ကမ္ဘာ့အထိုင်ဟောင်းမှသည် ကမ္ဘာ့အထိုင်သစ်ဆီသို့ (ဘာသာပြန်ဆောင်းပါး)
827
ဂျန်ဇက် (NP News) - ဇူလိုင် ၂၅
ယနေ့ကမ္ဘာကြီးသည် (၁၉၄၅) ခုနှစ်နောက်ပိုင်း မည်သည့်အချိန်ကာလထက်မဆို လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အပြောင်းအလဲများစွာဖြစ်ခဲ့သည်။ (၁၉၉၁)ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြီး ရုတ်တရက် ပြိုကွဲ သွားခဲ့ရာ ရာစုနှစ်တစ်ဝက်နီးပါး ကြာတည်ရှိခဲ့သည့် နှစ်နိုင်ငံကြီးစိုးသည့်အထိုင်ဟောင်း (Old bipolar order) မှာ အဆုံး သတ်သွားခဲ့သည်။ လစ်ဘရယ်အရင်းရှင်ဝါဒမှာ ပြိုင်ဘက်မရှိ အောင်ပွဲခံခဲ့ပြီး သမိုင်းနိဂုံးချုပ်ခဲ့ပြီဟုပင်ယူဆခဲ့ကြသည်။ သို့သော် စစ်အေးခေတ်လွန်ကမ္ဘာတွင် နိုင်ငံတကာပဋိပက္ခကြီးများကြားတွင် သမိုင်းတစ်ကျော့ ပြန်လည်လာသည်ကို တွေ့မြင်နေရသည်။ ပုံစံမျိုးစုံ ကွဲပြားသည့်တိုင် လစ်ဘရယ်အရင်းရှင်ဝါဒတွင်လည်း ပြိုင်ဘက်များစွာ ပေါ်ပေါက်လာခဲ့သည်။
လစ်ဘရယ်စီးပွားရေးအထိုင်မှာ Bretton Woods စနစ်အပေါ်အခြေခံပြီး အမေရိကန်က ဖန်တီးခဲ့ခြင်းဖြစ်ကာ (၁၉၉၀)ပြည့်နှစ်ကာလအထိ တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ခဲ့သည်။ နောက်ပိုင်းတွင် ယခင် အင်အားကြီးနိုင်ငံများကျင့်သုံးခဲ့သည့် စည်းမျဉ်းများကို နောက်ပိုင်းအင်အားကြီးနိုင်ငံများက လိုက်ပါကျင့်သုံး လိုခြင်းမရှိကြသည့်နိုင်ငံများရှိလာသည်။ အသစ် ထပ်မံပေါ်ပေါက်လာသည့် စီးပွားရေးအင်အားကြီးနိုင်ငံများသည် စီးပွားရေးတိုးတက်ရန်အတွက် လစ်ဘရယ် အထိုင်ကို အသုံးပြုခဲ့ကြသည်။ အသစ်ပေါ်ပေါက်လာသည့်အင်အားကြီးနိုင်ငံများသည် နောက်ဆုံးတွင် အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးမော်ဒယ်များအတိုင်း ၎င်းတို့ကိုယ်တိုင် အသွင်ပြောင်းလာကြ လိမ့်မည်ဟူသော မျှော်လင့် ချက်ဖြင့် အနောက်နိုင်ငံများကလည်းအားပေးခဲ့ကြသည်။ သို့သော် အနောက်နိုင်ငံများမျှော်လင့်သလို ဖြစ်မလာခဲ့ပါ။
အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှု
အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုမှာလည်း နိုင်ငံတကာဆက်ဆံရေး၏ ဗဟိုချက်ဖြစ်လာခဲ့ရာ မကြာသေးမီနှစ် များအတွင်းက ပထဝီနိုင်ငံရေးမြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဂါဇာ၊ ယူက ရိန်းစစ်ပွဲအခြေအနေများနှင့် ကမ္ဘာ့ နိုင်ငံများကို ပိုမိုကွဲပြားစေခဲ့ရာ ကမ္ဘာ့အထိုင်သစ် (new world order) ဆီသို့ ရွေ့လျားခြင်းအပါအဝင် ပထဝီနိုင်ငံရေး ဆိုင်ရာ အသစ်တစ်ဖန်မွေးဖွားခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။ သမ္မတဘိုင်ဒန်သည် တရုတ်နိုင်ငံနှင့် တင်းမာသည့်ဆက်ဆံ ရေး ရှိနေခြင်းအပေါ် ဖြေလျှော့နိုင်ရေး နည်းလမ်းရှာရမည်ဆိုသည်ကို နားလည်ထားသူဖြစ်သည်။ သိသာမြင်သာသည့် အချက်မှာ အမေရိကန်အစိုးရအဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်စေ လွှတ်ခဲ့ခြင်းပင်ဖြစ်သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုစီးဆင်းမှုမှာလည်း နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းလဲနေသည်။ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာလည်း အဖွဲ့နှစ်ဖွဲ့အဖြစ်ကွဲသွားနိုင်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသည် အနောက်နိုင်ငံများနှင့်ကုန် သွယ်ခြင်းထက် global south နှင့် ပို၍ ကုန်သွယ် လာနိုင်သည်။ ကုန်သွယ်ရာတွင် စီးပွားရေးအရတွက်ပါ က လက်လီစိတ်သည်ဟုဆိုသော်လည်း အနာဂတ် တွင်ကြုံတွေ့လာရနိုင်သည့်ဖိအားများကိုလျှော့ချနိုင်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မည်ဆိုကလည်း တင်နိုင်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် လေးစုကာလအတွင်း တရုတ်နိုင်ငံ စီးပွားရေးနိုးထလာအောင် အမေရိကန်နိုင်ငံက တက် တက်ြွကြွကအကူအညီ ပေးခဲ့သည်။ ယခုအခါ အမေရိကန်၏ အကြီးမားဆုံးပြိုင်ဘက်အဖြစ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံ သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နှင့် နိုင်ငံတကာ အင်စတီကျူးရှင်း များအပေါ် အနောက်နိုင်ငံများ၏လွှမ်းမိုးထားမှုကို စိန်ခေါ်နေပြီဖြစ် သည်။ လက်ရှိစနစ်ကို စည်းမျဉ်းအခြေပြုကမ္ဘာ့အထိုင် (rules-based global order)အဖြစ် ရည်ညွှန်းသုံးနှုန်းကြသည်။ သို့သော် အမေရိကန်အပေါ်အခြေပြုထားသည့်စနစ်၊ အမေရိကန်က ဖန်တီးထားသည့် စည်းမျဉ်းများဖြစ်သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပါ။ နိုင်ငံတကာဥပဒေဆိုသည်မှာလည်း အင်အားနည်းသူများအပေါ်တွင်သာ စိုးမိုးသည်။ အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့အထိုင်ကို ကျားကန်ပေးသည့် ဒေါက်တိုင်များမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ ကဲ့သို့သော အင်စတီကျူးရှင်းကြီးများဖြစ်သည်။ အဆိုပါအင်စတီကျူးရှင်းများကို ပြုပြင်ပြောင်းလဲရန် ဆိုသည်မှာလည်း အလွန်ခက်ခဲလှသည်။
အမေရိကန်ဩဇာကျဆင်းလာ
အမေရိကန်ဦးဆောင်သည့် အင်စတီကျူးရှင်းများ အင်အားလျော့နည်းလာသည်နှင့်အမျှ အမေရိကန်၏ဩဇာ နယ်ပယ်မှာလည်း ကျဉ်းမြောင်းလာခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အမေရိကန်တို့ အများဆုံး ကျားကန် ပေးထားသည့် အစ္စရေးနှင့်ယူကရိန်းကဲ့သို့သောနိုင်ငံများသည်ပင် အမေရိကန်၏ အကြံပေးချက်များအပေါ် အလေး အနက်မထားသည် များရှိလာသည်။ ဂါဇာတွင် လူသားချင်းစာနာထောက် ထားမှုအကူအညီများ အရေးပေါ်လိုအပ်နေ ချိန်တွင် အရပ်သားသေကျေပျက်စီးမှု နည်းနိုင်သမျှအနည်း ဆုံးဖြစ်အောင် ပိုမိုအာရုံစိုက်ဆောင်ရွက်ရန်နှင့် စစ်ရေး အရတိုက်ခိုက်မှုများကိုလည်း အရှိန်လျှော့ချရန် အမေရိကန်နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ကိုလည်း အစ္စရေးနိုင်ငံက ပယ်ချခဲ့သည်။ အစ္စရေးစစ်ပွဲသည် ရေနံသူဌေး ကာတာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့သည်။ ပဋိပက္ခသည်သာ ဂါဇာနယ်နိမိတ်ကိုကျော်လွန်လာခဲ့ပါက ပထဝီနိုင်ငံရေး ဆိုင်ရာအကျိုးသက်ရောက်မှုများမှာလည်း ပိုမိုကျယ် ပြန့်လာနိုင်သည်။ ဖြစ်လာနိုင်ခြေတစ်ခုမှာ ယူကရိန်းနိုင်ငံသည် အကြီးမားဆုံး အရှုံးသမားဖြစ်နိုင်သည်။ ဂါဇာ အပေါ်အာရုံရောက်ပြီး ယူကရိန်းကိုပေးနေ သည့်အကူအညီများ နှောင့်နှေးသွားမည်ကိုစိုးရိမ်ကြောင်း သမ္မတ ဇဲလန် စကီးကလည်း ထုတ်ပြောထားသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့အထိုင်သစ်တွင် အရေးပါသည့်တွန်းအားတစ်ခုဖြစ်ရမည်ဟု သမ္မတ ဂျိုးဘိုင်ဒန်၏ ပြောဆိုချက်အပေါ် အမေရိကန်ဗဟိုပြုသည့် မျှော်မှန်းချက်မှာ ခေတ်မမီတော့ဟု ရုရှား အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဝေဖန်ခဲ့သည်။ ကမ္ဘာ့အထိုင်သစ်လိုအပ်နေပြီဆိုသည့်အချက်အပေါ်တွင်မူ အမေရိကန်နှင့်ရုရှားတို့၏ သဘောထား ထပ်တူကျသည်။ သို့သော် အမေရိကန်နိုင်ငံသည် အဆိုပါကမ္ဘာ့အထိုင်သစ်တွင် ဗဟိုချက်ဖြစ်နေရမည် ကိုမူ မယုံကြည်ပါဟု Dmitry Peskov က ဆိုသည်။ မည်သို့သောကမ္ဘာ့အထိုင်သစ်မဆို နိုင်ငံတစ်နိုင်ငံ၏ လက်ထဲတွင် ကမ္ဘာ့ စီမံခန့်ခွဲမှုယန္တရားအားလုံးကို ဝကွက်အပ်ထားခြင်းမျိုးကနေ ကင်းလွတ်နေရမည်ဟုလည်း Dmitry Peskov က ပြော သည်။ လွန်ခဲ့သည့် ရာစုတစ်ဝက်တွင် ထိန်းချုပ်မောင်းနှင်ခဲ့သည့် ကမ္ဘာ့အထိုင်မှာ စွမ်းအင်မရှိတော့ကြောင်း၊ အမေရိကန် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအားပေးသည့် အထိုင်သစ်တစ်ခုဖြင့် ကမ္ဘာကြီးအားစုစည်းပေးရန်လိုအပ်သည်ဟု သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့်အစ္စရေးစသည့် နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံ၏ပါဝင်ဆောင်ရွက်ရမည့်ကိစ္စများကိုပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အထိုင်နှင့် ပတ် သက်၍ အမေရိကန်တို့ မည်သို့ပင်ပြောသည်ဖြစ်စေ အမေရိကန်တို့ လိုချင်သည်မှာ အမေရိကန် ဗဟိုပြုကမ္ဘာ့အထိုင်ပင် ဖြစ်သည်။ အမေရိကန်ကို ဗဟိုပြုပြီးလည်ပတ်မည့် ကမ္ဘာ့အထိုင်မျိုး ထပ်ပြီးအလိုမရှိတော့ပါဟု Dmitry Peskov က တုံ့ပြန်ခဲ့သည်။
Global south ၏ အခန်းကဏ္ဍ
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းနှင့် global south ၏ စီးပွားရေးဝိတ် ကြီးလာခြင်းသည် နိုင်ငံတကာအထိုင်ကို အခြေခံကျ သောပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြေရှိသည်။
အမေရိကန်တို့ဖန်တီးထားပြီး ယခုတိုင် အမေရိကန်တို့လွှမ်းမိုးဆဲဖြစ်သော ကမ္ဘာ့အထိုင်သည် ၎င်းတို့၏ စီးပွား ရေးနှင့်ဂေဟဆိုင်ရာအကျိုးစီးပွားအတွက် ငြိမ်းချမ်းမှုမရှိ၊ တရားမျှတမှုမရှိ၊ အကျွမ်းတဝင်မရှိသည့်အထိုင်ဖြစ်ကြောင်း Global South နိုင်ငံအများစုကယုံကြည်ကြသည်။ သို့ဖြစ်ရာ Global South နိုင်ငံများအနေဖြင့် ဝင်ရိုးစုံကမ္ဘာ ဒွိစုံကမ္ဘာ သို့မဟုတ် ဧကဝင်ရိုးကမ္ဘာစသည့် အနောက်နိုင်ငံများတွင် ကနေဦး ဖွံ့ဖြိုးခဲ့သည့်သဘောတရားများနှင့် စိတ်ကူး စိတ်သန်းများကို ပုံတူကူးမချသင့်ပါ။ အဆိုပါ အမျိုးအစားများသည် Global South နှင့် မည်သို့မှ မအပ်စပ်ပါ။ ကမ္ဘာကြီး သည် ဝင်ရိုးစုံကမ္ဘာဖြစ်ခဲ့စဉ်က ယနေ့ Global South နိုင်ငံအများစုသည် ကိုလိုနီ အုပ်ချုပ်ရေးစနစ်အောက်တွင် ရှိခဲ့သည်။ ကမ္ဘာကြီးသည် ဒွိစုံကမ္ဘာတွင်ရှိခဲ့စဉ်က စစ်အေးခေတ်ကာလကို ဖြတ်သန်းခဲ့ရသည်။ ထိုစဉ်က ဥရောပနိုင်ငံ များတွင်သာ ငြိမ်းချမ်းမှုရှိခဲ့ပြီး Global South နိုင်ငံအများစုမှာ စစ်ပွဲများ၊ ဝင်ရောက်စွက်ဖက်ခံရမှုများ၊ ခေါင်းပုံဖြတ်ခံ ရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်သည်။ ကမ္ဘာကြီးသည် (၁၉၉၀)ပြည့်နှစ်ကာလ ဧကဝင်ရိုးကမ္ဘာ ခေတ်၌ရှိနေ ချိန်တွင် အမေရိကန်နိုင်ငံသည် လစ်ဘရယ် ကမ္ဘာ့အထိုင် သို့မဟုတ် စည်းမျဉ်းအခြေပြု ကမ္ဘာ့အထိုင်ဆိုသည့် သဘောတရားကို အားပေးနေချိန်ဖြစ်သည်။ သို့သော် အဆိုပါစည်းမျဉ်းများကို မည်သူတွေ ကရေးဆွဲခဲ့သနည်း၊ မည်သူ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေရသနည်းဆိုသည်ကို မေးခွန်းထုတ်လာကြသည်။ လစ်ဘရယ် ကမ္ဘာ့ အထိုင်သည် အနောက်နိုင်ငံများ၏ အထူးအခွင့်အရေးအတွက် မရှိမဖြစ်လိုအပ်သည်။ သို့သော် Global South နိုင်ငံ အများစုမှာမူ နင်းပြားဘဝတွင်သာ ရှိနေခဲ့သည်။
ကမ္ဘာ့အင်စတီကျူးရှင်းများသည် အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခများ၊ ကပ်ရောဂါများ၊ ရာသီဥတု ကပ်ဆိုက်မှု များ၊ ဒုက္ခသည်အကျပ်အတည်းများ၊ အစွန်းရောက်မှုများ၊ သဘာဝအရင်းအမြစ်များကို မောင်ပိုင်စီးမှုများနှင့် ဉာဏ်ရည် တုစနစ်များကို ထိန်းကျောင်းခြင်းကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်းရှိ သော ဒီဇိုင်းများမဟုတ်ပါ။ အထူးသဖြင့် (၁၉၄၅)ခုနှစ် ပြဿနာများကိုဖြေရှင်းရန် ကုလသမဂ္ဂကို ဖန်တီး ထားခြင်းဖြစ်ပြီး နောက်ပိုင်းဖြစ်လာသည့် အခြေအနေ များကို ဆက်လက်ဖြေရှင်းနိုင်သည့် အခြေအနေမရှိပါ။ ၂၁ ရာစုကိုထင်ဟပ်သည့် ကမ္ဘာလုံးဆိုင်ရာ အင်စတီကျူးရှင်းဒီဇိုင်းတစ်ခု အရေးပေါ်လိုအပ်နေသည်။ စစ်ပွဲများသည် Global South ၏ စီးပွား ရေးနှင့် လူသားတို့၏လုံခြုံရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။ ထိုင်ဝမ်(တရုတ်တိုင်ပေ)အရေးနှင့် ပတ်သက် ၍လည်း အမေရိကန်နှင့်တရုတ်တို့ကြား ကြီးမားသည့်ပဋိပက္ခဖြစ်နိုင်သည်။ ယနေ့ကမ္ဘာသည် နောက်ထပ် အင်ပြည့် အားပြည့်ဖြင့် တိုက်ခိုက်လာမည့် စစ်ပွဲတစ်ပွဲ၏ဒဏ်ကို ခံနိုင်ရည်ရှိတော့မည်မဟုတ်ပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် လည်းဖြစ်၊ နျူကလီးယားလက်နက်ရှိသည့်အင်အားကြီးနှစ်နိုင်ငံကြား ပဋိပက္ခဖြစ်လာခဲ့မည်ဆိုပါက အဆင်အခြင်မဲ့ရာ ကျလွန်းပါလိမ့်မည်။
တရုတ်နိုင်ငံ၊ BRICS နှင့် SCO ၏ အခန်းကဏ္ဍ
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ဆက်လက်ထိန်း ထားလိုသည်။ ထို့ပြင် အခြားယဉ်ကျေးမှုများနှင့် အခြားသော နိုင်ငံရေးစနစ်များကိုလည်း ဝင်ရောက်စွက်ဖက်လိုခြင်း မရှိဟု ထုတ်ပြောထားသည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအခါ ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ချောင်ပိတ်မိနေ သည့် အနောက်နိုင်ငံများကို စောင့်ကြည့်အနေအထားတွင် ရှိနေသည်။ ဥရောပနှင့် အမေရိကန်လူ့အဖွဲ့အစည်း တွင်လည်း အစ္စရေး-ဟားမတ်စ်စစ်ပွဲကို အကြောင်းပြုပြီး အကွဲအပြဲပိုများလာနေသည်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံသည် အနောက်တိုင်း ခေတ်လွန်ဝင်ရိုးစုံ ကမ္ဘာ့အထိုင်နောက်သို့ ကိုယ်ပိုင်ဟန်ဖြင့် တစ်စိုက် မတ်မတ် လိုက်နေသည်။ အရှေ့အလယ်ပိုင်းဒေသတွင်လည်း သံခင်တမန်ခင်းအရပါဝင်ရန် ဆန္ဒရှိနေသည်။ အမြဲတစေ ရန်စောင်နေကြသည့် အီရန်နှင့် ဆော်ဒီနှစ်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် သံတမန်အဆက် အသွယ်ပြန် လည်ထူထောင်ခဲ့ကြသည်။ ပင်လယ်နီဒေသ တင်းမာမှုလျော့ပါးရေး၊ ဂါဇာ အပစ်အခတ်ရပ်စဲရေးတို့နှင့် ပတ်သက်၍ လည်း အဖန်တလဲလဲတောင်းဆိုခဲ့သည်။ ဝင်ရိုးစုံကမ္ဘာတွင် ပေါ်ထွက်လာမည့် စည်းမျဉ်းများကို အဓိကအားဖြင့် တရုတ်နိုင်ငံနှင့် ၎င်း၏မိတ်ဖက်နိုင်ငံများက ချမှတ်ပါလိမ့်မည်။ တရုတ်နိုင်ငံသည် အနောက်တိုင်းလွန် ခေတ်ကမ္ဘာ၌ ဦးစီးဦးဆောင်နေရာတွင်ရှိနေချင်သည်။
သို့သော် တရုတ်နိုင်ငံသည် တစ်ချိန်က အမေရိကန်တို့ကျင့်သုံးခဲ့သည့် လွှမ်းမိုးမှုမျိုး ထပ်မံကျင့်သုံးရန် ဆန္ဒရှိပုံမရပါ။ တရုတ်နိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက်သာ အရှေ့တောင်အာရှနှင့် ကမ္ဘာအခြားနေရာများတွင် စစ်အင်အားကြီး မားကြောင်းပြသလိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အင်အား ကြီးနိုင်ငံတစ်နိုင်ငံကို အားကိုးလိုပါက အမေရိကန်သာမဟုတ် တရုတ်နိုင်ငံလည်းရှိကြောင်း ရွေးချယ်စရာတစ်ခု ထပ်တိုးပေးလိုခြင်းဖြစ်သည်။ လစ်ဘရယ်နိုင်ငံတကာအထိုင်သည် မောက်မာသည့် အနောက်တိုင်းစနစ်များအပေါ် အခြေခံ ထားခြင်းဖြစ်သည်။ အဆိုပါစံနှုန်းများနှင့်တန်ဖိုးများ ကို ကိုလိုနီပြုခဲ့ကြသည့် ဥရောပအင်အားကြီးနိုင်ငံ များက တင်ပို့ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အမေရိကန်တို့ကလည်း အကြမ်းနည်းသုံး၍ တင်ပို့ ခဲ့ကြသည်များလည်းရှိ သည်။ ထိုသို့တင်ပို့ခဲ့ခြင်း ကြောင့် အမေရိကန်နှင့် အခြားအရင်းရှင်နိုင်ငံများ အဓိကအကျိုးအမြတ် များစွာထွက်ခဲ့ကြ သည်။ ယခုအခါ တရုတ်နိုင်ငံသည်လည်း ၎င်း၏ကိုယ်ပိုင် အချိတ်အဆက်ဖြင့် အထိုင်သစ်ဖြစ်ပေါ်လာစေရေး လွှမ်းမိုးပုံဖော်နိုင်စွမ်းရှိလာပြီ ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများအတွက် အဓိကထားသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SCO) ၌လည်း ဦးဆောင်မှုအခန်းကဏ္ဍနေရာ တွင် ရရှိထားပြီးဖြစ်သည်။ အခြားသော အဖွဲ့ဝင်များ မှာ ရုရှား၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက် ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့ ဖြစ် သည်။
ကမ္ဘာ့အထိုင်သစ် (New world order)
ကမ္ဘာ့အထိုင်သစ် (New World Order) ဖြစ်ပေါ်လာစေရေး စဉ်းစားရာတွင် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သော နိုင်ငံများ (emerging powers) ကိုချည်းအလွန်အကျွံအာရုံစိုက်နေခြင်းမျိုးမဟုတ်ဘဲ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားနှင့် တူကီယဲတို့ကဲ့သို့သော ဒေသဆိုင်ရာအဆင့်ရှိသည့်နိုင်ငံများ၏ အခန်းကဏ္ဍကိုလည်း လျစ်လျူမရူသင့်ဟု ယူဆချက်များ လည်းရှိသည်။ အဟောင်းတို့နေရာတွင် အသစ်တို့အစားထိုးမြဲဖြစ် သည်။ ကမ္ဘာကြီးကို ထိန်းကျောင်းထားသည့် ကမ္ဘာ့အ ထိုင်ဟောင်း (Old world order) မှာလည်း အချိန်ကာလတစ်ခုတွင် နိဂုံးချုပ်ပြီး ကမ္ဘာ့အထိုင်သစ် (New world order) ပေါ်လာရမည်မှာ နိယာမတ ရားပင်ဖြစ်သည်။ သို့သော် ကမ္ဘာ့အထိုင်ဟောင်း (Old world order) မည်သည့်အချိန်တွင် နိဂုံးချုပ်၍ ကမ္ဘာ့အထိုင်သစ် (New world order) မည်သည့်အချိန်တွင် ပုံပေါ်လာမည်ဆိုသည်ကိုမူ ခန့်မှန်းချက် ဖြင့်သာပြောနိုင်ပါကြောင်းနှင့် ပေါ်ထွက်လာမည့် ကမ္ဘာ့အထိုင်သစ် (New world order) သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်ပါစေကြောင်း ဆန္ဒပြုရသည်။
zawgyi version
ကမာၻ႔အထိုင္ေဟာင္းမွသည္ ကမာၻ႔အထိုင္သစ္ဆီသို႔ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၅
ယေန႔ကမာၻႀကီးသည္ (၁၉၄၅) ခုႏွစ္ေနာက္ပိုင္း မည္သည့္အခ်ိန္ကာလထက္မဆို လြန္ခဲ့သည့္ ႏွစ္ႏွစ္တာ ကာလအတြင္း အေျပာင္းအလဲမ်ားစြာျဖစ္ခဲ့သည္။ (၁၉၉၁)ခုႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုႀကီး ႐ုတ္တရက္ ၿပိဳကြဲ သြားခဲ့ရာ ရာစုႏွစ္တစ္ဝက္နီးပါး ၾကာတည္ရွိခဲ့သည့္ ႏွစ္ႏိုင္ငံႀကီးစိုးသည့္အထိုင္ေဟာင္း (Old bipolar order) မွာ အဆုံး သတ္သြားခဲ့သည္။ လစ္ဘရယ္အရင္းရွင္ဝါဒမွာ ၿပိဳင္ဘက္မရွိ ေအာင္ပြဲခံခဲ့ၿပီး သမိုင္းနိဂုံးခ်ဳပ္ခဲ့ၿပီဟုပင္ယူဆခဲ့ၾကသည္။ သို႔ေသာ္ စစ္ေအးေခတ္လြန္ကမာၻတြင္ ႏိုင္ငံတကာပဋိပကၡႀကီးမ်ားၾကားတြင္ သမိုင္းတစ္ေက်ာ့ ျပန္လည္လာသည္ကို ေတြ႕ျမင္ေနရသည္။ ပုံစံမ်ိဳးစုံ ကြဲျပားသည့္တိုင္ လစ္ဘရယ္အရင္းရွင္ဝါဒတြင္လည္း ၿပိဳင္ဘက္မ်ားစြာ ေပၚေပါက္လာခဲ့သည္။
လစ္ဘရယ္စီးပြားေရးအထိုင္မွာ Bretton Woods စနစ္အေပၚအေျခခံၿပီး အေမရိကန္က ဖန္တီးခဲ့ျခင္းျဖစ္ကာ (၁၉၉၀)ျပည့္ႏွစ္ကာလအထိ တစ္ကမာၻလုံးသို႔ပ်ံ႕ႏွံ႔ခဲ့သည္။ ေနာက္ပိုင္းတြင္ ယခင္ အင္အားႀကီးႏိုင္ငံမ်ားက်င့္သုံးခဲ့သည့္ စည္းမ်ဥ္းမ်ားကို ေနာက္ပိုင္းအင္အားႀကီးႏိုင္ငံမ်ားက လိုက္ပါက်င့္သုံး လိုျခင္းမရွိၾကသည့္ႏိုင္ငံမ်ားရွိလာသည္။ အသစ္ ထပ္မံေပၚေပါက္လာသည့္ စီးပြားေရးအင္အားႀကီးႏိုင္ငံမ်ားသည္ စီးပြားေရးတိုးတက္ရန္အတြက္ လစ္ဘရယ္ အထိုင္ကို အသုံးျပဳခဲ့ၾကသည္။ အသစ္ေပၚေပါက္လာသည့္အင္အားႀကီးႏိုင္ငံမ်ားသည္ ေနာက္ဆုံးတြင္ အေနာက္ႏိုင္ငံမ်ား၏ စီးပြားေရးႏွင့္ ႏိုင္ငံေရးေမာ္ဒယ္မ်ားအတိုင္း ၎တို႔ကိုယ္တိုင္ အသြင္ေျပာင္းလာၾက လိမ့္မည္ဟူေသာ ေမွ်ာ္လင့္ ခ်က္ျဖင့္ အေနာက္ႏိုင္ငံမ်ားကလည္းအားေပးခဲ့ၾကသည္။ သို႔ေသာ္ အေနာက္ႏိုင္ငံမ်ားေမွ်ာ္လင့္သလို ျဖစ္မလာခဲ့ပါ။
အေမရိကန္ႏွင့္ တ႐ုတ္တို႔၏ ၿပိဳင္ဆိုင္မႈ
အင္အားႀကီးႏိုင္ငံမ်ား၏ ၿပိဳင္ဆိုင္မႈမွာလည္း ႏိုင္ငံတကာဆက္ဆံေရး၏ ဗဟိုခ်က္ျဖစ္လာခဲ့ရာ မၾကာေသးမီႏွစ္ မ်ားအတြင္းက ပထဝီႏိုင္ငံေရးျမင္ကြင္းမွာ ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။ ဂါဇာ၊ ယူက ရိန္းစစ္ပြဲအေျခအေနမ်ားႏွင့္ ကမာၻ႔ ႏိုင္ငံမ်ားကို ပိုမိုကြဲျပားေစခဲ့ရာ ကမာၻ႔အထိုင္သစ္ (new world order) ဆီသို႔ ေ႐ြ႕လ်ားျခင္းအပါအဝင္ ပထဝီႏိုင္ငံေရး ဆိုင္ရာ အသစ္တစ္ဖန္ေမြးဖြားျခင္းတို႔ ျဖစ္ေပၚလာခဲ့သည္။ သမၼတဘိုင္ဒန္သည္ တ႐ုတ္ႏိုင္ငံႏွင့္ တင္းမာသည့္ဆက္ဆံ ေရး ရွိေနျခင္းအေပၚ ေျဖေလွ်ာ့ႏိုင္ေရး နည္းလမ္းရွာရမည္ဆိုသည္ကို နားလည္ထားသူျဖစ္သည္။ သိသာျမင္သာသည့္ အခ်က္မွာ အေမရိကန္အစိုးရအဖြဲ႕ဝင္မ်ားကို တ႐ုတ္ႏိုင္ငံသို႔ အႀကိမ္ႀကိမ္ေစ လႊတ္ခဲ့ျခင္းပင္ျဖစ္သည္။ ကုန္သြယ္ေရးႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈစီးဆင္းမႈမွာလည္း နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ေျပာင္းလဲေနသည္။ ကမာၻလုံးဆိုင္ရာစီးပြားေရးမွာလည္း အဖြဲ႕ႏွစ္ဖြဲ႕အျဖစ္ကြဲသြားႏိုင္သည္။ ဥပမာအားျဖင့္ တ႐ုတ္ႏိုင္ငံသည္ အေနာက္ႏိုင္ငံမ်ားႏွင့္ကုန္ သြယ္ျခင္းထက္ global south ႏွင့္ ပို၍ ကုန္သြယ္ လာႏိုင္သည္။ ကုန္သြယ္ရာတြင္ စီးပြားေရးအရတြက္ပါ က လက္လီစိတ္သည္ဟုဆိုေသာ္လည္း အနာဂတ္ တြင္ႀကဳံေတြ႕လာရႏိုင္သည့္ဖိအားမ်ားကိုေလွ်ာ့ခ်ႏိုင္သည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မည္ဆိုကလည္း တင္ႏိုင္သည္။ လြန္ခဲ့သည့္ ဆယ္စုႏွစ္ ေလးစုကာလအတြင္း တ႐ုတ္ႏိုင္ငံ စီးပြားေရးႏိုးထလာေအာင္ အေမရိကန္ႏိုင္ငံက တက္ တက္ျြႂကြကအကူအညီ ေပးခဲ့သည္။ ယခုအခါ အေမရိကန္၏ အႀကီးမားဆုံးၿပိဳင္ဘက္အျဖစ္ႏွင့္ ရင္ဆိုင္ေနရၿပီျဖစ္သည္။ ယခုအခါ တ႐ုတ္ႏိုင္ငံ သည္ ကမာၻေပၚတြင္ အႀကီးမားဆုံးေရတပ္ႏွင့္ ကမ္းေျခေစာင့္ တပ္ဖြဲ႕ကို ပိုင္ဆိုင္ထားၿပီျဖစ္သည္။ ကမာၻလုံးဆိုင္ရာ ဘ႑ာေရးစနစ္ႏွင့္ ႏိုင္ငံတကာ အင္စတီက်ဴးရွင္း မ်ားအေပၚ အေနာက္ႏိုင္ငံမ်ား၏လႊမ္းမိုးထားမႈကို စိန္ေခၚေနၿပီျဖစ္ သည္။ လက္ရွိစနစ္ကို စည္းမ်ဥ္းအေျချပဳကမာၻ႔အထိုင္ (rules-based global order)အျဖစ္ ရည္ၫႊန္းသုံးႏႈန္းၾကသည္။ သို႔ေသာ္ အေမရိကန္အေပၚအေျချပဳထားသည့္စနစ္၊ အေမရိကန္က ဖန္တီးထားသည့္ စည္းမ်ဥ္းမ်ားျဖစ္သည္ဆိုသည္မွာ သံသယျဖစ္ဖြယ္ရာမရွိပါ။ ႏိုင္ငံတကာဥပေဒဆိုသည္မွာလည္း အင္အားနည္းသူမ်ားအေပၚတြင္သာ စိုးမိုးသည္။ အေမရိကန္ဦးေဆာင္သည့္ ကမာၻ႔အထိုင္ကို က်ားကန္ေပးသည့္ ေဒါက္တိုင္မ်ားမွာ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕၊ ကမာၻ႔ဘဏ္ႏွင့္ ကုလသမဂၢ ကဲ့သို႔ေသာ အင္စတီက်ဴးရွင္းႀကီးမ်ားျဖစ္သည္။ အဆိုပါအင္စတီက်ဴးရွင္းမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ဆိုသည္မွာလည္း အလြန္ခက္ခဲလွသည္။
အေမရိကန္ဩဇာက်ဆင္းလာ
အေမရိကန္ဦးေဆာင္သည့္ အင္စတီက်ဴးရွင္းမ်ား အင္အားေလ်ာ့နည္းလာသည္ႏွင့္အမွ် အေမရိကန္၏ဩဇာ နယ္ပယ္မွာလည္း က်ဥ္းေျမာင္းလာခဲ့သည္။ စစ္ေရး၊ ႏိုင္ငံေရး၊ စီးပြားေရးအရ အေမရိကန္တို႔ အမ်ားဆုံး က်ားကန္ ေပးထားသည့္ အစၥေရးႏွင့္ယူကရိန္းကဲ့သို႔ေသာႏိုင္ငံမ်ားသည္ပင္ အေမရိကန္၏ အႀကံေပးခ်က္မ်ားအေပၚ အေလး အနက္မထားသည္ မ်ားရွိလာသည္။ ဂါဇာတြင္ လူသားခ်င္းစာနာေထာက္ ထားမႈအကူအညီမ်ား အေရးေပၚလိုအပ္ေန ခ်ိန္တြင္ အရပ္သားေသေက်ပ်က္စီးမႈ နည္းႏိုင္သမွ်အနည္း ဆုံးျဖစ္ေအာင္ ပိုမိုအာ႐ုံစိုက္ေဆာင္႐ြက္ရန္ႏွင့္ စစ္ေရး အရတိုက္ခိုက္မႈမ်ားကိုလည္း အရွိန္ေလွ်ာ့ခ်ရန္ အေမရိကန္ႏိုင္ငံ၏ အႀကံျပဳတိုက္တြန္းခ်က္ကိုလည္း အစၥေရးႏိုင္ငံက ပယ္ခ်ခဲ့သည္။ အစၥေရးစစ္ပြဲသည္ ေရနံသူေဌး ကာတာႏိုင္ငံ၏ ပထဝီႏိုင္ငံေရး အခန္းက႑ကို ပိုမိုခိုင္မာေစခဲ့သည္။ ပဋိပကၡသည္သာ ဂါဇာနယ္နိမိတ္ကိုေက်ာ္လြန္လာခဲ့ပါက ပထဝီႏိုင္ငံေရး ဆိုင္ရာအက်ိဳးသက္ေရာက္မႈမ်ားမွာလည္း ပိုမိုက်ယ္ ျပန႔္လာႏိုင္သည္။ ျဖစ္လာႏိုင္ေျခတစ္ခုမွာ ယူကရိန္းႏိုင္ငံသည္ အႀကီးမားဆုံး အရႈံးသမားျဖစ္ႏိုင္သည္။ ဂါဇာ အေပၚအာ႐ုံေရာက္ၿပီး ယူကရိန္းကိုေပးေန သည့္အကူအညီမ်ား ေႏွာင့္ေႏွးသြားမည္ကိုစိုးရိမ္ေၾကာင္း သမၼတ ဇဲလန္ စကီးကလည္း ထုတ္ေျပာထားသည္။
အေမရိကန္ႏိုင္ငံသည္ ကမာၻ႔အထိုင္သစ္တြင္ အေရးပါသည့္တြန္းအားတစ္ခုျဖစ္ရမည္ဟု သမၼတ ဂ်ိဳးဘိုင္ဒန္၏ ေျပာဆိုခ်က္အေပၚ အေမရိကန္ဗဟိုျပဳသည့္ ေမွ်ာ္မွန္းခ်က္မွာ ေခတ္မမီေတာ့ဟု ႐ုရွား အစိုးရေျပာခြင့္ရပုဂၢိဳလ္ Dmitry Peskov က ေဝဖန္ခဲ့သည္။ ကမာၻ႔အထိုင္သစ္လိုအပ္ေနၿပီဆိုသည့္အခ်က္အေပၚတြင္မူ အေမရိကန္ႏွင့္႐ုရွားတို႔၏ သေဘာထား ထပ္တူက်သည္။ သို႔ေသာ္ အေမရိကန္ႏိုင္ငံသည္ အဆိုပါကမာၻ႔အထိုင္သစ္တြင္ ဗဟိုခ်က္ျဖစ္ေနရမည္ ကိုမူ မယုံၾကည္ပါဟု Dmitry Peskov က ဆိုသည္။ မည္သို႔ေသာကမာၻ႔အထိုင္သစ္မဆို ႏိုင္ငံတစ္ႏိုင္ငံ၏ လက္ထဲတြင္ ကမာၻ႔ စီမံခန႔္ခြဲမႈယႏၲရားအားလုံးကို ဝကြက္အပ္ထားျခင္းမ်ိဳးကေန ကင္းလြတ္ေနရမည္ဟုလည္း Dmitry Peskov က ေျပာ သည္။ လြန္ခဲ့သည့္ ရာစုတစ္ဝက္တြင္ ထိန္းခ်ဳပ္ေမာင္းႏွင္ခဲ့သည့္ ကမာၻ႔အထိုင္မွာ စြမ္းအင္မရွိေတာ့ေၾကာင္း၊ အေမရိကန္ ႏိုင္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရးအားေပးသည့္ အထိုင္သစ္တစ္ခုျဖင့္ ကမာၻႀကီးအားစုစည္းေပးရန္လိုအပ္သည္ဟု သမၼတ ဂ်ိဳးဘိုင္ဒန္က ယူကရိန္း၊ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)ႏွင့္အစၥေရးစသည့္ ႏိုင္ငံတကာေရးရာႏွင့္ပတ္သက္၍ အေမရိကန္ ႏိုင္ငံ၏ပါဝင္ေဆာင္႐ြက္ရမည့္ကိစၥမ်ားကိုေျပာၾကားရာတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။ ကမာၻ႔အထိုင္ႏွင့္ ပတ္ သက္၍ အေမရိကန္တို႔ မည္သို႔ပင္ေျပာသည္ျဖစ္ေစ အေမရိကန္တို႔ လိုခ်င္သည္မွာ အေမရိကန္ ဗဟိုျပဳကမာၻ႔အထိုင္ပင္ ျဖစ္သည္။ အေမရိကန္ကို ဗဟိုျပဳၿပီးလည္ပတ္မည့္ ကမာၻ႔အထိုင္မ်ိဳး ထပ္ၿပီးအလိုမရွိေတာ့ပါဟု Dmitry Peskov က တုံ႔ျပန္ခဲ့သည္။
Global south ၏ အခန္းက႑
တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈ ေႏွးေကြးသြားျခင္းႏွင့္ global south ၏ စီးပြားေရးဝိတ္ ႀကီးလာျခင္းသည္ ႏိုင္ငံတကာအထိုင္ကို အေျခခံက် ေသာေျပာင္းလဲမႈမ်ား ပိုမိုျဖစ္ေပၚလာႏိုင္ေျခရွိသည္။
အေမရိကန္တို႔ဖန္တီးထားၿပီး ယခုတိုင္ အေမရိကန္တို႔လႊမ္းမိုးဆဲျဖစ္ေသာ ကမာၻ႔အထိုင္သည္ ၎တို႔၏ စီးပြား ေရးႏွင့္ေဂဟဆိုင္ရာအက်ိဳးစီးပြားအတြက္ ၿငိမ္းခ်မ္းမႈမရွိ၊ တရားမွ်တမႈမရွိ၊ အကြၽမ္းတဝင္မရွိသည့္အထိုင္ျဖစ္ေၾကာင္း Global South ႏိုင္ငံအမ်ားစုကယုံၾကည္ၾကသည္။ သို႔ျဖစ္ရာ Global South ႏိုင္ငံမ်ားအေနျဖင့္ ဝင္႐ိုးစုံကမာၻ ဒြိစုံကမာၻ သို႔မဟုတ္ ဧကဝင္႐ိုးကမာၻစသည့္ အေနာက္ႏိုင္ငံမ်ားတြင္ ကေနဦး ဖြံ႕ၿဖိဳးခဲ့သည့္သေဘာတရားမ်ားႏွင့္ စိတ္ကူး စိတ္သန္းမ်ားကို ပုံတူကူးမခ်သင့္ပါ။ အဆိုပါ အမ်ိဳးအစားမ်ားသည္ Global South ႏွင့္ မည္သို႔မွ မအပ္စပ္ပါ။ ကမာၻႀကီး သည္ ဝင္႐ိုးစုံကမာၻျဖစ္ခဲ့စဥ္က ယေန႔ Global South ႏိုင္ငံအမ်ားစုသည္ ကိုလိုနီ အုပ္ခ်ဳပ္ေရးစနစ္ေအာက္တြင္ ရွိခဲ့သည္။ ကမာၻႀကီးသည္ ဒြိစုံကမာၻတြင္ရွိခဲ့စဥ္က စစ္ေအးေခတ္ကာလကို ျဖတ္သန္းခဲ့ရသည္။ ထိုစဥ္က ဥေရာပႏိုင္ငံ မ်ားတြင္သာ ၿငိမ္းခ်မ္းမႈရွိခဲ့ၿပီး Global South ႏိုင္ငံအမ်ားစုမွာ စစ္ပြဲမ်ား၊ ဝင္ေရာက္စြက္ဖက္ခံရမႈမ်ား၊ ေခါင္းပုံျဖတ္ခံ ရမႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရခ်ိန္ျဖစ္သည္။ ကမာၻႀကီးသည္ (၁၉၉၀)ျပည့္ႏွစ္ကာလ ဧကဝင္႐ိုးကမာၻ ေခတ္၌ရွိေန ခ်ိန္တြင္ အေမရိကန္ႏိုင္ငံသည္ လစ္ဘရယ္ ကမာၻ႔အထိုင္ သို႔မဟုတ္ စည္းမ်ဥ္းအေျချပဳ ကမာၻ႔အထိုင္ဆိုသည့္ သေဘာတရားကို အားေပးေနခ်ိန္ျဖစ္သည္။ သို႔ေသာ္ အဆိုပါစည္းမ်ဥ္းမ်ားကို မည္သူေတြ ကေရးဆြဲခဲ့သနည္း၊ မည္သူ၏ အက်ိဳးစီးပြားအတြက္ ေဆာင္႐ြက္ေပးေနရသနည္းဆိုသည္ကို ေမးခြန္းထုတ္လာၾကသည္။ လစ္ဘရယ္ ကမာၻ႔ အထိုင္သည္ အေနာက္ႏိုင္ငံမ်ား၏ အထူးအခြင့္အေရးအတြက္ မရွိမျဖစ္လိုအပ္သည္။ သို႔ေသာ္ Global South ႏိုင္ငံ အမ်ားစုမွာမူ နင္းျပားဘဝတြင္သာ ရွိေနခဲ့သည္။
ကမာၻ႔အင္စတီက်ဴးရွင္းမ်ားသည္ အင္အားႀကီးႏိုင္ငံမ်ား၏ ပဋိပကၡမ်ား၊ ကပ္ေရာဂါမ်ား၊ ရာသီဥတု ကပ္ဆိုက္မႈ မ်ား၊ ဒုကၡသည္အက်ပ္အတည္းမ်ား၊ အစြန္းေရာက္မႈမ်ား၊ သဘာဝအရင္းအျမစ္မ်ားကို ေမာင္ပိုင္စီးမႈမ်ားႏွင့္ ဉာဏ္ရည္ တုစနစ္မ်ားကို ထိန္းေက်ာင္းျခင္းကဲ့သို႔ေသာ ကမာၻလုံးဆိုင္ရာ စိန္ေခၚမႈမ်ားကို ထိထိေရာက္ေရာက္ ေျဖရွင္းႏိုင္စြမ္းရွိ ေသာ ဒီဇိုင္းမ်ားမဟုတ္ပါ။ အထူးသျဖင့္ (၁၉၄၅)ခုႏွစ္ ျပႆနာမ်ားကိုေျဖရွင္းရန္ ကုလသမဂၢကို ဖန္တီး ထားျခင္းျဖစ္ၿပီး ေနာက္ပိုင္းျဖစ္လာသည့္ အေျခအေန မ်ားကို ဆက္လက္ေျဖရွင္းႏိုင္သည့္ အေျခအေနမရွိပါ။ ၂၁ ရာစုကိုထင္ဟပ္သည့္ ကမာၻလုံးဆိုင္ရာ အင္စတီက်ဴးရွင္းဒီဇိုင္းတစ္ခု အေရးေပၚလိုအပ္ေနသည္။ စစ္ပြဲမ်ားသည္ Global South ၏ စီးပြား ေရးႏွင့္ လူသားတို႔၏လုံၿခဳံေရးကို အႀကီးအက်ယ္ ထိခိုက္ပ်က္စီးေစသည္။ ထိုင္ဝမ္(တ႐ုတ္တိုင္ေပ)အေရးႏွင့္ ပတ္သက္ ၍လည္း အေမရိကန္ႏွင့္တ႐ုတ္တို႔ၾကား ႀကီးမားသည့္ပဋိပကၡျဖစ္ႏိုင္သည္။ ယေန႔ကမာၻသည္ ေနာက္ထပ္ အင္ျပည့္ အားျပည့္ျဖင့္ တိုက္ခိုက္လာမည့္ စစ္ပြဲတစ္ပြဲ၏ဒဏ္ကို ခံႏိုင္ရည္ရွိေတာ့မည္မဟုတ္ပါ။ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ လည္းျဖစ္၊ န်ဴကလီးယားလက္နက္ရွိသည့္အင္အားႀကီးႏွစ္ႏိုင္ငံၾကား ပဋိပကၡျဖစ္လာခဲ့မည္ဆိုပါက အဆင္အျခင္မဲ့ရာ က်လြန္းပါလိမ့္မည္။
တ႐ုတ္ႏိုင္ငံ၊ BRICS ႏွင့္ SCO ၏ အခန္းက႑
တ႐ုတ္ႏိုင္ငံသည္ အေရွ႕အလယ္ပိုင္းေဒသရွိ ႏိုင္ငံအားလုံးႏွင့္ ဆက္ဆံေရးေကာင္းတစ္ရပ္ ဆက္လက္ထိန္း ထားလိုသည္။ ထို႔ျပင္ အျခားယဥ္ေက်းမႈမ်ားႏွင့္ အျခားေသာ ႏိုင္ငံေရးစနစ္မ်ားကိုလည္း ဝင္ေရာက္စြက္ဖက္လိုျခင္း မရွိဟု ထုတ္ေျပာထားသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ယခုအခါ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ျဖင့္ ေခ်ာင္ပိတ္မိေန သည့္ အေနာက္ႏိုင္ငံမ်ားကို ေစာင့္ၾကည့္အေနအထားတြင္ ရွိေနသည္။ ဥေရာပႏွင့္ အေမရိကန္လူ႔အဖြဲ႕အစည္း တြင္လည္း အစၥေရး-ဟားမတ္စ္စစ္ပြဲကို အေၾကာင္းျပဳၿပီး အကြဲအၿပဲပိုမ်ားလာေနသည္။ တစ္ခ်ိန္တည္းမွာ တ႐ုတ္ႏိုင္ငံသည္ အေနာက္တိုင္း ေခတ္လြန္ဝင္႐ိုးစုံ ကမာၻ႔အထိုင္ေနာက္သို႔ ကိုယ္ပိုင္ဟန္ျဖင့္ တစ္စိုက္ မတ္မတ္ လိုက္ေနသည္။ အေရွ႕အလယ္ပိုင္းေဒသတြင္လည္း သံခင္တမန္ခင္းအရပါဝင္ရန္ ဆႏၵရွိေနသည္။ အၿမဲတေစ ရန္ေစာင္ေနၾကသည့္ အီရန္ႏွင့္ ေဆာ္ဒီႏွစ္ႏိုင္ငံတို႔သည္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္မႈျဖင့္ သံတမန္အဆက္ အသြယ္ျပန္ လည္ထူေထာင္ခဲ့ၾကသည္။ ပင္လယ္နီေဒသ တင္းမာမႈေလ်ာ့ပါးေရး၊ ဂါဇာ အပစ္အခတ္ရပ္စဲေရးတို႔ႏွင့္ ပတ္သက္၍ လည္း အဖန္တလဲလဲေတာင္းဆိုခဲ့သည္။ ဝင္႐ိုးစုံကမာၻတြင္ ေပၚထြက္လာမည့္ စည္းမ်ဥ္းမ်ားကို အဓိကအားျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ၎၏မိတ္ဖက္ႏိုင္ငံမ်ားက ခ်မွတ္ပါလိမ့္မည္။ တ႐ုတ္ႏိုင္ငံသည္ အေနာက္တိုင္းလြန္ ေခတ္ကမာၻ၌ ဦးစီးဦးေဆာင္ေနရာတြင္ရွိေနခ်င္သည္။
သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ တစ္ခ်ိန္က အေမရိကန္တို႔က်င့္သုံးခဲ့သည့္ လႊမ္းမိုးမႈမ်ိဳး ထပ္မံက်င့္သုံးရန္ ဆႏၵရွိပုံမရပါ။ တ႐ုတ္ႏိုင္ငံသည္ ၎၏ အက်ိဳးစီးပြားမ်ားကို ကာကြယ္ရန္အတြက္သာ အေရွ႕ေတာင္အာရွႏွင့္ ကမာၻအျခားေနရာမ်ားတြင္ စစ္အင္အားႀကီး မားေၾကာင္းျပသလိုျခင္းျဖစ္သည္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား အေနျဖင့္ အင္အား ႀကီးႏိုင္ငံတစ္ႏိုင္ငံကို အားကိုးလိုပါက အေမရိကန္သာမဟုတ္ တ႐ုတ္ႏိုင္ငံလည္းရွိေၾကာင္း ေ႐ြးခ်ယ္စရာတစ္ခု ထပ္တိုးေပးလိုျခင္းျဖစ္သည္။ လစ္ဘရယ္ႏိုင္ငံတကာအထိုင္သည္ ေမာက္မာသည့္ အေနာက္တိုင္းစနစ္မ်ားအေပၚ အေျခခံ ထားျခင္းျဖစ္သည္။ အဆိုပါစံႏႈန္းမ်ားႏွင့္တန္ဖိုးမ်ား ကို ကိုလိုနီျပဳခဲ့ၾကသည့္ ဥေရာပအင္အားႀကီးႏိုင္ငံ မ်ားက တင္ပို႔ခဲ့ၾကျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ အေမရိကန္တို႔ကလည္း အၾကမ္းနည္းသုံး၍ တင္ပို႔ ခဲ့ၾကသည္မ်ားလည္းရွိ သည္။ ထိုသို႔တင္ပို႔ခဲ့ျခင္း ေၾကာင့္ အေမရိကန္ႏွင့္ အျခားအရင္းရွင္ႏိုင္ငံမ်ား အဓိကအက်ိဳးအျမတ္ မ်ားစြာထြက္ခဲ့ၾက သည္။ ယခုအခါ တ႐ုတ္ႏိုင္ငံသည္လည္း ၎၏ကိုယ္ပိုင္ အခ်ိတ္အဆက္ျဖင့္ အထိုင္သစ္ျဖစ္ေပၚလာေစေရး လႊမ္းမိုးပုံေဖာ္ႏိုင္စြမ္းရွိလာၿပီ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးကိစၥမ်ားအတြက္ အဓိကထားသည့္ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕(SCO) ၌လည္း ဦးေဆာင္မႈအခန္းက႑ေနရာ တြင္ ရရွိထားၿပီးျဖစ္သည္။ အျခားေသာ အဖြဲ႕ဝင္မ်ား မွာ ႐ုရွား၊ ကာဇက္စတန္၊ တာဂ်စ္ကစၥတန္၊ ဥဇဘက္ ကစၥတန္၊ အိႏၵိယ၊ ပါကစၥတန္ႏွင့္ အီရန္ႏိုင္ငံတို႔ ျဖစ္ သည္။
ကမာၻ႔အထိုင္သစ္ (New world order)
ကမာၻ႔အထိုင္သစ္ (New World Order) ျဖစ္ေပၚလာေစေရး စဥ္းစားရာတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈ ျမန္ဆန္ေသာ ႏိုင္ငံမ်ား (emerging powers) ကိုခ်ည္းအလြန္အကြၽံအာ႐ုံစိုက္ေနျခင္းမ်ိဳးမဟုတ္ဘဲ အင္ဒိုနီးရွား၊ ႏိုင္ဂ်ီးရီးယားႏွင့္ တူကီယဲတို႔ကဲ့သို႔ေသာ ေဒသဆိုင္ရာအဆင့္ရွိသည့္ႏိုင္ငံမ်ား၏ အခန္းက႑ကိုလည္း လ်စ္လ်ဴမ႐ူသင့္ဟု ယူဆခ်က္မ်ား လည္းရွိသည္။ အေဟာင္းတို႔ေနရာတြင္ အသစ္တို႔အစားထိုးၿမဲျဖစ္ သည္။ ကမာၻႀကီးကို ထိန္းေက်ာင္းထားသည့္ ကမာၻ႔အ ထိုင္ေဟာင္း (Old world order) မွာလည္း အခ်ိန္ကာလတစ္ခုတြင္ နိဂုံးခ်ဳပ္ၿပီး ကမာၻ႔အထိုင္သစ္ (New world order) ေပၚလာရမည္မွာ နိယာမတ ရားပင္ျဖစ္သည္။ သို႔ေသာ္ ကမာၻ႔အထိုင္ေဟာင္း (Old world order) မည္သည့္အခ်ိန္တြင္ နိဂုံးခ်ဳပ္၍ ကမာၻ႔အထိုင္သစ္ (New world order) မည္သည့္အခ်ိန္တြင္ ပုံေပၚလာမည္ဆိုသည္ကိုမူ ခန႔္မွန္းခ်က္ ျဖင့္သာေျပာႏိုင္ပါေၾကာင္းႏွင့္ ေပၚထြက္လာမည့္ ကမာၻ႔အထိုင္သစ္ (New world order) သည္ ကမာၻ႔ၿငိမ္းခ်မ္းေရးကို အေထာက္အကူျဖစ္ပါေစေၾကာင္း ဆႏၵျပဳရသည္။