အသံကျယ်ကျယ် ထုတ်လာသည့် Global South (ဘာသာပြန်ဆောင်းပါး)

 1582

သန်းထိုက်စိုး (NP News) - ဇူလိုင် ၂၄

ဘရာဇီးလ်သမ္မတ လူလာသည် မကြာသေးမီအချိန်အတွင်းက ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံရှိ ၎င်း၏ သံအမတ်အား ပြန်လည်ခေါ်ယူခဲ့သည်။ ဂါဇာအရေးနှင့်ပတ်သက်ပြီး အစ္စရေး နိုင်ငံ၏ အပြုအမူအား ဆန့်ကျင်ကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး Global South ၏ ရပ်တည်ချက်အား ထုတ်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ စုဖွဲ့ထားသည့် Global South သည် ဂါဇာတွင် အစ္စရေးတို့ ဆင်နွှဲနေသည့် စစ်ပွဲအပါအဝင် ကမ္ဘာနိုင်ငံရေးရှိ ကိစ္စရပ်အတော်များများတွင် Global South ၏အသံကို လူသိရှင် ကြား ထုတ်ဖော်လာသည်။ Global South တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော တောင်အာဖရိက နိုင်ငံသည်လည်း ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးနိုင်ငံအား နိုင်ငံတကာတရားရုံး (International Court of Justice) တွင် တရားစွဲဆိုနိုင်ရေး ဦးဆောင်ကြိုးပမ်းမှု ပြုလုပ်နေသည်။

Global South သည် အများစုဖြစ်ရာ ကမ္ဘာ့နိုင်ငံရေးတွင် ဆက်လက်ပြီး နှုတ်ဆိတ်နေခြင်း မရှိ တော့သည်ကို တွေ့ရှိလာရသည်။ အင်အားကြီးနိုင်ငံများသည်လည်း Global South ၏ အသံကို နားစွင့်လာရပြီ ဖြစ်သည်။ ယင်းအချက်ကို ၂၀၂၄ ခုနှစ်၊ မတ်လအတွင်းက ပေကျင်း၌ကျင်းပခဲ့သည့် တရုတ်အမျိုးသားကွန်ဂရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထောက်ပြခဲ့သည်။ Global South တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ပစိဖိတ်ကျွန်းနိုင်ငံများပါဝင်ပြီး နိုင်ငံတကာ အထိုင်ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့်အားတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် ရာစု တစ်ခုအတွင်း မမြင်ရသောအပြောင်းအလဲများ ကြုံတွေ့နေရသည့်အချိန်တွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်ကြောင်း မစ္စတာဝမ်ယိက ဆိုသည်။
၂၀၂၄ ခုနှစ်သည် Global South အတွက် အမှတ်ရစရာနှစ်တစ်နှစ် ဖြစ်နိုင်ပြီး ညီညွတ်မှု အတွက် စမှတ်တစ်ခုလည်း ဖြစ်နိုင်သည်။ Global South အနေဖြင့် ဂါဇာအရေး၊ ယူကရိန်းအရေးမှ သည် စားနပ်ရိက္ခာဖူလုံရေးနှင့် ရာသီဥတုပြောင်းလဲရေးအထိ စိန်ခေါ်မှုများကို မည်သို့ဖြေရှင်းမည် ဆို သည့် စိန်ခေါ်မှုများကလည်း စောင့်ကြိုနေသည်။ ထို့ပြင် ကမ္ဘာ့အထိုင်အား ပုံဖော်ပေးမည့် ကမ္ဘာလုံး ဆိုင်ရာ အင်စတီကျူးရှင်းများအား မည်သို့ပြုပြင်ပြောင်းလဲမည် ဆိုသည့်အချက်ကလည်း Global South အတွက် စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။

သို့သော် Global South အနေဖြင့် အတူကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား အတူရင်ဆိုင် ဖြေရှင်းနိုင်ကြမည်လား ဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများကြောင့် ဖြစ်လာသည့် အတွင်းအပြင် အက်ကြောင်းများအား ရင်ကြားစေ့ရန် လိုအပ် သည်။ အထူးသဖြင့် အမေရိကန်နှင့်တရုတ်တို့ကြား အားပြိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် အက်ကြောင်းမှာကြီးမားသည်။ အင်အားကြီးနှစ်နိုင်ငံတို့၏ ပြိုင်ဆိုင်မှုကြား ဟန်ချက်ညီအောင် ရပ်တည်ရန်နှင့် မိမိ၏အခန်းကဏ္ဍ ပိုမိုခိုင်မြဲအောင် ကြိုးပမ်းရသည်မှာ Global South အတွက် လွယ်ကူသည့် အလုပ်တော့လည်း မဟုတ်ပါ။

ယခုအခါ Global South နိုင်ငံများအား တစ်ဖက်ဖက်တွင် ရွေးချယ်ရန် တွန်းအားပေးနေပြီ ဖြစ်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများတွင် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများ ပြင်းထန်နေရာ ပစိဖိတ်ကျွန်း နိုင်ငံများအနေဖြင့် ဘက်ရွေးရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် ဖစိဖိတ်ကျွန်း နိုင်ငံများနှင့် စီးပွားရေး၊ လုံခြုံရေး ဆက်ဆံမှုတွင် ပိုမိုနက်ရှိုင်းလာသည်။ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကလည်း ဖစိဖိတ်ကျွန်းနိုင်ငံများတွင် သံရုံးသစ်များဖွင့်လှစ်ခြင်း၊ ထိတွေ့ ဆက်ဆံမှုများ ပိုမိုပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းလာသည်။ အထူးသဖြင့် ဆိုလိုမွန်ကျွန်းနိုင်ငံနှင့် တွန်ဂါနိုင်ငံတို့တွင် ဖြစ်သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မှန်ကြည့်သကဲ့သို့ ကြည့်နေကြ သည်။ တရုတ်နိုင်ငံဘက်မှရှုမြင်ချက်မှာ ပစိဖိတ်ဒေသ၊ အာဖရိကဒေသနှင့် လက်တင်အမေရိက ဒေသတို့တွင် တရုတ်နိုင်ငံ၏ တရားဝင်ပူးပေါင်းဆောင်ရွက်မှုများအား အမေရိကန်နိုင်ငံက ဖျက်လို ဖျက်ဆီးလုပ်ရန် ကြိုးပမ်းနေသည်ဟုရှုမြင်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများအားလုံးတွင် ဖွံ့ဖြိုးရေး မိတ်ဖက်များအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပိုင်ခွင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပါပူဝါနယူဂီနီသို့ ရောက်ရှိစဥ် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ခရီးစဥ်အတွင်း နှစ်နိုင်ငံလုံးသည် ချောကလက်နှင့်ကော်ဖီပို့ကုန်မှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍအထိ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည့်သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးခဲ့ကြသည်။ ပစိဖိတ်ကျွန်းနိုင်ငံများသည် ဒေသခံပြည်သူများ၏ နေအိမ် များဖြစ်ပြီး မည်သည့်အင်အားကြီးနိုင်ငံ၏ နောက်ဖေဝင်ပေါက်မဟုတ်ကြောင်း မစ္စတာဝမ်ယိက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတွင်လည်း စိုးရိမ်စရာများရှိသည်။ အမေရိကန်နိုင်ငံဘက်မှ ရှုမြင်ချက်မှာ တရုတ် နိုင်ငံသည် အမေရိကန်၏ သြဇာလွှမ်းမိုးမှုကို အားနည်းစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်နေသည်ဟု ရှုမြင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာများတွင် ဝင်ရိုစုံ ကမ္ဘာကြီးစိုးသည့်အထိုင် ပိုမိုအသက်ဝင်လာစေရေး တွန်းအားပေးနေသည်။ ယင်းကို Global South ကလည်း ဒေါက်တိုင်တစ်ခုအဖြစ် ပါဝင်နေသည်ဟု အမေရိကန်နိုင်ငံက ယူဆသည်။ ယင်းမှာ အမေရိကန်တို့၏ သြဇာအာဏာကျဆင်းရေးအတွက် ကြိုးပမ်းချက်အဖြစ် ရှုမြင်နေခြင်းဖြစ်သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား မယုံကြည်မှုနက်ရှိုင်းလာခြင်းသည် အခြားသော တတိယ နိုင်ငံ များနှင့်ဆက်ဆံရေးအပေါ် သက်ရောက်လာပြီး ဘက်တစ်ဖက်ဖက်အား မဖြစ်မနေရွေးချယ်ရန် ဖြစ်လာစေသည်။

သေချာသည်မှာ Global South အတွင်းတွင်လည်း မတူကွဲပြားမှုများက ရှိနေသည်။ Global South တွင် အရေးပါဆုံးနှင့်အငြင်းပွားရဆုံး နှစ်နိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်လေးစုအတွင်း နှစ်နိုင်ငံဆက်ဆံရေး အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ တရုတ် နှင့် အိန္ဒိယနိုင်ငံတို့သည် BRICS ကဲ့သို့သော နိုင်ငံစုံပါဝင်သည့် ဖိုရမ်များတွင် ထိတွေ့ဆက်ဆံသော် လည်း နှစ်နိုင်ငံဆက်ဆံရေးတွင်မူ မလွှဲသာမရှောင်သာသည့် ဘုံအကျိုးစီးပွား ကိစ္စများတွင်သာ ထိတွေ့ဆက်ဆံသည်ကို တွေ့ရသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် Global South နိုင်ငံများနှင့် အတူ ရှေ့ခရီးဆက်နေကြသည်။ တရုတ်နိုင်ငံသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အရေးပါသည့် Global South ထိပ်သီးအစည်းအဝေးနှစ်ခုကို လက်ခံကျင်းပမည်ဖြစ်သည်။ တစ်ခုမှာ Forum on China-Africa Cooperation(FOCAC) နှင့် အခြားတစ်ခုမှာ China-Latin American ၊ Caribbean Forum (China-CELAC)တို့ ဖြစ်သည်။ နှစ်နိုင်ငံလုံးသည် BRICS အဖွဲ့ဝင်ချဲ့ထွင်ရေး ဆောင်ရွက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိကြသည်။ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့ကို လည်း အဖွဲ့အတွင်းသို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ Global South နိုင်ငံများကြားတွင် ရှိနေသည့် ခံစားချက်မှာ ၎င်းတို့သည် multiple crises ခေါ် အကျပ်အတည်း အမျိုးမျိုးတို့၏ ရိုက်ခတ်မှု လှိုင်းလုံး ကို ကြုံတွေ့နေရသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့တွင် လက်ခံကျင်းပခဲ့သည့် Global South ထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ သို့သော် ယင်းကြေညာချက်သည် အနောက် နိုင်ငံများ၏ အာရုံစိုက်မှုကို မရရှိခဲ့ဟုဆို သည်။

Global South ထိပ်သီးအစည်းအဝေးတွင် စိုးရိမ်စရာတစ်ခုအဖြစ် ဖော်ပြသည့်အချက်မှာ ပထဝီနိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့်စားနပ်ရိက္ခာနှင့် စွမ်းအင်ကဏ္ဍအပေါ် အကျိုး သက်ရောက်မှု ဖြစ်သည်။ Global South နိုင်ငံများအနေဖြင့် ပဋိပက္ခများကြားတွင် ဘက်တစ်ဖက် တွင် ရပ်တည်ရမည့် အရေးနှင့်ပတ်သက်၍ စိုးရိမ်မှုကြီးလာသည်။ တစ်ဖက်တွင်လည်း ပဋိပက္ခများ သည် ဖွံ့ဖြိုးဆဲကမ္ဘာ၏ လုံခြုံရေး၊ လူနေမှုဘဝနှင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအား မဖြေရှင်းနိုင်မည်ကိုလည်း စိုးရိမ်လာသည်။ ယူကရိန်းစစ်ပွဲသည် Global South နိုင်ငံများ၏ စားနပ် ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးအပေါ် များစွာအကျိုးသက်ရောက်စေခဲ့သည်။ ဂါဇာတွင် ပဋိပက္ခများ ဆက်ဖြစ်နေခြင်းသည် Global South နိုင်ငံများအတွက် အနောက်နိုင်ငံများ၏ ကြောင်သူတော်ဝါဒ မျက်နှာဖုံးကို ကွာကျစေခဲ့သည်။

Global South နိုင်ငံများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ နယူဒေလီတွင် ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ အလေး အနက်ပြောဆိုခဲ့ကြသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် မည်သည့်နိုင်ငံမှ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ကမ္ဘာဂြိုဟ်အတွက် တိုက်ခိုက်ရမည့် တိုက်ပွဲကြားတွင် ရွေးချယ်မနေသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အနောက်နိုင်ငံများသည် အပြောသာရှိပြီး လက်တွေ့ အကောင်အထည် မဖော်ကြသူများ ဖြစ်သည်ဟု Global South နိုင်ငံများက ရှုမြင်ကြသည်။

Global South အဖွဲ့ဝင်နိုင်ငံများကြားတွင် ဖြေရှင်းရမည့် ရှုပ်ထွေးသည့် ပြဿနာတစ်ရပ် ကလည်း ရှိနေပြန်သည်။ Global South ၏ ဦးဆောင်အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတွင် တစ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံသည်လည်း အမေရိကန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင် ပြောင်းလဲရေးအပေါ် စိတ်အားထက်သန်မှုမရှိသည်ကို တွေ့နေရသည်။ Global South အဖွဲ့ဝင်နိုင်ငံ များ ဖြစ်သည့် ဘရာဇီးလ်၊ အိန္ဒိယနှင့် အာဖရိကရှိ နိုင်ငံအများစုသည် ကမ္ဘာတွင် အရေးကြီးဆုံးသော လုံခြုံရေးအင်စတီကျူးရှင်းအား ပိုမိုကျယ်ပြန့်ပြီး ပိုမိုတရားမျှတမှုရှိသော ပြုပြင်ပြောင်းလဲမှု ပြုလုပ် ရန် တောင်းဆိုနေကြသည်။ သို့သော် ပြုပြင်ပြောင်းလဲနိုင်မည့် အလားအလာမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ Global South ၏ အနာဂတ် မည်သို့ရှိမည်၊ မည်မျှအထိ ခရီးဆက်နေနိုင်မည်ဟု မေးလာပါက မသေချာမရေရာမှုများ ရှိနေဆဲဟုပင် ဆိုရမည်ဖြစ်သည်။ သို့သော် သေချာသည့်အချက် မှာ Global South သည် အရှိန်အဟုန်ဖြင့် နိုးထလာပြီး ကမ္ဘာ့အထိုင်တွင် ၎င်းအတွက် နေရာ တစ်နေရာ တောင်းဆိုနေပြီဆိုသည့်အချက်ပင်ဖြစ်သည်။ Global South သည် အဖွဲ့အတွင်း အက်ကြောင်းတစ်ချို့ရှိသော်လည်း ၎င်း၏အသံသည် ကျယ်လောင်ပြီး ထိရောက်မှု ရှိသည် ဆိုသည့် အချက်ကို သိရှိသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ အသံကျယ်ကျယ် ထုတ်နေနိုင်သမျှ Global South မှာ အရေးပါနေဦးမည် ဖြစ်သည်မှာ ငြင်းဆန်၍မရသည့် အရှိတရားတစ်ခု ဖြစ်နေသည်။

zawgyi version
အသံက်ယ္က်ယ္ ထုတ္လာသည့္ Global South (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၂၄

ဘရာဇီးလ္သမၼတ လူလာသည္ မၾကာေသးမီအခ်ိန္အတြင္းက ဂါဇာအေရးႏွင့္ပတ္သက္ၿပီး အစၥေရးႏိုင္ငံရွိ ၎၏ သံအမတ္အား ျပန္လည္ေခၚယူခဲ့သည္။ ဂါဇာအေရးႏွင့္ပတ္သက္ၿပီး အစၥေရး ႏိုင္ငံ၏ အျပဳအမူအား ဆန႔္က်င္ေၾကာင္း ျပသလိုက္ျခင္းျဖစ္ၿပီး Global South ၏ ရပ္တည္ခ်က္အား ထုတ္ျပလိုက္ျခင္းလည္း ျဖစ္သည္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား စုဖြဲ႕ထားသည့္ Global South သည္ ဂါဇာတြင္ အစၥေရးတို႔ ဆင္ႏႊဲေနသည့္ စစ္ပြဲအပါအဝင္ ကမာၻႏိုင္ငံေရးရွိ ကိစၥရပ္အေတာ္မ်ားမ်ားတြင္ Global South ၏အသံကို လူသိရွင္ ၾကား ထုတ္ေဖာ္လာသည္။ Global South တြင္ ပါဝင္သည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ ေတာင္အာဖရိက ႏိုင္ငံသည္လည္း ဂါဇာတြင္ လူမ်ိဳးတုံးသတ္ျဖတ္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ အစၥေရးႏိုင္ငံအား ႏိုင္ငံတကာတရား႐ုံး (International Court of Justice) တြင္ တရားစြဲဆိုႏိုင္ေရး ဦးေဆာင္ႀကိဳးပမ္းမႈ ျပဳလုပ္ေနသည္။

Global South သည္ အမ်ားစုျဖစ္ရာ ကမာၻ႔ႏိုင္ငံေရးတြင္ ဆက္လက္ၿပီး ႏႈတ္ဆိတ္ေနျခင္း မရွိ ေတာ့သည္ကို ေတြ႕ရွိလာရသည္။ အင္အားႀကီးႏိုင္ငံမ်ားသည္လည္း Global South ၏ အသံကို နားစြင့္လာရၿပီ ျဖစ္သည္။ ယင္းအခ်က္ကို ၂၀၂၄ ခုႏွစ္၊ မတ္လအတြင္းက ေပက်င္း၌က်င္းပခဲ့သည့္ တ႐ုတ္အမ်ိဳးသားကြန္ဂရက္တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ေထာက္ျပခဲ့သည္။ Global South တြင္ အာရွ၊ အာဖရိက၊ လက္တင္အေမရိကႏွင့္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားပါဝင္ၿပီး ႏိုင္ငံတကာ အထိုင္ျပဳျပင္ေျပာင္းလဲေရးအတြက္ အဓိကက်သည့္အားတစ္ခုျဖစ္ေၾကာင္း၊ ကမာၻႀကီးသည္ ရာစု တစ္ခုအတြင္း မျမင္ရေသာအေျပာင္းအလဲမ်ား ႀကဳံေတြ႕ေနရသည့္အခ်ိန္တြင္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္တစ္ခု ျဖစ္ေၾကာင္း မစၥတာဝမ္ယိက ဆိုသည္။
၂၀၂၄ ခုႏွစ္သည္ Global South အတြက္ အမွတ္ရစရာႏွစ္တစ္ႏွစ္ ျဖစ္ႏိုင္ၿပီး ညီၫြတ္မႈ အတြက္ စမွတ္တစ္ခုလည္း ျဖစ္ႏိုင္သည္။ Global South အေနျဖင့္ ဂါဇာအေရး၊ ယူကရိန္းအေရးမွ သည္ စားနပ္ရိကၡာဖူလုံေရးႏွင့္ ရာသီဥတုေျပာင္းလဲေရးအထိ စိန္ေခၚမႈမ်ားကို မည္သို႔ေျဖရွင္းမည္ ဆို သည့္ စိန္ေခၚမႈမ်ားကလည္း ေစာင့္ႀကိဳေနသည္။ ထို႔ျပင္ ကမာၻ႔အထိုင္အား ပုံေဖာ္ေပးမည့္ ကမာၻလုံး ဆိုင္ရာ အင္စတီက်ဴးရွင္းမ်ားအား မည္သို႔ျပဳျပင္ေျပာင္းလဲမည္ ဆိုသည့္အခ်က္ကလည္း Global South အတြက္ စိန္ေခၚမႈ ရွိေနဆဲျဖစ္သည္။

သို႔ေသာ္ Global South အေနျဖင့္ အတူႀကဳံေတြ႕ေနရသည့္ စိန္ေခၚမႈမ်ားအား အတူရင္ဆိုင္ ေျဖရွင္းႏိုင္ၾကမည္လား ဆိုသည္မွာမူ ရွင္းရွင္းလင္းလင္း မရွိေသးပါ။ အင္အားႀကီးႏိုင္ငံမ်ား၏ ၿပိဳင္ဆိုင္မႈမ်ားေၾကာင့္ ျဖစ္လာသည့္ အတြင္းအျပင္ အက္ေၾကာင္းမ်ားအား ရင္ၾကားေစ့ရန္ လိုအပ္ သည္။ အထူးသျဖင့္ အေမရိကန္ႏွင့္တ႐ုတ္တို႔ၾကား အားၿပိဳင္မႈေၾကာင့္ ျဖစ္ေပၚလာသည့္ အက္ေၾကာင္းမွာႀကီးမားသည္။ အင္အားႀကီးႏွစ္ႏိုင္ငံတို႔၏ ၿပိဳင္ဆိုင္မႈၾကား ဟန္ခ်က္ညီေအာင္ ရပ္တည္ရန္ႏွင့္ မိမိ၏အခန္းက႑ ပိုမိုခိုင္ၿမဲေအာင္ ႀကိဳးပမ္းရသည္မွာ Global South အတြက္ လြယ္ကူသည့္ အလုပ္ေတာ့လည္း မဟုတ္ပါ။

ယခုအခါ Global South ႏိုင္ငံမ်ားအား တစ္ဖက္ဖက္တြင္ ေ႐ြးခ်ယ္ရန္ တြန္းအားေပးေနၿပီ ျဖစ္သည္။ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားတြင္ အင္အားႀကီးႏိုင္ငံမ်ား၏ ၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္ေနရာ ပစိဖိတ္ကြၽန္း ႏိုင္ငံမ်ားအေနျဖင့္ ဘက္ေ႐ြးရန္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရသည္။ တ႐ုတ္ႏိုင္ငံသည္ ဖစိဖိတ္ကြၽန္း ႏိုင္ငံမ်ားႏွင့္ စီးပြားေရး၊ လုံၿခဳံေရး ဆက္ဆံမႈတြင္ ပိုမိုနက္ရႈိင္းလာသည္။ အေမရိကန္ႏွင့္ ၎၏ မဟာမိတ္မ်ားကလည္း ဖစိဖိတ္ကြၽန္းႏိုင္ငံမ်ားတြင္ သံ႐ုံးသစ္မ်ားဖြင့္လွစ္ျခင္း၊ ထိေတြ႕ ဆက္ဆံမႈမ်ား ပိုမိုျပဳလုပ္ျခင္းျဖင့္ တ႐ုတ္ႏိုင္ငံ၏ လႊမ္းမိုးမႈကို တန္ျပန္ရန္ ႀကိဳးပမ္းလာသည္။ အထူးသျဖင့္ ဆိုလိုမြန္ကြၽန္းႏိုင္ငံႏွင့္ တြန္ဂါႏိုင္ငံတို႔တြင္ ျဖစ္သည္။
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ မွန္ၾကည့္သကဲ့သို႔ ၾကည့္ေနၾက သည္။ တ႐ုတ္ႏိုင္ငံဘက္မွရႈျမင္ခ်က္မွာ ပစိဖိတ္ေဒသ၊ အာဖရိကေဒသႏွင့္ လက္တင္အေမရိက ေဒသတို႔တြင္ တ႐ုတ္ႏိုင္ငံ၏ တရားဝင္ပူးေပါင္းေဆာင္႐ြက္မႈမ်ားအား အေမရိကန္ႏိုင္ငံက ဖ်က္လို ဖ်က္ဆီးလုပ္ရန္ ႀကိဳးပမ္းေနသည္ဟုရႈျမင္သည္။ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားအားလုံးတြင္ ဖြံ႕ၿဖိဳးေရး မိတ္ဖက္မ်ားအားလုံးႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ပူးေပါင္းေဆာင္႐ြက္ရန္ ဖိတ္ေခၚပိုင္ခြင့္ရွိသည္ဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ပါပူဝါနယူဂီနီသို႔ ေရာက္ရွိစဥ္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အဆိုပါ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံလုံးသည္ ေခ်ာကလက္ႏွင့္ေကာ္ဖီပို႔ကုန္မွ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာက႑အထိ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္မည့္သေဘာတူညီခ်က္ အမ်ားအျပား လက္မွတ္ေရးထိုးခဲ့ၾကသည္။ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားသည္ ေဒသခံျပည္သူမ်ား၏ ေနအိမ္ မ်ားျဖစ္ၿပီး မည္သည့္အင္အားႀကီးႏိုင္ငံ၏ ေနာက္ေဖဝင္ေပါက္မဟုတ္ေၾကာင္း မစၥတာဝမ္ယိက ေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံတြင္လည္း စိုးရိမ္စရာမ်ားရွိသည္။ အေမရိကန္ႏိုင္ငံဘက္မွ ရႈျမင္ခ်က္မွာ တ႐ုတ္ ႏိုင္ငံသည္ အေမရိကန္၏ ၾသဇာလႊမ္းမိုးမႈကို အားနည္းေစရန္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားႏွင့္ စီးပြားေရး ပူးေပါင္း ေဆာင္႐ြက္မႈ ခ်ဲ႕ထြင္ေနသည္ဟု ရႈျမင္သည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ေရးရာမ်ားတြင္ ဝင္႐ိုစုံ ကမာၻႀကီးစိုးသည့္အထိုင္ ပိုမိုအသက္ဝင္လာေစေရး တြန္းအားေပးေနသည္။ ယင္းကို Global South ကလည္း ေဒါက္တိုင္တစ္ခုအျဖစ္ ပါဝင္ေနသည္ဟု အေမရိကန္ႏိုင္ငံက ယူဆသည္။ ယင္းမွာ အေမရိကန္တို႔၏ ၾသဇာအာဏာက်ဆင္းေရးအတြက္ ႀကိဳးပမ္းခ်က္အျဖစ္ ရႈျမင္ေနျခင္းျဖစ္သည္။ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔ၾကား မယုံၾကည္မႈနက္ရႈိင္းလာျခင္းသည္ အျခားေသာ တတိယ ႏိုင္ငံ မ်ားႏွင့္ဆက္ဆံေရးအေပၚ သက္ေရာက္လာၿပီး ဘက္တစ္ဖက္ဖက္အား မျဖစ္မေနေ႐ြးခ်ယ္ရန္ ျဖစ္လာေစသည္။

ေသခ်ာသည္မွာ Global South အတြင္းတြင္လည္း မတူကြဲျပားမႈမ်ားက ရွိေနသည္။ Global South တြင္ အေရးပါဆုံးႏွင့္အျငင္းပြားရဆုံး ႏွစ္ႏိုင္ငံမွာ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔ ျဖစ္ၿပီး လြန္ခဲ့သည့္ ဆယ္စုႏွစ္ေလးစုအတြင္း ႏွစ္ႏိုင္ငံဆက္ဆံေရး အနိမ့္ဆုံးအေျခအေနသို႔ ေရာက္ရွိေနသည္။ တ႐ုတ္ ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ BRICS ကဲ့သို႔ေသာ ႏိုင္ငံစုံပါဝင္သည့္ ဖိုရမ္မ်ားတြင္ ထိေတြ႕ဆက္ဆံေသာ္ လည္း ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္မူ မလႊဲသာမေရွာင္သာသည့္ ဘုံအက်ိဳးစီးပြား ကိစၥမ်ားတြင္သာ ထိေတြ႕ဆက္ဆံသည္ကို ေတြ႕ရသည္။ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ Global South ႏိုင္ငံမ်ားႏွင့္ အတူ ေရွ႕ခရီးဆက္ေနၾကသည္။ တ႐ုတ္ႏိုင္ငံသည္ လာမည့္ ၂၀၂၅ ခုႏွစ္တြင္ အေရးပါသည့္ Global South ထိပ္သီးအစည္းအေဝးႏွစ္ခုကို လက္ခံက်င္းပမည္ျဖစ္သည္။ တစ္ခုမွာ Forum on China-Africa Cooperation(FOCAC) ႏွင့္ အျခားတစ္ခုမွာ China-Latin American ၊ Caribbean Forum (China-CELAC)တို႔ ျဖစ္သည္။ ႏွစ္ႏိုင္ငံလုံးသည္ BRICS အဖြဲ႕ဝင္ခ်ဲ႕ထြင္ေရး ေဆာင္႐ြက္ရာတြင္ အေရးပါသည့္အခန္းက႑တြင္ ရွိၾကသည္။ အီဂ်စ္၊ အီသီယိုပီးယား၊ အီရန္ႏွင့္ ယူေအအီးႏိုင္ငံတို႔ကို လည္း အဖြဲ႕အတြင္းသို႔ စည္း႐ုံးသိမ္းသြင္းႏိုင္ခဲ့သည္။ Global South ႏိုင္ငံမ်ားၾကားတြင္ ရွိေနသည့္ ခံစားခ်က္မွာ ၎တို႔သည္ multiple crises ေခၚ အက်ပ္အတည္း အမ်ိဳးမ်ိဳးတို႔၏ ႐ိုက္ခတ္မႈ လႈိင္းလုံး ကို ႀကဳံေတြ႕ေနရသည္ ဆိုသည့္အခ်က္ပင္ ျဖစ္သည္။ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အိႏၵိယႏိုင္ငံ၊ နယူေဒလီၿမိဳ႕တြင္ လက္ခံက်င္းပခဲ့သည့္ Global South ထိပ္သီး အစည္းအေဝးအၿပီး ထုတ္ျပန္သည့္ ေၾကညာခ်က္တြင္ ယင္းကဲ့သို႔ ေဖာ္ျပထားျခင္းျဖစ္သည္။ သို႔ေသာ္ ယင္းေၾကညာခ်က္သည္ အေနာက္ ႏိုင္ငံမ်ား၏ အာ႐ုံစိုက္မႈကို မရရွိခဲ့ဟုဆို သည္။

Global South ထိပ္သီးအစည္းအေဝးတြင္ စိုးရိမ္စရာတစ္ခုအျဖစ္ ေဖာ္ျပသည့္အခ်က္မွာ ပထဝီႏိုင္ငံေရးပဋိပကၡေၾကာင့္ ျဖစ္ေပၚလာသည့္စားနပ္ရိကၡာႏွင့္ စြမ္းအင္က႑အေပၚ အက်ိဳး သက္ေရာက္မႈ ျဖစ္သည္။ Global South ႏိုင္ငံမ်ားအေနျဖင့္ ပဋိပကၡမ်ားၾကားတြင္ ဘက္တစ္ဖက္ တြင္ ရပ္တည္ရမည့္ အေရးႏွင့္ပတ္သက္၍ စိုးရိမ္မႈႀကီးလာသည္။ တစ္ဖက္တြင္လည္း ပဋိပကၡမ်ား သည္ ဖြံ႕ၿဖိဳးဆဲကမာၻ၏ လုံၿခဳံေရး၊ လူေနမႈဘဝႏွင့္ စီးပြားေရးအေပၚ အက်ိဳးသက္ေရာက္မႈမ်ားအား မေျဖရွင္းႏိုင္မည္ကိုလည္း စိုးရိမ္လာသည္။ ယူကရိန္းစစ္ပြဲသည္ Global South ႏိုင္ငံမ်ား၏ စားနပ္ ရိကၡာႏွင့္ စြမ္းအင္လုံၿခဳံေရးအေပၚ မ်ားစြာအက်ိဳးသက္ေရာက္ေစခဲ့သည္။ ဂါဇာတြင္ ပဋိပကၡမ်ား ဆက္ျဖစ္ေနျခင္းသည္ Global South ႏိုင္ငံမ်ားအတြက္ အေနာက္ႏိုင္ငံမ်ား၏ ေၾကာင္သူေတာ္ဝါဒ မ်က္ႏွာဖုံးကို ကြာက်ေစခဲ့သည္။

Global South ႏိုင္ငံမ်ားသည္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အိႏၵိယႏိုင္ငံ၊ နယူေဒလီတြင္ က်င္းပခဲ့သည့္ ထိပ္သီးအစည္းအေဝးတြင္လည္း ရာသီဥတုေျပာင္းလဲမႈႏွင့္ပတ္သက္၍ အေလး အနက္ေျပာဆိုခဲ့ၾကသည္။ အဆိုပါထိပ္သီးအစည္းအေဝးတြင္ မည္သည့္ႏိုင္ငံမွ ဆင္းရဲႏြမ္းပါးမႈ တိုက္ဖ်က္ေရးႏွင့္ ကမာၻၿဂိဳဟ္အတြက္ တိုက္ခိုက္ရမည့္ တိုက္ပြဲၾကားတြင္ ေ႐ြးခ်ယ္မေနသင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည္။ အေနာက္ႏိုင္ငံမ်ားသည္ အေျပာသာရွိၿပီး လက္ေတြ႕ အေကာင္အထည္ မေဖာ္ၾကသူမ်ား ျဖစ္သည္ဟု Global South ႏိုင္ငံမ်ားက ရႈျမင္ၾကသည္။

Global South အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကားတြင္ ေျဖရွင္းရမည့္ ရႈပ္ေထြးသည့္ ျပႆနာတစ္ရပ္ ကလည္း ရွိေနျပန္သည္။ Global South ၏ ဦးေဆာင္အဖြဲ႕ဝင္တစ္ႏိုင္ငံ ျဖစ္သည့္ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံႏွင့္အတူ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ ငါးႏိုင္ငံတြင္ တစ္ႏိုင္ငံ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံသည္လည္း အေမရိကန္ႏိုင္ငံႏွင့္အတူ ကုလသမဂၢလုံၿခဳံေရးေကာင္စီ ျပဳျပင္ ေျပာင္းလဲေရးအေပၚ စိတ္အားထက္သန္မႈမရွိသည္ကို ေတြ႕ေနရသည္။ Global South အဖြဲ႕ဝင္ႏိုင္ငံ မ်ား ျဖစ္သည့္ ဘရာဇီးလ္၊ အိႏၵိယႏွင့္ အာဖရိကရွိ ႏိုင္ငံအမ်ားစုသည္ ကမာၻတြင္ အေရးႀကီးဆုံးေသာ လုံၿခဳံေရးအင္စတီက်ဴးရွင္းအား ပိုမိုက်ယ္ျပန႔္ၿပီး ပိုမိုတရားမွ်တမႈရွိေသာ ျပဳျပင္ေျပာင္းလဲမႈ ျပဳလုပ္ ရန္ ေတာင္းဆိုေနၾကသည္။ သို႔ေသာ္ ျပဳျပင္ေျပာင္းလဲႏိုင္မည့္ အလားအလာမွာ အလွမ္းေဝးေနဆဲ ျဖစ္သည္။

သို႔ျဖစ္ရာ Global South ၏ အနာဂတ္ မည္သို႔ရွိမည္၊ မည္မွ်အထိ ခရီးဆက္ေနႏိုင္မည္ဟု ေမးလာပါက မေသခ်ာမေရရာမႈမ်ား ရွိေနဆဲဟုပင္ ဆိုရမည္ျဖစ္သည္။ သို႔ေသာ္ ေသခ်ာသည့္အခ်က္ မွာ Global South သည္ အရွိန္အဟုန္ျဖင့္ ႏိုးထလာၿပီး ကမာၻ႔အထိုင္တြင္ ၎အတြက္ ေနရာ တစ္ေနရာ ေတာင္းဆိုေနၿပီဆိုသည့္အခ်က္ပင္ျဖစ္သည္။ Global South သည္ အဖြဲ႕အတြင္း အက္ေၾကာင္းတစ္ခ်ိဳ႕ရွိေသာ္လည္း ၎၏အသံသည္ က်ယ္ေလာင္ၿပီး ထိေရာက္မႈ ရွိသည္ ဆိုသည့္ အခ်က္ကို သိရွိသြားၿပီ ျဖစ္သည္။ သို႔ျဖစ္ရာ အသံက်ယ္က်ယ္ ထုတ္ေနႏိုင္သမွ် Global South မွာ အေရးပါေနဦးမည္ ျဖစ္သည္မွာ ျငင္းဆန္၍မရသည့္ အရွိတရားတစ္ခု ျဖစ္ေနသည္။

Related news

© 2021. All rights reserved.