ကျစ်ဆံမြီး ဧရာဝတီ (အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း - ၅)
1498
ဇာမဏီစံမောင်(NP News) - ဇူလိုင် ၁၉
International Center for Integrated Mountain Development မြန်မာလို အိစီမော့တ် (ICIMOD)လို့အသံထွက်ရတဲ့ “ပေါင်းစပ်တောင် တန်းများဆိုင်ရာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဗဟို ဌာန”မှာ ဟိမဝန္တာတောင်တန်းများဆိုင်ရာနယ်နိမိတ် ထိစပ်နေတဲ့နိုင်ငံပေါင်း (၇)နိုင်ငံထဲမှာ မြန်မာ လည်း ပါဝင်သည်။ ယင်းတို့ ဦးစီးဦးဆောင်ကော်မတီမှာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်တော် (Focal Person)များ စုံညီအစည်းအဝေးကို မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းလှိုင်က ကမကထပြုပြီး ရန်ကုန်မြို့တွင် ၂၀ဝ၇ ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် အိစီမော့တ်အဖွဲ့ သို့တက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်း ဗဟိုအစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပညာရှင်တရုတ်အမျိုးသမီးကြီးက နိုင်ငံတကာအဆင့် တက်ရောက်လာကြသည့် နိုင်ငံပေါင်းစုံပညာရှင် ကိုယ်စားလှယ်များကို ဝေဖန်အကြံပြုစကား တရား ဝင်ပြောကြားသည့်အခါတွင်“ဆရာတို့မြန်မာနိုင်ငံမှာ ကျွန်မတို့ တရုတ်ပြည်က ပြည်နယ်အဆင့်နဲ့ နိုင်ငံ တကာအဆင့် ကော်ပိုရေးရှင်းကြီးတွေ၊ ကုမ္ပဏီကြီး တွေနဲ့ ကျွမ်းကျင်သူ စီးပွားရေးသမားတွေ၊ တရုတ် နိုင်ငံကြီးသားတွေ ခွင့်ပြုရှိ/မဲ့ ရာချီရောက်ရှိပြီး မြန်မာနိုင်ငံရဲ့တောင်တန်းဒေသတွေနဲ့ လူနေထိုင်ခြင်း မရှိတဲ့ အထူးဒေသတွေမှာ မြေကြီးနဲ့စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းတွေ စတင်လုပ်ကိုင်နေတာ လေ့လာသိ ရှိရပါကြောင်း၊ ကျွန်မတို့ တရုတ်ကုမ္ပဏီတွေ ရှင်တို့နိုင်ငံထဲမှာ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာတွေကို ကျွန်မတို့ ကောင်းစွာသိနေသလို ဘေဂျင်းအစိုးရကလည်း သိနေပါကြောင်း၊ Binding Law for Enviro- nmental Issues in Myanmar ကို အိမ်ရှင်မြန်မာ အရပ်ဘက်အဖွဲ့တွေ၊ အစိုးရ တာဝန်ခံတွေကလည်း ကျွန်မတို့ဆီကတားမြစ်ချက်ဥပဒေတွေကို ကောင်းစွာလေ့လာထားပြီး၊ နှစ်နိုင်ငံ မိတ်ဖက်၊ မိတ်ဝတ် မပျက် ဂုဏ်သိက္ခာရှိရှိ ရေရှည်အတူတကွပူးပေါင်းလုပ်ကြဖို့ လိုနေပြီ ဖြစ်ကြောင်း၊ ကျွန်မတို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံတကာသိထုတ်ပြန်ထားသည့် အလွန်တိကျသော တရုတ်ပြည်၏ ပြည်တွင်း နဲ့ ပြည်ပ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေကိုလည်း မြန်မာ ခရိုနီများအားလုံးက မျက်ကွယ်မပြု၊ မြန်မာနိုင်ငံကိုချစ်စိတ်နဲ့ အထူး လေး စားစွာလိုက်နာဖို့ ပညာရပ် ရှုထောင့်အမြင်နဲ့ပြောသင့် ချိန်တန်လို့သတိပေးပါကြောင်း” တရားဝင် သတိပေးစကားပြောကြား ခဲ့ပါသည်။
ပညာရှင်တရုတ်နိုင်ငံသူ ထုတ်ပြောခဲ့သည့် သတိပေးစကားမှာ ပညာရှင်စကားဖြစ်ပြီး၊ ဥပဒေနဲ့ ညီပါပေသည်။ သည်နေ့ ဧရာဝတီသတို့သမီးကြီး၏ ပြည်ထောင်စုကိုအကျိုးပြုနေသည့်ရေအရင်းမြစ်များ သည် အဆိုပါ ဟိမဝန္တာတောင်တန်းများနှင့် ယင်း တောင်ပေါ်တောင်အောက်နေရာအားလုံးတွင် သဘာဝ တရားအရပေါက်ရောက်နေသည့် ရေဝေရေလဲ သစ်တောကြီးများက မိုးရွာသည့်အခါတွင်စုပ်ယူပြီး သဘာဝဝန်းကျင်ကို ပျက်စီးထိခိုက်မှုအလွန်နည်းသည့် မြစ်ကြောင်းတစ်လျှောက် မေခနဲ့မလိခမြစ်တို့ စီးဆင်း ပေါင်းဆုံရာ ဧရာဝတီသတို့သမီး ဖြစ်တည်လာရခြင်းပါ။ စာရေးသူတို့နိုင်ငံမှာလည်း ခေတ် အဆက်ဆက်က ထိုသူတို့အနက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ဆိုသူများနှင့် အကျိုးတူစာချုပ်ချုပ်ဆို အကျိုးတူ လုပ်ကိုင်နေကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပင်လယ်ရပ်ခြား၊ ပူးပေါင်းဆောင်ရွက်တဲ့ တိုင်းပြည်များတွင် စီးပွားရေးလုပ်ငန်းများ နိုင်ငံဖြတ်ကျော် လုပ်ကိုင်သည့်အခါတွင် သွားရောက် လုပ် ကိုင်သူ တရုတ်နိုင်ငံသားလုပ်ငန်းရှင်များလိုက်နာရမည့် အလွန်တင်းကြပ်သော နိုင်ငံတကာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေနည်းဥပဒေများကို လိုက်နာကြရပါသည်။
သို့ရာတွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင် (ခရိုဖြူ/ခရိုနီ/ခရိုပြာ/ခရိုနက်များကို ဆိုလိုပါသည်) အများစုသည် ယင်း ဥပဒေများကို မလေ့လာ၊ နားမလည်၊ လာရောက်လုပ်ကိုင်ကြသည့်လုပ်ငန်းရှင် တရုတ်နိုင်ငံသားများက တာဝန်သိစွာ ရှေးဦးရှင်းလင်းပြသည့် တိကျပညာရပ်များကိုလည်း စိတ်မဝင် စား၊ နှစ်နိုင်ငံစလုံးပူးတွဲလုပ်ကိုင်ကြသည့်အခါတွင် ထိုအချက်များကိုလျစ်လျူရှုဖို့တိုက်တွန်းလေ့ရှိပြီး ထို လျစ်လျူရှုသည့်အချက်များကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်အကြီးအကဲများသို့ ဒေသခံတိုင်းရင်းသား EAOs နှင့် P.E.S အစား လာဘ်ငွေအမြောက်အမြား မျက်နှာလွှဲခပေးရမည့်အကြောင်းပြောပြီး ခြိမ်း ခြောက် တောင်းပါတော့သည်။
မြန်မာလုပ်ငန်းရှင် ကုမ္ပဏီအချို့၏ မြန်မာနိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် နိုင်ငံကြီးသား တာဝန်မဲ့စွာဖြင့် မြန်မာ့သဘာဝသယံဇာတများအပေါ် သစ္စာမဲ့စွာ ခိုးဝှက်စားချင်သည်ကို အလွန် အံ့အား သင့်မိပါကြောင်း၊ တရုတ်ပညာရှင်အမျိုးသမီးကြီးထံမှ ဆက်လက်သိရှိရသည့် ထူးခြားချက်များမှာ မိမိတို့ တရုတ်လုပ်ငန်းရှင်များက မိမိတို့အစိုးရထံ ပြန်လည်တင်ပြကြစဉ်၊ အိမ်ရှင်ဖြစ်သူက အလေးမထားသည့် အတွက် လျစ်လျူရှုတတ်သွားကြကြောင်း၊ ကုန်ကုန်ပြောရင် မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ၊ မြေနဲ့ ပတ်ဝန်းကျင်အဆိပ်သင့်နေတာတွေ၊ မိမိတို့ တရုတ်နိုင်ငံတွင်း စည်းကမ်းသေဝပ်ကြပြီး၊ မြန်မာနိုင်ငံ သို့ရောက်နေသည့် တရုတ်စီးပွားရေးသမားများ အားလုံးနည်းပါး အကျင့်ပျက်ခြစားကာ နိုင်ငံကြီးသားမပီ မသလုပ်နေခြင်းကို အစည်းအဝေးတက်လာသူ ကိုယ်စားလှယ်များနှင့် အကယ်ဒမစ်ပညာရှင်များက နိုင်ငံတကာအဆင့် အတူပူးပေါင်းတည့်မတ်ပေးကြဖို့လိုကြောင်း၊ မှတ်ချက်များကို တက်ရောက်လာ ကြသူများက တရားဝင်ထပ်ဆင့်ကြားသိ၊ ဆွေးနွေးပြောကြားခဲ့ကြသည်။ သူ့စကားဆုံးသည်နှင့် ကျွန် တော်က ယခုကဲ့သို့ နိုင်ငံတကာပညာရှင်ဆန်ဆန် သတိပေးပြီး၊ မိမိတို့မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်း ကျင်ကိုတန်ဖိုးထားသတိပေးခဲ့သည်ကို အလွန်ကျေးဇူးတင်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့သည်။ သို့ရာတွင် ထိုနေ့ညကစပြီး ကျွန်တော့်ခေါင်းထဲတွင် ကချင်ပြည်နယ်အတွက် သတိ တရ ပြန်ပြောင်း တွေးစရာတွေတစ်ခု ပြန်ရောက်လာပါတော့သည်။ တစ်ချိန်က နိုင်ငံတော်အကြီးအကဲ က မြေပြင်သတင်း အရင်းမြစ်ဆိုင်ရာ ပြည်နယ်တာဝန်အရှိဆုံး လူကြီးမင်းထံသို့ သက်ဆိုင်ရာဝန်ကြီး နှစ်ပါးကိုလွှတ် ဒေသဆိုင်ရာဖွံ့ဖြိုးမှုရန်ပုံငွေရှာဖွေရာတွင် အတိုင်းထက် အလွန်ရှာဖွေနေရာက ပျက်စီးသွားတဲ့သစ်တောတွေ ဇီဝအမွေတွေကိစ္စ ပြောဆိုသတိပေးစေပါသတဲ့၊ သို့ရာတွင် ထိုတာဝန်ရှိ သူက ဗိုလ်အောင်ဒင် စကားလုံးများနှင့်တုံ့ပြန်လာသည့်အတွက် အောင်မြင်စွာ ဆုတ်ခွာဖူးသည်တို့ပေါ် လာပါသည်။ ထိုသူများ သက်ရှိထင်ရှားရှိနေပါသေး၏။ ယင်းကာလနှင့် တစ်ဆက်တည်း ငြိမ်းချမ်းရေး အသီးပွင့်များ ပွင့်လန်းလာသည့်အခါ လုပ်ပိုင်ခွင့်များကိုနှစ် (၂၀) နီးပါးချထားပေးရာ မြန်မာနိုင်ငံဘက်က တရားမဝင် ခုတ်လှဲပြီးသား သစ် တန်ချိန် ၁၅၀ဝ၀ ခန့်ကို တရုတ်ပြည်ဘက်သို့ပို့ရာ တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ မြန်မာ့ ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေးအသီး အပွင့်များ လက်တွေ့ခံစားစံစားနိုင်ကြရန် ထိုစဉ်က ဥပဒေပါမစ်အခွန်အခများ မသိသေးဘဲ ထုတ်လုပ်သူ နိုင်ငံသား တိုင်းရင်းသားအဖွဲ့အစည်းကလည်း အလုပ်ဖြစ်ဖို့၊ ခေါင်းဆောင်လုပ်သူကလည်း မိမိတို့အဖွဲ့ကို အကြံဉာဏ် တောင်းခဲ့ရာ အထက်ဌာနအဆင့်ဆင့်မှသည်၊ ပြည်နယ်မှပြည်ထောင်စုဝန်ကြီးအထိ တင်ပြ မှတ်ချက်ပြုခဲ့ပြီး အခွန်အခများ နိုင်ငံတော်သို့ စနစ်တကျပေးဆောင်ကာ တရားဝင်ရန်ပုံငွေများ ထုတ်ပေးခံစားခွင့် ပေးခဲ့ဖူးပါသည်။
“ကျွန်မတို့ တရုတ်ကုမ္ပဏီတွေ ရှင်တို့နိုင်ငံထဲမှာ လစ်ရင်လစ်သလို ဥပဒေမဲ့လုပ်ချင်ရာလုပ် နေတာတွေကို ကျွန်မတို့ ကောင်းစွာသိနေသလို ဘေဂျင်းအစိုးရကလည်း သိနေပါကြောင်း၊ Binding Law for Environmental Issues in Myanmar ကို လေးစားစွာနဲ့ ကျွန်မတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲ့ နိုင်ငံတကာသိထုတ်ပြန်ပြီးသည့် တရုတ်ပြည်တွင်း နဲ့ ပြည်ပလုပ်ငန်းရှင်များသိကြသည့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပဒေများကို မြန်မာလုပ်ငန်းရှင်များ မလေ့လာ၊ မသိ၊ လျစ်လျူရှုနေကြကြောင်း”
China’s Focal Person for International Center for Integrated Mountains Development Meeting( ICIMOD),Japan.
“ ကြည်လင်နေပြီး ရေထဲကငါးများကို မြင်ရသော်လည်း မသန့်ရှင်းညစ်ပတ်ပေရေနေသော မေခမြစ်ရေ”
ကချင်လူငယ်တစ်ဦးရဲ့ ပကတိရင်ဖွင့်သံပါ။ ပန်ဝါကိစ္စသတိရလာလို့ နည်းနည်းပြောချင်တယ် ဆရာ။ ပန်ဝါသတ္တုကုမ္ပဏီတွေမှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီး(၁၀)ယောက်မှာ (၈) ယောက်လောက် က တရုတ်နဲ့အိပ်တဲ့သူတွေပဲ။ အသန့်နဲ့သွားတဲ့သူ အရမ်းရှားတယ်၊ ထမင်းချက်စားဖို့လစာက တရုတ်ငွေ (၄၀ဝဝ)ဆိုရင် ညအိပ်ခ (၃၀ဝဝ)၊ ပေါင်း(၇၀ဝဝ)၊ ရေကြည့်တဲ့အမျိုးသမီးတွေလည်း ထိုနည်းလည်း ကောင်း၊ လိုင်ဇာက ကေအိုင်အေက ဗိုလ်ကတော်တွေ တောင်ပါသေးတယ်။ နာမည်ထုတ်ဖော်ပြောဖို့ မသင့်လို့၊ အဲဒီထဲမှာ သိတဲ့အတိုင်း ဒို့ကချင်မတွေအများဆုံး ခွန်အားရတာပေါ့ကွာ။ ရှမ်းမ၊ ဗမာမတွေက အနည်းအကျဉ်း။ မြစ်ကြီးနားဘက်ကဆိုရင် မန်ခိန်၊ စီတာပူ၊ ဇီးလွန်၊ လယ်ကုန်း၊ ဝိုင်းမော်ဘက်ကဆို လမြန်၊ ဝူယန်၊ ဝါရှောင်၊ ရွှေညောင်ပင်၊ အောင်မြေ၁/၂၊ အင်းလေး ဒါက ကျွန်တော်သိသလောက်ပေါ့ ဆရာ။
ဝိုင်းမော်ရပ်ကွက် ၅ သာယာအေးက ဂေါ်ရခါးမလေးတစ်ယောက်ပြောပြပုံအရ ပန်ဝါမြို့မှာ အ လုပ်ရှာပေးတဲ့ တရုတ်လူမျိုးတစ်ယောက်ရှိတယ်လို့ ပြောတယ်။ အလုပ်ရှာတဲ့အမျိုးသမီးတွေအတွက် စားသောက်မယ့်နေရာ၊ အိပ်မယ့်နေရာတွေပါ။ လုပ်ထားတယ်လို့ပြောတယ်၊ သူကတော့ ထမင်းချက်အ လုပ်အသန့်ပဲလုပ်မှာမို့ တစ်လနီးပါးစောင့်လိုက်ရတယ်တဲ့၊ ကျန်တဲ့အမျိုးသမီးတွေက ညမှာ တရုတ်နဲ့ အိပ်ဖို့သဘောတူတဲ့သူကိုဆိုရင် နာရီပိုင်းအတွင်း အလုပ်ရပြီဆိုပြီး လာခေါ်သွားတယ်တဲ့။ ကချင်တို့ရဲ့ အားကိုးရာ အမျိုးသားတပ်မတော် ကေအိုင်အေက သေနတ်သာကိုင်ထားပြီး အမြဲပတ်ရန်ဖြစ်နေ၊ အမျိုး သားရေးစိတ်ဓာတ်က ဇီးရိုးပါပဲ၊ ကချင်လူငယ်အမျိုးသားတွေက အဲဒီမှာ အလုပ်ကြမ်းတွေလုပ် အရမ်းသ နားစရာကောင်းတယ်။ အမျိုးသမီးတွေက အခကြေးငွေယူပြီး တရုတ်အလုပ်သမား/မန်နေဂျာ/ယာဉ် မောင်းတွေနဲ့အိပ်၊ တချို့ကချင်မတွေဆို ကလေးနို့ တောင်မပြတ်သေးဘူး ယောက္ခမနဲ့ထားခဲ့ပြီး ပန်ဝါ တက်ပြီး အဲဒီအလုပ်တွေဝင်လုပ်ကြရတာ၊ ရောဂါ ကူးစက်မှုတွေလည်းအများကြီး “အေ”ကိုက်ကုန်ပြီး၊ တိုင်းရင်းသူတွေ ငယ်ငယ်နဲ့သေကုန်တယ်။ ကူးစက်ခံ တရုတ်မျိုးတွေ ယူနန်ဘက်ကို တရုတ်အစိုးရက ပြန်ဝင်မခံဘူး၊ ဝင်ခံလည်း သိရင်သေဒဏ်ပါပဲ။ ဘယ်ဒေသခံ ဘယ်ကချင်လူမျိုးကိုမှ တရုတ်က အထင် မကြီးဘူး။ အလုပ်ခိုင်းရင် ခြေထောက်နဲ့ခိုင်းတာ။ ဘယ်လောက်ထိ ငါတို့တိုင်းရင်းသားတွေကို အထင် သေးသလဲဆိုရင် ကြက်ဥနဲ့နွားသားကို မင်းတို့မစားဖူးဘူး မဟုတ်လားတဲ့။ မျိုးဆက်လေးဆက်လောက် ဆန်ပြုတ်သောက်ခဲ့ရတဲ့ကောင်တွေရဲ့လူပါးဝစကား”
ကချင်တွေကံဆိုးချင်တော့ ခုနောက်ပိုင်း၊ အောက်ပိုင်းကဗမာတွေ အများကြီးတက်လာတော့ အရင်ပေးတဲ့ လုပ်အားခလောက် မပေးတော့ဘူး။ သူတို့က ဘယ်လောက်ရရင်လည်းလုပ်တယ် ငတ်တော့ လုပ်ကြရတာ။ နှုန်းထားတွေပြောင်းသွားတာ။ အဲဒီလူတွေကြောင့်လည်းပါတယ်၊ လစာ နည်းလို့မလုပ်ချင်ရင် ပြန်သွားလိုက်တဲ့။ လုပ်မယ့်သူဗမာ(လောင်းမြန်)တွေ ပန်ဝါမြို့ပတ်ဝန်းကျင်မှာ အများကြီးတဲ့၊ မင်းတို့ကိုမလို တော့ဘူးဆိုပဲ။ ပြီးရင် EAOs သေနတ်ကိုင် အဖွဲ့အစည်းတွေကိုလည်း သူတို့အထင်မကြီးဘူး၊ သူငယ်ချင်းလိုခင်ပြီး အရမ်းသဘောကောင်းတဲ့ တရုတ်အလုပ်သမား ဦးလေး အရွယ်တစ်ယောက်က သူ့အမြင်ကိုပြန်ပြောပြတယ်။ “ဒီမြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေက ငွေပေးလိုက်ရင် အကုန် လိုက်လျောတယ်တဲ့၊ အခွန်ကောက်စားတဲ့သူတွေလည်း သူတို့အိပ်ကပ် ထဲပဲထည့်နေတာတဲ့၊ နေပြည်တော်ဘက် မပို့ဘူးတဲ့၊ သူတို့ခေါင်းထဲမှာ နေပြည်တော်ဆိုတာဘာမှန်းကို မသိဘူးတဲ့၊ ဒီလူတွေရဲ့အ ကျင့်ကို ငါတို့အသိဆုံးတဲ့၊ အဲဒီဦးလေးအရွယ် တရုတ် အလုပ်သမားကပြောပြ တယ်။ “ ဒီငနဲတွေက လက်နက်သာကိုင်ထားတာ နိုင်ငံချစ်စိတ်ဓာတ်လည်း မရှိဘူးတဲ့”။ ပြည်ထောင်စု မြန်မာနိုင်ငံသားတာဝန်နဲ့ အခွင့်အရေးမသိကြဘူးတဲ့။
ထူးခြားတာတစ်ခုက လုပ်ငန်းမှာ ဥပဒေနဲ့ တရားမျှတမှုမရှိလို့ တရုတ်နဲ့ရန်ဖြစ်ရင် ရန်ဖြစ်တဲ့သူ ဒိုးဘဲ။ အဲဒီက တချို့ပြည်သူ့စစ်တွေကလည်း ကိုယ့် လူမျိုးအချင်းချင်းမို့ ကိုယ့်ဘက်ရပ်တည်ပြီးဖြေရှင်း ပေးမယ်မထင်လိုက်နဲ့၊ အခန့်မသင့်ရင် အရိုက်တောင် ခံရမယ်၊ သူတို့က တရုတ်တွေရဲ့လက်ကိုင်တုတ်ပါ ဆရာ။
ဓာတ်မြေဩဇာတွေ၊ အက်စစ်တွေ၊ ပိုး သတ်ဆေး၊ ပုံးခွံအိတ်ခွံတွေ ဘယ်ကောင်မှ စနစ်တကျမ စွန့်ပစ်ဘူး၊ ကြိုက်သလိုပစ်ထားတာ။ ချောင်းတွေ ထဲပစ်ချတဲ့ဟာတွေကပစ်ချ၊ ဘယ်လောက်ထိစိမ့်ဝင် ကုန်ပြီလဲမသိဘူး။ မေခမြစ်ရေတော့ လုံးဝသန့်မှာမဟုတ်ဘူး။ အဲဒါကြောင့် ငါးတွေရှားသွားပြီလို့ပြော နေကြတယ်လေ။
မြစ်ဆုံလည်းမဆိုင်၊ တရုတ်လည်းမပါ၊ ပြည်တွင်းဇာတ်ကောင်များဖြင့်သာ နှစ် ၅၀ ကျော် လုပ်နေဆဲ ထုတ်လုပ်မှုတစ်ခုကို သည်နေရာမှာ တင်ပြလိုပါသည်။ ယင်းမှာ အလွန်ကြီးမားသော စူပါ မားကက်ကြီး ဧရာဝတီကျစ်ဆံမြီးဖြစ်ရခြင်းနှင့် ကမ်းပါးပြို၊ စေတီ၊ မြို့၊ ရွာပျောက်စေသော ဧရာဝတီမြစ် သဲနဲ့ကျောက်စရစ်ထုတ်လုပ်ငန်းများ(လိုင်စင်ရှိ/ လိုင်စင်မဲ့)လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း(၅၀)ကျော် ခဲ့ပါပြီ။ ဧရာဝတီမြစ်သည် အရှေ့တောင်အာရှတွင် လွတ်လပ်စွာစီးဆင်းနေသော အရှည်ဆုံးမြစ်များ၌ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အရေးပါဆုံး မြစ်လည်းဖြစ်သည်။ မြစ်ကြောင်းပြုပြင်ရေးလည်း မလုပ်နိုင်သေးပါ။ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံသည် ဧရာဝတီမြစ်ဝှမ်းတွင်နေထိုင်ကြရသူများဖြစ် သည်။ ယင်းပြင် ကမ္ဘာပေါ်၌ ဇီဝမျိုးကွဲများ အပေါများဆုံး ဒေသများတွင်လည်း နောက်ဆုံးကျန်နေသည့် ဗားဂျင်းမြေတစ်ခုအပါအဝင်ဖြစ်သည်။
zawgyi version
က်စ္ဆံၿမီး ဧရာဝတီ (အခန္းဆက္ေဆာင္းပါးရွည္) (အပိုင္း - ၅)
ဇာမဏီစံေမာင္(NP News) - ဇူလိုင္ ၁၉
International Center for Integrated Mountain Development ျမန္မာလို အိစီေမာ့တ္ (ICIMOD)လို႔အသံထြက္ရတဲ့ “ေပါင္းစပ္ေတာင္ တန္းမ်ားဆိုင္ရာ ႏိုင္ငံတကာဖြံ႕ၿဖိဳးတိုးတက္ေရးဗဟို ဌာန”မွာ ဟိမဝႏၲာေတာင္တန္းမ်ားဆိုင္ရာနယ္နိမိတ္ ထိစပ္ေနတဲ့ႏိုင္ငံေပါင္း (၇)ႏိုင္ငံထဲမွာ ျမန္မာ လည္း ပါဝင္သည္။ ယင္းတို႔ ဦးစီးဦးေဆာင္ေကာ္မတီမွာ သက္ဆိုင္ရာႏိုင္ငံအသီးသီးမွ ကိုယ္စားလွယ္ေတာ္ (Focal Person)မ်ား စုံညီအစည္းအေဝးကို ျမန္မာ ကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ သစ္ေတာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုးဝင္းလႈိင္က ကမကထျပဳၿပီး ရန္ကုန္ၿမိဳ႕တြင္ ၂၀ဝ၇ ခုႏွစ္က အိမ္ရွင္အျဖစ္ က်င္းပခဲ့သည္။
ထိုအစည္းအေဝးတြင္ အိစီေမာ့တ္အဖြဲ႕ သို႔တက္လာသည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေဘဂ်င္း ဗဟိုအစိုးရကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္၊ ပညာရွင္တ႐ုတ္အမ်ိဳးသမီးႀကီးက ႏိုင္ငံတကာအဆင့္ တက္ေရာက္လာၾကသည့္ ႏိုင္ငံေပါင္းစုံပညာရွင္ ကိုယ္စားလွယ္မ်ားကို ေဝဖန္အႀကံျပဳစကား တရား ဝင္ေျပာၾကားသည့္အခါတြင္“ဆရာတို႔ျမန္မာႏိုင္ငံမွာ ကြၽန္မတို႔ တ႐ုတ္ျပည္က ျပည္နယ္အဆင့္နဲ႔ ႏိုင္ငံ တကာအဆင့္ ေကာ္ပိုေရးရွင္းႀကီးေတြ၊ ကုမၸဏီႀကီး ေတြနဲ႔ ကြၽမ္းက်င္သူ စီးပြားေရးသမားေတြ၊ တ႐ုတ္ ႏိုင္ငံႀကီးသားေတြ ခြင့္ျပဳရွိ/မဲ့ ရာခ်ီေရာက္ရွိၿပီး ျမန္မာႏိုင္ငံရဲ႕ေတာင္တန္းေဒသေတြနဲ႔ လူေနထိုင္ျခင္း မရွိတဲ့ အထူးေဒသေတြမွာ ေျမႀကီးနဲ႔စိုက္ပ်ိဳးေရးဆိုင္ရာ လုပ္ငန္းေတြ စတင္လုပ္ကိုင္ေနတာ ေလ့လာသိ ရွိရပါေၾကာင္း၊ ကြၽန္မတို႔ တ႐ုတ္ကုမၸဏီေတြ ရွင္တို႔ႏိုင္ငံထဲမွာ ဥပေဒမဲ့ လုပ္ခ်င္ရာ လုပ္ေနတာေတြကို ကြၽန္မတို႔ ေကာင္းစြာသိေနသလို ေဘဂ်င္းအစိုးရကလည္း သိေနပါေၾကာင္း၊ Binding Law for Enviro- nmental Issues in Myanmar ကို အိမ္ရွင္ျမန္မာ အရပ္ဘက္အဖြဲ႕ေတြ၊ အစိုးရ တာဝန္ခံေတြကလည္း ကြၽန္မတို႔ဆီကတားျမစ္ခ်က္ဥပေဒေတြကို ေကာင္းစြာေလ့လာထားၿပီး၊ ႏွစ္ႏိုင္ငံ မိတ္ဖက္၊ မိတ္ဝတ္ မပ်က္ ဂုဏ္သိကၡာရွိရွိ ေရရွည္အတူတကြပူးေပါင္းလုပ္ၾကဖို႔ လိုေနၿပီ ျဖစ္ေၾကာင္း၊ ကြၽန္မတို႔ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံက ႏိုင္ငံတကာသိထုတ္ျပန္ထားသည့္ အလြန္တိက်ေသာ တ႐ုတ္ျပည္၏ ျပည္တြင္း နဲ႔ ျပည္ပ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ဥပေဒနဲ႔လုပ္ထုံးလုပ္နည္းေတြကိုလည္း ျမန္မာ ခ႐ိုနီမ်ားအားလုံးက မ်က္ကြယ္မျပဳ၊ ျမန္မာႏိုင္ငံကိုခ်စ္စိတ္နဲ႔ အထူး ေလး စားစြာလိုက္နာဖို႔ ပညာရပ္ ရႈေထာင့္အျမင္နဲ႔ေျပာသင့္ ခ်ိန္တန္လို႔သတိေပးပါေၾကာင္း” တရားဝင္ သတိေပးစကားေျပာၾကား ခဲ့ပါသည္။
ပညာရွင္တ႐ုတ္ႏိုင္ငံသူ ထုတ္ေျပာခဲ့သည့္ သတိေပးစကားမွာ ပညာရွင္စကားျဖစ္ၿပီး၊ ဥပေဒနဲ႔ ညီပါေပသည္။ သည္ေန႔ ဧရာဝတီသတို႔သမီးႀကီး၏ ျပည္ေထာင္စုကိုအက်ိဳးျပဳေနသည့္ေရအရင္းျမစ္မ်ား သည္ အဆိုပါ ဟိမဝႏၲာေတာင္တန္းမ်ားႏွင့္ ယင္း ေတာင္ေပၚေတာင္ေအာက္ေနရာအားလုံးတြင္ သဘာဝ တရားအရေပါက္ေရာက္ေနသည့္ ေရေဝေရလဲ သစ္ေတာႀကီးမ်ားက မိုး႐ြာသည့္အခါတြင္စုပ္ယူၿပီး သဘာဝဝန္းက်င္ကို ပ်က္စီးထိခိုက္မႈအလြန္နည္းသည့္ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေမခနဲ႔မလိချမစ္တို႔ စီးဆင္း ေပါင္းဆုံရာ ဧရာဝတီသတို႔သမီး ျဖစ္တည္လာရျခင္းပါ။ စာေရးသူတို႔ႏိုင္ငံမွာလည္း ေခတ္ အဆက္ဆက္က ထိုသူတို႔အနက္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္ ဆိုသူမ်ားႏွင့္ အက်ိဳးတူစာခ်ဳပ္ခ်ဳပ္ဆို အက်ိဳးတူ လုပ္ကိုင္ေနၾကသည္။ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံက ပင္လယ္ရပ္ျခား၊ ပူးေပါင္းေဆာင္႐ြက္တဲ့ တိုင္းျပည္မ်ားတြင္ စီးပြားေရးလုပ္ငန္းမ်ား ႏိုင္ငံျဖတ္ေက်ာ္ လုပ္ကိုင္သည့္အခါတြင္ သြားေရာက္ လုပ္ ကိုင္သူ တ႐ုတ္ႏိုင္ငံသားလုပ္ငန္းရွင္မ်ားလိုက္နာရမည့္ အလြန္တင္းၾကပ္ေသာ ႏိုင္ငံတကာ ပတ္ဝန္း က်င္ထိန္းသိမ္းေရး ဆိုင္ရာ ဥပေဒနည္းဥပေဒမ်ားကို လိုက္နာၾကရပါသည္။
သို႔ရာတြင္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္ (ခ႐ိုျဖဴ/ခ႐ိုနီ/ခ႐ိုျပာ/ခ႐ိုနက္မ်ားကို ဆိုလိုပါသည္) အမ်ားစုသည္ ယင္း ဥပေဒမ်ားကို မေလ့လာ၊ နားမလည္၊ လာေရာက္လုပ္ကိုင္ၾကသည့္လုပ္ငန္းရွင္ တ႐ုတ္ႏိုင္ငံသားမ်ားက တာဝန္သိစြာ ေရွးဦးရွင္းလင္းျပသည့္ တိက်ပညာရပ္မ်ားကိုလည္း စိတ္မဝင္ စား၊ ႏွစ္ႏိုင္ငံစလုံးပူးတြဲလုပ္ကိုင္ၾကသည့္အခါတြင္ ထိုအခ်က္မ်ားကိုလ်စ္လ်ဴရႈဖို႔တိုက္တြန္းေလ့ရွိၿပီး ထို လ်စ္လ်ဴရႈသည့္အခ်က္မ်ားကိုလည္း ေဒသဆိုင္ရာ အာဏာပိုင္အႀကီးအကဲမ်ားသို႔ ေဒသခံတိုင္းရင္းသား EAOs ႏွင့္ P.E.S အစား လာဘ္ေငြအေျမာက္အျမား မ်က္ႏွာလႊဲခေပးရမည့္အေၾကာင္းေျပာၿပီး ၿခိမ္း ေျခာက္ ေတာင္းပါေတာ့သည္။
ျမန္မာလုပ္ငန္းရွင္ ကုမၸဏီအခ်ိဳ႕၏ ျမန္မာႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ားအေပၚ ႏိုင္ငံႀကီးသား တာဝန္မဲ့စြာျဖင့္ ျမန္မာ့သဘာဝသယံဇာတမ်ားအေပၚ သစၥာမဲ့စြာ ခိုးဝွက္စားခ်င္သည္ကို အလြန္ အံ့အား သင့္မိပါေၾကာင္း၊ တ႐ုတ္ပညာရွင္အမ်ိဳးသမီးႀကီးထံမွ ဆက္လက္သိရွိရသည့္ ထူးျခားခ်က္မ်ားမွာ မိမိတို႔ တ႐ုတ္လုပ္ငန္းရွင္မ်ားက မိမိတို႔အစိုးရထံ ျပန္လည္တင္ျပၾကစဥ္၊ အိမ္ရွင္ျဖစ္သူက အေလးမထားသည့္ အတြက္ လ်စ္လ်ဴရႈတတ္သြားၾကေၾကာင္း၊ ကုန္ကုန္ေျပာရင္ မဟုတ္တာေတြ၊ မလုပ္သင့္တာေတြ၊ ေျမနဲ႔ ပတ္ဝန္းက်င္အဆိပ္သင့္ေနတာေတြ၊ မိမိတို႔ တ႐ုတ္ႏိုင္ငံတြင္း စည္းကမ္းေသဝပ္ၾကၿပီး၊ ျမန္မာႏိုင္ငံ သို႔ေရာက္ေနသည့္ တ႐ုတ္စီးပြားေရးသမားမ်ား အားလုံးနည္းပါး အက်င့္ပ်က္ျခစားကာ ႏိုင္ငံႀကီးသားမပီ မသလုပ္ေနျခင္းကို အစည္းအေဝးတက္လာသူ ကိုယ္စားလွယ္မ်ားႏွင့္ အကယ္ဒမစ္ပညာရွင္မ်ားက ႏိုင္ငံတကာအဆင့္ အတူပူးေပါင္းတည့္မတ္ေပးၾကဖို႔လိုေၾကာင္း၊ မွတ္ခ်က္မ်ားကို တက္ေရာက္လာ ၾကသူမ်ားက တရားဝင္ထပ္ဆင့္ၾကားသိ၊ ေဆြးေႏြးေျပာၾကားခဲ့ၾကသည္။ သူ႔စကားဆုံးသည္ႏွင့္ ကြၽန္ ေတာ္က ယခုကဲ့သို႔ ႏိုင္ငံတကာပညာရွင္ဆန္ဆန္ သတိေပးၿပီး၊ မိမိတို႔ျမန္မာႏိုင္ငံ၏ သဘာဝ ပတ္ဝန္း က်င္ကိုတန္ဖိုးထားသတိေပးခဲ့သည္ကို အလြန္ေက်းဇူးတင္ပါေၾကာင္း၊ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ သေဘာတူခဲ့သည္။ သို႔ရာတြင္ ထိုေန႔ညကစၿပီး ကြၽန္ေတာ့္ေခါင္းထဲတြင္ ကခ်င္ျပည္နယ္အတြက္ သတိ တရ ျပန္ေျပာင္း ေတြးစရာေတြတစ္ခု ျပန္ေရာက္လာပါေတာ့သည္။ တစ္ခ်ိန္က ႏိုင္ငံေတာ္အႀကီးအကဲ က ေျမျပင္သတင္း အရင္းျမစ္ဆိုင္ရာ ျပည္နယ္တာဝန္အရွိဆုံး လူႀကီးမင္းထံသို႔ သက္ဆိုင္ရာဝန္ႀကီး ႏွစ္ပါးကိုလႊတ္ ေဒသဆိုင္ရာဖြံ႕ၿဖိဳးမႈရန္ပုံေငြရွာေဖြရာတြင္ အတိုင္းထက္ အလြန္ရွာေဖြေနရာက ပ်က္စီးသြားတဲ့သစ္ေတာေတြ ဇီဝအေမြေတြကိစၥ ေျပာဆိုသတိေပးေစပါသတဲ့၊ သို႔ရာတြင္ ထိုတာဝန္ရွိ သူက ဗိုလ္ေအာင္ဒင္ စကားလုံးမ်ားႏွင့္တုံ႔ျပန္လာသည့္အတြက္ ေအာင္ျမင္စြာ ဆုတ္ခြာဖူးသည္တို႔ေပၚ လာပါသည္။ ထိုသူမ်ား သက္ရွိထင္ရွားရွိေနပါေသး၏။ ယင္းကာလႏွင့္ တစ္ဆက္တည္း ၿငိမ္းခ်မ္းေရး အသီးပြင့္မ်ား ပြင့္လန္းလာသည့္အခါ လုပ္ပိုင္ခြင့္မ်ားကိုႏွစ္ (၂၀) နီးပါးခ်ထားေပးရာ ျမန္မာႏိုင္ငံဘက္က တရားမဝင္ ခုတ္လွဲၿပီးသား သစ္ တန္ခ်ိန္ ၁၅၀ဝ၀ ခန႔္ကို တ႐ုတ္ျပည္ဘက္သို႔ပို႔ရာ တပ္မေတာ္ စစ္ေၾကာင္းမ်ားက ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း၊ ျမန္မာ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ၿငိမ္းခ်မ္းေရးအသီး အပြင့္မ်ား လက္ေတြ႕ခံစားစံစားႏိုင္ၾကရန္ ထိုစဥ္က ဥပေဒပါမစ္အခြန္အခမ်ား မသိေသးဘဲ ထုတ္လုပ္သူ ႏိုင္ငံသား တိုင္းရင္းသားအဖြဲ႕အစည္းကလည္း အလုပ္ျဖစ္ဖို႔၊ ေခါင္းေဆာင္လုပ္သူကလည္း မိမိတို႔အဖြဲ႕ကို အႀကံဉာဏ္ ေတာင္းခဲ့ရာ အထက္ဌာနအဆင့္ဆင့္မွသည္၊ ျပည္နယ္မွျပည္ေထာင္စုဝန္ႀကီးအထိ တင္ျပ မွတ္ခ်က္ျပဳခဲ့ၿပီး အခြန္အခမ်ား ႏိုင္ငံေတာ္သို႔ စနစ္တက်ေပးေဆာင္ကာ တရားဝင္ရန္ပုံေငြမ်ား ထုတ္ေပးခံစားခြင့္ ေပးခဲ့ဖူးပါသည္။
“ကြၽန္မတို႔ တ႐ုတ္ကုမၸဏီေတြ ရွင္တို႔ႏိုင္ငံထဲမွာ လစ္ရင္လစ္သလို ဥပေဒမဲ့လုပ္ခ်င္ရာလုပ္ ေနတာေတြကို ကြၽန္မတို႔ ေကာင္းစြာသိေနသလို ေဘဂ်င္းအစိုးရကလည္း သိေနပါေၾကာင္း၊ Binding Law for Environmental Issues in Myanmar ကို ေလးစားစြာနဲ႔ ကြၽန္မတို႔ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ရဲ႕ ႏိုင္ငံတကာသိထုတ္ျပန္ၿပီးသည့္ တ႐ုတ္ျပည္တြင္း နဲ႔ ျပည္ပလုပ္ငန္းရွင္မ်ားသိၾကသည့္ သဘာဝပတ္ ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာပေဒမ်ားကို ျမန္မာလုပ္ငန္းရွင္မ်ား မေလ့လာ၊ မသိ၊ လ်စ္လ်ဴရႈေနၾကေၾကာင္း”
China’s Focal Person for International Center for Integrated Mountains Development Meeting( ICIMOD),Japan.
“ ၾကည္လင္ေနၿပီး ေရထဲကငါးမ်ားကို ျမင္ရေသာ္လည္း မသန႔္ရွင္းညစ္ပတ္ေပေရေနေသာ ေမချမစ္ေရ”
ကခ်င္လူငယ္တစ္ဦးရဲ႕ ပကတိရင္ဖြင့္သံပါ။ ပန္ဝါကိစၥသတိရလာလို႔ နည္းနည္းေျပာခ်င္တယ္ ဆရာ။ ပန္ဝါသတၱဳကုမၸဏီေတြမွာ အလုပ္သြားလုပ္တဲ့ အမ်ိဳးသမီး(၁၀)ေယာက္မွာ (၈) ေယာက္ေလာက္ က တ႐ုတ္နဲ႔အိပ္တဲ့သူေတြပဲ။ အသန႔္နဲ႔သြားတဲ့သူ အရမ္းရွားတယ္၊ ထမင္းခ်က္စားဖို႔လစာက တ႐ုတ္ေငြ (၄၀ဝဝ)ဆိုရင္ ညအိပ္ခ (၃၀ဝဝ)၊ ေပါင္း(၇၀ဝဝ)၊ ေရၾကည့္တဲ့အမ်ိဳးသမီးေတြလည္း ထိုနည္းလည္း ေကာင္း၊ လိုင္ဇာက ေကအိုင္ေအက ဗိုလ္ကေတာ္ေတြ ေတာင္ပါေသးတယ္။ နာမည္ထုတ္ေဖာ္ေျပာဖို႔ မသင့္လို႔၊ အဲဒီထဲမွာ သိတဲ့အတိုင္း ဒို႔ကခ်င္မေတြအမ်ားဆုံး ခြန္အားရတာေပါ့ကြာ။ ရွမ္းမ၊ ဗမာမေတြက အနည္းအက်ဥ္း။ ျမစ္ႀကီးနားဘက္ကဆိုရင္ မန္ခိန္၊ စီတာပူ၊ ဇီးလြန္၊ လယ္ကုန္း၊ ဝိုင္းေမာ္ဘက္ကဆို လျမန္၊ ဝူယန္၊ ဝါေရွာင္၊ ေ႐ႊေညာင္ပင္၊ ေအာင္ေျမ၁/၂၊ အင္းေလး ဒါက ကြၽန္ေတာ္သိသေလာက္ေပါ့ ဆရာ။
ဝိုင္းေမာ္ရပ္ကြက္ ၅ သာယာေအးက ေဂၚရခါးမေလးတစ္ေယာက္ေျပာျပပုံအရ ပန္ဝါၿမိဳ႕မွာ အ လုပ္ရွာေပးတဲ့ တ႐ုတ္လူမ်ိဳးတစ္ေယာက္ရွိတယ္လို႔ ေျပာတယ္။ အလုပ္ရွာတဲ့အမ်ိဳးသမီးေတြအတြက္ စားေသာက္မယ့္ေနရာ၊ အိပ္မယ့္ေနရာေတြပါ။ လုပ္ထားတယ္လို႔ေျပာတယ္၊ သူကေတာ့ ထမင္းခ်က္အ လုပ္အသန႔္ပဲလုပ္မွာမို႔ တစ္လနီးပါးေစာင့္လိုက္ရတယ္တဲ့၊ က်န္တဲ့အမ်ိဳးသမီးေတြက ညမွာ တ႐ုတ္နဲ႔ အိပ္ဖို႔သေဘာတူတဲ့သူကိုဆိုရင္ နာရီပိုင္းအတြင္း အလုပ္ရၿပီဆိုၿပီး လာေခၚသြားတယ္တဲ့။ ကခ်င္တို႔ရဲ႕ အားကိုးရာ အမ်ိဳးသားတပ္မေတာ္ ေကအိုင္ေအက ေသနတ္သာကိုင္ထားၿပီး အၿမဲပတ္ရန္ျဖစ္ေန၊ အမ်ိဳး သားေရးစိတ္ဓာတ္က ဇီး႐ိုးပါပဲ၊ ကခ်င္လူငယ္အမ်ိဳးသားေတြက အဲဒီမွာ အလုပ္ၾကမ္းေတြလုပ္ အရမ္းသ နားစရာေကာင္းတယ္။ အမ်ိဳးသမီးေတြက အခေၾကးေငြယူၿပီး တ႐ုတ္အလုပ္သမား/မန္ေနဂ်ာ/ယာဥ္ ေမာင္းေတြနဲ႔အိပ္၊ တခ်ိဳ႕ကခ်င္မေတြဆို ကေလးႏို႔ ေတာင္မျပတ္ေသးဘူး ေယာကၡမနဲ႔ထားခဲ့ၿပီး ပန္ဝါ တက္ၿပီး အဲဒီအလုပ္ေတြဝင္လုပ္ၾကရတာ၊ ေရာဂါ ကူးစက္မႈေတြလည္းအမ်ားႀကီး “ေအ”ကိုက္ကုန္ၿပီး၊ တိုင္းရင္းသူေတြ ငယ္ငယ္နဲ႔ေသကုန္တယ္။ ကူးစက္ခံ တ႐ုတ္မ်ိဳးေတြ ယူနန္ဘက္ကို တ႐ုတ္အစိုးရက ျပန္ဝင္မခံဘူး၊ ဝင္ခံလည္း သိရင္ေသဒဏ္ပါပဲ။ ဘယ္ေဒသခံ ဘယ္ကခ်င္လူမ်ိဳးကိုမွ တ႐ုတ္က အထင္ မႀကီးဘူး။ အလုပ္ခိုင္းရင္ ေျခေထာက္နဲ႔ခိုင္းတာ။ ဘယ္ေလာက္ထိ ငါတို႔တိုင္းရင္းသားေတြကို အထင္ ေသးသလဲဆိုရင္ ၾကက္ဥနဲ႔ႏြားသားကို မင္းတို႔မစားဖူးဘူး မဟုတ္လားတဲ့။ မ်ိဳးဆက္ေလးဆက္ေလာက္ ဆန္ျပဳတ္ေသာက္ခဲ့ရတဲ့ေကာင္ေတြရဲ႕လူပါးဝစကား”
ကခ်င္ေတြကံဆိုးခ်င္ေတာ့ ခုေနာက္ပိုင္း၊ ေအာက္ပိုင္းကဗမာေတြ အမ်ားႀကီးတက္လာေတာ့ အရင္ေပးတဲ့ လုပ္အားခေလာက္ မေပးေတာ့ဘူး။ သူတို႔က ဘယ္ေလာက္ရရင္လည္းလုပ္တယ္ ငတ္ေတာ့ လုပ္ၾကရတာ။ ႏႈန္းထားေတြေျပာင္းသြားတာ။ အဲဒီလူေတြေၾကာင့္လည္းပါတယ္၊ လစာ နည္းလို႔မလုပ္ခ်င္ရင္ ျပန္သြားလိုက္တဲ့။ လုပ္မယ့္သူဗမာ(ေလာင္းျမန္)ေတြ ပန္ဝါၿမိဳ႕ပတ္ဝန္းက်င္မွာ အမ်ားႀကီးတဲ့၊ မင္းတို႔ကိုမလို ေတာ့ဘူးဆိုပဲ။ ၿပီးရင္ EAOs ေသနတ္ကိုင္ အဖြဲ႕အစည္းေတြကိုလည္း သူတို႔အထင္မႀကီးဘူး၊ သူငယ္ခ်င္းလိုခင္ၿပီး အရမ္းသေဘာေကာင္းတဲ့ တ႐ုတ္အလုပ္သမား ဦးေလး အ႐ြယ္တစ္ေယာက္က သူ႔အျမင္ကိုျပန္ေျပာျပတယ္။ “ဒီျမန္မာျပည္မွာရွိတဲ့ လက္နက္ကိုင္အဖြဲ႕အစည္း ေတြက ေငြေပးလိုက္ရင္ အကုန္ လိုက္ေလ်ာတယ္တဲ့၊ အခြန္ေကာက္စားတဲ့သူေတြလည္း သူတို႔အိပ္ကပ္ ထဲပဲထည့္ေနတာတဲ့၊ ေနျပည္ေတာ္ဘက္ မပို႔ဘူးတဲ့၊ သူတို႔ေခါင္းထဲမွာ ေနျပည္ေတာ္ဆိုတာဘာမွန္းကို မသိဘူးတဲ့၊ ဒီလူေတြရဲ႕အ က်င့္ကို ငါတို႔အသိဆုံးတဲ့၊ အဲဒီဦးေလးအ႐ြယ္ တ႐ုတ္ အလုပ္သမားကေျပာျပ တယ္။ “ ဒီငနဲေတြက လက္နက္သာကိုင္ထားတာ ႏိုင္ငံခ်စ္စိတ္ဓာတ္လည္း မရွိဘူးတဲ့”။ ျပည္ေထာင္စု ျမန္မာႏိုင္ငံသားတာဝန္နဲ႔ အခြင့္အေရးမသိၾကဘူးတဲ့။
ထူးျခားတာတစ္ခုက လုပ္ငန္းမွာ ဥပေဒနဲ႔ တရားမွ်တမႈမရွိလို႔ တ႐ုတ္နဲ႔ရန္ျဖစ္ရင္ ရန္ျဖစ္တဲ့သူ ဒိုးဘဲ။ အဲဒီက တခ်ိဳ႕ျပည္သူ႔စစ္ေတြကလည္း ကိုယ့္ လူမ်ိဳးအခ်င္းခ်င္းမို႔ ကိုယ့္ဘက္ရပ္တည္ၿပီးေျဖရွင္း ေပးမယ္မထင္လိုက္နဲ႔၊ အခန႔္မသင့္ရင္ အ႐ိုက္ေတာင္ ခံရမယ္၊ သူတို႔က တ႐ုတ္ေတြရဲ႕လက္ကိုင္တုတ္ပါ ဆရာ။
ဓာတ္ေျမဩဇာေတြ၊ အက္စစ္ေတြ၊ ပိုး သတ္ေဆး၊ ပုံးခြံအိတ္ခြံေတြ ဘယ္ေကာင္မွ စနစ္တက်မ စြန႔္ပစ္ဘူး၊ ႀကိဳက္သလိုပစ္ထားတာ။ ေခ်ာင္းေတြ ထဲပစ္ခ်တဲ့ဟာေတြကပစ္ခ်၊ ဘယ္ေလာက္ထိစိမ့္ဝင္ ကုန္ၿပီလဲမသိဘူး။ ေမချမစ္ေရေတာ့ လုံးဝသန႔္မွာမဟုတ္ဘူး။ အဲဒါေၾကာင့္ ငါးေတြရွားသြားၿပီလို႔ေျပာ ေနၾကတယ္ေလ။
ျမစ္ဆုံလည္းမဆိုင္၊ တ႐ုတ္လည္းမပါ၊ ျပည္တြင္းဇာတ္ေကာင္မ်ားျဖင့္သာ ႏွစ္ ၅၀ ေက်ာ္ လုပ္ေနဆဲ ထုတ္လုပ္မႈတစ္ခုကို သည္ေနရာမွာ တင္ျပလိုပါသည္။ ယင္းမွာ အလြန္ႀကီးမားေသာ စူပါ မားကက္ႀကီး ဧရာဝတီက်စ္ဆံၿမီးျဖစ္ရျခင္းႏွင့္ ကမ္းပါးၿပိဳ၊ ေစတီ၊ ၿမိဳ႕၊ ႐ြာေပ်ာက္ေစေသာ ဧရာဝတီျမစ္ သဲနဲ႔ေက်ာက္စရစ္ထုတ္လုပ္ငန္းမ်ား(လိုင္စင္ရွိ/ လိုင္စင္မဲ့)လုပ္ကိုင္ေနသည္မွာ ႏွစ္ေပါင္း(၅၀)ေက်ာ္ ခဲ့ပါၿပီ။ ဧရာဝတီျမစ္သည္ အေရွ႕ေတာင္အာရွတြင္ လြတ္လပ္စြာစီးဆင္းေနေသာ အရွည္ဆုံးျမစ္မ်ား၌ တစ္ခုအပါအဝင္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ အေရးပါဆုံး ျမစ္လည္းျဖစ္သည္။ ျမစ္ေၾကာင္းျပဳျပင္ေရးလည္း မလုပ္ႏိုင္ေသးပါ။ ျမန္မာႏိုင္ငံလူဦးေရ၏ သုံးပုံႏွစ္ပုံသည္ ဧရာဝတီျမစ္ဝွမ္းတြင္ေနထိုင္ၾကရသူမ်ားျဖစ္ သည္။ ယင္းျပင္ ကမာၻေပၚ၌ ဇီဝမ်ိဳးကြဲမ်ား အေပါမ်ားဆုံး ေဒသမ်ားတြင္လည္း ေနာက္ဆုံးက်န္ေနသည့္ ဗားဂ်င္းေျမတစ္ခုအပါအဝင္ျဖစ္သည္။