ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးအတွက် တရုတ်က ယွမ်ငွေ တစ်ဘီလျံ ကူညီမည်
818
Htay Oung (NP News) - ဇူလိုင် ၁၃
“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅-ချက်” နှစ် ၇ဝ ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးချုပ်လီကျန်းရဲ့ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ ပေကျင်းကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ စတုတ္ထအကြိမ်နဲ့ ၃ ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက်ပိုင်း တရုတ် နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်ပြီး ငါးနှစ်အတွင်း ရှိတ်ဟာစီနာရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်တယ်လို့ “ဒါကာထရွိုင်ဗြွန်း” (11 July 2024) က ရေးသားပါတယ်။
မြန်မာနိုင်ငံမှာ “ဘန်ဒေါင်းမူ ငါးရပ်” လို့ လူသိများတဲ့ အဲဒီသဘောတူညီချက်ဟာ လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ် ပါလီ မန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနုလက်ထက် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ညီလာခံအရ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အာရှ၊ အာဖရိကနိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြပါတယ်။ ဇွန်လ ၂၈ ရက် ၂ဝ၂၄ ရက်နေ့ ပေကျင်း မြို့မှာ စတင်ကျင်းပတဲ့ နှစ် ၇ဝ ပြည့်အခမ်းအနားကို ဗီယက်နမ် မြန်မာနဲ့ အခြားနိုင်ငံများမှ ခေါင်းဆောင် ဟောင်းများ၊ နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံပေါင်း ၁၀၀ ကျော်မှ သံတမန် များ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၆ဝဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။
တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြား ကောင်းမွန်တဲ့ဆက်ဆံရေးဟာ အပြန်အလှန်ယုံကြည်မှုနဲ့ အချုပ်အခြာအာဏာပိုင် ဆိုင်မှုကို လေးစားမှုအပေါ် အခြေခံတယ်လို့ ပေကျင်းအခမ်းအနား တက်ရောက်ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြောပါတယ်။
အဲဒီ အခြေခံမူတွေဟာ နှစ်နိုင်ငံအကြားဆက်ဆံရေးကို လမ်းညွှန်ပေးတဲ့ နိုင်ငံတကာအရေးကြီးစံနှုန်းများဖြစ်လာ ကြောင်း တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သိသာထင်ရှားတဲ့ ရင်းနှီး မြှုပ်နှံရာ မူလရင်းမြစ်ဖြစ်တယ်လို့ ဒါကာထရိုင်ဗြွန်းက ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့စီးပွားရေးကို မြှင့်တင်ပေးတဲ့ အောင်မြင်သော ပရောဂျက်များစွာဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်လျက်ရှိ ကြောင်း၊ တရုတ်ကုမ္ပဏီပေါင်း ၆၇၀ ကျော်တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အလုပ်အကိုင်များ ကို ဖန်တီးပေးပြီး နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလျက်ရှိကြောင်း၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ နိုင်ငံအတွက် အခွင့်အလမ်းအဖြစ် ဘင်္ဂလားဒေ့ရှ် ပညာရှင်များက ရှုမြင်ပါတယ်။ ရှိတ်ဟာစီနာရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်မှန်းချက်များနဲ့အတူ ပေကျင်းရဲ့ အထောက်အပံ့နဲ့ တိုင်းပြည်ကို LDC ခေါ် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်ေမြောက်ဖို့အထိ မြင့်မားတဲ့ မျှော်လင့်ချက်များရှိနေကြောင်း၊ တရုတ်နဲ့ အမေရိကန်တို့အကြား တင်းမာမှုများ ရှိနေပေမယ့် ကြားရေး နေရပ် တည်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်နဲ့ဆက်ဆံရေးကို ခိုင်မာစေခဲ့ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီကိစ္စအကျပ် အတည်းမျိုးလို နိုင်ငံတကာကိစ္စရပ်များမှာ တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ပံ့ပိုးကူညီခဲ့ပြီး ရှိတ်ဟာစီနာအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများအတွက် နားလည်မှုနဲ့ စာနာကြောင်း ပြသခဲ့တယ်လို့ ရေးပါတယ်။
၁၉၅၂-၁၉၅၇ ခုနှစ်များအတွင်း စတင်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်အမှတ်ရကြောင်း၊ မိတ်ဖက်ဆက် ဆံရေးဟာ အလွန်အရေးကြီးပြီး အဆင့်သစ်တစ်ခုကို အရောက်လှမ်းရန် ဆန္ဒရှိတယ်လို့ တရုတ်ဝန်ကြီးချုပ်က လီကျန်းက ပြောဆိုကြောင်း သတင်းထောက်များနဲ့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ် ဟာဆန် က ရှင်းပြပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ သမီးငယ်နေမကောင်းဖြစ်နေတဲ့အတွက် စောစီးစွာပြန်လာရပေမယ့် မူလအစီ အစဉ်အတိုင်း တရုတ်ခရီးစဉ်ကို သွားရောက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၅ဝ ပြည့်အထိမ်း အမှတ်အဖြစ် လာမယ့်နှစ်မှာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နဲ့ အခြားအစိုရအဖွဲ့ဝင်များအနေနဲ့ ဘင်္ဂလားဒေ့ရှ နိုင်ငံကို အလည်အပတ် လာရောက်ကြရန် ဖိတ်ကြားခဲ့တယ်လို့ မာမွတ်က ဆိုပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်များဟာ သံတမန်ဆက်ဆံရေး ရွှေရတုမင်္ဂလာကို ဆီလျော်စွာကျင်းပဖို့ရှိကြောင်း၊ ဒုက္ခသည် ဘင်္ဂါလီအရေး ဖြေရှင်းရာမှာ တရုတ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ကွာဟချက်ကို လျေ့ာ့ချရန်၊ ဘင်္ဂလားဒေ့ရှ်ထုတ်ကုန်များကို တရုတ်နိုင်ငံက ပိုမိုတင်သွင်းရန် သားရေ ထုတ်ကုန်များ၊ ဂုန်လျှော်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနဲ့ ကြွေထည်ပစ္စည်းများကို တင်သွင်းရန် တောင်းဆိုခဲ့ ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပို့ကုန်စီမံဆောင်ရွက်ရေးဇုန်တစ်ခု သတ်မှတ်ပေးထားပြီးကြောင်း၊ အထူးစီးပွားရေးဇုန်ပေါင်း ၁၀၀ နဲ့ ဘန်ဂါဘန်ဒုစက်မှုဥယျာဉ်တို့မှာလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ အဆိုပြုချက်များကို တရုတ်ဘက်က လက်ခံကြောင်း သိရှိရပါ တယ်။
မကြာသေးမီက ပေကျင်းကို သွားရောက်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်စာစီနာရဲ့ ခရီးစဉ်အတွင်း တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး” အဆင့်ထိ တိုးမြှင့်လိုက်ကြောင်း တွေ့ရှိရတယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့ထုတ် ဒါကာထရိုင်ဗြွန်းက ဝေဖန်ရေးသားပါတယ်။
ယခု မိတ်ဖက်အဆင့်သစ်မှာ ထောက်ပံ့ကြေးများ၊ ချေးငွေများနဲ့ စီးပွားရေးအကူအညီများဆိုင်ရာ နားလည်မှု စာချွန် လွှာများနဲ့ သဘောတူညီချက်များ ပါဝင်ပါတယ်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ အပါအဝင် နယ်ပယ်အသီးသီးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်နိုင်ငံစလုံးက ကတိပြုခဲ့ ပါတယ်။
ခရီးစဉ်အတွင်း ဒုက္ခသည်အရေး၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာများ အပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်စလုံးအနေနဲ့ဆက်ဆံရေးကို ခိုင်မြဲစေရန်နဲ့ အပြန်အလှန် ပံ့ပိုး ကူညီနိုင်ကြဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ရှာဖွေနေကြကြောင်း၊ တရုတ်နိုင်ငံရဲ့အောင်မြင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို သင်ယူရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဆန္ဒရှိနေပြီး စီးပွားရေး၊ ကုန်သွယ်မှု၊ အခြေခံ အဆောက်အဦး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ လူငယ်နဲ့ ယဉ်ကျေးမှုရေးရာတို့မှာ အပြန်အလှန်ကူညီနိုင်ဖို့ မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ထောက်ပံ့ငွေ၊ အတိုးမဲ့ချေးငွေ၊ အထူးသက်သာခွင့် ချေးငွေနဲ့ စီးပွား ဖြစ်ချေး ငွေများ စတဲ့ ကဏ္ဍလေးခုတို့မှာ ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း။ ဘင်္ဂလားဒေ့ရှ်အတွက် အလွန်လိုအပ် နေတဲ့ စီးပွားရေးအကူအညီအတွက် တရုတ်ယွမ်ငွေ ၁ ဘီလျံကိုလည်း ကူညီဖို့ စီစဉ်ထားကြောင်း ပူးပေါင်း လုပ်ဆောင်ရန် တရုတ်နိုင်ငံမှ နည်းပညာကော်မတီတစ်ခု မကြာမီ ဒါကာသို့ ရောက်ရှိလာမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ပြောပြပါတယ်။
တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းအေဂျင်စီကတော့ ပေကျင်းရဲ့ BRI “ရပ်ဝန်းနဲ့လမ်း” ပရောဂျက်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းရှိ ပြည်သူများရဲ့အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ပေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ BRI ပူးပေါင်းဆောင်ရွက်မှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ ကြောင်း ဖော်ပြပါတယ်။
#တရုတ်ဘင်္ဂလားဒေ့ရှ်_ဘက်စုံမဟာဗျူဟာမြောက်_မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး #BRI
(Dhaka Tribune., 11 July 2024,” China announces 1bn Yuan for Bangladesh as economic assistance” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
ဘဂၤလားေဒ့ရွ္ႏိုင္ငံ စီးပြားေရးအတြက္ တ႐ုတ္က ယြမ္ေငြ တစ္ဘီလ်ံ ကူညီမည္
Htay Oung (NP News) - ဇူလိုင္ ၁၃
“ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး အေျခခံမူ ၅-ခ်က္” ႏွစ္ ၇ဝ ျပည့္အခမ္းအနားကို တက္ေရာက္ဖို႔အတြက္ တ႐ုတ္ဝန္ႀကီးခ်ဳပ္လီက်န္းရဲ႕ဖိတ္ၾကားခ်က္အရ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ဟာ ေပက်င္းကို သြားေရာက္လည္ပတ္ ခဲ့ပါတယ္။ စတုတၳအႀကိမ္နဲ႔ ၃ ႀကိမ္ဆက္တိုက္ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာ က်ိန္ဆိုၿပီးေနာက္ပိုင္း တ႐ုတ္ ႏိုင္ငံကို ပထမဆုံးအႀကိမ္ သြားေရာက္လည္ပတ္ျခင္းျဖစ္ၿပီး ငါးႏွစ္အတြင္း ရွိတ္ဟာစီနာရဲ႕ ဒုတိယအႀကိမ္ေျမာက္ ခရီးစဥ္လည္းျဖစ္တယ္လို႔ “ဒါကာထ႐ြိဳင္ႁဗြန္း” (11 July 2024) က ေရးသားပါတယ္။
ျမန္မာႏိုင္ငံမွာ “ဘန္ေဒါင္းမူ ငါးရပ္” လို႔ လူသိမ်ားတဲ့ အဲဒီသေဘာတူညီခ်က္ဟာ လြန္ခဲ့တဲ့ ၁၉၅၄ ခုႏွစ္ ပါလီ မန္ဒီမိုကေရစီေခတ္ ဝန္ႀကီးခ်ဳပ္ ဦးႏုလက္ထက္ အင္ဒိုနီးရွားႏိုင္ငံ ဘန္ေဒါင္းၿမိဳ႕ညီလာခံအရ ေပၚေပါက္ခဲ့ျခင္း ျဖစ္ၿပီး အာရွ၊ အာဖရိကႏိုင္ငံေပါင္း ၂၉ ႏိုင္ငံက အတည္ျပဳခဲ့ၾကပါတယ္။ ဇြန္လ ၂၈ ရက္ ၂ဝ၂၄ ရက္ေန႔ ေပက်င္း ၿမိဳ႕မွာ စတင္က်င္းပတဲ့ ႏွစ္ ၇ဝ ျပည့္အခမ္းအနားကို ဗီယက္နမ္ ျမန္မာနဲ႔ အျခားႏိုင္ငံမ်ားမွ ေခါင္းေဆာင္ ေဟာင္းမ်ား၊ ႏိုင္ငံတကာနဲ႔ ေဒသတြင္း အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္မွ သံတမန္ မ်ား ကိုယ္စားလွယ္မ်ား အပါအဝင္ လူေပါင္း ၆ဝဝ ခန႔္ တက္ေရာက္ခဲ့ၾကပါတယ္။
တ႐ုတ္နဲ႔ ဘဂၤလားေဒ့ရွ္အၾကား ေကာင္းမြန္တဲ့ဆက္ဆံေရးဟာ အျပန္အလွန္ယုံၾကည္မႈနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ ဆိုင္မႈကို ေလးစားမႈအေပၚ အေျခခံတယ္လို႔ ေပက်င္းအခမ္းအနား တက္ေရာက္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာက ေျပာပါတယ္။
အဲဒီ အေျခခံမူေတြဟာ ႏွစ္ႏိုင္ငံအၾကားဆက္ဆံေရးကို လမ္းၫႊန္ေပးတဲ့ ႏိုင္ငံတကာအေရးႀကီးစံႏႈန္းမ်ားျဖစ္လာ ေၾကာင္း တ႐ုတ္ႏိုင္ငံဟာ ဘဂၤလားေဒ့ရွ္ရဲ႕ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး သိသာထင္ရွားတဲ့ ရင္းႏွီး ျမႇဳပ္ႏွံရာ မူလရင္းျမစ္ျဖစ္တယ္လို႔ ဒါကာထ႐ိုင္ႁဗြန္းက ဆိုပါတယ္။ ဘဂၤလားေဒ့ရွ္ရဲ႕စီးပြားေရးကို ျမႇင့္တင္ေပးတဲ့ ေအာင္ျမင္ေသာ ပေရာဂ်က္မ်ားစြာျဖင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈကို နက္ရႈိင္းစြာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိ ေၾကာင္း၊ တ႐ုတ္ကုမၸဏီေပါင္း ၆၇၀ ေက်ာ္တို႔ဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ အလုပ္အကိုင္မ်ား ကို ဖန္တီးေပးၿပီး ႏိုင္ငံတြင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို တြန္းအားေပးလ်က္ရွိေၾကာင္း၊ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ဟာ ႏိုင္ငံအတြက္ အခြင့္အလမ္းအျဖစ္ ဘဂၤလားေဒ့ရွ္ ပညာရွင္မ်ားက ရႈျမင္ပါတယ္။ ရွိတ္ဟာစီနာရဲ႕ခရီးစဥ္ဟာ ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ရည္မွန္းခ်က္မ်ားနဲ႔အတူ ေပက်င္းရဲ႕ အေထာက္အပံ့နဲ႔ တိုင္းျပည္ကို LDC ေခၚ ကမာၻ႔ဖြံ႕ၿဖိဳးမႈ အနည္းဆုံး ႏိုင္ငံအျဖစ္မွ လြတ္ေေျမာက္ဖို႔အထိ ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္မ်ားရွိေနေၾကာင္း၊ တ႐ုတ္နဲ႔ အေမရိကန္တို႔အၾကား တင္းမာမႈမ်ား ရွိေနေပမယ့္ ၾကားေရး ေနရပ္ တည္ခ်က္ျဖင့္ ဘဂၤလားေဒ့ရွ္ဟာ တ႐ုတ္နဲ႔ဆက္ဆံေရးကို ခိုင္မာေစခဲ့ေၾကာင္း၊ ဒုကၡသည္ဘဂၤါလီကိစၥအက်ပ္ အတည္းမ်ိဳးလို ႏိုင္ငံတကာကိစၥရပ္မ်ားမွာ တ႐ုတ္ဟာ ဘဂၤလားေဒ့ရွ္ကို ပံ့ပိုးကူညီခဲ့ၿပီး ရွိတ္ဟာစီနာအစိုးရ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈမ်ားအတြက္ နားလည္မႈနဲ႔ စာနာေၾကာင္း ျပသခဲ့တယ္လို႔ ေရးပါတယ္။
၁၉၅၂-၁၉၅၇ ခုႏွစ္မ်ားအတြင္း စတင္ခဲ့တဲ့ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ျပန္လည္အမွတ္ရေၾကာင္း၊ မိတ္ဖက္ဆက္ ဆံေရးဟာ အလြန္အေရးႀကီးၿပီး အဆင့္သစ္တစ္ခုကို အေရာက္လွမ္းရန္ ဆႏၵရွိတယ္လို႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္က လီက်န္းက ေျပာဆိုေၾကာင္း သတင္းေထာက္မ်ားနဲ႔ေတြ႕ဆုံစဥ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး မာမြတ္ ဟာဆန္ က ရွင္းျပပါတယ္။
ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာဟာ သမီးငယ္ေနမေကာင္းျဖစ္ေနတဲ့အတြက္ ေစာစီးစြာျပန္လာရေပမယ့္ မူလအစီ အစဥ္အတိုင္း တ႐ုတ္ခရီးစဥ္ကို သြားေရာက္ခဲ့ေၾကာင္း၊ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး အႏွစ္ ၅ဝ ျပည့္အထိမ္း အမွတ္အျဖစ္ လာမယ့္ႏွစ္မွာ တ႐ုတ္သမၼတ၊ ဝန္ႀကီးခ်ဳပ္နဲ႔ အျခားအစိုရအဖြဲ႕ဝင္မ်ားအေနနဲ႔ ဘဂၤလားေဒ့ရွ ႏိုင္ငံကို အလည္အပတ္ လာေရာက္ၾကရန္ ဖိတ္ၾကားခဲ့တယ္လို႔ မာမြတ္က ဆိုပါတယ္။
ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားဟာ သံတမန္ဆက္ဆံေရး ေ႐ႊရတုမဂၤလာကို ဆီေလ်ာ္စြာက်င္းပဖို႔ရွိေၾကာင္း၊ ဒုကၡသည္ ဘဂၤါလီအေရး ေျဖရွင္းရာမွာ တ႐ုတ္အေနနဲ႔ ပူးေပါင္းေဆာင္႐ြက္ရန္ ေမတၱာရပ္ခံခဲ့ေၾကာင္း၊ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈ ကြာဟခ်က္ကို ေလ်႕ာ့ခ်ရန္၊ ဘဂၤလားေဒ့ရွ္ထုတ္ကုန္မ်ားကို တ႐ုတ္ႏိုင္ငံက ပိုမိုတင္သြင္းရန္ သားေရ ထုတ္ကုန္မ်ား၊ ဂုန္ေလွ်ာ္ပစၥည္းမ်ား၊ ေဆးဝါးပစၥည္းမ်ားနဲ႔ ေႂကြထည္ပစၥည္းမ်ားကို တင္သြင္းရန္ ေတာင္းဆိုခဲ့ ေၾကာင္း၊ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ပို႔ကုန္စီမံေဆာင္႐ြက္ေရးဇုန္တစ္ခု သတ္မွတ္ေပးထားၿပီးေၾကာင္း၊ အထူးစီးပြားေရးဇုန္ေပါင္း ၁၀၀ နဲ႔ ဘန္ဂါဘန္ဒုစက္မႈဥယ်ာဥ္တို႔မွာလည္း ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚခဲ့ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ရဲ႕ အဆိုျပဳခ်က္မ်ားကို တ႐ုတ္ဘက္က လက္ခံေၾကာင္း သိရွိရပါ တယ္။
မၾကာေသးမီက ေပက်င္းကို သြားေရာက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ရွိတ္စာစီနာရဲ႕ ခရီးစဥ္အတြင္း တ႐ုတ္-ဘဂၤလားေဒ့ရွ္ ဆက္ဆံေရးကို “ဘက္စုံမဟာဗ်ဴဟာေျမာက္ မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္ေရး” အဆင့္ထိ တိုးျမႇင့္လိုက္ေၾကာင္း ေတြ႕ရွိရတယ္လို႔ ဇူလိုင္လ ၁၀ ရက္ေန႔ထုတ္ ဒါကာထ႐ိုင္ႁဗြန္းက ေဝဖန္ေရးသားပါတယ္။
ယခု မိတ္ဖက္အဆင့္သစ္မွာ ေထာက္ပံ့ေၾကးမ်ား၊ ေခ်းေငြမ်ားနဲ႔ စီးပြားေရးအကူအညီမ်ားဆိုင္ရာ နားလည္မႈ စာခြၽန္ လႊာမ်ားနဲ႔ သေဘာတူညီခ်က္မ်ား ပါဝင္ပါတယ္။ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စီးပြားေရးဆိုင္ရာ ပံ့ပိုးကူညီမႈမ်ား အပါအဝင္ နယ္ပယ္အသီးသီးမွာ အတူတကြ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ႏွစ္ႏိုင္ငံစလုံးက ကတိျပဳခဲ့ ပါတယ္။
ခရီးစဥ္အတြင္း ဒုကၡသည္အေရး၊ စီးပြားေရး၊ ကုန္သြယ္မႈ၊ ေဒသတြင္းနဲ႔ ႏိုင္ငံတကာေရးရာမ်ား အပါအဝင္ ေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔ ေဆြးေႏြးခဲ့ၾကေၾကာင္း၊ ႏွစ္ဖက္စလုံးအေနနဲ႔ဆက္ဆံေရးကို ခိုင္ၿမဲေစရန္နဲ႔ အျပန္အလွန္ ပံ့ပိုး ကူညီႏိုင္ၾကဖို႔အတြက္ နည္းလမ္းမ်ိဳးစုံနဲ႔ ရွာေဖြေနၾကေၾကာင္း၊ တ႐ုတ္ႏိုင္ငံရဲ႕ေအာင္ျမင္ေနတဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရး အေတြ႕အႀကဳံမ်ားကို သင္ယူရန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က ဆႏၵရွိေနၿပီး စီးပြားေရး၊ ကုန္သြယ္မႈ၊ အေျခခံ အေဆာက္အဦး၊ ဆင္းရဲမြဲေတမႈ ေလွ်ာ့ခ်ေရး၊ လူငယ္နဲ႔ ယဥ္ေက်းမႈေရးရာတို႔မွာ အျပန္အလွန္ကူညီႏိုင္ဖို႔ ေမွ်ာ္လင့္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကလည္း ေထာက္ပံ့ေငြ၊ အတိုးမဲ့ေခ်းေငြ၊ အထူးသက္သာခြင့္ ေခ်းေငြနဲ႔ စီးပြား ျဖစ္ေခ်း ေငြမ်ား စတဲ့ က႑ေလးခုတို႔မွာ ပူးေပါင္းေဆာင္႐ြက္ရန္ ကတိျပဳခဲ့ေၾကာင္း။ ဘဂၤလားေဒ့ရွ္အတြက္ အလြန္လိုအပ္ ေနတဲ့ စီးပြားေရးအကူအညီအတြက္ တ႐ုတ္ယြမ္ေငြ ၁ ဘီလ်ံကိုလည္း ကူညီဖို႔ စီစဥ္ထားေၾကာင္း ပူးေပါင္း လုပ္ေဆာင္ရန္ တ႐ုတ္ႏိုင္ငံမွ နည္းပညာေကာ္မတီတစ္ခု မၾကာမီ ဒါကာသို႔ ေရာက္ရွိလာမွာျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ ဟာဆန္မာမြတ္က ေျပာျပပါတယ္။
တ႐ုတ္အစိုးရအာေဘာ္ ဆင္ဟြာသတင္းေအဂ်င္စီကေတာ့ ေပက်င္းရဲ႕ BRI “ရပ္ဝန္းနဲ႔လမ္း” ပေရာဂ်က္ဟာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ေဒသတြင္းရွိ ျပည္သူမ်ားရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ျမႇင့္တင္ေပးခဲ့ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ BRI ပူးေပါင္းေဆာင္႐ြက္မႈမွာ တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္သြားမယ္လို႔ ေျပာၾကားခဲ့ ေၾကာင္း ေဖာ္ျပပါတယ္။
#တ႐ုတ္ဘဂၤလားေဒ့ရွ္_ဘက္စုံမဟာဗ်ဴဟာေျမာက္_မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္ေရး #BRI
(Dhaka Tribune., 11 July 2024,” China announces 1bn Yuan for Bangladesh as economic assistance” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)