အဆိုတော်ကေတီပယ်ရီ နဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒို dating ကောလာဟလများ ထွက်ရှိ

 855

ရောင်နီ (NP News) - သြဂုတ်လ ၁

အဆိုတော် ကေတီပယ်ရီဟာ ရည်းစားဟောင်း သရုပ်ဆောင် အော်လန်ဒိုဘလူးမ်နဲ့ လမ်းခွဲပြီးနောက် ကနေဒါနိုင်ငံ၊ လီဗီလွန်စားသောက်ဆိုင်မှာ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင်ထရူဒိုနဲ့ ညစာစားနေတဲ့ပုံရိပ်တွေ ဆိုရှယ် မီဒီယာမှာ ထွက်ပေါ်နေပါတယ်။
ဖျော်ဖြေရေးသတင်းဝက်ဘ်ဆိုက် TMZ မှ ဖော်ပြချက်အရ ယမန်နှစ်ကမှ ဖွင့်လှစ်ခဲ့တဲ့ လီဗီလွန် စားသောက်ဆိုင်မှာ ကေတီပယ်ရီနဲ့ ထရူဒို လက်ဆုံစားသောက်နေတဲ့ ဗီဒီယိုဖိုင်ကို အင်္ဂါနေ့ (ဇူလိုင် ၂၉ ရက်) မှာ တွေ့ရှိရပါတယ်။ TMZ ရဲ့အဆိုအရ ပယ်ရီနဲ့ ထရူဒိုဟာ ကော့တေးအတူ သောက်ပြီး ပုဇွန်ဟင်း အပါအဝင် အစားအစာတွေ မျှဝေခဲ့တာ တွေ့ရပါတယ်။ ဒါဟာ ကေတီပယ်ရီအတွက် ကိုးနှစ်ကြာ လက်တွဲခဲ့တဲ့ Pirate of the Caribbean ကြယ်ပွင့် အော်လန်ဒိုဘလူးမ်နဲ့ လမ်းခွဲပြီးနောက် ပထမဆုံး ထွက်ပေါ်လာတဲ့ dating ကောလဟာလပဲဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ်ဟောင်း ထရူဒိုကလည်း ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့တဲ့ ဇနီး ဆိုဖီယာဂရီဂျော်ရီ နဲ့ ၂၀၂၃ ခုနှစ်က လမ်းခွဲထားတာဖြစ်ပါတယ်။ ကေတီပယ်ရီဟာ လက်ရှိ The Lifetimes Tour အမည်ရှိ သူမရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ကနေဒါနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

Zawgyi Version:
အဆိုေတာ္ေကတီပယ္ရီ နဲ႔ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်က္စတင္ထ႐ူဒို dating ေကာလာဟလမ်ား ထြက္ရွိ
ေရာင္နီ (NP News) - ၾသဂုတ္လ ၁
အဆိုေတာ္ ေကတီပယ္ရီဟာ ရည္းစားေဟာင္း သ႐ုပ္ေဆာင္ ေအာ္လန္ဒိုဘလူးမ္နဲ႔ လမ္းခြဲၿပီးေနာက္ ကေနဒါႏိုင္ငံ၊ လီဗီလြန္စားေသာက္ဆိုင္မွာ ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ဂ်က္စတင္ထ႐ူဒိုနဲ႔ ညစာစားေနတဲ့ပုံရိပ္ေတြ ဆိုရွယ္ မီဒီယာမွာ ထြက္ေပၚေနပါတယ္။
ေဖ်ာ္ေျဖေရးသတင္းဝက္ဘ္ဆိုက္ TMZ မွ ေဖာ္ျပခ်က္အရ ယမန္ႏွစ္ကမွ ဖြင့္လွစ္ခဲ့တဲ့ လီဗီလြန္ စားေသာက္ဆိုင္မွာ ေကတီပယ္ရီနဲ႔ ထ႐ူဒို လက္ဆုံစားေသာက္ေနတဲ့ ဗီဒီယိုဖိုင္ကို အဂၤါေန႔ (ဇူလိုင္ ၂၉ ရက္) မွာ ေတြ႕ရွိရပါတယ္။ TMZ ရဲ႕အဆိုအရ ပယ္ရီနဲ႔ ထ႐ူဒိုဟာ ေကာ့ေတးအတူ ေသာက္ၿပီး ပုဇြန္ဟင္း အပါအဝင္ အစားအစာေတြ မွ်ေဝခဲ့တာ ေတြ႕ရပါတယ္။ ဒါဟာ ေကတီပယ္ရီအတြက္ ကိုးႏွစ္ၾကာ လက္တြဲခဲ့တဲ့ Pirate of the Caribbean ၾကယ္ပြင့္ ေအာ္လန္ဒိုဘလူးမ္နဲ႔ လမ္းခြဲၿပီးေနာက္ ပထမဆုံး ထြက္ေပၚလာတဲ့ dating ေကာလဟာလပဲျဖစ္ပါတယ္။
ကေနဒါဝန္ႀကီးခ်ဳပ္ေဟာင္း ထ႐ူဒိုကလည္း ၂၀၀၅ ခုႏွစ္က လက္ထပ္ခဲ့တဲ့ ဇနီး ဆိုဖီယာဂရီေဂ်ာ္ရီ နဲ႔ ၂၀၂၃ ခုႏွစ္က လမ္းခြဲထားတာျဖစ္ပါတယ္။ ေကတီပယ္ရီဟာ လက္ရွိ The Lifetimes Tour အမည္ရွိ သူမရဲ႕ ကမာၻလွည့္ေဖ်ာ္ေျဖပြဲအတြက္ ကေနဒါႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.