သရုပ်ဆောင် ဂျိုဂျောင်ဆော့ခ် နဲ့ အဆိုတော် ဂမ်မီတို့စုံတွဲ ဒုတိယမြောက် ရင်သွေးရရှိနေပြီဖြစ်ကြောင်း အသိပေး

 83

ရောင်နီ (NP News) - သြဂုတ်လ ၁
တောင်ကိုရီးယာ Hospital Playlist သရုပ်ဆောင် ဂျိုဂျောင်ဆော့ခ်နဲ့ အဆိုတော် ဂမ်မီတို့ စုံတွဲဟာ ဒုတိယ မြောက်ရင်သွေး ကိုယ်ဝန် ရရှိနေပြီဖြစ်တယ်လို့ ပရိသတ်ကို အသိပေးလိုက်ပါတယ်။
ကိုယ်ဝန်ဟာ ၄ - ၅ လ ရှိနေပြီဖြစ်ပြီး ဒီအကြောင်းကို ဂမ်မီက သြဂုတ်လ ၃၁ ရက်မှာ KST မှတဆင့် အသိပေးလာခဲ့တာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဖျော်ဖြေရေးနယ်ပယ်ရှိ လုပ်ဖော်ကိုင်ဖက်များစွာ ကလည်း ရင်သွေးအတွက် ဆုတောင်းမှုတွေနဲ့အတူ ချီးမွမ်းဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။
အဆိုတော် ဂမ်မီနဲ့ မင်းသား ဂျိုဂျောင်ဆော့ခ်ဟာ ၂ဝ၁၈ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်မှာ သားဦးအဖြစ် သမီးလေးကို မွေးဖွားခဲ့ပါတယ်။ မင်းသားဂျိုဂျောင်ဆော့ခ်ဟာ Hospital Playlist, Pilot, Exit စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကျော်ပြီး လူသိများ ထင်ရှားတဲ့ တောင်ကိုရီးယား သရုပ်ဆောင် မင်းသားတစ်လက် ဖြစ်သလို အဆိုတော်ဂမ်မီဟာလည်း တောင်ကိုရီးယားနိုင်ငံမှာ ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားသူ ဖြစ်ပါတယ်။

Zawgyi Version:
သ႐ုပ္ေဆာင္ ဂ်ိဳေဂ်ာင္ေဆာ့ခ္ နဲ႔ အဆိုေတာ္ ဂမ္မီတို႔စုံတြဲ ဒုတိယေျမာက္ ရင္ေသြးရရွိေနၿပီျဖစ္ေၾကာင္း အသိေပး
ေရာင္နီ (NP News) - ၾသဂုတ္လ ၁
ေတာင္ကိုရီးယာ Hospital Playlist သ႐ုပ္ေဆာင္ ဂ်ိဳေဂ်ာင္ေဆာ့ခ္နဲ႔ အဆိုေတာ္ ဂမ္မီတို႔ စုံတြဲဟာ ဒုတိယ ေျမာက္ရင္ေသြး ကိုယ္ဝန္ ရရွိေနၿပီျဖစ္တယ္လို႔ ပရိသတ္ကို အသိေပးလိုက္ပါတယ္။
ကိုယ္ဝန္ဟာ ၄ - ၅ လ ရွိေနၿပီျဖစ္ၿပီး ဒီအေၾကာင္းကို ဂမ္မီက ၾသဂုတ္လ ၃၁ ရက္မွာ KST မွတဆင့္ အသိေပးလာခဲ့တာျဖစ္ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ေဖ်ာ္ေျဖေရးနယ္ပယ္ရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားစြာ ကလည္း ရင္ေသြးအတြက္ ဆုေတာင္းမႈေတြနဲ႔အတူ ခ်ီးမြမ္းဂုဏ္ျပဳေပးခဲ့ၾကတာ ေတြ႕ရပါတယ္။
အဆိုေတာ္ ဂမ္မီနဲ႔ မင္းသား ဂ်ိဳေဂ်ာင္ေဆာ့ခ္ဟာ ၂ဝ၁၈ ခုႏွစ္မွာ လက္ထပ္ခဲ့တာျဖစ္ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္မွာ သားဦးအျဖစ္ သမီးေလးကို ေမြးဖြားခဲ့ပါတယ္။ မင္းသားဂ်ိဳေဂ်ာင္ေဆာ့ခ္ဟာ Hospital Playlist, Pilot, Exit စတဲ့ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ၿပီး လူသိမ်ား ထင္ရွားတဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသားတစ္လက္ ျဖစ္သလို အဆိုေတာ္ဂမ္မီဟာလည္း ေတာင္ကိုရီးယားႏိုင္ငံမွာ ပရိသတ္ခ်စ္ခင္အားေပးမႈမ်ားစြာ ရရွိထားသူ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.