ငြိမ်းချမ်းရေး( မြန်မာ့ငြိမ်းချမ်းရေးခရီး အနီးအဝေး၊ အတိမ်အနက် သမိုင်းကောက်ကြောင်းများ နှင့် ခြေရာများ) ( အပိုင်း(၂) - ဇာတ်သိမ်းပိုင်း) (အခန်းဆက်‌ဆောင်းပါးရှည်)

 1175

ဒေါက်တာအေးမောင်(NP News) - ဇူလိုင် ၂၄

“အသုံးချခံသက်သက်ဆိုလျှင်ဖြင့် ရှုပ်ထွေးလွန်းပြီး လွတ်လပ် ရေးသမိုင်းနှင့်အတူ ချီတက်လာ ခဲ့ရသည့် ငြိမ်းချမ်းရေးမည်သော သွေးနံ့လွှမ်းနေဆဲ ခက်ခဲသည့် ဤပုစ္ဆာသည် ရလဒ်အဖြေထွက်ရန် ကွေ့ကောက်ရှည်ကြာနေဦးမည်အမှန်ဖြစ်၏။”

သမိုင်း၌ထားရစ်ခဲ့သင့်သည့်အမွေအနှစ်
၈။ အချိန်ရထားသည် သူသွားရမည့်သမိုင်းခရီးကို သွားမြဲသွားနေ၏။ လူတစ်ဦးချင်းမှသည် လူမျိုးတစ် မျိုး လူမျိုးပေါင်းစုံ၊ နယ်ပယ်တစ်ခုမှသည် နိုင်ငံတစ်နိုင်ငံ နိုင်ငံပေါင်းစုံတို့သည်လည်း သမိုင်းကြောင်းခရီး ရှည်၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးကို မမောတမ်း ဖြတ်သန်းမြဲ ဖြတ်သန်းနေကြမည်မှာ အမှန်ဖြစ်၏။ သမိုင်း၏ ကောင်းမွေဆိုးမွေသည် မျိုးဆက် သစ်များ၏အနာဂတ်နှင့် တိုက်ရိုက်စပ်ဆိုင်၏။ ဆိုးမွေ ချန်ခဲ့လျှင် ရုန်းထရန် အတော်ကြိုးစားကြရမည်ဖြစ်သလို၊ ကောင်းမွေကို အပ်နှံနိုင်ခဲ့လျှင်ဖြင့် ဖြောင့်ဖြူးသည့် အနာဂတ်ခရီး၏ကြိုဆိုမှုကို ခံကြရဖွယ်ရှိပေ၏။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်များအတွက် မည်ကဲ့သို့သော သမိုင်းအမွေအနှစ်များကို ထားရစ်ခဲ့ကြမည်နည်း၊ ထားရစ်ခဲ့သင့် သနည်း၊ ထားရစ်ခဲ့ကြမှ ဖြစ်မည်နည်းဆိုသည့် မေးခွန်းများ၏အဖြေသည် ကျွန်ုပ်တို့ တစ်ဦးချင်းနှင့် သက်ဆိုင်သလို၊ ကျွန်ုပ်တို့ အားလုံးနှင့်လည်းသက်ဆိုင်၏။ ကျွန်ုပ်တို့အားလုံးတွင်လည်း တာဝန်ရှိပေ၏။

ငြိမ်းချမ်းရေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုက်ရိုက်အချိုးကျ၏
၉။ ကျွန်ုပ်တို့၏ လက်ကျန်သက်တမ်းကာလအထိ မငြိမ်းချမ်းနိုင်ခဲ့သော၊ မဖွံ့ဖြိုးမတိုးတက်နိုင်ခဲ့သော ပြဿနာပေါင်းစုံဖြင့် ရှေ့ခရီးမဆက်နိုင် ခြေမဆန့်နိုင်ဘဲ ဆုံလည်နွားကဲ့သို့ ချည်တိုင်မှ ရုန်းမထွက်နိုင် သော၊ ယမ်းနံ့ဝေ၊ သွေးမြေကျဆဲဖြစ်သည့် ဖြစ်ရပ်ဆိုးများမှ နိုးထရုန်းထွက်နိုင်ရန် သတ္တိမွေးနိုင်ကြရမည် ဖြစ်၏။ အတူရုန်းထနိုင်ရန် ယုံကြည်မှု ခိုင်မာနိုင်ကြရမည် ဖြစ်၏။ တစ်ဦးအပေါ်တစ်ဦး ခွင့်လွှတ်နိုင်ရန် သဘောထား ကြီးနိုင်ကြရမည်ဖြစ်၏။ မိမိ၏ရပ်တည်ချက်၊ အယူအဆ၊ ခံယူချက်တို့ကို စွန့်လွှတ်နိုင်ကြရ မည်ဖြစ်၏။ နည်းတူ ဘုံသဘောတူညီချက်ရရှိအောင် ညှိနှိုင်း နိုင်ကြရမည်၊ အပေးအယူ လုပ်နိုင်ကြရမည် ဖြစ်၏။ ကျွန်ုပ်တို့၏ လူမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ် ကျေးမှု၊ အနုပညာ၊ သမိုင်းနောက်ခံ၊ အသား အရောင်တို့ မည်သို့ပင်ကွဲပြားကြပါစေ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ချစ်ကြည်မှု၊ နားလည်မှု၊ ယုံကြည်မှု တို့ကို အမျိုးသားချင်း တန်းတူခြင်း၊ ကိုယ်တို့၏ကံကြမ္မာကို ကိုယ်တို့ကိုယ်တိုင် ဖန်တီးနိုင်ခြင်း၊ ကိုယ်ပိုင် အုပ်ချုပ် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၏ စစ်မှန်သောအခွင့်အရေး နှင့် အမှန်တရားပေါ်တွင် ဘုံရပ်တည်နိုင် ခြင်း စသော စည်းနှောင်အားကောင်းသည့် စုဖွဲ့မှု၊ ညီညွတ်ပြီး ခိုင်မာသည့်ရပ်တည်မှု၊ သံသယကင်းသည့် ယုံကြည်မှုတို့ ဖြင့် ရေရှည်တည်တံ့သည့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတည်းဟူသော မိခင်ဥပဒေအရ၊ ဖက်ဒ ရယ်ပြည် ထောင်စုစစ်စစ် ဖြစ်တည်ရေးအိပ်မက် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးသည် ကျွန်ုပ်တို့ ၏ ပစ္စုပ္ပန်ကာလ၌ မဆုတ်မနစ်သောဇွဲလုံ့လဖြင့် ကျွန်ုပ်တို့ အားထုတ်ကြိုးပမ်းကြရမည့် ရေရှည်တည်တံ့ ခိုင်မြဲသော စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်တည်မှုခရီး ပေါက်မြောက်မှုနှင့် တိုက်ရိုက်အချိုးကျ သည်ဖြစ် ရာ ငြိမ်းချမ်းရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ် အဖြေထုတ်သင့်ပေ၏။ ကျွန်ုပ်တို့အားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်စစ်စစ်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်မှုအပေါ်၌သာ မြန်မာ့ငြိမ်းချမ်းရေးသည် လုံးလုံးမူတည်နေသည်ဟု ခံယူမိပါ၏။ ပိုမို ခိုင်မြဲစွာဖြင့် ယူဆယုံကြည်မိ လာပါ၏။

ငြိမ်းချမ်းရေးသည် အသုံးချခံလက်နက် သက်သက်လော
၁၀။ ငြိမ်းချမ်းရေးသည် ပြည်သူ့အကြိုက်ဖြစ်ရာ ဝါဒဖြန့်ချိရေး၏ အသုံးတည့်သည့် လက်နက်တစ်ခု လည်း ဖြစ်၏။ သူ့အကြိုက်လိုက်၊ သူ့စကားပြော၊ စိမ့်ဝင်၊ အသွင်ယူ၊ ဟန်ပြ ထိုးဖောက် သမိုင်းခြေရာ ကောက်တော့ ငြိမ်းချမ်းရေးဟူသည့်ဝေါဟာရသည် အသုံးချခံ သက်သက်လား။ အနှစ်သာရရှိရှိ၊ စေတနာပါပါ၊ အဖြေရှာခဲ့ကြတာကမှ မှန်ခဲ့ကြရဲ့လား၊ ဟုတ်ခဲ့ကြရဲ့လား ဟူသည့်မေးခွန်းတို့သည် အစီအရီမေးသင့်သည့်မေးခွန်းများဟု လက်ခံဖြစ်လာမိ၏။ ဆိုရှယ်လစ်သည် ဂေါက်သီးရိုက်သူတွေ အတွက် အသုံးချခံ၊ တောင်သူလယ်သမားဦးကြီးများသည် ကြားရသူကိုနားဝင်ချိုမြစေသည့် ဝေါဟာရ သက်သက်လား၊ တာဝန်ကျေ စပါးတင်းပြည့်မသွင်းနိုင်လို့ နွေနေပူပူမှာ အင်္ကျီမဲ့ အဝတ်ဗလာနဲ့ နေလှန်း ခံခဲ့ကြရတဲ့ ဆိုရှယ်လစ်ကာလက ဖြစ်စဉ်တွေ ရင်နှင့်အမျှခံစားခဲ့ကြရတာတွေက သမိုင်းဖြစ်ရပ် အမှန် တွေပါ။ ဟန်ပြသည် ထာဝရမခံ၊ အတုသည် အစစ်မဟုတ်၊ ပြည်သူသည်သာ အမိ၊ ပြည်သူသည်သာ အဖ ဝေါဟာရသည် ဆိုင်းဘုတ်ချိတ်ပြရုံ သက်သက်လား။ ပြည်သူကို ရေလို၊ လလို ကျင့်ပါ၊ ပြည်သူ့ဘဝ လွတ်မြောက်ရေး တိုက်ပွဲဝင်နေတာဖြစ်၊ ပြည်သူနှင့်အတူ၊ ပြည်သူသည်သာ အခရာ၊ ကျမကလည်း ပြည်သူတွေကိုချစ်ပါတယ်၊ မိဘပြည်သူများခင်ဗျာ စသည့် သံစဉ်နိမ့်မြင့်တို့သည် ကရုဏာ ရသပေါ်ရုံ သက်သက်၊ နားကြားကောင်းရုံ သက်သက်ပဲလား။ လားပေါင်းများစွာရဲ့ အဖြေအစစ်ကို ဖွေရှာကြရမည်က ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဖြစ်သည်ဟုလည်း မှတ်ချက်ပြုဖြစ်ပါ၏။

ပြည်ထောင်စုသည် အမွေလုစရာ စစ်မြေပြင်လော
၁၁။ ပြည်ထောင်စုမည်သော ဝေါဟာရသည်ကော ကျွန်ုပ်တို့တွေအားလုံး၏ အသုံးချခံ သက်သက်လား၊ ပြည်ထောင်စုသည် အမွေလုစရာစစ်မြေပြင်သက်သက်လား၊ ကျွန်ုပ်တို့သည် ပြည်ထောင်စုအတွက်လား၊ ပြည်ထောင်စုသည် ကျွန်ုပ်တို့အတွက်လား၊ မိမိကိုယ် မိမိတို့ ကိုယ်တိုင် သေသေချာချာ အကြိမ်ကြိမ် မေး ဖြစ်မိကြပါပြီလား၊ အဖြေက မသေချာ/မရေရာကြသေးရင်ဖြင့် ငြိမ်းချမ်းရေးဟူသည့်စကားရပ်သည် ကျွန်ုပ်တို့နှင့် ဝေးနေဦးမည်သာဖြစ်၏ဟု မှတ်ချက်ပြုလိုပါ၏။

ကျွန်ုပ်တို့အချင်းချင်း အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာနေမှ ငြိမ်းချမ်းမှုကနဦးခြေလှမ်းက အသက်ဝင်လာမည်ထင်မိရပါ၏။ အနှစ်သာရမပါ၊ မာယာများပြီး၊ အသုံးချခံသက်သက်ဆိုလျှင်ဖြင့် ရှုပ် ထွေးလွန်းပြီး လွတ်လပ်ရေးသမိုင်းနှင့်အတူ ချီတက်လာခဲ့ရသည့် ငြိမ်းချမ်းရေးမည်သော သွေးနံ့လွှမ်းနေ ဆဲ ခက်ခဲသည့်ဤပုစ္ဆာသည် ရလဒ်အဖြေထွက်ရန် ကွေ့ကောက်ရှည်ကြာနေဦးမည်အမှန်ဖြစ်၏။ သူသူ ငါငါ လက်နက်သဖွယ် အသုံးချနေကြဦးမည်သာဖြစ်၏။ ပြည်ထောင်စုမည်သောစကားရပ်နှင့် ငြိမ်းချမ်း ရေးမည်သောစကားရပ်တို့သည်လည်း အသုံးချခံ ဝေါဟာရဖြစ်မြဲ ဖြစ်နေဦးမည်ဟုသာ ယုံမှတ်မိပါ၏။ အသုံးချခံမဟုတ်သော စစ်မှန်သည့် ပြည်ထောင်စု ဖြစ်ရန်၊ အသုံးချခံစကားရပ်အဖြစ် အသုံးပြုခဲ့ကြ သော ငြိမ်းချမ်းရေးမှသည် ရေရှည်တည်တံ့သည့် ယင်းမှတစ်ဆင့် ထာဝရတည်တံ့ခိုင်မာသည့် ငြိမ်း ချမ်းရေးအဖြစ်သို့ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲဖြစ်တည်ရေးသည် ကျွန်ုပ်တို့အားလုံးမှ ကိုယ်တိုင် သံသယကင်းသည့် ယုံကြည်မှုအပြည့်ဖြင့် ရိုးသားစွာ၊ ညီညွတ်စွာ အချင်းချင်းတွေ့ဆုံ၊ ဆွေးနွေး အဖြေရှာခြင်းကို ဘုံသဘောတူညီမှုရလဒ်ရရှိသည်အထိ ဇွဲမလျှော့ဘဲ အားထုတ်ကြိုးပမ်း ပူးပေါင်းဆောင်ရွက်ကြခြင်း နည်းလမ်းမှလွဲ၍ အခြားနည်းလမ်း မမြင်မိသေးပါကြောင်း ဟုသာ ထင်မြင်မိရပါ၏။

လူတန်းစားလွတ်မြောက်ရေးထက် အမျိုးသားလွတ်မြောက်ရေးသည် အရေးကြီး၏
၁၂။ ဗကပ တို့၏ စီစီဝမ်တာပန်၊ ကျိုင်းတုံဒေသ သိမ်းပိုက်ရေးထိုးစစ်၊ ကေအင်ယူ တို့၏ နယ်မြေ ဝမ်းခ၊ မော်ဖောကေ၊ မာနယ်ပလောစစ်ဆင်ရေး၊ တရုတ်နယ်စပ် အရှေ့မြောက်ဒေသ ရှမ်းအရှေ့နှင့် ထိုင်းနယ်စပ် အရှေ့တောင်ဒေသတို့၌ ဗုံးသံ၊ အမြောက်သံ၊ လေယာဉ်သံတွေနဲ့ ပွက်ပွက်ညံ၊ ဟုန်း ဟုန်းတောက်၊ ထောင်းထောင်းကြေ၊ သိမ့်သိမ့်တုံ၊ ငရဲဘုံတမျှ အဆိုပါ ကာလများ၌ ဖြစ်ခဲ့ရပေ၏။ ကြား ခဲ့ကြရပေ၏။ အမှန်ဖြစ်ပျက်ခဲ့ကြရပေ၏။ သေကျေ ပျက်စီးမှု ကြီးမားခဲ့ရပေ၏။ အဆိုပါကာလ၌ ကျား ကျားထိုးသံ၊ မိုးယံထိုးဖောက် ဘန်ကာပျိုအို၊ ဥမင် ဖြိုခွင်း၊ ခက်ခဲခြင်း၊ ရက်စက်ခြင်း၊ ကြမ်းတမ်းခြင်း၊ အသက်ပေးခြင်းတွေရဲ့ရလဒ်က ဝမ်းနည်းဖွယ်လား၊ အောင်ပွဲလား၊ ကာလတိုရှည်ကျော်ဖြတ်ရင်းနှင့် သူရ ဘွဲ့တွေရကြ၊ အလေးနီတွေပြုကြ၊ အမျိုးသားလွတ်မြောက်ရေးကြွေးကြော်ရင်း အောင်ပွဲတွေခံကြနဲ့၊ မြန် မာ့ကောင်းကင်ယံသည် ဝက်ဝက်ကွဲမျှ ညံခဲ့ရပေ၏။ လွတ်လပ်သည်မှ ဆယ်စုနှစ် လေးခုကျော်လာသည့် တိုင် တိုင်းရင်းသားတွေရဲ့ နယ်စပ်ဒေသတွေမှာဖြင့် ယမ်းနံ့တွေ ဝေမြဲ/ဝေဆဲ၊ သွေးညှီနံ့တွေ လှိုင်မြဲ/ လှိုင်ဆဲ၊ မီးခိုးနံ့တွေကလည်း ရှူရှိုက်ရမြဲ/ရှူရှိုက်နေကြရဆဲ၊ ဒေါသ၊ မောဟ၊ မာန်၊ မာနတွေနဲ့လည်း ယဉ် ပါးမြဲ ယဉ်ပါးနေကြရဆဲ၊ ကြိမ်းဝါးသံ၊ တက်ခေါက်သံတွေကြား နားဝင်ချိုမြနေကြရဆဲ၊ ရက်စက်မှု၊ က လဲ့စားချေမှု၊ မာနနဲ့ ရန်ငြိုးတွေကလည်း သူနိုင်ကိုယ် နိုင် အားပြိုင်နေကြဆဲမို့ မြန်မာ့လွတ်လပ်ရေးရဲ့ ခက် ခဲ ကြမ်းတမ်းလွန်းတဲ့ ဆယ်စုနှစ်ကာလတွေကို ဖြတ် ကျော်နေကြရတဲ့ ထူးခြားသည့်ကာလ ဖြစ်သလို နဝတ /နယက ၏ အခက်ခဲဆုံးအချိန်တွင် အရဲရင့်ဆုံး နှင့်အအောင်မြင်ဆုံး သမိုင်းမှတ်တိုင် သစ်များကို စိုက်ထူနိုင်ခဲ့သည့် အောင်ပွဲခံကာလများဟုလည်း မှတ်တမ်းပြုဖြစ်ကြမည်ထင်ရ၏။ ပစ္စည်းမဲ့ တော်လှန်ရေး၊ လူတန်းစားလွတ်မြောက်ရေးနှင့် တိုင်းရင်းသားများ၏အမျိုးသားလွတ်မြောက်မှု လက်နက်ကိုင်တော်လှန်ရေးကြား တဖြည်းဖြည်း စူးနစ်ရင့်မှည့်လာသည့် မြားချက်ကတော့ နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍ၏ ပြဿနာ၊ နိုင်ငံရေးမှူးနှင့်တပ်မဟာမှူးများကြား၊ မဟာလူမျိုးကြီးဝါဒ ၏ လွှမ်းမိုးမှု၊ သေပေးတိုက်ပေးရသော်လည်း အအုပ်ချုပ်ခံဘဝ၊ အရာရာကို ပါတီနှင့် နိုင်ငံရေးကပဲ ဦးဆောင်ရတာကိုး၊ မည်သို့ပင်ဆိုပါစေ၊ နဝတ၊ နယက ၏ ခေတ်တစ်ခေတ် စစ်အုပ်ချုပ်ရေး ကာလ ရှည်မှာ တိုက်ပွဲများနှင့်အတူ ငြိမ်းချမ်းရေး၏ ကနဦးခြေလှမ်းအဖြစ် အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှု များကိုဖြင့် ကြိုကြားကြိုကြား ခပ်စိပ်စိပ်တွေ့လာရပေ၏။ ခပ်သွက်သွက် စစ်ကစား ကြသလို စစ်နားချိန် တွေကလည်း နှစ်ဖက်လုံး လိုအပ်နေကြမှာမို့ ပြည်သူတွေအတွက်ကဖြင့် လက်ကမ်းကြိုဆိုကြရမှာ အမှန်ပင် ဖြစ်ပါ၏။

ထူးခြားစွာ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးလာသည့်အထူးဒေသများ
၁၃။ သည်လိုနှင့် အရှေ့မြောက်ဒေသ ကိုးကန့်တိုင်း ရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်ကစခဲ့သည့် တိုင်းရင်းသားတပ်မဟာမှူးများ၏ အမျိုးသားလွတ် မြောက်မှုတော်လှန်ရေး၏ ဌာနချုပ်သိမ်းပိုက်မှု၊ တိုင်းရင်းသားဒေသက မောင်းထုတ်၊ တွန်းလှန်မှုနောက် ဗကပ ဗဟိုပြိုကွဲ၊ အရှေ့မြောက်နယ်ထဲက တရုတ်ပြည် ဝမ်တိမ်သို့ရောက်၊ ပြည်ပခိုလှုံ အဝေးရောက် ပါတီနှင့် ဥက္ကဋ္ဌကြီး သခင်ဗသိန်းတင်၊ ဗိုလ်ချုပ် ကျော်ဇော၊ ရဲဘော်ကျော်မြ၊ ရဲဘော်ဖိုးသံချောင်းတို့၏ ဗကပ သည် ပဲခူးရိုးမနှင့် သခင် သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်တို့ အလွန်၌ နဝတ/နယက၏ စစ်အုပ်ချုပ်ရေး ကာလရှည်တွင် မိမိပါတီ ဝင် တိုင်းရင်းသား စစ်ခေါင်းဆောင် တပ်မဟာမှူးများ၏ တော်လှန်ပုန်ကန်မှုကြောင့် သမိုင်းအရ အကြီးမားဆုံးသော ကျရှုံးမှုကြီးကို ရင်ဆိုင်ရင်း၊ အခက်ခဲဆုံးသော ကာလရှည်ကြီးကို ဖြတ်သန်းကာ ကျရှုံးသူအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေ၏။ မုန်းကိုး၊ ကြူကုတ်ပန်ဆန်း၊ ချင်းရွှေဟော်၊ ပန် ဆန်း၊ မိုင်းလား၊ လွိုင်ဇာတို့ မြို့ပြသစ်နှင့် မိတ်ဆက်ခံရ၊ ငြိမ်းချမ်းမှု၏အသီးအပွင့် ဒီရေအလား စီးပွားဖွံ့ဖြိုးမှုက အရှိန်ရ၊ အနောက်နိုင်ငံများ၏ မူးယစ်ဆေးဝါး သံသယကို ကျော်ဖြတ်၊ နယ်စပ်ကုန်သွယ်ရေးနှင့် သတ္တုတူးဖော် ရေးကို ရှေ့တန်းတင်၊ အထူးဒေသမို့ အထူးအခွင့်အရေးတွေကရ၊ နှစ်သုံးဆယ်ခန့်အကြာမှာဖြင့် အချို့ပြည်နယ်၏ မြို့တော်ကြီးများထက် စည်ကား၊ စည်ပင်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးလာရခြင်း၏အကြောင်း ရင်းကိုက မိမိတို့ဒေသကို မိမိတို့ကိုယ်တိုင် စစ်မှန်စွာ အုပ်ချုပ်ပိုင်ခွင့်ရခြင်း၏ အကျိုးဆက်ကြောင့် ဖြစ် သည်ဟု သုံးသပ်ပါက မှားမည်ဟုမထင်ပေ။

ကိုးကန့်မှသည် ဒိုမီနိုသီအိုရီအတိုင်း ဆက်တိုက်တိုင်းရင်းသားဒေသများ ငြိမ်းချမ်းလာလိုက်တာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးရမ်မော်ချင်း၊ “ဝ”ဒေသ ပန်ဆန်းက ဦးကျောက်ညီလိုင်၊ ဦးပေါက်ယူ ချမ်း၊ ရွှေတြိဂံဒေသ မိုင်းလားက ဦးစိုင်းလင်း၊ ကချင် ပြည်နယ် လချိတ်လူမျိုးများနေထိုင်ရာ ပန်းဝါက ဦး စခုန်တိန့်ယိန်း၊ လွိုင်ဇာက ဦးအင်ဘန်လ၊ ဦးလဆန်း အောင်ဝါ၊ ရှမ်းအရှေ့မြောက်ဒေသ စိန်ကျော့က ဦး စဝ်ကိုင်ဖနှင့် ဗိုလ်ချုပ်ဆေထင်၊ ကွတ်ခိုင်ကောင်းခါး ဒေသက ဦးမထုနော်၊ ပလောင်ဒေသက ဦးအိုက် မုန်း၊ ရှမ်းတောင် ပအို့ဝ်ပ်ဒေသ ကျောက်တလုံးက ဦးအောင်ခမ်းထီ၊ ကယားပြည်နယ် နဂါး၊ ကျားအဖွဲ့က ဦးထွန်းကျော် စသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ခင်ညွန့်တို့တွေ တွေ့ဆုံကြ ဆွေးနွေး ကြနှင့် နှစ်ဖက်အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး သဘောတူကြ၊ ပြည်နယ်အလိုက် အထူးဒေသကြီး၊ လတ်၊ ငယ်၊ သေးတွေ အစီအရီပေါ်ထွန်း၊ နှစ်ဖက် သဘောတူ ငြိမ်းချမ်းရေးယူသည့်အဖွဲ့က ယူကြ၊ လက်နက် နှင့် ငြိမ်းချမ်းရေးလဲသည့်အဖွဲ့က လဲကြနှင့် ပေါ်ထွန်းလာသည့် အထူးဒေသ၊ နယ်မြေတွေက အများ အပြား အစီအရီ၊ ငြိမ်းချမ်းရေး၏ရောင်နီကိုဖြင့် သန်းစပြုပြီဟု ထင်မှတ်မိရ၊ လွမ်းစရာ၊ အမှတ်ရစရာ၊ ဂုဏ်ယူစရာဒေသတွေ ကာလတွေဖြစ်ခဲ့တာအမှန်ပါပဲ။ ပြည်ထောင်စုရေလို့ဖြင့် မိမိ၏မှတ်စု၌ မှတ်မှတ် ရရ ရေးဖြစ်မိပါ၏။
အပစ်ရပ်ရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ နိုင်ငံရေးကိစ္စသည် တတိယ

၁၄။ နဝတ/နယက ကာလဖြစ်ထွန်းပေါ်ပေါက်လာသည့် အထူးဒေသတွေက၊ ကချင်မှာ (၂)ခု၊ ရှမ်းမှာ (၇)ခု၊ ကယားမှာ(၃)ခု၊ ကရင်နီဒေသက(၃)ဖွဲ့၊ ရ လလဖ၊ မွန်ပြည်သစ်၊ ဒီကေဘီအေ၊ ဟောင်သရော အထူးဒေသတို့က ငြိမ်းချမ်းရေးရယူ၊ လက်နက်နှင့် ငြိမ်းချမ်းရေးလဲကြတာက ကရင်ပြည်နယ်၊ ဘားအံ မြို့နယ် ငြိမ်းချမ်းရေးအဖွဲ့ ဦးစောထွန်းဦး၏ ရခိုင်ကွန် မြူနစ်အဖွဲ့၊ ရှမ်းအမျိုးသားတပ်မတော် (SNA)ဟို မိန်းဒေသအဖွဲ့နှင့် ရွှေပြည်အေး (MTA)၊ မန်ပန်ဌာနေ ပြည်သူ့စစ် စသည်စသည်ဖြင့် ဒို့ညီအစ်ကိုအချင်း ချင်း၊ သွေးမြေမကျစေရေး အပစ်အခတ်ရပ်စဲရေးသည် ပထမ၊ ဒေသ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးသည် ဒုတိယ၊ ရှုပ်ထွေးလွန်းသည့် နိုင်ငံရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုကိုဖြင့် ပေါ်ထွန်းလာမည့် နိုင်ငံရေးအစိုးရ ကာလမှာမှပဲ ဆောင်ရွက်ကြရမှာမို့ တတိယဟု သတ်မှတ်သလို ဖြစ်ရခြင်းသည်ကလည်း နိုင်ငံရေးအရ ညင်သာသည့်အရွှေ့လိမ္မာသည့် ရွေးချယ်မှု၊ ငြိမ်းချမ်းမှု၏ အစသည် အပစ်အခတ် ရပ်စဲခြင်းကဟု ယေဘုယျ သတ်မှတ်၍ရပါ ပေ၏။ အဆိုပါကာလ စစ်အုပ်ချုပ် ရေးနှင့် နဝတ၊ နယက၏ ရပ်တည်ချက်၊ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များ၏ခံယူချက်တို့ သည် မှန်ကန်ခဲ့သည် ဟု မှတ်ချက်ပြုလိုပါ၏။ ရက်မှသည် လ၊ လမှသည် နှစ် ပြောင်း၊ စစ်အုပ်ချုပ်ရေး ကာလရှည်ကလည်း ဆယ်စုနှစ် နှစ်ခုကျော် ကြာညောင်းလာ၊ အချိန်ယူ ရေးဆွဲခဲ့ရသည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်ကြီးကလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် အတည်ဖြစ်လာ၊ အထူးဒေသ တွေကလည်း အပစ် အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းမှုတွေကြောင့် တည်ငြိမ် မှုပိုရှိလာ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု တွေကလည်း မြေ ပေါ်၊ မြေအောက် သယံဇာတတွေ၊ နယ်စပ်ကုန်သွယ်ရေးတွေကြောင့် အရှိန်အဟုန်က မြင့်သည်ထက်မြင့်လာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လုပ်ပိုင်ခွင့်တွေကလည်း ပြည်နယ်တွေထက်ပိုသည့် အထူးလုပ်ပိုင်ခွင့်များ ရလာကြသည်ကိုက ဂုဏ်ယူဖွယ်၊ ဝမ်းမြောက်ဖွယ်၊ အတုယူဖွယ်၊ အားကျဖွယ် ဖြစ်ရာ အထူးဒေသများ၏ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသအချင်းချင်း အလှချင်း ပြိုင်ကြမည်ဖြစ်သလို မငြိမ်းချမ်း သည့် ဒေသများအတွက်လည်း အားကျစဖွယ်၊ အတု ယူစဖွယ်၊ ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်စေမှု ရသကို တစ်ပြိုင်တည်း အစဉ်ပေးနေမည်ဟုသာ ထင်မှတ်မိရပါ၏။ အထူးဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင် ရသည်မှာ တစ်နိုင်ငံ စနစ်နှစ်မျိုးနှင့် တရုတ်ပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာပုံကို မြင်ယောင်ရသလိုပင်ဖြစ်၏။ တည်ငြိမ်သည့် နိုင်ငံရေးစနစ်နှင့် ဈေးကွက်ဖွင့် အ ရင်းရှင်စီးပွားရေးစနစ်တို့ကို တရုတ်သွင်ပြင်လက္ခဏာနှင့် အချိုးညီပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု မြင်မိ၏။

zawgyi version
ၿငိမ္းခ်မ္းေရး( ျမန္မာ့ၿငိမ္းခ်မ္းေရးခရီး အနီးအေဝး၊ အတိမ္အနက္ သမိုင္းေကာက္ေၾကာင္းမ်ား ႏွင့္ ေျခရာမ်ား) ( အပိုင္း(၂) - ဇာတ္သိမ္းပိုင္း) (အခန္းဆက္‌ေဆာင္းပါးရွည္)
ေဒါက္တာေအးေမာင္(NP News) - ဇူလိုင္ ၂၄

“အသုံးခ်ခံသက္သက္ဆိုလွ်င္ျဖင့္ ရႈပ္ေထြးလြန္းၿပီး လြတ္လပ္ ေရးသမိုင္းႏွင့္အတူ ခ်ီတက္လာ ခဲ့ရသည့္ ၿငိမ္းခ်မ္းေရးမည္ေသာ ေသြးနံ႔လႊမ္းေနဆဲ ခက္ခဲသည့္ ဤပုစာၦသည္ ရလဒ္အေျဖထြက္ရန္ ေကြ႕ေကာက္ရွည္ၾကာေနဦးမည္အမွန္ျဖစ္၏။”

သမိုင္း၌ထားရစ္ခဲ့သင့္သည့္အေမြအႏွစ္
၈။ အခ်ိန္ရထားသည္ သူသြားရမည့္သမိုင္းခရီးကို သြားၿမဲသြားေန၏။ လူတစ္ဦးခ်င္းမွသည္ လူမ်ိဳးတစ္ မ်ိဳး လူမ်ိဳးေပါင္းစုံ၊ နယ္ပယ္တစ္ခုမွသည္ ႏိုင္ငံတစ္ႏိုင္ငံ ႏိုင္ငံေပါင္းစုံတို႔သည္လည္း သမိုင္းေၾကာင္းခရီး ရွည္၏။ အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္ ကာလသုံးပါးကို မေမာတမ္း ျဖတ္သန္းၿမဲ ျဖတ္သန္းေနၾကမည္မွာ အမွန္ျဖစ္၏။ သမိုင္း၏ ေကာင္းေမြဆိုးေမြသည္ မ်ိဳးဆက္ သစ္မ်ား၏အနာဂတ္ႏွင့္ တိုက္႐ိုက္စပ္ဆိုင္၏။ ဆိုးေမြ ခ်န္ခဲ့လွ်င္ ႐ုန္းထရန္ အေတာ္ႀကိဳးစားၾကရမည္ျဖစ္သလို၊ ေကာင္းေမြကို အပ္ႏွံႏိုင္ခဲ့လွ်င္ျဖင့္ ေျဖာင့္ျဖဴးသည့္ အနာဂတ္ခရီး၏ႀကိဳဆိုမႈကို ခံၾကရဖြယ္ရွိေပ၏။ ကြၽႏ္ုပ္တို႔သည္ ကြၽႏ္ုပ္တို႔၏ အနာဂတ္ မ်ိဳးဆက္မ်ားအတြက္ မည္ကဲ့သို႔ေသာ သမိုင္းအေမြအႏွစ္မ်ားကို ထားရစ္ခဲ့ၾကမည္နည္း၊ ထားရစ္ခဲ့သင့္ သနည္း၊ ထားရစ္ခဲ့ၾကမွ ျဖစ္မည္နည္းဆိုသည့္ ေမးခြန္းမ်ား၏အေျဖသည္ ကြၽႏ္ုပ္တို႔ တစ္ဦးခ်င္းႏွင့္ သက္ဆိုင္သလို၊ ကြၽႏ္ုပ္တို႔ အားလုံးႏွင့္လည္းသက္ဆိုင္၏။ ကြၽႏ္ုပ္တို႔အားလုံးတြင္လည္း တာဝန္ရွိေပ၏။

ၿငိမ္းခ်မ္းေရးသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ တိုက္႐ိုက္အခ်ိဳးက်၏
၉။ ကြၽႏ္ုပ္တို႔၏ လက္က်န္သက္တမ္းကာလအထိ မၿငိမ္းခ်မ္းႏိုင္ခဲ့ေသာ၊ မဖြံ႕ၿဖိဳးမတိုးတက္ႏိုင္ခဲ့ေသာ ျပႆနာေပါင္းစုံျဖင့္ ေရွ႕ခရီးမဆက္ႏိုင္ ေျခမဆန႔္ႏိုင္ဘဲ ဆုံလည္ႏြားကဲ့သို႔ ခ်ည္တိုင္မွ ႐ုန္းမထြက္ႏိုင္ ေသာ၊ ယမ္းနံ႔ေဝ၊ ေသြးေျမက်ဆဲျဖစ္သည့္ ျဖစ္ရပ္ဆိုးမ်ားမွ ႏိုးထ႐ုန္းထြက္ႏိုင္ရန္ သတၱိေမြးႏိုင္ၾကရမည္ ျဖစ္၏။ အတူ႐ုန္းထႏိုင္ရန္ ယုံၾကည္မႈ ခိုင္မာႏိုင္ၾကရမည္ ျဖစ္၏။ တစ္ဦးအေပၚတစ္ဦး ခြင့္လႊတ္ႏိုင္ရန္ သေဘာထား ႀကီးႏိုင္ၾကရမည္ျဖစ္၏။ မိမိ၏ရပ္တည္ခ်က္၊ အယူအဆ၊ ခံယူခ်က္တို႔ကို စြန႔္လႊတ္ႏိုင္ၾကရ မည္ျဖစ္၏။ နည္းတူ ဘုံသေဘာတူညီခ်က္ရရွိေအာင္ ညႇိႏႈိင္း ႏိုင္ၾကရမည္၊ အေပးအယူ လုပ္ႏိုင္ၾကရမည္ ျဖစ္၏။ ကြၽႏ္ုပ္တို႔၏ လူမ်ိဳး၊ ဘာသာ၊ သာသနာ၊ စာေပ၊ ယဥ္ ေက်းမႈ၊ အႏုပညာ၊ သမိုင္းေနာက္ခံ၊ အသား အေရာင္တို႔ မည္သို႔ပင္ကြဲျပားၾကပါေစ၊ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ခ်စ္ၾကည္မႈ၊ နားလည္မႈ၊ ယုံၾကည္မႈ တို႔ကို အမ်ိဳးသားခ်င္း တန္းတူျခင္း၊ ကိုယ္တို႔၏ကံၾကမၼာကို ကိုယ္တို႔ကိုယ္တိုင္ ဖန္တီးႏိုင္ျခင္း၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ ကိုယ္ပိုင္ျပ႒ာန္းပိုင္ခြင့္၏ စစ္မွန္ေသာအခြင့္အေရး ႏွင့္ အမွန္တရားေပၚတြင္ ဘုံရပ္တည္ႏိုင္ ျခင္း စေသာ စည္းေႏွာင္အားေကာင္းသည့္ စုဖြဲ႕မႈ၊ ညီၫြတ္ၿပီး ခိုင္မာသည့္ရပ္တည္မႈ၊ သံသယကင္းသည့္ ယုံၾကည္မႈတို႔ ျဖင့္ ေရရွည္တည္တံ့သည့္၊ ဖြဲ႕စည္းပုံ အေျခခံဥပေဒတည္းဟူေသာ မိခင္ဥပေဒအရ၊ ဖက္ဒ ရယ္ျပည္ ေထာင္စုစစ္စစ္ ျဖစ္တည္ေရးအိပ္မက္ ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ေရးသည္ ကြၽႏ္ုပ္တို႔ ၏ ပစၥဳပၸန္ကာလ၌ မဆုတ္မနစ္ေသာဇြဲလုံ႔လျဖင့္ ကြၽႏ္ုပ္တို႔ အားထုတ္ႀကိဳးပမ္းၾကရမည့္ ေရရွည္တည္တံ့ ခိုင္ၿမဲေသာ စစ္မွန္သည့္ ၿငိမ္းခ်မ္းေရးျဖစ္တည္မႈခရီး ေပါက္ေျမာက္မႈႏွင့္ တိုက္႐ိုက္အခ်ိဳးက် သည္ျဖစ္ ရာ ၿငိမ္းခ်မ္းေရးကို ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဆက္စပ္ အေျဖထုတ္သင့္ေပ၏။ ကြၽႏ္ုပ္တို႔အားလုံး လက္ခံႏိုင္သည့္ ဖက္ဒရယ္စစ္စစ္ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ ျဖစ္ထြန္းေပၚေပါက္မႈအေပၚ၌သာ ျမန္မာ့ၿငိမ္းခ်မ္းေရးသည္ လုံးလုံးမူတည္ေနသည္ဟု ခံယူမိပါ၏။ ပိုမို ခိုင္ၿမဲစြာျဖင့္ ယူဆယုံၾကည္မိ လာပါ၏။

ၿငိမ္းခ်မ္းေရးသည္ အသုံးခ်ခံလက္နက္ သက္သက္ေလာ
၁၀။ ၿငိမ္းခ်မ္းေရးသည္ ျပည္သူ႔အႀကိဳက္ျဖစ္ရာ ဝါဒျဖန္႔ခ်ိေရး၏ အသုံးတည့္သည့္ လက္နက္တစ္ခု လည္း ျဖစ္၏။ သူ႔အႀကိဳက္လိုက္၊ သူ႔စကားေျပာ၊ စိမ့္ဝင္၊ အသြင္ယူ၊ ဟန္ျပ ထိုးေဖာက္ သမိုင္းေျခရာ ေကာက္ေတာ့ ၿငိမ္းခ်မ္းေရးဟူသည့္ေဝါဟာရသည္ အသုံးခ်ခံ သက္သက္လား။ အႏွစ္သာရရွိရွိ၊ ေစတနာပါပါ၊ အေျဖရွာခဲ့ၾကတာကမွ မွန္ခဲ့ၾကရဲ႕လား၊ ဟုတ္ခဲ့ၾကရဲ႕လား ဟူသည့္ေမးခြန္းတို႔သည္ အစီအရီေမးသင့္သည့္ေမးခြန္းမ်ားဟု လက္ခံျဖစ္လာမိ၏။ ဆိုရွယ္လစ္သည္ ေဂါက္သီး႐ိုက္သူေတြ အတြက္ အသုံးခ်ခံ၊ ေတာင္သူလယ္သမားဦးႀကီးမ်ားသည္ ၾကားရသူကိုနားဝင္ခ်ိဳျမေစသည့္ ေဝါဟာရ သက္သက္လား၊ တာဝန္ေက် စပါးတင္းျပည့္မသြင္းႏိုင္လို႔ ေႏြေနပူပူမွာ အက်ႌမဲ့ အဝတ္ဗလာနဲ႔ ေနလွန္း ခံခဲ့ၾကရတဲ့ ဆိုရွယ္လစ္ကာလက ျဖစ္စဥ္ေတြ ရင္ႏွင့္အမွ်ခံစားခဲ့ၾကရတာေတြက သမိုင္းျဖစ္ရပ္ အမွန္ ေတြပါ။ ဟန္ျပသည္ ထာဝရမခံ၊ အတုသည္ အစစ္မဟုတ္၊ ျပည္သူသည္သာ အမိ၊ ျပည္သူသည္သာ အဖ ေဝါဟာရသည္ ဆိုင္းဘုတ္ခ်ိတ္ျပ႐ုံ သက္သက္လား။ ျပည္သူကို ေရလို၊ လလို က်င့္ပါ၊ ျပည္သူ႔ဘဝ လြတ္ေျမာက္ေရး တိုက္ပြဲဝင္ေနတာျဖစ္၊ ျပည္သူႏွင့္အတူ၊ ျပည္သူသည္သာ အခရာ၊ က်မကလည္း ျပည္သူေတြကိုခ်စ္ပါတယ္၊ မိဘျပည္သူမ်ားခင္ဗ်ာ စသည့္ သံစဥ္နိမ့္ျမင့္တို႔သည္ က႐ုဏာ ရသေပၚ႐ုံ သက္သက္၊ နားၾကားေကာင္း႐ုံ သက္သက္ပဲလား။ လားေပါင္းမ်ားစြာရဲ႕ အေျဖအစစ္ကို ေဖြရွာၾကရမည္က ကြၽႏ္ုပ္တို႔ကိုယ္တိုင္ပင္ ျဖစ္သည္ဟုလည္း မွတ္ခ်က္ျပဳျဖစ္ပါ၏။

ျပည္ေထာင္စုသည္ အေမြလုစရာ စစ္ေျမျပင္ေလာ
၁၁။ ျပည္ေထာင္စုမည္ေသာ ေဝါဟာရသည္ေကာ ကြၽႏ္ုပ္တို႔ေတြအားလုံး၏ အသုံးခ်ခံ သက္သက္လား၊ ျပည္ေထာင္စုသည္ အေမြလုစရာစစ္ေျမျပင္သက္သက္လား၊ ကြၽႏ္ုပ္တို႔သည္ ျပည္ေထာင္စုအတြက္လား၊ ျပည္ေထာင္စုသည္ ကြၽႏ္ုပ္တို႔အတြက္လား၊ မိမိကိုယ္ မိမိတို႔ ကိုယ္တိုင္ ေသေသခ်ာခ်ာ အႀကိမ္ႀကိမ္ ေမး ျဖစ္မိၾကပါၿပီလား၊ အေျဖက မေသခ်ာ/မေရရာၾကေသးရင္ျဖင့္ ၿငိမ္းခ်မ္းေရးဟူသည့္စကားရပ္သည္ ကြၽႏ္ုပ္တို႔ႏွင့္ ေဝးေနဦးမည္သာျဖစ္၏ဟု မွတ္ခ်က္ျပဳလိုပါ၏။

ကြၽႏ္ုပ္တို႔အခ်င္းခ်င္း အျပန္အလွန္ ယုံၾကည္မႈ ပိုမိုခိုင္မာေနမွ ၿငိမ္းခ်မ္းမႈကနဦးေျခလွမ္းက အသက္ဝင္လာမည္ထင္မိရပါ၏။ အႏွစ္သာရမပါ၊ မာယာမ်ားၿပီး၊ အသုံးခ်ခံသက္သက္ဆိုလွ်င္ျဖင့္ ရႈပ္ ေထြးလြန္းၿပီး လြတ္လပ္ေရးသမိုင္းႏွင့္အတူ ခ်ီတက္လာခဲ့ရသည့္ ၿငိမ္းခ်မ္းေရးမည္ေသာ ေသြးနံ႔လႊမ္းေန ဆဲ ခက္ခဲသည့္ဤပုစာၦသည္ ရလဒ္အေျဖထြက္ရန္ ေကြ႕ေကာက္ရွည္ၾကာေနဦးမည္အမွန္ျဖစ္၏။ သူသူ ငါငါ လက္နက္သဖြယ္ အသုံးခ်ေနၾကဦးမည္သာျဖစ္၏။ ျပည္ေထာင္စုမည္ေသာစကားရပ္ႏွင့္ ၿငိမ္းခ်မ္း ေရးမည္ေသာစကားရပ္တို႔သည္လည္း အသုံးခ်ခံ ေဝါဟာရျဖစ္ၿမဲ ျဖစ္ေနဦးမည္ဟုသာ ယုံမွတ္မိပါ၏။ အသုံးခ်ခံမဟုတ္ေသာ စစ္မွန္သည့္ ျပည္ေထာင္စု ျဖစ္ရန္၊ အသုံးခ်ခံစကားရပ္အျဖစ္ အသုံးျပဳခဲ့ၾက ေသာ ၿငိမ္းခ်မ္းေရးမွသည္ ေရရွည္တည္တံ့သည့္ ယင္းမွတစ္ဆင့္ ထာဝရတည္တံ့ခိုင္မာသည့္ ၿငိမ္း ခ်မ္းေရးအျဖစ္သို႔ အသြင္သဏၭာန္ေရာ အႏွစ္သာရပါ ေျပာင္းလဲျဖစ္တည္ေရးသည္ ကြၽႏ္ုပ္တို႔အားလုံးမွ ကိုယ္တိုင္ သံသယကင္းသည့္ ယုံၾကည္မႈအျပည့္ျဖင့္ ႐ိုးသားစြာ၊ ညီၫြတ္စြာ အခ်င္းခ်င္းေတြ႕ဆုံ၊ ေဆြးေႏြး အေျဖရွာျခင္းကို ဘုံသေဘာတူညီမႈရလဒ္ရရွိသည္အထိ ဇြဲမေလွ်ာ့ဘဲ အားထုတ္ႀကိဳးပမ္း ပူးေပါင္းေဆာင္႐ြက္ၾကျခင္း နည္းလမ္းမွလြဲ၍ အျခားနည္းလမ္း မျမင္မိေသးပါေၾကာင္း ဟုသာ ထင္ျမင္မိရပါ၏။

လူတန္းစားလြတ္ေျမာက္ေရးထက္ အမ်ိဳးသားလြတ္ေျမာက္ေရးသည္ အေရးႀကီး၏
၁၂။ ဗကပ တို႔၏ စီစီဝမ္တာပန္၊ က်ိဳင္းတုံေဒသ သိမ္းပိုက္ေရးထိုးစစ္၊ ေကအင္ယူ တို႔၏ နယ္ေျမ ဝမ္းခ၊ ေမာ္ေဖာေက၊ မာနယ္ပေလာစစ္ဆင္ေရး၊ တ႐ုတ္နယ္စပ္ အေရွ႕ေျမာက္ေဒသ ရွမ္းအေရွ႕ႏွင့္ ထိုင္းနယ္စပ္ အေရွ႕ေတာင္ေဒသတို႔၌ ဗုံးသံ၊ အေျမာက္သံ၊ ေလယာဥ္သံေတြနဲ႔ ပြက္ပြက္ညံ၊ ဟုန္း ဟုန္းေတာက္၊ ေထာင္းေထာင္းေၾက၊ သိမ့္သိမ့္တုံ၊ ငရဲဘုံတမွ် အဆိုပါ ကာလမ်ား၌ ျဖစ္ခဲ့ရေပ၏။ ၾကား ခဲ့ၾကရေပ၏။ အမွန္ျဖစ္ပ်က္ခဲ့ၾကရေပ၏။ ေသေက် ပ်က္စီးမႈ ႀကီးမားခဲ့ရေပ၏။ အဆိုပါကာလ၌ က်ား က်ားထိုးသံ၊ မိုးယံထိုးေဖာက္ ဘန္ကာပ်ိဳအို၊ ဥမင္ ၿဖိဳခြင္း၊ ခက္ခဲျခင္း၊ ရက္စက္ျခင္း၊ ၾကမ္းတမ္းျခင္း၊ အသက္ေပးျခင္းေတြရဲ႕ရလဒ္က ဝမ္းနည္းဖြယ္လား၊ ေအာင္ပြဲလား၊ ကာလတိုရွည္ေက်ာ္ျဖတ္ရင္းႏွင့္ သူရ ဘြဲ႕ေတြရၾက၊ အေလးနီေတြျပဳၾက၊ အမ်ိဳးသားလြတ္ေျမာက္ေရးေႂကြးေၾကာ္ရင္း ေအာင္ပြဲေတြခံၾကနဲ႔၊ ျမန္ မာ့ေကာင္းကင္ယံသည္ ဝက္ဝက္ကြဲမွ် ညံခဲ့ရေပ၏။ လြတ္လပ္သည္မွ ဆယ္စုႏွစ္ ေလးခုေက်ာ္လာသည့္ တိုင္ တိုင္းရင္းသားေတြရဲ႕ နယ္စပ္ေဒသေတြမွာျဖင့္ ယမ္းနံ႔ေတြ ေဝၿမဲ/ေဝဆဲ၊ ေသြးညႇီနံ႔ေတြ လႈိင္ၿမဲ/ လႈိင္ဆဲ၊ မီးခိုးနံ႔ေတြကလည္း ရႉရႈိက္ရၿမဲ/ရႉရႈိက္ေနၾကရဆဲ၊ ေဒါသ၊ ေမာဟ၊ မာန္၊ မာနေတြနဲ႔လည္း ယဥ္ ပါးၿမဲ ယဥ္ပါးေနၾကရဆဲ၊ ႀကိမ္းဝါးသံ၊ တက္ေခါက္သံေတြၾကား နားဝင္ခ်ိဳျမေနၾကရဆဲ၊ ရက္စက္မႈ၊ က လဲ့စားေခ်မႈ၊ မာနနဲ႔ ရန္ၿငိဳးေတြကလည္း သူႏိုင္ကိုယ္ ႏိုင္ အားၿပိဳင္ေနၾကဆဲမို႔ ျမန္မာ့လြတ္လပ္ေရးရဲ႕ ခက္ ခဲ ၾကမ္းတမ္းလြန္းတဲ့ ဆယ္စုႏွစ္ကာလေတြကို ျဖတ္ ေက်ာ္ေနၾကရတဲ့ ထူးျခားသည့္ကာလ ျဖစ္သလို နဝတ /နယက ၏ အခက္ခဲဆုံးအခ်ိန္တြင္ အရဲရင့္ဆုံး ႏွင့္အေအာင္ျမင္ဆုံး သမိုင္းမွတ္တိုင္ သစ္မ်ားကို စိုက္ထူႏိုင္ခဲ့သည့္ ေအာင္ပြဲခံကာလမ်ားဟုလည္း မွတ္တမ္းျပဳျဖစ္ၾကမည္ထင္ရ၏။ ပစၥည္းမဲ့ ေတာ္လွန္ေရး၊ လူတန္းစားလြတ္ေျမာက္ေရးႏွင့္ တိုင္းရင္းသားမ်ား၏အမ်ိဳးသားလြတ္ေျမာက္မႈ လက္နက္ကိုင္ေတာ္လွန္ေရးၾကား တျဖည္းျဖည္း စူးနစ္ရင့္မွည့္လာသည့္ ျမားခ်က္ကေတာ့ ႏိုင္ငံေရးႏွင့္ စစ္ေရးဦးေဆာင္မႈ အခန္းက႑၏ ျပႆနာ၊ ႏိုင္ငံေရးမႉးႏွင့္တပ္မဟာမႉးမ်ားၾကား၊ မဟာလူမ်ိဳးႀကီးဝါဒ ၏ လႊမ္းမိုးမႈ၊ ေသေပးတိုက္ေပးရေသာ္လည္း အအုပ္ခ်ဳပ္ခံဘဝ၊ အရာရာကို ပါတီႏွင့္ ႏိုင္ငံေရးကပဲ ဦးေဆာင္ရတာကိုး၊ မည္သို႔ပင္ဆိုပါေစ၊ နဝတ၊ နယက ၏ ေခတ္တစ္ေခတ္ စစ္အုပ္ခ်ဳပ္ေရး ကာလ ရွည္မွာ တိုက္ပြဲမ်ားႏွင့္အတူ ၿငိမ္းခ်မ္းေရး၏ ကနဦးေျခလွမ္းအျဖစ္ အပစ္အခတ္ ရပ္စဲေရး ႀကိဳးပမ္းမႈ မ်ားကိုျဖင့္ ႀကိဳၾကားႀကိဳၾကား ခပ္စိပ္စိပ္ေတြ႕လာရေပ၏။ ခပ္သြက္သြက္ စစ္ကစား ၾကသလို စစ္နားခ်ိန္ ေတြကလည္း ႏွစ္ဖက္လုံး လိုအပ္ေနၾကမွာမို႔ ျပည္သူေတြအတြက္ကျဖင့္ လက္ကမ္းႀကိဳဆိုၾကရမွာ အမွန္ပင္ ျဖစ္ပါ၏။

ထူးျခားစြာ ၿငိမ္းခ်မ္း၊ တည္ၿငိမ္၊ ဖြံ႕ၿဖိဳးလာသည့္အထူးေဒသမ်ား
၁၃။ သည္လိုႏွင့္ အေရွ႕ေျမာက္ေဒသ ကိုးကန႔္တိုင္း ရင္းသားေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ကစခဲ့သည့္ တိုင္းရင္းသားတပ္မဟာမႉးမ်ား၏ အမ်ိဳးသားလြတ္ ေျမာက္မႈေတာ္လွန္ေရး၏ ဌာနခ်ဳပ္သိမ္းပိုက္မႈ၊ တိုင္းရင္းသားေဒသက ေမာင္းထုတ္၊ တြန္းလွန္မႈေနာက္ ဗကပ ဗဟိုၿပိဳကြဲ၊ အေရွ႕ေျမာက္နယ္ထဲက တ႐ုတ္ျပည္ ဝမ္တိမ္သို႔ေရာက္၊ ျပည္ပခိုလႈံ အေဝးေရာက္ ပါတီႏွင့္ ဥကၠ႒ႀကီး သခင္ဗသိန္းတင္၊ ဗိုလ္ခ်ဳပ္ ေက်ာ္ေဇာ၊ ရဲေဘာ္ေက်ာ္ျမ၊ ရဲေဘာ္ဖိုးသံေခ်ာင္းတို႔၏ ဗကပ သည္ ပဲခူး႐ိုးမႏွင့္ သခင္ သန္းထြန္း၊ သခင္ဇင္၊ သခင္ခ်စ္တို႔ အလြန္၌ နဝတ/နယက၏ စစ္အုပ္ခ်ဳပ္ေရး ကာလရွည္တြင္ မိမိပါတီ ဝင္ တိုင္းရင္းသား စစ္ေခါင္းေဆာင္ တပ္မဟာမႉးမ်ား၏ ေတာ္လွန္ပုန္ကန္မႈေၾကာင့္ သမိုင္းအရ အႀကီးမားဆုံးေသာ က်ရႈံးမႈႀကီးကို ရင္ဆိုင္ရင္း၊ အခက္ခဲဆုံးေသာ ကာလရွည္ႀကီးကို ျဖတ္သန္းကာ က်ရႈံးသူအျဖစ္ သမိုင္းတြင္ရစ္ခဲ့ေပ၏။ မုန္းကိုး၊ ၾကဴကုတ္ပန္ဆန္း၊ ခ်င္းေ႐ႊေဟာ္၊ ပန္ ဆန္း၊ မိုင္းလား၊ လြိဳင္ဇာတို႔ ၿမိဳ႕ျပသစ္ႏွင့္ မိတ္ဆက္ခံရ၊ ၿငိမ္းခ်မ္းမႈ၏အသီးအပြင့္ ဒီေရအလား စီးပြားဖြံ႕ၿဖိဳးမႈက အရွိန္ရ၊ အေနာက္ႏိုင္ငံမ်ား၏ မူးယစ္ေဆးဝါး သံသယကို ေက်ာ္ျဖတ္၊ နယ္စပ္ကုန္သြယ္ေရးႏွင့္ သတၱဳတူးေဖာ္ ေရးကို ေရွ႕တန္းတင္၊ အထူးေဒသမို႔ အထူးအခြင့္အေရးေတြကရ၊ ႏွစ္သုံးဆယ္ခန႔္အၾကာမွာျဖင့္ အခ်ိဳ႕ျပည္နယ္၏ ၿမိဳ႕ေတာ္ႀကီးမ်ားထက္ စည္ကား၊ စည္ပင္၊ ၿငိမ္းခ်မ္း၊ ဖြံ႕ၿဖိဳးလာရျခင္း၏အေၾကာင္း ရင္းကိုက မိမိတို႔ေဒသကို မိမိတို႔ကိုယ္တိုင္ စစ္မွန္စြာ အုပ္ခ်ဳပ္ပိုင္ခြင့္ရျခင္း၏ အက်ိဳးဆက္ေၾကာင့္ ျဖစ္ သည္ဟု သုံးသပ္ပါက မွားမည္ဟုမထင္ေပ။

ကိုးကန႔္မွသည္ ဒိုမီႏိုသီအိုရီအတိုင္း ဆက္တိုက္တိုင္းရင္းသားေဒသမ်ား ၿငိမ္းခ်မ္းလာလိုက္တာ ဦးဖုန္ၾကားရွင္၊ ဦးဖုန္ၾကားဖူး၊ ဦးရမ္ေမာ္ခ်င္း၊ “ဝ”ေဒသ ပန္ဆန္းက ဦးေက်ာက္ညီလိုင္၊ ဦးေပါက္ယူ ခ်မ္း၊ ေ႐ႊႀတိဂံေဒသ မိုင္းလားက ဦးစိုင္းလင္း၊ ကခ်င္ ျပည္နယ္ လခ်ိတ္လူမ်ိဳးမ်ားေနထိုင္ရာ ပန္းဝါက ဦး စခုန္တိန႔္ယိန္း၊ လြိဳင္ဇာက ဦးအင္ဘန္လ၊ ဦးလဆန္း ေအာင္ဝါ၊ ရွမ္းအေရွ႕ေျမာက္ေဒသ စိန္ေက်ာ့က ဦး စဝ္ကိုင္ဖႏွင့္ ဗိုလ္ခ်ဳပ္ေဆထင္၊ ကြတ္ခိုင္ေကာင္းခါး ေဒသက ဦးမထုေနာ္၊ ပေလာင္ေဒသက ဦးအိုက္ မုန္း၊ ရွမ္းေတာင္ ပအို႔ဝ္ပ္ေဒသ ေက်ာက္တလုံးက ဦးေအာင္ခမ္းထီ၊ ကယားျပည္နယ္ နဂါး၊ က်ားအဖြဲ႕က ဦးထြန္းေက်ာ္ စသည့္ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ဗိုလ္ခ်ဳပ္ခင္ၫြန႔္တို႔ေတြ ေတြ႕ဆုံၾက ေဆြးေႏြး ၾကႏွင့္ ႏွစ္ဖက္အပစ္ရပ္ေရး၊ ၿငိမ္းခ်မ္းေရး သေဘာတူၾက၊ ျပည္နယ္အလိုက္ အထူးေဒသႀကီး၊ လတ္၊ ငယ္၊ ေသးေတြ အစီအရီေပၚထြန္း၊ ႏွစ္ဖက္ သေဘာတူ ၿငိမ္းခ်မ္းေရးယူသည့္အဖြဲ႕က ယူၾက၊ လက္နက္ ႏွင့္ ၿငိမ္းခ်မ္းေရးလဲသည့္အဖြဲ႕က လဲၾကႏွင့္ ေပၚထြန္းလာသည့္ အထူးေဒသ၊ နယ္ေျမေတြက အမ်ား အျပား အစီအရီ၊ ၿငိမ္းခ်မ္းေရး၏ေရာင္နီကိုျဖင့္ သန္းစျပဳၿပီဟု ထင္မွတ္မိရ၊ လြမ္းစရာ၊ အမွတ္ရစရာ၊ ဂုဏ္ယူစရာေဒသေတြ ကာလေတြျဖစ္ခဲ့တာအမွန္ပါပဲ။ ျပည္ေထာင္စုေရလို႔ျဖင့္ မိမိ၏မွတ္စု၌ မွတ္မွတ္ ရရ ေရးျဖစ္မိပါ၏။
အပစ္ရပ္ေရးသည္ ပထမ၊ ၿငိမ္းခ်မ္းေရးသည္ ဒုတိယ၊ ႏိုင္ငံေရးကိစၥသည္ တတိယ

၁၄။ နဝတ/နယက ကာလျဖစ္ထြန္းေပၚေပါက္လာသည့္ အထူးေဒသေတြက၊ ကခ်င္မွာ (၂)ခု၊ ရွမ္းမွာ (၇)ခု၊ ကယားမွာ(၃)ခု၊ ကရင္နီေဒသက(၃)ဖြဲ႕၊ ရ လလဖ၊ မြန္ျပည္သစ္၊ ဒီေကဘီေအ၊ ေဟာင္သေရာ အထူးေဒသတို႔က ၿငိမ္းခ်မ္းေရးရယူ၊ လက္နက္ႏွင့္ ၿငိမ္းခ်မ္းေရးလဲၾကတာက ကရင္ျပည္နယ္၊ ဘားအံ ၿမိဳ႕နယ္ ၿငိမ္းခ်မ္းေရးအဖြဲ႕ ဦးေစာထြန္းဦး၏ ရခိုင္ကြန္ ျမဴနစ္အဖြဲ႕၊ ရွမ္းအမ်ိဳးသားတပ္မေတာ္ (SNA)ဟို မိန္းေဒသအဖြဲ႕ႏွင့္ ေ႐ႊျပည္ေအး (MTA)၊ မန္ပန္ဌာေန ျပည္သူ႔စစ္ စသည္စသည္ျဖင့္ ဒို႔ညီအစ္ကိုအခ်င္း ခ်င္း၊ ေသြးေျမမက်ေစေရး အပစ္အခတ္ရပ္စဲေရးသည္ ပထမ၊ ေဒသ တည္ၿငိမ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ၿငိမ္းခ်မ္းေရးသည္ ဒုတိယ၊ ရႈပ္ေထြးလြန္းသည့္ ႏိုင္ငံေရးက႑ ေဆြးေႏြးညႇိႏႈိင္းမႈကိုျဖင့္ ေပၚထြန္းလာမည့္ ႏိုင္ငံေရးအစိုးရ ကာလမွာမွပဲ ေဆာင္႐ြက္ၾကရမွာမို႔ တတိယဟု သတ္မွတ္သလို ျဖစ္ရျခင္းသည္ကလည္း ႏိုင္ငံေရးအရ ညင္သာသည့္အေ႐ႊ႕လိမၼာသည့္ ေ႐ြးခ်ယ္မႈ၊ ၿငိမ္းခ်မ္းမႈ၏ အစသည္ အပစ္အခတ္ ရပ္စဲျခင္းကဟု ေယဘုယ် သတ္မွတ္၍ရပါ ေပ၏။ အဆိုပါကာလ စစ္အုပ္ခ်ဳပ္ ေရးႏွင့္ နဝတ၊ နယက၏ ရပ္တည္ခ်က္၊ တိုင္းရင္းသားေတာ္လွန္ေရး ေခါင္းေဆာင္မ်ား၏ခံယူခ်က္တို႔ သည္ မွန္ကန္ခဲ့သည္ ဟု မွတ္ခ်က္ျပဳလိုပါ၏။ ရက္မွသည္ လ၊ လမွသည္ ႏွစ္ ေျပာင္း၊ စစ္အုပ္ခ်ဳပ္ေရး ကာလရွည္ကလည္း ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ၾကာေညာင္းလာ၊ အခ်ိန္ယူ ေရးဆြဲခဲ့ရသည့္ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပ ေဒသစ္ႀကီးကလည္း ျပည္လုံးကြၽတ္ဆႏၵခံယူပြဲႏွင့္ အတည္ျဖစ္လာ၊ အထူးေဒသ ေတြကလည္း အပစ္ အခတ္ရပ္စဲမႈ၊ ၿငိမ္းခ်မ္းမႈေတြေၾကာင့္ တည္ၿငိမ္ မႈပိုရွိလာ၊ ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈ ေတြကလည္း ေျမ ေပၚ၊ ေျမေအာက္ သယံဇာတေတြ၊ နယ္စပ္ကုန္သြယ္ေရးေတြေၾကာင့္ အရွိန္အဟုန္က ျမင့္သည္ထက္ျမင့္လာ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ လုပ္ပိုင္ခြင့္ေတြကလည္း ျပည္နယ္ေတြထက္ပိုသည့္ အထူးလုပ္ပိုင္ခြင့္မ်ား ရလာၾကသည္ကိုက ဂုဏ္ယူဖြယ္၊ ဝမ္းေျမာက္ဖြယ္၊ အတုယူဖြယ္၊ အားက်ဖြယ္ ျဖစ္ရာ အထူးေဒသမ်ား၏ ၿငိမ္းခ်မ္း၊ တည္ၿငိမ္၊ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ ေဒသအခ်င္းခ်င္း အလွခ်င္း ၿပိဳင္ၾကမည္ျဖစ္သလို မၿငိမ္းခ်မ္း သည့္ ေဒသမ်ားအတြက္လည္း အားက်စဖြယ္၊ အတု ယူစဖြယ္၊ ၿငိမ္းခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေစမႈ ရသကို တစ္ၿပိဳင္တည္း အစဥ္ေပးေနမည္ဟုသာ ထင္မွတ္မိရပါ၏။ အထူးေဒသမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျမင္ ရသည္မွာ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးႏွင့္ တ႐ုတ္ျပည္ႀကီး ဖြံ႕ၿဖိဳးတိုးတက္လာပုံကို ျမင္ေယာင္ရသလိုပင္ျဖစ္၏။ တည္ၿငိမ္သည့္ ႏိုင္ငံေရးစနစ္ႏွင့္ ေဈးကြက္ဖြင့္ အ ရင္းရွင္စီးပြားေရးစနစ္တို႔ကို တ႐ုတ္သြင္ျပင္လကၡဏာႏွင့္ အခ်ိဳးညီေပါင္းစပ္ထားျခင္း ျဖစ္သည္ဟု ျမင္မိ၏။

Related news

© 2021. All rights reserved.