ်က္စရာ အေျခအေနတစ္ခု ျဖစ္ခဲ့လား။ ၿပီးေတာ့ လုံၿခဳံတဲ့ေနရာဆီ အခ်ိန္မီ တိမ္းေရွာင္ဖို႔ေကာ အခက္အခဲအမ်ား ႀကီး ျဖစ္သြားၾကပါသလား။
ေျဖ - ကြၽန္ေတာ္တို႔ၿမိဳ႕က နံပါတ္တစ္က ေျမမ်က္ႏွာသြင္ျပင္အေနအထားအရ ရွမ္းေျမာက္က ၿမိဳ႕ထဲမွာ ျပည္ေထာင္စုလမ္းမႀကီးရဲ႕ အတြင္းပိုင္းမွာက်တယ္။ တစ္ခုခုဆိုရင္ ပိတ္မိတယ္ေပါ့။ ေျပးလို႔လည္းမရဘူး။ ၿမိဳ႕ျပင္ထြက္မယ္ဆိုေတာ့လည္း TNLA အဖြဲ႕ေတြက ရွိတယ္။ ဒီဘက္ကို ျပန္ေျပးေတာ့လည္း တပ္၊ ဟိုဘက္ကိုေျပးမယ္ဆိုေတာ့လည္း မိုင္းပ်ဥ္း၊ မိုင္းေမာ ဘက္ေျပးမယ္ဆိုလည္း TNLA ကရွိေနတယ္ ဆိုေတာ့ ပထမ တစ္ရက္၊ ႏွစ္ရက္မွာ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလး ပိတ္မိခဲ့တယ္ေပါ့။ ၿမိဳ႕ထဲမွာပဲပတ္ၿပီးေတာ့ RC အေဆာက္ အအုံရွိတဲ့အိမ္ေတြမွာ ခိုပုန္း ၿပီးေတာ့ ေျပးရတဲ့ အေနအထားျဖစ္ခဲ့တဲ့ေပါ့။ အဲဒီလို အေနအထားေၾကာင့္ပဲ ဆုံးရႈံးမႈေတြျဖစ္ခဲ့တယ္ေပါ့။ တကယ္လို႔သာ ၿမိဳ႕ျပင္လမ္းေတြမွာ TNLA တို႔က လမ္းေတြပိတ္ဆို႔ထားတာမဟုတ္ဘူးဆိုရင္ ေျပးလို႔ရတယ္ေပါ့။ အဲဒီလိုမ်ိဳးျဖစ္ခဲ့ပါတယ္။ ေသြးပ်က္စရာ အေနအထားေတာ့ ျဖစ္ခဲ့ပါတယ္။ သာမန္ကေတာ့ အေျမာက္ထုတယ္ ၿပီးသြားၿပီ။ တစ္သက္လုံးလည္း ဒီလိုပဲ ေနလာခဲ့တာ။ အခုမွ ၿမိဳ႕တြင္းမွာ တိုက္ပြဲေဖာ္ ေဆာင္တယ္။ ဘုန္းႀကီးေက်ာင္းထဲ အထိမွာ ေနရာယူ ၿပီးပစ္ခတ္တာျဖစ္လာေတာ့ ေတာ္ေတာ္ေလး ေသြး ပ်က္စရာ ျဖစ္သြားတယ္။ တခ်ိဳ႕ဆို လက္နက္ႀကီးသံေၾကာင့္ Shock ျဖစ္ၿပီး ဆုံးသြားတာေပါ့။ ကြၽန္ေတာ့္ ဦးေလးကိုယ္တိုင္လည္း လက္နက္ႀကီးထိလို႔ ဆုံးသြား ပါတယ္။

ေမး - TNLA ဟာ ၿမိဳ႕တြင္း တိုက္ပြဲ ေဖာ္ေဆာင္တဲ့ အခါမွာ လူေနအိမ္ေတြကို အကာအကြယ္ယူၿပီး ပစ္တဲ့အတြက္ ၿမိဳ႕ခံေတြရဲ႕လူေနအိမ္ေတြ ပ်က္စီးရတာ မ်ားတယ္လို႔သိရတယ္။
ေျဖ - အဲဒါအမွန္ပါပဲ။

ေမး - ဆိုေတာ့ အဲဒီအေျခအေနကို ၿမိဳ႕ခံတစ္ ေယာက္အေနနဲ႔ သိခဲ့ရ၊ ျမင္ခဲ့ရသေလာက္ ေျပာျပေပးလို႔ ရမလား။
ေျဖ - သူက ၿမိဳ႕ထဲကိုဝင္တာမွာ လမ္းေၾကာင္း ႏွစ္ေၾကာင္းကေန ဝင္လာတယ္။ နံပါတ္တစ္က ၿငိမ္းခ်မ္းေရးကုန္းေပါ့။ တစ္ထပ္တိုက္ေလးေတြ ရွိတယ္။ ရွမ္းျပည္နယ္က အိမ္ေလးေတြက ရွမ္းဓေလ့ အရေဆာက္တာ ပုပုေသးေသးေလးေတြရွိေတာ့ ဒီေကာင္ေတြက အဲဒီလိုေနရာဆို သိပ္အကာအကြယ္ မရွိဘူး။ RC တိုက္ေတြရွိတဲ့ ၿငိမ္းခ်မ္းေရးကုန္းမွာဆို သုံးထပ္တိုက္ရွိတယ္၊ ႏွစ္ထပ္တိုက္ဆို ေလးခု ေလာက္ရွိတယ္။ အဲဒီလိုေနရာကေန အကာအကြယ္ ယူတာ ဒါက တစ္လမ္းေပါ့။ ေနာက္တစ္ခုက လားရႈိး ဘက္က အဝင္။ ဒါက တစ္လမ္းေပါ့။ အဲဒီမွာဆိုရင္ အထပ္ျမင့္အေဆာက္အအုံေတြ ရွိတယ္။ ကုန္ကုန္ ေျပာရရင္ ဇြန္လ ၃၀ ရက္က ဗုံးႀကဲလိုက္တဲ့ One Love ဟိုတယ္၊ ဆင္ျဖဴေတာ္ မုန႔္တိုက္။ အဲဒီ ခိုင္မာတဲ့အေဆာက္အအုံေတြမွာ ဒီေကာင္ေတြက စခန္းခ်ၿပီးေနတယ္။ စခန္းခ်႐ုံတင္မဟုတ္ဘူး၊ အဲဒီ အိမ္ရွင္ေတြ ခြင့္ျပဳျပဳ၊ မျပဳျပဳ ခ်က္ေကြၽးခိုင္းတယ္။ ေပးမထြက္ဘူး။ အကာအကြယ္ယူၿပီးေနတယ္။ ဆင္ ျဖဴေတာ္မုန႔္တိုက္ပိုင္ရွင္ကေတာ့ ထြက္ေျပးသြား တယ္။ သူ႔မုန္တိုက္က ၿမိဳ႕လယ္က ႏွစ္ထပ္တိုက္ေပါ့။ TNLA က အင္အားအလုံးအရင္းနဲ႔ကို ဝင္ၿပီးေနတာ။ ဥညန ူသလန ဆိုလည္း အင္အားအျပည့္အစုံနဲ႔ေနတာ။ ခိုင္မာတဲ့ ြၽဃ အေဆာက္အအုံမွာ ဒီေကာင္ေတြ အၿမဲတမ္းေနတယ္။ ဒ႐ုန္းေတြလည္းလႊတ္တယ္။ကြၽန္ေတာ္ကေတာ့ အဲဒီလိုျမင္တယ္။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ျမင္ရတာေပါ့။

ေမး - ဆက္စပ္ၿပီး ေမးစရာေပၚတာက သူတို႔က ခိုင္ မာတဲ့အေဆာက္အအုံေတြမွာေနထိုင္ၿပီးေတာ့ အိမ္ရွင္ေတြကို ထမင္းခ်က္ေကြၽးခိုင္းတဲ့ဟာေပါ့။ အခုခ်ိန္အထိ တိုက္ပြဲကာလတစ္ေလွ်ာက္လုံး ေက်ာက္ မဲၿမိဳ႕တိုက္ပြဲမွာ TNLA က အဲဒီလိုက်င့္ သုံးခဲ့တာလား။ အဲဒီလိုခ်က္ေကြၽးခဲ့ရတဲ့ အိမ္ရွင္ပမာဏေကာ မ်ားပါသလား။
ေျဖ - ႏွစ္ခ်က္ရွိတာေပါ့။ တခ်ိဳ႕လုပ္ငန္းရွင္ေတြ က်ေတာ့လည္း သူတို႔ကို မလြန္ဆန္ႏိုင္လို႔ လိုက္ေလ်ာ လိုက္ရတာရွိတယ္။ ေနာက္တစ္ခုကေတာ့ ေၾကာက္ စိတ္နဲ႔ လုပ္ေပးေနရတာ ရွိတယ္။ လက္တေလာ One Love ဟိုတယ္နဲ႔ ဆင္ျဖဴေတာ္နားကတိုက္ေတြ ဗုံးႀကဲခံရတယ္ဆိုတာ ပြင့္ပြင့္လင္းလင္းေျပာရရင္ (ထမင္းခ်က္ေကြၽးရတယ္ဆိုတာက)ဘယ္သူကေတာ့ ၾကည္ျဖဴမွာလဲ။ ေၾကာက္လို႔ ေပးေနထားတာ။ ငါ့အိမ္ မေနနဲ႔ သြားလို႔ ေမာင္းမထုတ္ရဲဘူးေလ။ အ လိုက္အထိုက္ေနလိုက္ရတဲ့သေဘာရွိပါတယ္။

ေမး - ၁၀၂၇ စစ္ဆင္ေရး ေနာက္ဆက္တြဲဆိုတဲ့ အခု တိုက္ပြဲေတြထဲမွာ ေက်ာက္မဲၿမိဳ႕ဟာ အရပ္သား ေသ ဆုံးမႈမ်ားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္ ေသဆုံးမႈမ်ားခဲ့တာပါလဲ။
ေျဖ - အရွင္းဆုံးစကားေျပာရရင္ ဒီေကာင္ေတြက တိုက္တာကို တပ္ကိုတိုက္႐ိုက္မတိုက္ဘူး၊ ျပည္သူကို အကာ အကြယ္ယူၿပီး တိုက္တာျဖစ္တဲ့အတြက္ ျပည္သူ ထိတာေပါ့ဗ်ာ။ တပ္ကလည္းပစ္တဲ့အခါ ပစ္မွတ္က အနီးစပ္ဆုံး ခ်တာေပါ့။ ဒီေကာင္ေတြရွိတဲ့ေနရာကို ခ်တာေပါ့။ စစ္ရဲ႕သဘာဝကို ကြၽန္ေတာ္ကလည္း နားလည္ပါတယ္။ တျခားၿမိဳ႕ထက္ ဘာေၾကာင့္ အေသအေပ်ာက္မ်ားလဲဆိုတာ ၿမိဳ႕ကို အကာကြယ္ယူ ၿပီးလုပ္တာမို႔လို႔ ျပည္သူ အေသအေပ်ာက္မ်ားသြားတာေပါ့။

ေမး - ေက်ာက္မဲၿမိဳ႕ကေန ထြက္ဖို႔ရာမွာလည္း စစ္ေဘးေရွာင္ျပည္သူေတြအေနနဲ႔ ေတာ္ေတာ္ေလး ခက္ခဲတယ္လို႔ သိရပါတယ္။ ဘယ္လမ္းေၾကာင္းကေန ဘယ္လို ထြက္ေျပးၾကရပါသလဲ။
ေျဖ - နံပါတ္တစ္အခက္အခဲကေတာ့ အျမတ္ႀကီး ေရာင္းတဲ့ဆီဆိုင္ေတြက ေဈးတင္ေရာင္းတာေပါ့။ တစ္လီတာကို ရွစ္ေထာင္၊ တစ္ေသာင္းေပါ့။ ဘယ္လို ေျပးလဲဆိုေတာ့ ဒီဘက္မွာ မနက္ ၆ နာရီကေန ရွစ္နာ ရီအတြင္းဆိုရင္ တိုက္ပြဲနားတဲ့ ကာလေပါ့။ အဲဒီအခ်ိန္ မွာ ဘယ္လိုေျပးၾကသလဲဆိုေတာ့ အလံျဖဴေတြ ေထာင္တယ္။ ပရဟိတအသင္းေတြနဲ႔ ဘုန္းႀကီးေတြ လာေခၚတယ္။ ႐ြာေတြကေန ကားေတြနဲ႔လာေခၚၿပီး ၿမိဳ႕ရဲ႕အေနာက္ဘက္ လမ္းေၾကာင္းရွိတယ္။ ျပည္ ေထာင္စုလမ္းမႀကီးကိုတက္တဲ့လမ္းရွိတယ္။ ႐ြာအ တြင္းလမ္းကေန သုတ္သုတ္ သုတ္သုတ္နဲ႔ ေျပးရတာ ေပါ့။ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ေ႐ႊထည္ေငြ ထည္၊ အေရးႀကီးတာေလးယူၿပီးေျပးၾကရတာ။ ငါတို႔ ဖြင့္ေပးထားတယ္ဆိုတာ မရွိဘူး။ မီးစင္ၾကည့္ကၿပီး ေျပးရတာေပါ့။

ေမး - ၿမိဳ႕ကို စြန႔္ခြာခဲ့ရသူတစ္ေယာက္အေနနဲ႔ ခံစား ခ်က္က ဘယ္လိုရွိပါသလဲ။ စစ္ေၾကာင့္ ၿမိဳ႕ရဲ႕ ပ်က္စီး မႈေတြနဲ႔ပတ္သက္ၿပီး ဘာေျပာခ်င္ပါသလဲ။
ေျဖ - ဘယ္သူကေတာ့ ကိုယ့္အိမ္ကိုယ္ပစ္ၿပီး ခြာခ်င္မလဲ။ ဒါေပမဲ့ ကိုယ့္အသက္အႏၲရာယ္ေၾကာင့္ ခြာလာ ရတဲ့အျဖစ္ေပါ့။ ေတာ္ေတာ္ေလးဝမ္းနည္းတယ္။ အေဆာက္အအုံေတြ၊ ကားေတြ၊ ဆိုင္ကယ္ေတြေပါ့။ ကြၽန္ေတာ္တို႔ဆိုလည္း လိုင္စင္ကားပါထိသြားတာ။ တအားဝမ္းနည္းတယ္။ ေနာက္ၿပီးေတာ့ ခံျပင္းစိတ္ ရွိတယ္။ ကြၽန္ေတာ္တို႔ ရွမ္းတိုင္းရင္းသားေတြက သူမ်ားအေပၚလည္း အႏိုင္မက်င့္ဘူး။ အခုက်ေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ႏိုင္ငံေရးျဖစ္စဥ္ မတိုင္ခင္ တည္းက ဒါ ျဖစ္မယ္ ဆိုတာက ကြၽန္ေတာ္တို႔ ၿမိဳ႕မွာ ပဋိပကၡ နည္းနည္းေလးရွိတယ္။ ရွမ္းနဲ႔ ပေလာင္က ပဋိပကၡ နည္းနည္းရွိတယ္။ သူတို႔က ဒါကို အၿငိဳးအေတးထားၿပီးေတာ့ TNLA က ပစ္မွတ္ထားၿပီး လုပ္တာေပါ့။ လူမ်ိဳးေရးအရေျပာမယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔က TNLA ကို နည္းနည္းေလး မုန္းတယ္ေပါ့။ အႏိုင္လည္းက်င့္တယ္။ အခုဆိုရင္ တအား သနားစရာေကာင္းတာက သက္ႀကီး႐ြယ္အိုေတြရွိတဲ့ အိမ္ေတြကို ဒီေကာင္ေတြက ေဖာက္ၿပီး ေနေနတယ္။ ဘာမွ ျပန္မလုပ္ႏိုင္ဘူးဆိုေတာ့ မတတ္ႏိုင္ဘူးေပါ့။ အဲဒီလိုအေနအထားေတြ ေတြ႕တယ္။ ၿမိဳ႕လာဖ်က္တယ္လို႔ ျမင္တယ္။ ၿမိဳ႕လာသိမ္းတယ္ဆိုတာထက္ ၿမိဳ႕လာဖ်က္တယ္လို႔ ျမင္တယ္။ ကြၽန္ေတာ္တို႔ ေနခဲ့တဲ့ သက္တမ္းတေလွ်ာက္ RCSS နဲ႔ တပ္နဲ႔ ခ်တုန္းကလည္း ဒီေလာက္ မျပင္းထန္ဘူး။ ဒီတခါက သူတို႔ကေတာ့ လူမ်ိဳးေရးအရ သိမ္းတာလည္း ပါတယ္။ သူတို႔ ပေလာင္ျပည္နယ္ အိပ္မက္ဆိုတာက ၂၀၁၉ တည္း က ေၾကျငာစာတမ္းထုတ္ခဲ့တယ္။ အဲဒီကတည္းက ဒီျပႆနာကျဖစ္ခဲ့တာ။ အခုေတာ့ ဒီရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ၿပီး ေက်ာက္ မဲကို လာသိမ္းတယ္လို႔ပဲ ေျပာလို႔ရေတာ့မွာေပါ့။

ေမး - ဆိုေတာ့ လက္နက္အားကိုးနဲ႔ ၿမိဳ႕ ရွမ္းတိုင္းရင္းသားေတြကို အႏိုင္ယူတယ္လို႔ ဆိုလိုခ်င္တာလား ခင္ဗ်ာ။ ေျမျပင္အေျခအေနက ဘာေၾကာင့္ ဒီလို ျဖစ္လာသလဲ ဆိုတာကို ေဒသခံ တစ္ေယာက္အေနနဲ႔ သုံးသပ္ေပးပါလား။
ေျဖ - လက္နက္အားကိုးနဲ႔ အႏိုင္က်င့္တာ ရွိတယ္။ ဒါကလည္း RCSS ရွိတုန္းက သူတို႔က ဒီလို မလုပ္ရဲ ဘူး။ အခု SSPP နဲ႔ RCSS ျပႆနာတက္ၿပီးတဲ့ ေနာက္ RCSS က ရွမ္းေျမာက္ကေနခြာသြားၿပီးတဲ့ ေနာက္ပိုင္းမွာ SSPP က TNLA နဲ႔ မဟာမိတ္ျဖစ္တဲ့အတြက္ TNLA အေပၚမွာ မလြန္ဆန္ႏိုင္တာက ေနစလာတဲ့ ဇာတ္လမ္းကေန အခုေလာက္အထိျဖစ္ သြားတာေပါ့။ အရင္တုန္းက TNLA ဝင္ဖို႔မေျပာနဲ႔ ၿမိဳ႕ထဲေတာင္ အနားမကပ္ရဲဘူး။ ဟိုတုန္းကေနခဲ့တဲ့ တစ္ေလွ်ာက္ေပါ့။ အဲဒီလိုမ်ိဳးေတြ ရွိခဲ့ပါတယ္။

ေမး - TNLA က ဒီၿမိဳ႕ကို ထိန္းခ်ဳပ္သြားမယ္ဆိုရင္ အစ္ကိုတို႔အေနနဲ႔ ၿမိဳ႕ကိုျပန္ဖို႔ အစီအစဥ္ ရွိပါသလား။
ေျဖ - ကြၽန္ေတာ္တို႔ ရွမ္းေတြက ျပတ္တယ္။ ေက်ာက္မဲက ႏိုင္ငံေရး Strong ျဖစ္တဲ့ၿမိဳ႕ပါ။ နမ့္ခမ္း လိုမဟုတ္ဘူး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္တို႔ ေပေတၿပီးေနလို႔ရတယ္။ မေနဘူး။ ဘာလို႔လဲဆိုေတာ့ မင္းတို႔အုပ္ခ်ဳပ္တာေတာ့ မေနဘူး ငါတို႔ ငတ္ခ်င္ငတ္ပေလ့ေစ ဆိုတဲ့စိတ္ ကြၽန္ေတာ္တို႔မွာရွိတယ္။ အဲဒါေၾကာင့္ ခြာလာၾကတာလည္း ပါတယ္။ လက္ရွိ တပ္မေတာ္ဘက္ကေနၾကည့္လည္းသိပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ ျပည္သူေတြ ရွိေနတယ္ဆိုရင္ လုပ္ရကိုင္ရခက္ေနမွာစိုးလို႔ ကိုယ့္အသိစိတ္နဲ႔ကိုယ္ေပါ့ လက္တို႔ၿပီးေတာ့ ခြာလာၾကတာ ေပါ့။ အကုန္လုံး ရပ္ေစာက္မွာရွိတယ္။ ေမၿမိဳ႕မွာ ရွိတယ္ ေမးၾကည့္ပါ။ ကြၽန္ေတာ့္လိုပဲ ေျဖၾကမွာ။ အကုန္လုံးက ရင္နာနာနဲ႔ ခြာလာၾကတာ။ သူတို႔ အုပ္ခ်ဳပ္တဲ့ေအာက္မွာ မေနခ်င္ဘူးေပါ့။ အဲဒါ ေၾကာင့္လည္း ခြာလာတာ ပါပါတယ္။

ေမး - ၿမိဳ႕မွာေကာ ဘယ္သူေတြ က်န္ခဲ့ပါသလဲ။ သူတို႔ကေကာ စိုးရိမ္စရာအေျခအေန ရွိပါသလား။
ေျဖ - ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ကြၽန္ေတာ္ တို႔ၿမိဳ႕မွာက ြျႇူဗ ကို အားေပးတဲ့တခ်ိဳ႕ရွိတယ္။ အဲဒီသူေတြကေတာ့ ေပါင္းစားၿပီးေတာ့ မေရွာင္ဘူး။ နံပါတ္ တစ္ လူတန္စားေပါ့။ နံပါတ္ ႏွစ္ကေတာ့ အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သြားစရာ၊ လာစရာ မရွိ၊ ကား မရွိ၊ သက္ႀကီး႐ြယ္အိုေတြေလာက္ပဲ က်န္ပါ ေတာ့တယ္။ ၿမိဳ႕ရဲ႕ ခုနစ္ဆယ့္ငါး၊ ရွစ္ဆယ္ ရာခိုင္ ႏႈန္းေလာက္ကေတာ့ စြန႔္ခြာလာၿပီေပါ့ေလ အဲဒီလိုပဲ ေျပာခ်င္ပါတယ္။

ေမး - ေက်ာက္မဲဟာ စီးပြားေရးေကာင္းတဲ့ၿမိဳ႕တစ္ ၿမိဳ႕ ျဖစ္တာေၾကာင့္ TNLA က သိမ္းၿပီးတဲ့ေနာက္မွာ ေကာ ၿမိဳ႕စီးပြားေရးက အရင္လို တည္တည္ၿငိမ္ၿငိမ္ ျဖစ္မယ္ ထင္ပါသလား။
ေျဖ - သာဓက နမ့္ခမ္းကိုၾကည့္ပါလို႔ပဲ ေျပာခ်င္ တယ္။ နမ့္ခမ္းဆိုရင္ အေျခအေနအရပ္ရပ္ အဘက္ ဘက္က က်သြားတယ္ေပါ့ေနာ္။ အခု ေက်ာက္မဲၿမိဳ႕ကို သိမ္းတယ္လို႔ေျပာတယ္။ အခုထိ ကြၽန္ေတာ္တို႔ ခံယူ ထားတာက ေက်ာက္မဲၿမိဳ႕ဟာ မက်ေသးဘူးဆိုတဲ့ စိတ္ရွိပါတယ္။ တပ္နဲ႔လည္း ပစ္ေနဆဲ ဆိုတဲ့ကာလမွာ မသိမ္းႏိုင္ဘူးဆိုတဲ့ စိတ္ရွိတယ္။ ရသြားခဲ့သည္ရွိ ေသာ္ ေက်ာက္မဲၿမိဳ႕ဟာ အရင္လို သာယာ ေအးခ်မ္း ၿပီး ပိုက္ဆံနည္းနည္းနဲ႔ စားခ်င္တာစား၊ စီးပြားေရး ေျပလည္တဲ့ၿမိဳ႕ ျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ပါဘူး။ အကုန္လုံးက ခြာသြားၿပီ ျဖစ္ပါတယ္။ ဘာေၾကာင့္ဆို ေက်ာက္မဲက စီးပြားေရး အရမ္းေကာင္းတယ္။ လားရႈိး ၿပီးရင္ ေက်ာက္မဲက ေကာင္းတယ္။ ေကာင္းတယ္ ဆိုတာမွာ စိုက္ပ်ိဳးေရးက လက္ဖက္ရွိတယ္။ အသီး အႏွံေတြ ထြက္တယ္။ လူကုံထံ အသိုင္းအဝိုင္းမ်ားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ပဲ။ အရင္လို ျပန္ၿပီးေတာ့ ျဖစ္လာမယ့္ အေနအထားေတာ့ မေတြ႕ေတာ့ပါဘူး။

ေမး - လက္ရွိ ၿမိဳ႕ခံ အမ်ားစုက ဘယ္ကို တိမ္းေရွာင္ ေနၾကပါသလဲ။
ေျဖ - လက္ရွိ တအားႀကီး မသြားႏိုင္တဲ့သူကေတာ့ ေက်ာက္မဲအနားက ပုံဟိုး၊ နားၿပိန္းဘက္ SSPP ရွိတယ္။ SSPP ကေတာ့ ေလာေလာဆယ္မွာ အကာအကြယ္ေပးထားတာရွိတယ္။ စစ္ျဖစ္တဲ့ လမ္း ေၾကာင္းနဲ႔ တျခားတစ္ဖက္ျဖစ္တဲ့အတြက္ အဲဒီမွာ အမ်ားဆုံးေရွာင္ၾကတယ္။ ေက်ာက္မဲကေန သြား မယ္ဆို မိနစ္အစိတ္ေလာက္သြားမယ္ဆို ေရာက္ တယ္။ ဖုန္းလိုင္းေတာ့ မမိဘူးေပါ့။ ဒုတိယဆို ရပ္ ေစာက္ဘက္ သြားေရွာင္တယ္။ ရပ္ေစာက္မွာ မေရွာင္ တဲ့သူက မႏၲေလး ေရွာင္တယ္၊ ေမၿမိဳ႕ ေရွာင္တယ္ေပါ့။ ေျပာရမယ္ဆိုရင္ အမ်ားစုက ရွမ္းေတာင္ဘက္ ေရွာင္ တယ္ေပါ့။

ေမး - ၿမိဳ႕ခံေတြရဲ႕ ဆႏၵက ေက်ာက္မဲကို ဘယ္သူ႔ လက္ေအာက္ ျဖစ္ေစခ်င္ပါသလဲ။
ေျဖ - ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္တို႔က ရွမ္းတပ္ဆို RCSS ကို အားေပးတာေပါ့။ အဲဒီတုန္း က ဒီလိုျပႆနာမရွိဘူး။ RCSS ထြက္သြားၿပီး SSPP ေရာက္လာေတာ့ ကာကြယ္ေပးႏိုင္မယ္၊ ၿမိဳ႕ကို ထိန္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့တာေပါ့။ ဒါေပမဲ့ ထင္တဲ့အတိုင္း ျဖစ္မလာတဲ့အခါ နံပါတ္တစ္ စိတ္ဓာတ္က်တယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ေက်ာက္မဲ ၿမိဳ႕ခံက အနီ၊ အစိမ္း မရွိဘူး။ တိုင္းရင္းသား အားေကာင္းတဲ့ ေဒသေပါ့။ တပ္မေတာ္အေပၚ မုန္းလည္း မမုန္းဘူး။ ခ်စ္လည္း မခ်စ္ဘူး။ လက္ရွိ အေျခအေန မွာ ဘာျဖစ္ေစခ်င္သလဲ ေမးရင္ ငါတို႔ ၿမိဳ႕ကို TNLA မအုပ္ခ်ဳပ္ရင္ ၿပီးေရာ တပ္မေတာ္အေနနဲ႔ လုပ္စရာရွိတာလုပ္ပါလို႔ မေျပာ႐ုံတမည္ပဲ ကြၽန္ေတာ္တို႔ အျပဳအမူအားလုံးက ေဖာ္ျပေနတယ္။ ဘာလဲဆိုရင္ ကြၽန္ေတာ္တို႔ ၿမိဳ႕ကေန ခြာထားေပးတာကိုၾကည့္ရင္ အားလုံး သေဘာေပါက္ လိမ့္မယ္လို႔ထင္တယ္။ ကြၽန္ေတာ္တို႔ မခြာေပးဘူးဆို ရင္ တပ္မေတာ္အေနနဲ႔ လုပ္ရကိုင္ရတာ ခက္မယ္။ လိုင္းေပၚေတာင္တင္ၿပီး သြားတာမဟုတ္ဘူး တစ္ေယာက္နဲ႔တစ္ေယာက္ လက္တို႔ၿပီး ငါတို႔ေတာ့ သြားေတာ့မယ္၊ ကြၽန္ေတာ္တို႔ဆိုလည္း ညက်ရင္ ေလယာဥ္ဗုံးခ်မယ္ ထင္တယ္၊ လုပ္ရကိုင္ရ မခက္ ေအာင္သြားၾကမယ္ ဒီေကာင္ေတြမရွိရင္ၿပီးေရာ ဆိုတဲ့စိတ္နဲ႔ ၿမိဳ႕က ခြာေပးၾကတာျဖစ္တဲ့အတြက္ ေက်ာက္မဲၿမိဳ႕ခံအေနနဲ႔ ေျပာမယ္ဆိုရင္ TNLA ကို မရွိေစခ်င္ဘူး။ ဒီေကာင္ေတြကို အျမစ္ျပတ္ၿပီးေတာ့ သြားေစခ်င္တယ္။ ကြၽန္ေတာ္တို႔ရင္ထဲကဆႏၵကို ေျပာျပတာပါ။

အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.