တောင်ကိုရီးယားရဲ့တတိယကြိမ်မြောက် Blue Dragon Series ဆုပေးပွဲ ရလဒ်များ ထွက်ပေါ်လာ

 855

ရောင်နီ(NP News) - ဇူလိုင် ၂၁

တောင်ကိုရီးယားမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ တတိယအကြိမ်မြောက် Blue Dragon Series Awards 2024 အတွက် ဆုရရှိသူများစာရင်းတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကစ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ Sports Chosun မှာကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Blue Dragon Film Awards ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဆုပေးပွဲကို သောကြာနေ့ (ဇူလိုင်လ ၁၉ ရက်) က ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲမှာ တောင်ကိုရီးယား K POP အဖွဲ့ Girls' Generation မှအဖွဲ့ဝင် ယွန်းအာ နဲ့ ဂျန်ဟွန်မိုတို့က တတိယနှစ်ဆက်တိုက် အခမ်းအနားမှူးများအဖြစ် ပါဝင်ခဲ့ပါတယ်။

Blue Dragon Series Awards 2024 မှာတော့
အကောင်းဆုံး ဒရာမာဆု- Daily Dose of Sunshine
အကောင်းဆုံး သရုပ်ဆောင်ဆု- အင်စီဝမ် (Boyhood)
အကောင်းဆုံး သရုပ်ဆောင်ဆု - ပက်ခ်ဘိုရောင်း (Daily Dose of Sunshine)
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - အန်ဂျေဟွန် (Mask Girl)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - ဂန်ဟေနာ (A Shop for Killers)
အကောင်းဆုံး မျက်နှာသစ် သရုပ်ဆောင်ဆု - လီဂျန်ဟာ (Moving) နဲ့
အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆု - ဂိုယွန်ဂျန် (Moving) က ရရှိခဲ့တယ်လို့ သိရပါတယ်။

Blue Dragon Series Awards ဟာ ရုပ်ရှင်ဇာတ်လမ်းတွေအတွက်မဟုတ်ပဲ ရုပ်မြင်သံကြား ဒရာမာတွေနဲ့ variety show မျိုးစုံအတွက် သီးသန့် ထူးချွန်တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုပေးအပ်တဲ့ ဆုပဲ ဖြစ်ပါတယ်။

zawgyi version
ေတာင္ကိုရီးယားရဲ႕တတိယႀကိမ္ေျမာက္ Blue Dragon Series ဆုေပးပြဲ ရလဒ္မ်ား ထြက္ေပၚလာ
ေရာင္နီ(NP News) - ဇူလိုင္ ၂၁

ေတာင္ကိုရီးယားမွာ ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ တတိယအႀကိမ္ေျမာက္ Blue Dragon Series Awards 2024 အတြက္ ဆုရရွိသူမ်ားစာရင္းေတြ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္ကစ ေတာင္ကိုရီးယားႏိုင္ငံ၊ အင္ခြၽန္းၿမိဳ႕၊ Sports Chosun မွာက်င္းပခဲ့ၿပီး ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ Blue Dragon Film Awards ရဲ႕ ၂၀၂၄ ခုႏွစ္အတြက္ ဆုေပးပြဲကို ေသာၾကာေန႔ (ဇူလိုင္လ ၁၉ ရက္) က က်င္းပခဲ့ပါတယ္။ အဆိုပါပြဲမွာ ေတာင္ကိုရီးယား K POP အဖြဲ႕ Girls' Generation မွအဖြဲ႕ဝင္ ယြန္းအာ နဲ႔ ဂ်န္ဟြန္မိုတို႔က တတိယႏွစ္ဆက္တိုက္ အခမ္းအနားမႉးမ်ားအျဖစ္ ပါဝင္ခဲ့ပါတယ္။

Blue Dragon Series Awards 2024 မွာေတာ့
အေကာင္းဆုံး ဒရာမာဆု- Daily Dose of Sunshine
အေကာင္းဆုံး သ႐ုပ္ေဆာင္ဆု- အင္စီဝမ္ (Boyhood)
အေကာင္းဆုံး သ႐ုပ္ေဆာင္ဆု - ပက္ခ္ဘိုေရာင္း (Daily Dose of Sunshine)
အေကာင္းဆုံး အမ်ိဳးသား ဇာတ္ပို႔ဆု - အန္ေဂ်ဟြန္ (Mask Girl)
အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆု - ဂန္ေဟနာ (A Shop for Killers)
အေကာင္းဆုံး မ်က္ႏွာသစ္ သ႐ုပ္ေဆာင္ဆု - လီဂ်န္ဟာ (Moving) နဲ႔
အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသမီး ဇာတ္ေဆာင္ဆု - ဂိုယြန္ဂ်န္ (Moving) က ရရွိခဲ့တယ္လို႔ သိရပါတယ္။

Blue Dragon Series Awards ဟာ ႐ုပ္ရွင္ဇာတ္လမ္းေတြအတြက္မဟုတ္ပဲ ႐ုပ္ျမင္သံၾကား ဒရာမာေတြနဲ႔ variety show မ်ိဳးစုံအတြက္ သီးသန႔္ ထူးခြၽန္တဲ့ အႏုပညာရွင္ေတြကို ဂုဏ္ျပဳေပးအပ္တဲ့ ဆုပဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.