နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေသူများထဲတွင်ပါဝင်သည့် တောင်သူများအနေဖြင့် လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ

 1083

မြူနစ် (NP News) - ဇူလိုင် ၂၂

နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသူများထဲတွင် ပါဝင်သော တောင်သူများအနေဖြင့် လယ်လုပ်သားရှားပါးမှုကို ရင်ဆိုင်နေရ ကြောင်းတောင်သူများထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်းရှိ မြို့နယ်အချို့၌ နွေစပါးများကို ရိတ်သိမ်းနေလျက်ရှိပြီး မိုးစပါးစိုက် ပျိုးရန်အတွက် ပြန်လည်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့နွေစပါးများကို ရိတ်သိမ်းကာ မိုးစပါးပြန်လည်စိုက်ပျိုးရန်အတွက် ပြင်ဆင်နေချိန်တွင် တောင်သူများအနေဖြင့် လယ်ယာလုပ်သားရှားပါးမှု နှင့် ရင်ဆိုင်နေရလျက်ရှိသည်ဟု ဆိုသည်။

"အခုဆိုရင် ဦးလေးတို့က နွေစပါးတွေ စရိတ် နေပြီလေ။ ရိတ်ပြီးတာနဲ့ မိုးစပါးကို ပြန်စိုက်ဖို့လည်း ပြင်ဆင်နေရပြီပေါ့။ ဘာအခက်အခဲနဲ့ကြုံနေရလဲဆို တော့ လယ်လုပ်မယ့်သူ ရှားပါးနေတဲ့အခက်အခဲနဲ့ ကြုံနေရတာ။ ဦးလေးတို့ ရွာထဲမှာဆိုရင် အရင်တုန်း က လယ်လုပ်တဲ့လူငယ်တွေ အခုမရှိတော့ဘူး။ နိုင်ငံ ခြားကို ထွက်သွားကြတာရှိတယ်။ အဓိကတော့ ထိုင်း ကိုပဲ သွားကြတာများတယ်။ လူငယ်က တော်တော် လေးကို မရှိတော့တာ။ မိုးစပါးပြန်စိုက်ဖို့ ငှားတာ တောင် အသက်ကြီးတဲ့သူတွေကိုပဲ ငှားနေရတယ်။ အဲဒါတောင် ငှားချင်တိုင်းငှားလို့မရဘူး။ စက်တွေကို အားကိုးလုပ်နေတယ်ဆိုပေမယ့် တချို့ နေရာတွေက လယ်လုပ်မယ့်သူတွေ လိုနေသေးတယ်"ဟု ပဲခူးတိုင်း အတွင်းရှိ တောင်သူတစ်ဦးက NP News ကို ပြောသည်။

လယ်ယာလုပ်သားရှားပါးလာရခြင်းသည် ပြည် သူ့စစ်မှုထမ်းဥပဒေကြောင့် ပါဝင်နေသကဲ့သို့ ဝင်ငွေနည်းပါးမှုများကြောင့်လည်း ဖြစ်နိုင်ကြောင်း တောင် သူများက သုံးသပ်ထားကြသည်။ "လယ်ယာလုပ်သား သိသိသာသာရှားလာတာက စစ်မှုထမ်းဥပဒေတို့၊ ဘာ တို့ ထွက်ပေါ်လာတဲ့နောက်မှာ သိသိသာသာ ဖြစ်လာ တယ်။ အဓိကတော့ လူငယ်တွေက ရှောင်ထွက်ကုန် ကြတာပေါ့။ တချို့မိဘတွေကလည်း ကိုယ့်သားသမီး ကို ဒီမှာမနေခိုင်းတော့ဘဲ ထွက်ခိုင်းနေတာမျိုးတွေ ရှိတယ်။ နောက်ပြီး စားရေးသောက်ရေးကျပ်တည်း လာတော့ မထူးတော့ဘူးဆိုပြီး နိုင်ငံခြားကို ထွက် ကုန်ကြတာမျိုးလည်း ရှိတယ်" ဟု အထက်ပါတောင်သူ က ဆက်လက်ပြောသည်။ ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်အချို့တွင် နွေစပါး များ ဆက်လက်ရိတ်သိမ်းနေ လျက်ရှိသော်လည်း စပါးဈေး ကျဆင်းနေသည့်အခြေ အနေဖြင့် ရင်ဆိုင်နေရလျက်ရှိကြောင်းလည်း ၎င်းက ထပ်မံဖြည့်စွက်ပြောကြားသည်။

လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ (၃)လ ကျော်ကာလတွင် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါး ရရှိထားပြီးဖြစ်ကြောင်း စီး ပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ အဆိုပါ(၃)လ ကျော်ကာလအတွင်း၌ မြန်မာ့ထွက်ကုန်များကို ပြည် ပနိုင်ငံများသို့ တင်ပို့ရာတွင် လယ်ယာထွက်ကုန် တင် ပို့ မှုမှ နိုင်ငံခြားဝင်ငွေ အမြင့်ဆုံးရရှိထားသည်ကိုလည်း ဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။

zawgyi version
ႏိုင္ငံျခားေငြ အဓိကရွာေဖြေပးေနသူမ်ားထဲတြင္ပါဝင္သည့္ ေတာင္သူမ်ားအေနျဖင့္ လုပ္သားရွားပါးမႈႏွင့္ ရင္ဆိုင္ေနရ
ျမဴနစ္ (NP News) - ဇူလိုင္ ၂၂

ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားေငြ အဓိက ရွာေဖြေပးေနသူမ်ားထဲတြင္ ပါဝင္ေသာ ေတာင္သူမ်ားအေနျဖင့္ လယ္လုပ္သားရွားပါးမႈကို ရင္ဆိုင္ေနရ ေၾကာင္းေတာင္သူမ်ားထံမွ သိရသည္။

လက္ရွိတြင္ ႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ေႏြစပါးမ်ားကို ရိတ္သိမ္းေနလ်က္ရွိၿပီး မိုးစပါးစိုက္ ပ်ိဳးရန္အတြက္ ျပန္လည္ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ေႏြစပါးမ်ားကို ရိတ္သိမ္းကာ မိုးစပါးျပန္လည္စိုက္ပ်ိဳးရန္အတြက္ ျပင္ဆင္ေနခ်ိန္တြင္ ေတာင္သူမ်ားအေနျဖင့္ လယ္ယာလုပ္သားရွားပါးမႈ ႏွင့္ ရင္ဆိုင္ေနရလ်က္ရွိသည္ဟု ဆိုသည္။

"အခုဆိုရင္ ဦးေလးတို႔က ေႏြစပါးေတြ စရိတ္ ေနၿပီေလ။ ရိတ္ၿပီးတာနဲ႔ မိုးစပါးကို ျပန္စိုက္ဖို႔လည္း ျပင္ဆင္ေနရၿပီေပါ့။ ဘာအခက္အခဲနဲ႔ႀကဳံေနရလဲဆို ေတာ့ လယ္လုပ္မယ့္သူ ရွားပါးေနတဲ့အခက္အခဲနဲ႔ ႀကဳံေနရတာ။ ဦးေလးတို႔ ႐ြာထဲမွာဆိုရင္ အရင္တုန္း က လယ္လုပ္တဲ့လူငယ္ေတြ အခုမရွိေတာ့ဘူး။ ႏိုင္ငံ ျခားကို ထြက္သြားၾကတာရွိတယ္။ အဓိကေတာ့ ထိုင္း ကိုပဲ သြားၾကတာမ်ားတယ္။ လူငယ္က ေတာ္ေတာ္ ေလးကို မရွိေတာ့တာ။ မိုးစပါးျပန္စိုက္ဖို႔ ငွားတာ ေတာင္ အသက္ႀကီးတဲ့သူေတြကိုပဲ ငွားေနရတယ္။ အဲဒါေတာင္ ငွားခ်င္တိုင္းငွားလို႔မရဘူး။ စက္ေတြကို အားကိုးလုပ္ေနတယ္ဆိုေပမယ့္ တခ်ိဳ႕ ေနရာေတြက လယ္လုပ္မယ့္သူေတြ လိုေနေသးတယ္"ဟု ပဲခူးတိုင္း အတြင္းရွိ ေတာင္သူတစ္ဦးက NP News ကို ေျပာသည္။

လယ္ယာလုပ္သားရွားပါးလာရျခင္းသည္ ျပည္ သူ႔စစ္မႈထမ္းဥပေဒေၾကာင့္ ပါဝင္ေနသကဲ့သို႔ ဝင္ေငြနည္းပါးမႈမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ေၾကာင္း ေတာင္ သူမ်ားက သုံးသပ္ထားၾကသည္။ "လယ္ယာလုပ္သား သိသိသာသာရွားလာတာက စစ္မႈထမ္းဥပေဒတို႔၊ ဘာ တို႔ ထြက္ေပၚလာတဲ့ေနာက္မွာ သိသိသာသာ ျဖစ္လာ တယ္။ အဓိကေတာ့ လူငယ္ေတြက ေရွာင္ထြက္ကုန္ ၾကတာေပါ့။ တခ်ိဳ႕မိဘေတြကလည္း ကိုယ့္သားသမီး ကို ဒီမွာမေနခိုင္းေတာ့ဘဲ ထြက္ခိုင္းေနတာမ်ိဳးေတြ ရွိတယ္။ ေနာက္ၿပီး စားေရးေသာက္ေရးက်ပ္တည္း လာေတာ့ မထူးေတာ့ဘူးဆိုၿပီး ႏိုင္ငံျခားကို ထြက္ ကုန္ၾကတာမ်ိဳးလည္း ရွိတယ္" ဟု အထက္ပါေတာင္သူ က ဆက္လက္ေျပာသည္။ ပဲခူးတိုင္းအတြင္းရွိ ၿမိဳ႕ နယ္အခ်ိဳ႕တြင္ ေႏြစပါး မ်ား ဆက္လက္ရိတ္သိမ္းေန လ်က္ရွိေသာ္လည္း စပါးေဈး က်ဆင္းေနသည့္အေျခ အေနျဖင့္ ရင္ဆိုင္ေနရလ်က္ရွိေၾကာင္းလည္း ၎က ထပ္မံျဖည့္စြက္ေျပာၾကားသည္။

လက္ရွိ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္၏ (၃)လ ေက်ာ္ကာလတြင္ ျမန္မာႏိုင္ငံ၏ လယ္ယာထြက္ကုန္ ပစၥည္းမ်ားကို ျပည္ပသို႔ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံနီးပါး ရရွိထားၿပီးျဖစ္ေၾကာင္း စီး ပြားေရး ႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ အဆိုပါ(၃)လ ေက်ာ္ကာလအတြင္း၌ ျမန္မာ့ထြက္ကုန္မ်ားကို ျပည္ ပႏိုင္ငံမ်ားသို႔ တင္ပို႔ရာတြင္ လယ္ယာထြက္ကုန္ တင္ ပို႔ မႈမွ ႏိုင္ငံျခားဝင္ေငြ အျမင့္ဆုံးရရွိထားသည္ကိုလည္း ဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.