ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးရာအတွက် ဝန်ကြီးဌာန ဘာလုပ်ပေးနေသလဲ (အပိုင်း-၁) (အင်တာဗျူး)

 713

ယွန်း (NP News) - ဇူလိုင် ၂၅

မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သော အလုပ်သမား များပြားရာနိုင်ငံတစ်ခုဖြစ် သည့်အပြင် ပြည်တွင်း၌ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး‌နောက်ပိုင်းကာလများတွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာနည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သည့်ပမာဏပိုမိုများပြားလာခဲ့သည်။ ထိုသို့သွားရောက်ရာတွင် တရားမဝင်သွား ရောက်မှုများကြောင့် ဖမ်းဆီးခံရမှုများလည်းရှိနေသည်။ ထို့ပြင် ပြည်ပရောက်မြန်မာလုပ်သားများ အပါ အဝင် ပြည်တွင်း၌လည်း လုပ်ငန်းရပိုင်ခွင့်ဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။ အဆိုပါကိစ္စများနှင့် ပတ် သက်၍ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ The Statesman ဂျာနယ်က ဝန်ကြီးဌာနထံ စာပို့ဆက်သွယ်မေးမြန်းထားသည်များကို NP News က မူရင်းအတိုင်း ဖော်ပြအပ်ပါသည်။

မေး - တရားဝင်လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ - (က) ၁၉-၆-၂၀၂၄ ရက်နေ့အထိ ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် ပြည်ပအလုပ်အကိုင် အကျိုး ဆောင် လိုင်စင်ရအေဂျင်စီ ၅၆၈ ခုရှိပြီး ယာယီပိတ်ထားသည့်အေဂျင်စီ ၇ ခု ရှိသဖြင့် လက်ရှိ လုပ်ငန်း ဆောင်ရွက်နေသည့် အေဂျင်စီ ၅၆၁ ခုရှိပါသည်။
(ခ) ပြည်ပ အလုပ်အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီ ၁၆၈ ခုရှိပြီး ယာယီပိတ်ထားသည့် အေဂျင်စီ ၅ ခုရှိသဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့်အေဂျင်စီ ၁၆၃ ခုရှိပါသည်။

မေး ။ လက်ရှိအချိန်အထိ ပြည်ပကိုထွက်ခွာ ပြီးတော့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ လုပ်သား အရေအတွက်ဘယ်လောက်ရှိပြီလဲ။ ပျမ်းမျှအားဖြင့် ဘယ်လောက်ထွက်ခွာနေလဲ။
ဖြေ ။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှု အရေအတွက်မှာ နိုင်ငံ ပေါင်း ၉၉ နိုင်ငံသို့ ၁,၈၂၅,၃၈၁ ဦးရှိပါတယ်။ နှစ်အလိုက်စာရင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၇၅၁၇၉ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၃၄၅၂ ဦး၊ ၂၀၂၂ ခုနှစ် တွင် ၁၈၇၄၆၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၁၀၆၈၈ ဦး၊ ၂၀၂၄ ခုနှစ် မေလအထိ ၁၀၂၈၆၁ ဦး ရှိပါသည်။

မေး ။ ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေထဲမှာ တရားမဝင်သွားရောက်မှုတွေလည်းရှိ နေပြီး ပြီးခဲ့တဲ့နှစ်က တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီးခံရသူ ဘယ်လောက်ရှိခဲ့ပါသလဲ။ သူတို့ အတွက် ဝန်ကြီးဌာနအနေနဲ့ ဘာတွေဆက်လက် ဆောင်ရွက်ပေးနေပါသလဲ။
ဖြေ ။ တရားမဝင်သွားရောက်မှုကြောင့် ဖမ်းဆီး ခံရသူများကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရနောင်း-ကော့သောင်း လမ်းကြောင်းဖြင့်လည်းကောင်း၊ မဲဆောက်-မြဝတီလမ်းကြောင်းဖြင့်လည်းကောင်း၊ မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းဖြင့် လည်း ကောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း၍ လွှဲပြောင်းလက်ခံပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်း၍ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင် ပေးလျက်ရှိပါသည်။

မေး ။ လုပ်သားအများစုဟာ ထိုင်းနိုင်ငံကိုပဲ သွားရောက်မှုများနေပြီးတော့ ထိုင်းနိုင်ငံဆိုရင် တခြား နိုင်ငံတွေထက် မြန်မာလုပ်သားပိုမိုများပြားနေတာကိုလည်း တွေ့ရပါတယ်။ လုပ်ခလစာမှာလည်း တခြားနိုင်ငံနဲ့ယှဉ်ရင် နည်းတာတွေ့ရတယ်။ ထိုင်းမှာ ရှိတဲ့ ကျွမ်းကျင်လုပ်သားတွေကို ပြန်ခေါ်ပြီးတော့ တခြားနိုင်ငံတွေကို ပို့တာမျိုးတွေ စသည်ဖြင့် လုပ်ပေးနေတာမျိုးတွေရှိလား။
ဖြေ ။ ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်ကို နှစ် နှစ်သက်တမ်းဖြင့်ချုပ်ဆို၍ စေလွှတ်လျက်ရှိပါသည်။ အလုပ်သမား များမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်သက်တမ်း နှစ်နှစ် ပြည့်မြောက်ပါက ထိုင်းအလုပ်ရှင်မှ အလုပ် သမားကို နှစ်သက်သဘောကျပါက နောက်ထပ် နှစ်နှစ် ထပ်မံသက်တိုး၍ ဆက်လက်အလုပ်လုပ်ကိုင်ခွင့် ရရှိပါသည်။ အလုပ်သမားသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် သက်တမ်း ၄ နှစ်ပြည့်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်ဖြစ်ပါသည်။ အဆိုပါ ၄ နှစ်ပြည့်မြောက်ပြီးသည့် အလုပ်သမားများကို အလုပ်ရှင်မှ ၎င်းတို့၏ ကျွမ်းကျင်မှုများကို သဘောကျပါက MOU U-turn စနစ်ဖြင့် ပြန်လည်ခေါ်ယူနိုင် ပါသည်။ ဆိုလိုသည်မှာ ထိုင်းနိုင်ငံသို့ အခြေခံ အလုပ်သမားအနေဖြင့်သွားရောက်ပြီး အလုပ်လုပ်ကိုင်ခဲ့ သည့်အလျောက် ကျွမ်းကျင်လုပ်သားဖြစ်လာပါက ၎င်းအလုပ်သမားသည် အနည်းဆုံး လုပ်ခလစာထက် ပိုမိုများသည့် လုပ်ခလစာကိုရရှိပါသည်။ ထိုင်းအလုပ်ရှင်မှလည်း ၎င်းအလုပ်သမားကို ပြန်လည်စေလွှတ် လိုခြင်းမရှိဘဲ ၎င်း၏လုပ်ငန်းခွင်တွင်သာ ဆက်လက်လုပ်ကိုင်စေလိုကြပါသည်။ ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံထက် ပိုမို၍ လုပ်ခ လစာကောင်းမွန်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ အလုပ်သမားများကို စေလွှတ်ဆောင်ရွက်လျက်ရှိသော်လည်း အလုပ်သမား တစ်ဦးသည် ထိုင်းနိုင်ငံမှပြန်လာပြီး အခြားနိုင်ငံသို့ သွားရောက်လိုခြင်းသည် အလုပ်သမား၏ သဘောဆန္ဒအရသာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

မေး ။ ပြည်ပသို့ သွားရောက်လုပ်ကိုင်သူတွေအနေနဲ့ ငွေကြေးအလိမ်ခံရတာတွေ၊ လုပ်ငန်းခွင် ရပိုင်ခွင့် ဆုံးရှုံးမှုတွေ၊ လုပ်ခလစာမရရှိမှုတွေနဲ့ ရင်ဆိုင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ၂၀၂၁ နိုင်ငံရေး အခင်း အကျင်း နောက်ပိုင်းကနေစပြီး ဝန်ကြီးဌာနအနေနဲ့ ရင်ဆိုင်ဖြေရှင်းပေးခဲ့တဲ့အမှု ပေါင်းဘယ်လောက် ရှိလဲ။ ဒီဖြစ်စဉ်တွေအပေါ်မှာ ဘယ်လိုကြပ်မတ်ဆောင်ရွက်ပေးနေပါသလဲ။
ဖြေ ။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ဝန်ကြီး ဌာနအနေဖြင့် ရင်ဆိုင်ဖြေရှင်းပေးခဲ့တဲ့ အမှုပေါင်း ၁၃၇၀ မှု ရှိပါကြောင်း၊ ပြည်ပမထွက်ခွာမီ ငွေကြေးလိမ်လည်ခံရမှုများနှင့်ပတ်သက်၍ တိုင်ကြားလာပါက ဝန်ကြီး ဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ ဖြေရှင်းပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ချိုး ဖောက်သည့် အေဂျင်စီများကို လိုအပ်သလို အရေးယူ ဆောင်ရွက်ခြင်း၊ ပွဲစားများကို ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေအရ ဦးစီးဌာနမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံ များတွင် သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမား ဥပဒေပါ အခွင့်အရေးများချိုးဖောက်ခံရ၍ တိုင်ကြား ပါက အလုပ်သမားသံအရာရှိများမှလည်းကောင်း၊ အလုပ်သမားသံအရာရှိ ထားရှိခြင်းမရှိသည့် နိုင်ငံများ အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် အလုပ်သမားသံအရာရှိများမှာ ထိုင်းနိုင်ငံတွင် ၆ ဦး၊ မလေးရှားနိုင်ငံတွင် ၂ ဦး၊ ကိုရီးယား နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း အလုပ်သမားသံအရာရှိ ၉ ဦး ခန့်အပ်ထားရှိပါသည်။

မေး ။ ပြီးခဲ့တဲ့နှစ်(၂၀၂၃)မှာ တရားမဝင် အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှု ဘယ်လောက်ရှိခဲ့ပါသလဲ။ ဘယ်လိုအရေးယူမှုမျိုးတွေ ဆောင်ရွက်ခဲ့ပါသလဲ။
ဖြေ။ ။ ၂၀၂၃ ခုနှစ်တွင် တရားမဝင်အေဂျင်စီတွေ၊ ပွဲစားတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုပေါင်း ၁၁၇ မှုရှိပါသည်။ အေဂျင်စီတွေကို ဥပဒေစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ရင်တော့ လိုင်စင်ရုပ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ လိုအပ်ပါကတရားစွဲဆိုခြင်းများ ဆောင်ရွက်နေပြီး ပွဲစားများကိုတော့ စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ ဦးစီးဌာနမှ တရားလိုပြုလုပ်၍ တရားစွဲဆိုအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

မေး ။ ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းမတိုင်မီ ပြည်ပထွက်ခွာသူအရေအတွက်နှင့် နိုင်ငံရေး အခင်း အကျင်းဖြစ်ပြီးတဲ့အချိန် ထွက်ခွာတဲ့အရေအတွက် နှိုင်းယှဉ်ကြည့်တဲ့အခါ အဓိကတွေ့ရတဲ့ အချက်က ဘာလဲ။ ဘာကြောင့်မြန်မာနိုင်ငံသားတွေက ထွက်ခွာသွားကြတာလဲ။
ဖြေ ။ ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်နေခြင်းမှာ နိုင်ငံရေးအခင်းအကျင်းနှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ပြည်ပနိုင်ငံများ၏ လုပ်သားဈေးကွက် အခြေအနေအရ လုပ်သားလိုအပ်ချက် အလုပ် ခေါ်စာ ပေါ်မူတည်၍ သွားရောက်အလုပ်လုပ်ကိုင်နေကြ ခြင်းသာဖြစ်ကြောင်း၊ ပြည်ပမှ အလုပ်ခေါ်စာ မရရှိပါက မည်သည့်အလုပ်သမားများမှ သွားရောက်လုပ်ကိုင်နိုင်မည်မဟုတ်ပါကြောင်း ဖြေကြားလိုပါသည်။

မေး ။ စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက်မှာ ပြည်ပထွက်ခွာသူ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ဘယ်လောက်ထိရှိခဲ့ပါသလဲ။ ဒီအပေါ်မှာ ထိန်းကျောင်းဆောင်ရွက်မှုတွေ ရှိပါသလား။ ဘယ်လို ဆောင် ရွက်ပေးနေလဲ။
ဖြေ ။ ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံများ၏ အလုပ်ခေါ်စာပေါ်မူတည်၍ ပြည်ပနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်နေခြင်းသာဖြစ်ပါကြောင်း။

မေး ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေ ခွန်ထမ်းဆောင်ဖို့နဲ့ အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့နိုင်ရေး ဆောင်ရွက်မှု ဘယ်လိုအခြေအနေရှိလဲ။ အလုပ်သမားတွေဘက်က ကန့်ကွက်တာတွေ၊ အသံထွက်လာတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာန အနေနဲ့ဘယ်လိုရှင်းလင်းထားတာရှိလဲ။
ဖြေ ။ ဦးစီးဌာနအနေဖြင့် ၁-၉-၂၀၂၃ ရက်နေ့ မှစ၍ ပြည်ပရောက်မြန်မာနိုင်ငံသားများမှ ၎င်းတို့၏ မိသားစု လွှဲပို့ငွေများ တရားဝင်လွှဲပြောင်းပေးပို့စေရေး၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရရှိသူ အေဂျင်စီနှင့် အလုပ်သမားအကြား ချုပ်ဆိုရမည့် စာချုပ်တွင် အလုပ်သမားသည် ပြည်ပနိုင်ငံတွင် မိမိရရှိ သည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေး ထားသည့် RBL လိုင်စင်ရကုမ္ပဏီများမှဖြစ်စေ တစ်လ လျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ % သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးပို့ရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုခဲ့ပြီး မိမိအစီအစဉ်ဖြင့် ပြည်ပသို့သွားမည့်သူများကိုလည်း အဆိုပါအချက်ကို သိရှိကြောင်း၊ လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးစေ၍ OWIC ခွင့်ပြုထုတ်ပေးလျက်ရှိပါတယ်။ တရားမဝင် ငွေလွှဲခြင်းဖြင့် ငွေကြေးလိမ်လည်ခံရမှုများ၊ တရားမဝင် စနစ်ဖြင့် ငွေလွှဲခြင်းကြောင့် မိမိလုပ်အားဖြင့်ရရှိသော ဝင်ငွေများကို တရားမဝင်ဖြစ်နေခြင်းမျိုးကြောင့် နစ်နာမှုများမဖြစ်ပွားစေရေး တရားဝင်ငွေလွှဲပေးပို့သည့် လမ်းကြောင်းကိုသာ အသုံးပြုရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေး ။ မြန်မာနိုင်ငံသားတွေ ပြည်ပအလုပ်ထွက်လုပ်ဖို့ နိုင်ငံသစ်တွေရှာပေးနေတယ်လို့ သိရတယ်။ (ဥပမာ- ရုရှားလိုနိုင်ငံမျိုးတွေမှာ အလုပ်အကိုင် ရှာပေးနေတာတွေရှိတယ်)။ ပြည်ပနိုင်ငံ ဘယ်နှစ်ခု လောက်မှာ အလုပ်အကိုင်အသစ်တွေရှာပေးနေတာလဲ။
ဖြေ ။ မြန်မာနိုင်ငံသားတွေ ပြည်ပအလုပ်ထွက်လုပ်ဖို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့် နိုင်ငံသစ်တွေအနေဖြင့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအပါအဝင် အာရှနှင့် ဥရောပ နိုင်ငံအချို့သို့ အလုပ်သမားဈေးကွက်အသစ်များ ရှာဖွေ ချိတ်ဆက်ပေးလျက်ရှိပါတယ်။

မေး ။ ရာသီချိန်လုပ်သား (Seasonal Worker) စေလွှတ်မှုတွေကို နိုင်ငံတွင်းမှာ မကြာခဏ အကောင် အထည်ဖော်ပေးနိုင်ဖို့ အခြေအနေရှိလား။ မြန်မာနိုင်ငံက ရာသီချိန်လုပ်သားတွေကို ဘယ်နိုင်ငံက ပိုပြီး ကြိုက်နှစ်သက်မှုရှိနေလဲ။
ဖြေ။ ။ ရာသီချိန်လုပ်သား (Seasonal Worker) စေလွှတ်ရေးအတွက် ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်း ဆောင် ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံဒေသအစိုးရ အချင်းချင်း MOU လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး MOU လက်မှတ်ရေးထိုးပြီးပါက စေလွှတ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။ ပြည်ပရောက်မြန်မာလုပ်သားတွေဆီကနေ အကြမ်းဖက်အားပေးလှုံ့ဆော်သူတွေက အုပ်စုဖွဲ့ အနိုင်ကျင့်ပြီးတော့ ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့သိရတယ်။ အထူးသဖြင့် ထိုင်းမှာဆို အများဆုံးလုပ်နေတယ်လို့ သိရတယ်။ ဒီဖြစ်စဉ်မျိုးတွေကို မြန်မာအစိုးရက ဘယ်လိုအကာအကွယ် ပေးမှာလဲ။
ဖြေ ။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် တရားဝင်အလုပ်သမားများအပြင် တရားမဝင် အလုပ်သမား များကို ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် အလုပ်သမား သံအရာရှိ (သံမှူးကြီး အပါအဝင်) ၆ ဦးအထိ ခန့်အပ်ထားပြီး Call Center လည်းဖွင့်လှစ်ထားရှိပါသည်။ အလုပ် သမားများအနေဖြင့် အလုပ်သမားသံအရာရှိများထံသို့လည်းကောင်း၊ Call Center သို့လည်းကောင်း ဖုန်းဖြင့် အကူအညီတောင်းခံနိုင်သလို Facebook Page မှလည်း အကူအညီတောင်းခံနိုင်ပါသည်။ ထို့ ပြင် ထိုင်းနိုင်ငံ၏ မြို့ကြီး (၁၀) မြို့တွင်ဖွင့်လှစ်ထားသည့် အလုပ်သမား ကူညီစောင့်ရှောက်ရေးစင်တာ များနှင့် ချိတ်ဆက်ပြီး အလုပ်သမားများ၏ အခက်အခဲများကို ကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။

မေး။ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတော်တော်များက တရားဝင်လမ်းကြောင်းပေါ်ကနေ မဟုတ်ဘဲနဲ့ တရားမဝင်လမ်းကြောင်းကို ပုံစံမျိုးစုံနဲ့ သွားတာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံရောက်တဲ့ အချိန်မှာ ပန်းရောင်ကတ် အပါအဝင် စီအိုင်လုပ်ရပြီး ထိုင်းရဲတွေရဲ့ ငွေညှစ်တာခံရသူတွေရှိပါတယ်။ ဒီလို နစ်နာ ဆုံးရှုံးမှုတွေအပေါ် မြန်မာအစိုးရက ဘာနဲ့ ကာကွယ်ပေးမှာလဲ။
ဖြေ ။ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့်အလုပ်သမားများကို ထိုင်းနိုင်ငံက အလုပ်လုပ်ကိုင် ခွင့် လက်မှတ်သာ ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါ အလုပ်သမားများ တရားဝင်နေထိုင်နိုင်ရေး၊ အလုပ် သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ထိုင်းနိုင်ငံအတွင်း လှည့်လည်သွားလာလုပ်နိုင်ရေးနှင့် ဥပဒေအရ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များကို ပြည့်အဝရရှိစေရေးအတွက် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-Cl) ဆောင်ရွက်ပေးခြင်းဖြင့် တရားဝင် အလုပ် သမား ဖြစ်စေရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပေးလျက်ရှိပါသည်။ သို့သော်လည်း CI ထုတ်ပေးမှုမှာ အချိန်ကာလ အကန့်အသတ်ရှိ၍ တရားဝင် MOU စနစ်ဖြင့် သွားရောက် လုပ်ကိုင်ခြင်း သည် အသင့်တော်ဆုံးဖြစ်ပါသည်။

မေး ။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်း(၅၀)မှာ အလုပ်လုပ်နိုင်တဲ့ အရွယ်အစားဘယ်လောက်ရှိလဲ။
ဖြေ ။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ၂၀၂၀-၂၀၂၃ ခုနှစ်၊ လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများအစီရင် ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ် ကိုင်နိုင်သော အသက်အပိုင်းအခြားရှိသူဦးရေမှာ ၂၀၂၃ ခုနှစ်တွင် ၃၉.၂၁ သန်း ရှိကြောင်း တွေ့ရှိပါသည်။

မေး ။ အသက်အရွယ်အပိုင်းအခြားအလိုက် အလုပ်လုပ်နိုင်တဲ့သူတွေကို ကာယလုပ်သားနဲ့ ဉာဏ လုပ်သားခွဲခြားပြီး စစ်တမ်းကောက်ထားတာမျိုးရှိလား။
ဖြေ ။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် လုပ်သားအင်အားစစ်တမ်းများကို ၂၀၁၅ ခုနှစ် မှ စ၍ နမူနာအိမ်ထောင်စုများရှိ အလုပ်လုပ်ကိုင်သူအားလုံး၏ လုပ်သားဆိုင်ရာ အခြေအနေများကို ကောက်ယူထားပါသည်။ ကာယလုပ်သား၊ ဉာဏလုပ်သားဟူ၍ သီးခြားခွဲ၍ ကောက်ယူထားခြင်းမရှိပါ။

မေး ။ တကယ်အလုပ်လုပ်နေတဲ့ လုပ်သားအရေအတွက်နဲ့ အလုပ်မလုပ်ဘဲ အလေအလွင့်ဖြစ်သွားတဲ့ လုပ်သားအင်အား ပျှမ်းမျှအားဖြင့် ဦးရေဘယ်လောက်ရှိလဲ။ စာရင်းကောက်ထားတာရှိလား။
ဖြေ ။ ကောက်ယူပြီးစီးခဲ့သည့် လုပ်သားအင်အား စစ်တမ်းများမှ အချက်အလက်များကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားသည့် ၂၀၂၀-၂၀၂၃ လုပ်သား အင်အား ခန့်မှန်းစာရင်းအင်းများအရ ၂၀၂၃ ခုနှစ် တွင် အလုပ်လက်ရှိဦးရေ ၂၃.ဝ၉ သန်းရှိပြီး၊ အလုပ် လက်မဲ့ဦးရေ ဝ.၈၈ သန်းရှိကြောင်း တွေ့ရှိပါသည်။

အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။

zawgyi version
ျပည္တြင္း၊ ျပည္ပ အလုပ္သမားေရးရာအတြက္ ဝန္ႀကီးဌာန ဘာလုပ္ေပးေနသလဲ(အပိုင္း-၁) (အင္တာဗ်ဴး)
ယြန္း (NP News) - ဇူလိုင္ ၂၅

ျမန္မာႏိုင္ငံသည္ ျပည္ပသို႔သြားေရာက္လုပ္ကိုင္ေသာ အလုပ္သမား မ်ားျပားရာႏိုင္ငံတစ္ခုျဖစ္ သည့္အျပင္ ျပည္တြင္း၌ ၂၀၂၁ ႏိုင္ငံေရးအခင္းအက်င္း စတင္ျဖစ္ပြားၿပီး‌ေနာက္ပိုင္းကာလမ်ားတြင္ စီးပြားေရး အဆင္မေျပမႈမ်ား၊ လုပ္ခလစာနည္းပါးမႈမ်ားႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပသို႔ သြားေရာက္ လုပ္ကိုင္သည့္ပမာဏပိုမိုမ်ားျပားလာခဲ့သည္။ ထိုသို႔သြားေရာက္ရာတြင္ တရားမဝင္သြား ေရာက္မႈမ်ားေၾကာင့္ ဖမ္းဆီးခံရမႈမ်ားလည္းရွိေနသည္။ ထို႔ျပင္ ျပည္ပေရာက္ျမန္မာလုပ္သားမ်ား အပါ အဝင္ ျပည္တြင္း၌လည္း လုပ္ငန္းရပိုင္ခြင့္ဆုံးရႈံးမႈမ်ားရွိေနေၾကာင္း သိရသည္။ အဆိုပါကိစၥမ်ားႏွင့္ ပတ္ သက္၍ အလုပ္သမားဝန္ႀကီးဌာနက ေဆာင္႐ြက္ေနသည့္ အေျခအေန၊ ဆက္လက္လုပ္ေဆာင္သြားမည့္ လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္၍ The Statesman ဂ်ာနယ္က ဝန္ႀကီးဌာနထံ စာပို႔ဆက္သြယ္ေမးျမန္းထားသည္မ်ားကို NP News က မူရင္းအတိုင္း ေဖာ္ျပအပ္ပါသည္။

ေမး - တရားဝင္လိုင္စင္နဲ႔ လုပ္ကိုင္ေနတဲ့ ျပည္ပ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။
ေျဖ - (က) ၁၉-၆-၂၀၂၄ ရက္ေန႔အထိ ဌာနမွ ခြင့္ျပဳထုတ္ေပးထားသည့္ ျပည္ပအလုပ္အကိုင္ အက်ိဳး ေဆာင္ လိုင္စင္ရေအဂ်င္စီ ၅၆၈ ခုရွိၿပီး ယာယီပိတ္ထားသည့္ေအဂ်င္စီ ၇ ခု ရွိသျဖင့္ လက္ရွိ လုပ္ငန္း ေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ ၅၆၁ ခုရွိပါသည္။
(ခ) ျပည္ပ အလုပ္အကိုင္အက်ိဳးေဆာင္ (ထိုင္း) လိုင္စင္ရ ေအဂ်င္စီ ၁၆၈ ခုရွိၿပီး ယာယီပိတ္ထားသည့္ ေအဂ်င္စီ ၅ ခုရွိသျဖင့္ လက္ရွိလုပ္ငန္းေဆာင္႐ြက္ေနသည့္ေအဂ်င္စီ ၁၆၃ ခုရွိပါသည္။

ေမး ။ လက္ရွိအခ်ိန္အထိ ျပည္ပကိုထြက္ခြာ ၿပီးေတာ့ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ လုပ္သား အေရအတြက္ဘယ္ေလာက္ရွိၿပီလဲ။ ပ်မ္းမွ်အားျဖင့္ ဘယ္ေလာက္ထြက္ခြာေနလဲ။
ေျဖ ။ ၁၉၉၀ ျပည့္ႏွစ္မွ ၂၀၂၄ ခုႏွစ္ ေမလအထိ ေအဂ်င္စီအစီအစဥ္ျဖင့္ျဖစ္ေစ၊ မိမိအစီအစဥ္ျဖင့္ ျဖစ္ေစ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားကို OWIC ထုတ္ေပးမႈ အေရအတြက္မွာ ႏိုင္ငံ ေပါင္း ၉၉ ႏိုင္ငံသို႔ ၁,၈၂၅,၃၈၁ ဦးရွိပါတယ္။ ႏွစ္အလိုက္စာရင္းအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ၇၅၁၇၉ ဦး၊ ၂၀၂၁ ခုႏွစ္တြင္ ၃၄၅၂ ဦး၊ ၂၀၂၂ ခုႏွစ္ တြင္ ၁၈၇၄၆၆ ဦး၊ ၂၀၂၃ ခုႏွစ္တြင္ ၂၁၀၆၈၈ ဦး၊ ၂၀၂၄ ခုႏွစ္ ေမလအထိ ၁၀၂၈၆၁ ဦး ရွိပါသည္။

ေမး ။ ျပည္ပကိုသြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့သူေတြထဲမွာ တရားမဝင္သြားေရာက္မႈေတြလည္းရွိ ေနၿပီး ၿပီးခဲ့တဲ့ႏွစ္က တရားမဝင္သြားေရာက္မႈေၾကာင့္ ဖမ္းဆီးခံရသူ ဘယ္ေလာက္ရွိခဲ့ပါသလဲ။ သူတို႔ အတြက္ ဝန္ႀကီးဌာနအေနနဲ႔ ဘာေတြဆက္လက္ ေဆာင္႐ြက္ေပးေနပါသလဲ။
ေျဖ ။ တရားမဝင္သြားေရာက္မႈေၾကာင့္ ဖမ္းဆီး ခံရသူမ်ားကို ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ရေနာင္း-ေကာ့ေသာင္း လမ္းေၾကာင္းျဖင့္လည္းေကာင္း၊ မဲေဆာက္-ျမဝတီလမ္းေၾကာင္းျဖင့္လည္းေကာင္း၊ မယ္ဆိုင္-တာခ်ီလိတ္ လမ္းေၾကာင္းျဖင့္ လည္း ေကာင္း၊ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ား ညႇိႏႈိင္း၍ လႊဲေျပာင္းလက္ခံၿပီး သက္ဆိုင္ရာ ဝန္ႀကီး ဌာနမ်ားႏွင့္ ပူးေပါင္း၍ ၎တို႔၏ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္ ေပးလ်က္ရွိပါသည္။

ေမး ။ လုပ္သားအမ်ားစုဟာ ထိုင္းႏိုင္ငံကိုပဲ သြားေရာက္မႈမ်ားေနၿပီးေတာ့ ထိုင္းႏိုင္ငံဆိုရင္ တျခား ႏိုင္ငံေတြထက္ ျမန္မာလုပ္သားပိုမိုမ်ားျပားေနတာကိုလည္း ေတြ႕ရပါတယ္။ လုပ္ခလစာမွာလည္း တျခားႏိုင္ငံနဲ႔ယွဥ္ရင္ နည္းတာေတြ႕ရတယ္။ ထိုင္းမွာ ရွိတဲ့ ကြၽမ္းက်င္လုပ္သားေတြကို ျပန္ေခၚၿပီးေတာ့ တျခားႏိုင္ငံေတြကို ပို႔တာမ်ိဳးေတြ စသည္ျဖင့္ လုပ္ေပးေနတာမ်ိဳးေတြရွိလား။
ေျဖ ။ ထိုင္းႏိုင္ငံတြင္ MOU စနစ္ျဖင့္ အလုပ္သမားမ်ားကို အလုပ္ရွင္၊ အလုပ္သမား အလုပ္ခန႔္ထားမႈ ဆိုင္ရာသေဘာတူစာခ်ဳပ္ကို ႏွစ္ ႏွစ္သက္တမ္းျဖင့္ခ်ဳပ္ဆို၍ ေစလႊတ္လ်က္ရွိပါသည္။ အလုပ္သမား မ်ားမွ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ခြင့္သက္တမ္း ႏွစ္ႏွစ္ ျပည့္ေျမာက္ပါက ထိုင္းအလုပ္ရွင္မွ အလုပ္ သမားကို ႏွစ္သက္သေဘာက်ပါက ေနာက္ထပ္ ႏွစ္ႏွစ္ ထပ္မံသက္တိုး၍ ဆက္လက္အလုပ္လုပ္ကိုင္ခြင့္ ရရွိပါသည္။ အလုပ္သမားသည္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္သည့္ သက္တမ္း ၄ ႏွစ္ျပည့္ၿပီးပါက ျမန္မာႏိုင္ငံသို႔ ျပန္လာရမည္ျဖစ္ပါသည္။ အဆိုပါ ၄ ႏွစ္ျပည့္ေျမာက္ၿပီးသည့္ အလုပ္သမားမ်ားကို အလုပ္ရွင္မွ ၎တို႔၏ ကြၽမ္းက်င္မႈမ်ားကို သေဘာက်ပါက MOU U-turn စနစ္ျဖင့္ ျပန္လည္ေခၚယူႏိုင္ ပါသည္။ ဆိုလိုသည္မွာ ထိုင္းႏိုင္ငံသို႔ အေျခခံ အလုပ္သမားအေနျဖင့္သြားေရာက္ၿပီး အလုပ္လုပ္ကိုင္ခဲ့ သည့္အေလ်ာက္ ကြၽမ္းက်င္လုပ္သားျဖစ္လာပါက ၎အလုပ္သမားသည္ အနည္းဆုံး လုပ္ခလစာထက္ ပိုမိုမ်ားသည့္ လုပ္ခလစာကိုရရွိပါသည္။ ထိုင္းအလုပ္ရွင္မွလည္း ၎အလုပ္သမားကို ျပန္လည္ေစလႊတ္ လိုျခင္းမရွိဘဲ ၎၏လုပ္ငန္းခြင္တြင္သာ ဆက္လက္လုပ္ကိုင္ေစလိုၾကပါသည္။ ဝန္ႀကီးဌာနအေနျဖင့္ ထိုင္းႏိုင္ငံထက္ ပိုမို၍ လုပ္ခ လစာေကာင္းမြန္သည့္ ဂ်ပန္ႏိုင္ငံ၊ ကိုရီးယား သမၼတႏိုင္ငံ၊ စင္ကာပူႏိုင္ငံ၊ မေလးရွားႏိုင္ငံမ်ားသို႔ အလုပ္သမားမ်ားကို ေစလႊတ္ေဆာင္႐ြက္လ်က္ရွိေသာ္လည္း အလုပ္သမား တစ္ဦးသည္ ထိုင္းႏိုင္ငံမွျပန္လာၿပီး အျခားႏိုင္ငံသို႔ သြားေရာက္လိုျခင္းသည္ အလုပ္သမား၏ သေဘာဆႏၵအရသာ ေဆာင္႐ြက္ျခင္းျဖစ္ပါသည္။

ေမး ။ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္သူေတြအေနနဲ႔ ေငြေၾကးအလိမ္ခံရတာေတြ၊ လုပ္ငန္းခြင္ ရပိုင္ခြင့္ ဆုံးရႈံးမႈေတြ၊ လုပ္ခလစာမရရွိမႈေတြနဲ႔ ရင္ဆိုင္မႈေတြရွိေနတယ္လို႔ သိရပါတယ္။ ၂၀၂၁ ႏိုင္ငံေရး အခင္း အက်င္း ေနာက္ပိုင္းကေနစၿပီး ဝန္ႀကီးဌာနအေနနဲ႔ ရင္ဆိုင္ေျဖရွင္းေပးခဲ့တဲ့အမႈ ေပါင္းဘယ္ေလာက္ ရွိလဲ။ ဒီျဖစ္စဥ္ေတြအေပၚမွာ ဘယ္လိုၾကပ္မတ္ေဆာင္႐ြက္ေပးေနပါသလဲ။
ေျဖ ။ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္းကစၿပီး ဝန္ႀကီး ဌာနအေနျဖင့္ ရင္ဆိုင္ေျဖရွင္းေပးခဲ့တဲ့ အမႈေပါင္း ၁၃၇၀ မႈ ရွိပါေၾကာင္း၊ ျပည္ပမထြက္ခြာမီ ေငြေၾကးလိမ္လည္ခံရမႈမ်ားႏွင့္ပတ္သက္၍ တိုင္ၾကားလာပါက ဝန္ႀကီး ဌာနအေနျဖင့္ စစ္ေဆးေရးအဖြဲ႕မ်ားဖြဲ႕စည္း၍ ေျဖရွင္းေပးျခင္း၊ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္း ခ်ိဳး ေဖာက္သည့္ ေအဂ်င္စီမ်ားကို လိုအပ္သလို အေရးယူ ေဆာင္႐ြက္ျခင္း၊ ပြဲစားမ်ားကို ၁၉၉၉ ခုႏွစ္ ျပည္ပ အလုပ္အကိုင္ဆိုင္ရာဥပေဒအရ ဦးစီးဌာနမွအမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ျပည္ပႏိုင္ငံ မ်ားတြင္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ အလုပ္သမား ဥပေဒပါ အခြင့္အေရးမ်ားခ်ိဳးေဖာက္ခံရ၍ တိုင္ၾကား ပါက အလုပ္သမားသံအရာရွိမ်ားမွလည္းေကာင္း၊ အလုပ္သမားသံအရာရွိ ထားရွိျခင္းမရွိသည့္ ႏိုင္ငံမ်ား အတြက္ သက္ဆိုင္ရာႏိုင္ငံရွိ ျမန္မာသံ႐ုံးမ်ားႏွင့္ ညႇိႏႈိင္းေပါင္းစပ္၍ ေျဖရွင္းေဆာင္႐ြက္ေပးလ်က္ရွိပါ ေၾကာင္းႏွင့္ အလုပ္သမားသံအရာရွိမ်ားမွာ ထိုင္းႏိုင္ငံတြင္ ၆ ဦး၊ မေလးရွားႏိုင္ငံတြင္ ၂ ဦး၊ ကိုရီးယား ႏိုင္ငံတြင္ ၁ ဦး၊ စုစုေပါင္း အလုပ္သမားသံအရာရွိ ၉ ဦး ခန႔္အပ္ထားရွိပါသည္။

ေမး ။ ၿပီးခဲ့တဲ့ႏွစ္(၂၀၂၃)မွာ တရားမဝင္ ေအဂ်င္စီေတြ၊ ပြဲစားေတြနဲ႔ပတ္သက္ၿပီး တိုင္ၾကားမႈ ဘယ္ေလာက္ရွိခဲ့ပါသလဲ။ ဘယ္လိုအေရးယူမႈမ်ိဳးေတြ ေဆာင္႐ြက္ခဲ့ပါသလဲ။
ေျဖ။ ။ ၂၀၂၃ ခုႏွစ္တြင္ တရားမဝင္ေအဂ်င္စီေတြ၊ ပြဲစားေတြနဲ႔ပတ္သက္ၿပီး တိုင္ၾကားမႈေပါင္း ၁၁၇ မႈရွိပါသည္။ ေအဂ်င္စီေတြကို ဥပေဒစည္းမ်ဥ္းစည္းကမ္းမ်ား ခ်ိဳးေဖာက္ရင္ေတာ့ လိုင္စင္႐ုပ္သိမ္းျခင္း၊ ယာယီပိတ္သိမ္းျခင္း၊ လိုအပ္ပါကတရားစြဲဆိုျခင္းမ်ား ေဆာင္႐ြက္ေနၿပီး ပြဲစားမ်ားကိုေတာ့ စစ္ေဆးေရး အဖြဲ႕မ်ား၏ စစ္ေဆးေတြ႕ရွိခ်က္အေပၚမူတည္၍ ဦးစီးဌာနမွ တရားလိုျပဳလုပ္၍ တရားစြဲဆိုအေရးယူ ေဆာင္႐ြက္လ်က္ရွိပါသည္။

ေမး ။ ၂၀၂၁ ႏိုင္ငံေရးအခင္းအက်င္းမတိုင္မီ ျပည္ပထြက္ခြာသူအေရအတြက္ႏွင့္ ႏိုင္ငံေရး အခင္း အက်င္းျဖစ္ၿပီးတဲ့အခ်ိန္ ထြက္ခြာတဲ့အေရအတြက္ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ အဓိကေတြ႕ရတဲ့ အခ်က္က ဘာလဲ။ ဘာေၾကာင့္ျမန္မာႏိုင္ငံသားေတြက ထြက္ခြာသြားၾကတာလဲ။
ေျဖ ။ ျပည္ပသို႔ တရားဝင္ သြားေရာက္လုပ္ကိုင္ေနျခင္းမွာ ႏိုင္ငံေရးအခင္းအက်င္းႏွင့္ သက္ဆိုင္ျခင္း မရွိပါေၾကာင္း၊ ျပည္ပႏိုင္ငံမ်ား၏ လုပ္သားေဈးကြက္ အေျခအေနအရ လုပ္သားလိုအပ္ခ်က္ အလုပ္ ေခၚစာ ေပၚမူတည္၍ သြားေရာက္အလုပ္လုပ္ကိုင္ေနၾက ျခင္းသာျဖစ္ေၾကာင္း၊ ျပည္ပမွ အလုပ္ေခၚစာ မရရွိပါက မည္သည့္အလုပ္သမားမ်ားမွ သြားေရာက္လုပ္ကိုင္ႏိုင္မည္မဟုတ္ပါေၾကာင္း ေျဖၾကားလိုပါသည္။

ေမး ။ စစ္မႈထမ္းဥပေဒထြက္ၿပီးတဲ့ေနာက္မွာ ျပည္ပထြက္ခြာသူ ပိုမိုမ်ားျပားလာတာကို ေတြ႕ရပါတယ္။ ဘယ္ေလာက္ထိရွိခဲ့ပါသလဲ။ ဒီအေပၚမွာ ထိန္းေက်ာင္းေဆာင္႐ြက္မႈေတြ ရွိပါသလား။ ဘယ္လို ေဆာင္ ႐ြက္ေပးေနလဲ။
ေျဖ ။ ျပည္ပသို႔ တရားဝင္သြားေရာက္လုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားအေနျဖင့္ ျပည္ပႏိုင္ငံမ်ား၏ အလုပ္ေခၚစာေပၚမူတည္၍ ျပည္ပႏိုင္ငံသို႔သြားေရာက္ အလုပ္လုပ္ကိုင္ေနျခင္းသာျဖစ္ပါေၾကာင္း။

ေမး ။ ျပည္ပေရာက္ျမန္မာႏိုင္ငံသားေတြ ဝင္ေငြ ခြန္ထမ္းေဆာင္ဖို႔နဲ႔ အေျခခံလစာ ၂၅ ရာခိုင္ႏႈန္းကို တရားဝင္ဘဏ္စနစ္မ်ားမွတစ္ဆင့္ ျပန္လည္လႊဲပို႔ႏိုင္ေရး ေဆာင္႐ြက္မႈ ဘယ္လိုအေျခအေနရွိလဲ။ အလုပ္သမားေတြဘက္က ကန႔္ကြက္တာေတြ၊ အသံထြက္လာတာေတြရွိတယ္။ ဒါနဲ႔ပတ္သက္ၿပီး ဝန္ႀကီး ဌာန အေနနဲ႔ဘယ္လိုရွင္းလင္းထားတာရွိလဲ။
ေျဖ ။ ဦးစီးဌာနအေနျဖင့္ ၁-၉-၂၀၂၃ ရက္ေန႔ မွစ၍ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားမွ ၎တို႔၏ မိသားစု လႊဲပို႔ေငြမ်ား တရားဝင္လႊဲေျပာင္းေပးပို႔ေစေရး၊ ျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရရွိသူ ေအဂ်င္စီႏွင့္ အလုပ္သမားအၾကား ခ်ဳပ္ဆိုရမည့္ စာခ်ဳပ္တြင္ အလုပ္သမားသည္ ျပည္ပႏိုင္ငံတြင္ မိမိရရွိ သည့္ လုပ္ခလစာ၏ အနည္းဆုံး ၂၅ % ကို မိသားစုဝင္မ်ားထံသို႔ တရားဝင္ဘဏ္စနစ္ျဖင့္ျဖစ္ေစ၊ အျပည္ျပည္ဆိုင္ရာ ေငြလႊဲဝန္ေဆာင္မႈလုပ္ငန္းမ်ားမွျဖစ္ေစ၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ထုတ္ေပး ထားသည့္ RBL လိုင္စင္ရကုမၸဏီမ်ားမွျဖစ္ေစ တစ္လ လွ်င္တစ္ႀကိမ္ လုပ္ခလစာ၏ ၂၅ % သို႔မဟုတ္ အမ်ားဆုံး ၃ လလွ်င္တစ္ႀကိမ္ ၃ လစာစုစုေပါင္း အနည္းဆုံး ၂၅ % ကို မိသားစုဝင္မ်ားထံသို႔ လႊဲေျပာင္း ေပးပို႔ရမည္ျဖစ္ေၾကာင္း ထည့္သြင္းခ်ဳပ္ဆိုခဲ့ၿပီး မိမိအစီအစဥ္ျဖင့္ ျပည္ပသို႔သြားမည့္သူမ်ားကိုလည္း အဆိုပါအခ်က္ကို သိရွိေၾကာင္း၊ လိုက္နာမည္ျဖစ္ေၾကာင္း ခံဝန္ကတိ လက္မွတ္ေရးထိုးေစ၍ OWIC ခြင့္ျပဳထုတ္ေပးလ်က္ရွိပါတယ္။ တရားမဝင္ ေငြလႊဲျခင္းျဖင့္ ေငြေၾကးလိမ္လည္ခံရမႈမ်ား၊ တရားမဝင္ စနစ္ျဖင့္ ေငြလႊဲျခင္းေၾကာင့္ မိမိလုပ္အားျဖင့္ရရွိေသာ ဝင္ေငြမ်ားကို တရားမဝင္ျဖစ္ေနျခင္းမ်ိဳးေၾကာင့္ နစ္နာမႈမ်ားမျဖစ္ပြားေစေရး တရားဝင္ေငြလႊဲေပးပို႔သည့္ လမ္းေၾကာင္းကိုသာ အသုံးျပဳေရး ဝန္ႀကီးဌာနမွ ေဆာင္႐ြက္ေနျခင္း ျဖစ္ပါတယ္။

ေမး ။ ျမန္မာႏိုင္ငံသားေတြ ျပည္ပအလုပ္ထြက္လုပ္ဖို႔ ႏိုင္ငံသစ္ေတြရွာေပးေနတယ္လို႔ သိရတယ္။ (ဥပမာ- ႐ုရွားလိုႏိုင္ငံမ်ိဳးေတြမွာ အလုပ္အကိုင္ ရွာေပးေနတာေတြရွိတယ္)။ ျပည္ပႏိုင္ငံ ဘယ္ႏွစ္ခု ေလာက္မွာ အလုပ္အကိုင္အသစ္ေတြရွာေပးေနတာလဲ။
ေျဖ ။ ျမန္မာႏိုင္ငံသားေတြ ျပည္ပအလုပ္ထြက္လုပ္ဖို႔ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ လိုင္စင္ရ ေအဂ်င္စီ အစီအစဥ္ျဖင့္ ႏိုင္ငံသစ္ေတြအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံအပါအဝင္ အာရွႏွင့္ ဥေရာပ ႏိုင္ငံအခ်ိဳ႕သို႔ အလုပ္သမားေဈးကြက္အသစ္မ်ား ရွာေဖြ ခ်ိတ္ဆက္ေပးလ်က္ရွိပါတယ္။

ေမး ။ ရာသီခ်ိန္လုပ္သား (Seasonal Worker) ေစလႊတ္မႈေတြကို ႏိုင္ငံတြင္းမွာ မၾကာခဏ အေကာင္ အထည္ေဖာ္ေပးႏိုင္ဖို႔ အေျခအေနရွိလား။ ျမန္မာႏိုင္ငံက ရာသီခ်ိန္လုပ္သားေတြကို ဘယ္ႏိုင္ငံက ပိုၿပီး ႀကိဳက္ႏွစ္သက္မႈရွိေနလဲ။
ေျဖ။ ။ ရာသီခ်ိန္လုပ္သား (Seasonal Worker) ေစလႊတ္ေရးအတြက္ ကိုရီးယားႏိုင္ငံႏွင့္ ညႇိႏႈိင္း ေဆာင္ ႐ြက္လ်က္ရွိပါသည္။ ႏွစ္ႏိုင္ငံေဒသအစိုးရ အခ်င္းခ်င္း MOU လက္မွတ္ေရးထိုးႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိၿပီး MOU လက္မွတ္ေရးထိုးၿပီးပါက ေစလႊတ္ေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ေမး ။ ျပည္ပေရာက္ျမန္မာလုပ္သားေတြဆီကေန အၾကမ္းဖက္အားေပးလႈံ႕ေဆာ္သူေတြက အုပ္စုဖြဲ႕ အႏိုင္က်င့္ၿပီးေတာ့ ေငြေၾကးေကာက္ခံမႈေတြ လုပ္ေနတယ္လို႔သိရတယ္။ အထူးသျဖင့္ ထိုင္းမွာဆို အမ်ားဆုံးလုပ္ေနတယ္လို႔ သိရတယ္။ ဒီျဖစ္စဥ္မ်ိဳးေတြကို ျမန္မာအစိုးရက ဘယ္လိုအကာအကြယ္ ေပးမွာလဲ။
ေျဖ ။ ထိုင္းႏိုင္ငံတြင္ေရာက္ရွိေနသည့္ တရားဝင္အလုပ္သမားမ်ားအျပင္ တရားမဝင္ အလုပ္သမား မ်ားကို ကူညီကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံတြင္ အလုပ္သမား သံအရာရွိ (သံမႉးႀကီး အပါအဝင္) ၆ ဦးအထိ ခန႔္အပ္ထားၿပီး Call Center လည္းဖြင့္လွစ္ထားရွိပါသည္။ အလုပ္ သမားမ်ားအေနျဖင့္ အလုပ္သမားသံအရာရွိမ်ားထံသို႔လည္းေကာင္း၊ Call Center သို႔လည္းေကာင္း ဖုန္းျဖင့္ အကူအညီေတာင္းခံႏိုင္သလို Facebook Page မွလည္း အကူအညီေတာင္းခံႏိုင္ပါသည္။ ထို႔ ျပင္ ထိုင္းႏိုင္ငံ၏ ၿမိဳ႕ႀကီး (၁၀) ၿမိဳ႕တြင္ဖြင့္လွစ္ထားသည့္ အလုပ္သမား ကူညီေစာင့္ေရွာက္ေရးစင္တာ မ်ားႏွင့္ ခ်ိတ္ဆက္ၿပီး အလုပ္သမားမ်ား၏ အခက္အခဲမ်ားကို ကူညီေစာင့္ေရွာက္ေပးလ်က္ရွိပါသည္။

ေမး။ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားေတာ္ေတာ္မ်ားက တရားဝင္လမ္းေၾကာင္းေပၚကေန မဟုတ္ဘဲနဲ႔ တရားမဝင္လမ္းေၾကာင္းကို ပုံစံမ်ိဳးစုံနဲ႔ သြားတာ ေတြ႕ရပါတယ္။ တစ္ဖက္ႏိုင္ငံေရာက္တဲ့ အခ်ိန္မွာ ပန္းေရာင္ကတ္ အပါအဝင္ စီအိုင္လုပ္ရၿပီး ထိုင္းရဲေတြရဲ႕ ေငြညႇစ္တာခံရသူေတြရွိပါတယ္။ ဒီလို နစ္နာ ဆုံးရႈံးမႈေတြအေပၚ ျမန္မာအစိုးရက ဘာနဲ႔ ကာကြယ္ေပးမွာလဲ။
ေျဖ ။ ထိုင္းႏိုင္ငံသို႔ တရားမဝင္သြားေရာက္သည့္အလုပ္သမားမ်ားကို ထိုင္းႏိုင္ငံက အလုပ္လုပ္ကိုင္ ခြင့္ လက္မွတ္သာ ထုတ္ေပးျခင္းျဖစ္ၿပီး အဆိုပါ အလုပ္သမားမ်ား တရားဝင္ေနထိုင္ႏိုင္ေရး၊ အလုပ္ သမားအခြင့္အေရးမ်ား အျပည့္အဝရရွိေစေရး၊ ထိုင္းႏိုင္ငံအတြင္း လွည့္လည္သြားလာလုပ္ႏိုင္ေရးႏွင့္ ဥပေဒအရ ရသင့္ရထိုက္သည့္ အက်ိဳးခံစားခြင့္မ်ားကို ျပည့္အဝရရွိေစေရးအတြက္ မည္သူမည္ဝါျဖစ္ ေၾကာင္း သက္ေသခံလက္မွတ္ (Certificate of Identity-Cl) ေဆာင္႐ြက္ေပးျခင္းျဖင့္ တရားဝင္ အလုပ္ သမား ျဖစ္ေစေရး ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ညႇိႏႈိင္းေဆြးေႏြးၿပီး ထုတ္ေပးလ်က္ရွိပါသည္။ သို႔ေသာ္လည္း CI ထုတ္ေပးမႈမွာ အခ်ိန္ကာလ အကန႔္အသတ္ရွိ၍ တရားဝင္ MOU စနစ္ျဖင့္ သြားေရာက္ လုပ္ကိုင္ျခင္း သည္ အသင့္ေတာ္ဆုံးျဖစ္ပါသည္။

ေမး ။ ျမန္မာႏိုင္ငံမွာရွိတဲ့ လူဦးေရသန္း(၅၀)မွာ အလုပ္လုပ္ႏိုင္တဲ့ အ႐ြယ္အစားဘယ္ေလာက္ရွိလဲ။
ေျဖ ။ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနက တာဝန္ယူေဆာင္႐ြက္ခဲ့သည့္ ၂၀၂၀-၂၀၂၃ ခုႏွစ္၊ လုပ္သား အင္အား ခန႔္မွန္းစာရင္းအင္းမ်ားအစီရင္ ခံစာအရ အသက္ ၁၅ ႏွစ္ႏွင့္အထက္ အလုပ္လုပ္ ကိုင္ႏိုင္ေသာ အသက္အပိုင္းအျခားရွိသူဦးေရမွာ ၂၀၂၃ ခုႏွစ္တြင္ ၃၉.၂၁ သန္း ရွိေၾကာင္း ေတြ႕ရွိပါသည္။

ေမး ။ အသက္အ႐ြယ္အပိုင္းအျခားအလိုက္ အလုပ္လုပ္ႏိုင္တဲ့သူေတြကို ကာယလုပ္သားနဲ႔ ဉာဏ လုပ္သားခြဲျခားၿပီး စစ္တမ္းေကာက္ထားတာမ်ိဳးရွိလား။
ေျဖ ။ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနအေနျဖင့္ လုပ္သားအင္အားစစ္တမ္းမ်ားကို ၂၀၁၅ ခုႏွစ္ မွ စ၍ နမူနာအိမ္ေထာင္စုမ်ားရွိ အလုပ္လုပ္ကိုင္သူအားလုံး၏ လုပ္သားဆိုင္ရာ အေျခအေနမ်ားကို ေကာက္ယူထားပါသည္။ ကာယလုပ္သား၊ ဉာဏလုပ္သားဟူ၍ သီးျခားခြဲ၍ ေကာက္ယူထားျခင္းမရွိပါ။

ေမး ။ တကယ္အလုပ္လုပ္ေနတဲ့ လုပ္သားအေရအတြက္နဲ႔ အလုပ္မလုပ္ဘဲ အေလအလြင့္ျဖစ္သြားတဲ့ လုပ္သားအင္အား ပွ်မ္းမွ်အားျဖင့္ ဦးေရဘယ္ေလာက္ရွိလဲ။ စာရင္းေကာက္ထားတာရွိလား။
ေျဖ ။ ေကာက္ယူၿပီးစီးခဲ့သည့္ လုပ္သားအင္အား စစ္တမ္းမ်ားမွ အခ်က္အလက္မ်ားကို အေျခခံ၍ ခန႔္မွန္းတြက္ခ်က္ထားသည့္ ၂၀၂၀-၂၀၂၃ လုပ္သား အင္အား ခန႔္မွန္းစာရင္းအင္းမ်ားအရ ၂၀၂၃ ခုႏွစ္ တြင္ အလုပ္လက္ရွိဦးေရ ၂၃.ဝ၉ သန္းရွိၿပီး၊ အလုပ္ လက္မဲ့ဦးေရ ဝ.၈၈ သန္းရွိေၾကာင္း ေတြ႕ရွိပါသည္။

အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္။

Related news

© 2021. All rights reserved.