ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ အတွက် နိုင်ငံပေါင်း ၉၃ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေး

 2910

ရောင်နီ(NP News) - ဇူလိုင် ၁၄

ထိုင်းနိုင်ငံဟာ လက်ရှိ ဇူလိုင် ၁၅ ရက်မှ စ နိုင်ငံပေါင်း ၉၃ နိုင်ငံကို ဗီဇာကင်းလွတ် ဝင်ခွင့်ပေးမှာဖြစ်ပြီး ဧည့်သည်တွေကို တိုင်းဒေသကြီး ၅၇ ခုမှာ ရက် ၆ဝ အထိ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရပါတယ်။

ဗီဇာကင်းလွတ်ခွင့်အတွက် အရည်အချင်းပြည့်မီတဲ့နိုင်ငံတွေက လူတွေကို ရေတိုစီးပွားရေးရည်ရွယ်ချက်တွေ အတွက် ကြိုဆိုသွားမှာဖြစ်ပြီး ဆိုက်ရောက်ဗီဇာအတွက် အရည်အချင်းပြည့်မီတဲ့ နယ်မြေအရေအတွက်လည်း ၁၉ ခုမှ ၃၁ ခုအထိ တိုးလာမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်အထိအတွင်း နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု ၂၀၂၃ ခုနှစ် အလားတူ ကာလကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဝင်ငွေ ထိုင်းဘတ်ငွေ ၈၅၈ ဘီလျံထိ ရရှိခဲ့တယ်လို့ ခရီးသွား လုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ယခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းကို လာရောက်တဲ့ ဧည့်သည် အများစုကတော့ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယတို့မှ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၅ ရက်မှာ စမယ့် ဗီဇာအသစ်ကိုလည်း သတ်မှတ်ထားတဲ့ Destination Thailand Visa (ခေါ်) ဒစ်ဂျစ်တယ်အမည်ခံများ၊ အလွတ်လုပ်ငန်း လုပ်ကိုင်သူများ၊ ချက်ပြုတ်ရေးနဲ့ ကိုယ်ခံပညာလို ကျွမ်းကျင်မှုတွေကို သင်ယူလိုတဲ့ ဧည့်သည်တွေအတွက် အဓိကထား ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဗီဇာအမျိုးအစားသစ်ဟာ ကိုင်ဆောင်ထားသူကို ရက်ပေါင်း ၁၈ဝ ထိ နေထိုင်ခွင့်ပြုထားပြီး သက်တမ်းကတော့ ငါးနှစ်ထိ ခွင့်ပြုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံက ခရီးသြားလုပ္ငန္းျမႇင့္တင္ဖို႔ အတြက္ ႏိုင္ငံေပါင္း ၉၃ ႏိုင္ငံကို ဗီဇာကင္းလြတ္ခြင့္ေပး
ေရာင္နီ(NP News) - ဇူလိုင္ ၁၄

ထိုင္းႏိုင္ငံဟာ လက္ရွိ ဇူလိုင္ ၁၅ ရက္မွ စ ႏိုင္ငံေပါင္း ၉၃ ႏိုင္ငံကို ဗီဇာကင္းလြတ္ ဝင္ခြင့္ေပးမွာျဖစ္ၿပီး ဧည့္သည္ေတြကို တိုင္းေဒသႀကီး ၅၇ ခုမွာ ရက္ ၆ဝ အထိ ဗီဇာကင္းလြတ္ခြင့္နဲ႔ ေနထိုင္ခြင့္ေပးသြားမွာျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနမွ ေျပာၾကားခ်က္အရ သိရပါတယ္။

ဗီဇာကင္းလြတ္ခြင့္အတြက္ အရည္အခ်င္းျပည့္မီတဲ့ႏိုင္ငံေတြက လူေတြကို ေရတိုစီးပြားေရးရည္႐ြယ္ခ်က္ေတြ အတြက္ ႀကိဳဆိုသြားမွာျဖစ္ၿပီး ဆိုက္ေရာက္ဗီဇာအတြက္ အရည္အခ်င္းျပည့္မီတဲ့ နယ္ေျမအေရအတြက္လည္း ၁၉ ခုမွ ၃၁ ခုအထိ တိုးလာမွာျဖစ္တယ္လို႔ သိရပါတယ္။
ထိုင္းႏိုင္ငံဟာ ၂၀၂၄ ခုႏွစ္ ဇူလိုင္လ ၇ ရက္အထိအတြင္း ႏိုင္ငံျခားဧည့္သည္ ဝင္ေရာက္မႈ ၂၀၂၃ ခုႏွစ္ အလားတူ ကာလကထက္ ၃၅ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ၿပီး ဝင္ေငြ ထိုင္းဘတ္ေငြ ၈၅၈ ဘီလ်ံထိ ရရွိခဲ့တယ္လို႔ ခရီးသြား လုပ္ငန္းနဲ႔ အားကစားဝန္ႀကီးဌာနက ယခုသီတင္းပတ္မွာ ေျပာၾကားခဲ့ပါတယ္။ ထိုင္းကို လာေရာက္တဲ့ ဧည့္သည္ အမ်ားစုကေတာ့ တ႐ုတ္၊ မေလးရွားနဲ႔ အိႏၵိယတို႔မွ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဇူလိုင္လ ၁၅ ရက္မွာ စမယ့္ ဗီဇာအသစ္ကိုလည္း သတ္မွတ္ထားတဲ့ Destination Thailand Visa (ေခၚ) ဒစ္ဂ်စ္တယ္အမည္ခံမ်ား၊ အလြတ္လုပ္ငန္း လုပ္ကိုင္သူမ်ား၊ ခ်က္ျပဳတ္ေရးနဲ႔ ကိုယ္ခံပညာလို ကြၽမ္းက်င္မႈေတြကို သင္ယူလိုတဲ့ ဧည့္သည္ေတြအတြက္ အဓိကထား ခ်မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဗီဇာအမ်ိဳးအစားသစ္ဟာ ကိုင္ေဆာင္ထားသူကို ရက္ေပါင္း ၁၈ဝ ထိ ေနထိုင္ခြင့္ျပဳထားၿပီး သက္တမ္းကေတာ့ ငါးႏွစ္ထိ ခြင့္ျပဳထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.