အချိန်(၁၉)နှစ်အတွင်း ပထမဆုံးတစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲကို ကျင်းပခဲ့သည့် BigBang အဖွဲ့ဝင် Taeyang

81

Pika (NP News) - ဇူလိုင် ၃၁
BigBang အဖွဲ့ဝင်တစ်ဦးအဖြစ် (၂၀၀၆)ခုနှစ်တွင် စတင်ပွဲဦးထွက်လာခဲ့သော တောင်ကိုရီးယားအဆိုတော် Taeyang သည် ပွဲဦးထွက်ပြီးနောက် အချိန်(၁၉)နှစ်အကြာတွင် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်ပရိသတ် တွေ့ဆုံပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။ '01' ဟု အမည်ပေးထားသည့် ပရိသတ်တွေ့ဆုံပွဲကိုကျင်းပချိန်အတွင်း Taeyang သည် ၎င်း၏ ပရိသတ်များနှင့်အတူ အမှတ်တရများစွာကို ဖန်တီးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် Taeyang သည် ဆိုးလ်မြို့တွင်ကျင်းပသည့်ပရိသတ်တွေ့ဆုံပွဲအပြီးတွင် ဂျပန်နိုင်ငံတစ်ဝှမ်းရှိ မြို့(၆)မြို့တွင် ပရိသတ်တွေ့ဆုံပွဲများကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ပွဲဦးထွက်ပြီးနောက် အချိန်(၁၉)နှစ်အကြာတွင် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲကို ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း Taeyang က ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါတွေ့ဆုံပွဲအတွင်း Taeyang နှင့် ၎င်း၏ပရိသတ်များသည် ၎င်းဖြတ်သန်းလာခဲ့သည့်ကာလ တစ်လျှောက်လုံး ၏ အမှတ်တရပေါင်းများစွာကို အတူတကွမျှဝေခံစားခဲ့ကြကြောင်း သိရသည်။ အမှတ်တရများတွင် Taeyang ၏ အစောပိုင်းကာလအသွင်အပြင်များ၊ ငယ်ဘဝဓါတ်ပုံများကို ပြန်လည်ကြည့်ရှုခြင်းနှင့် တိုက်ရိုက်ဖျော်ဖြေ တင်ဆက်မှုများကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် Taeyang သည် ပွဲကျင်းပသည့်နေရာ၏ ဒုတိယထပ်သို့သွားကာ ပရိသတ်များနှင့်တိုက်ရိုက်တွေ့ဆုံမှုများ လုပ်ဆောင်ခြင်းဖြင့် အမှတ်တရများစွာကို ဖန်တီးခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
အခ်ိန္(၁၉)ႏွစ္အတြင္း ပထမဆုံးတစ္ကိုယ္ေတာ္ပရိသတ္ေတြ႕ဆုံပြဲကို က်င္းပခဲ့သည့္ BigBang အဖြဲ႕ဝင္ Taeyang
Pika (NP News) - ဇူလိုင္ ၃၁
BigBang အဖြဲ႕ဝင္တစ္ဦးအျဖစ္ (၂၀၀၆)ခုႏွစ္တြင္ စတင္ပြဲဦးထြက္လာခဲ့ေသာ ေတာင္ကိုရီးယားအဆိုေတာ္ Taeyang သည္ ပြဲဦးထြက္ၿပီးေနာက္ အခ်ိန္(၁၉)ႏွစ္အၾကာတြင္ ၎၏ ပထမဆုံးတစ္ကိုယ္ေတာ္ပရိသတ္ ေတြ႕ဆုံပြဲကို က်င္းပခဲ့ေၾကာင္း သိရသည္။ '01' ဟု အမည္ေပးထားသည့္ ပရိသတ္ေတြ႕ဆုံပြဲကိုက်င္းပခ်ိန္အတြင္း Taeyang သည္ ၎၏ ပရိသတ္မ်ားႏွင့္အတူ အမွတ္တရမ်ားစြာကို ဖန္တီးခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ Taeyang သည္ ဆိုးလ္ၿမိဳ႕တြင္က်င္းပသည့္ပရိသတ္ေတြ႕ဆုံပြဲအၿပီးတြင္ ဂ်ပန္ႏိုင္ငံတစ္ဝွမ္းရွိ ၿမိဳ႕(၆)ၿမိဳ႕တြင္ ပရိသတ္ေတြ႕ဆုံပြဲမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္းလည္း သိရသည္။ ပြဲဦးထြက္ၿပီးေနာက္ အခ်ိန္(၁၉)ႏွစ္အၾကာတြင္ ၎၏ ပထမဆုံးတစ္ကိုယ္ေတာ္ပရိသတ္ေတြ႕ဆုံပြဲကို က်င္းပႏိုင္ခဲ့သည့္အတြက္ ဝမ္းသာမိေၾကာင္း Taeyang က ထုတ္ေဖာ္ေျပာခဲ့သည္။
အဆိုပါေတြ႕ဆုံပြဲအတြင္း Taeyang ႏွင့္ ၎၏ပရိသတ္မ်ားသည္ ၎ျဖတ္သန္းလာခဲ့သည့္ကာလ တစ္ေလွ်ာက္လုံး ၏ အမွတ္တရေပါင္းမ်ားစြာကို အတူတကြမွ်ေဝခံစားခဲ့ၾကေၾကာင္း သိရသည္။ အမွတ္တရမ်ားတြင္ Taeyang ၏ အေစာပိုင္းကာလအသြင္အျပင္မ်ား၊ ငယ္ဘဝဓါတ္ပုံမ်ားကို ျပန္လည္ၾကည့္ရႈျခင္းႏွင့္ တိုက္႐ိုက္ေဖ်ာ္ေျဖ တင္ဆက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ Taeyang သည္ ပြဲက်င္းပသည့္ေနရာ၏ ဒုတိယထပ္သို႔သြားကာ ပရိသတ္မ်ားႏွင့္တိုက္႐ိုက္ေတြ႕ဆုံမႈမ်ား လုပ္ေဆာင္ျခင္းျဖင့္ အမွတ္တရမ်ားစြာကို ဖန္တီးခဲ့ေၾကာင္းလည္းသိရသည္။