BTS အဖွဲ့ဝင် ဂျင် ပြင်သစ်ဇိမ်ခံလက်ဝတ်ရတနာပစ္စည်းအမှတ်တံဆိပ် Fred အတွက် ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ခံရ

 663

Pika (NP News) - ဇူလိုင် ၁၁

တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် ပြင်သစ်ဇိမ်ခံ လက်ဝတ်ရတနာပစ္စည်း အမှတ်တံဆိပ် Fred အတွက် ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။ Fred ကုမ္ပဏီတည်ထောင်သူဖြစ်သလို အနုပညာဒါရိုက်တာနှင့်ဒုဥက္ကဋ္ဌ၏ မြေးဖြစ်သူ Valérie Samuel က ဂျင်ကို ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ရွေးချယ်ရခြင်းအကြောင်းအရင်းများကို ထုတ်ပြန်ပြောဆိုခဲ့ကြောင်း လည်း သိရသည်။

Valérie Samuel က “ဂျင်ရဲ့တောက်ပတဲ့ခွန်အားတွေ၊ အနုပညာစွမ်းရည်တွေ၊ တန်ဖိုးတွေနဲ့ မြင့်မားတဲ့စံနှုန်းတွေ ဟာ ကျွန်မတို့နဲ့ နက်နက်ရှိုင်းရှိုင်းကိုက်ညီစေတဲ့အချက်တွေပါပဲ" ဟု ပြောခဲ့သည်။

Fred မိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရသည့်အတွက် ကျေးဇူးတင်မိကြောင်းနှင့် ဂုဏ်ယူမိကြောင်း ဂျင်က ပြန်လည်တုံ့ပြန်ပြောခဲ့သည်။ ဂျင်သည် ပြီးခဲ့သည့်ဇွန်လ(၁၂)ရက်တွင် ၎င်း၏ စစ်မှုထမ်းခြင်း တာဝန်ကို ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းတာဝန် အရင်ဆုံးပြီးဆုံးသည့် ပထမဆုံး BTS အဖွဲ့ဝင်လည်းဖြစ်သည်။
ထို့ပြင် ဂျင်သည် ၂၀၂၄ ခုနှစ် ပဲရစ်နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် မီးရှူးတိုင်ကို ကိုင်ဆောင်သူအဖြစ် ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။ မကြာသေးမီက စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့သော ဂျင်သည် ၎င်း၏ လှုပ်ရှားမှုများကို မြှင့်တင်နေပြီး မီးရှူးတိုင်ကိုင်ဆောင်ခြင်း အပါအဝင် သီချင်းအသစ်များကို ရိုက်ကူးနေကြောင်း သိရသည်။

Zawgyi Version;
BTS အဖြဲ႕ဝင္ ဂ်င္ ျပင္သစ္ဇိမ္ခံလက္ဝတ္ရတနာပစၥည္းအမွတ္တံဆိပ္ Fred အတြက္ ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ ခန႔္အပ္ခံရ
Pika (NP News) - ဇူလိုင္ ၁၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ ျပင္သစ္ဇိမ္ခံ လက္ဝတ္ရတနာပစၥည္း အမွတ္တံဆိပ္ Fred အတြက္ ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရေၾကာင္း သိရသည္။ Fred ကုမၸဏီတည္ေထာင္သူျဖစ္သလို အႏုပညာဒါ႐ိုက္တာႏွင့္ဒုဥကၠ႒၏ ေျမးျဖစ္သူ Valérie Samuel က ဂ်င္ကို ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ ေ႐ြးခ်ယ္ရျခင္းအေၾကာင္းအရင္းမ်ားကို ထုတ္ျပန္ေျပာဆိုခဲ့ေၾကာင္း လည္း သိရသည္။

Valérie Samuel က “ဂ်င္ရဲ႕ေတာက္ပတဲ့ခြန္အားေတြ၊ အႏုပညာစြမ္းရည္ေတြ၊ တန္ဖိုးေတြနဲ႔ ျမင့္မားတဲ့စံႏႈန္းေတြ ဟာ ကြၽန္မတို႔နဲ႔ နက္နက္ရႈိင္းရႈိင္းကိုက္ညီေစတဲ့အခ်က္ေတြပါပဲ" ဟု ေျပာခဲ့သည္။

Fred မိသားစု၏ တစ္စိတ္တစ္ပိုင္းျဖစ္လာရသည့္အတြက္ ေက်းဇူးတင္မိေၾကာင္းႏွင့္ ဂုဏ္ယူမိေၾကာင္း ဂ်င္က ျပန္လည္တုံ႔ျပန္ေျပာခဲ့သည္။ ဂ်င္သည္ ၿပီးခဲ့သည့္ဇြန္လ(၁၂)ရက္တြင္ ၎၏ စစ္မႈထမ္းျခင္း တာဝန္ကို ၿပီးဆုံးခဲ့ျခင္းျဖစ္ၿပီး စစ္မႈထမ္းတာဝန္ အရင္ဆုံးၿပီးဆုံးသည့္ ပထမဆုံး BTS အဖြဲ႕ဝင္လည္းျဖစ္သည္။
ထို႔ျပင္ ဂ်င္သည္ ၂၀၂၄ ခုႏွစ္ ပဲရစ္ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲအတြက္ မီးရႉးတိုင္ကို ကိုင္ေဆာင္သူအျဖစ္ ပါဝင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ မၾကာေသးမီက စစ္မႈထမ္းတာဝန္ၿပီးဆုံးခဲ့ေသာ ဂ်င္သည္ ၎၏ လႈပ္ရွားမႈမ်ားကို ျမႇင့္တင္ေနၿပီး မီးရႉးတိုင္ကိုင္ေဆာင္ျခင္း အပါအဝင္ သီခ်င္းအသစ္မ်ားကို ႐ိုက္ကူးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.