အမေရိကန်က ဂျာမနီမှာဒုံးကျည်တွေဖြန့်ကြက်ချထားမယ်ဆိုရင် နျူကလီးယား တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားသမ္မတပြော
552
ဂျန်ဇက် (NP News) - ဇူလိုင် ၂၉
ရုရှားသမ္မတ ပူတင်က တာလတ်ပစ် နျူကလီးယားဒုံးကျည်ကို ပြန်လည်ထုတ်လုပ်သွားမယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ ဂျာမနီနိုင်ငံနဲ့ ဥရောပတိုက်ရှိအခြားနေရာတွေမှာ ဒုံးကျည်တွေဖြန့်ကြက်ချထားမယ်ဆိုရင် ရုရှားကလည်း တာလတ်ပစ်နျူကလီးယား ဒုံးကျည်တွေကို ထုတ်လုပ်တော့မှာဖြစ်ကြောင်း ရုရှားသမ္မတကပြောပါတယ်။
ရုရှားသမ္မတက " အမေရိကန်အစိုးရဟာ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း နျူကလီးယားတပ်ဆင်နိုင်မယ့် တာလတ်ဒုံးကျည်တွေ၊ တာတိုပစ်ဒုံးကျည်တွေကို အရင်အတိုင်းပြန်လည်ထုတ်လုပ်ရမယ်။ လက်ရှိအချိန်မှာ အဲဒီဒုံးကျည်စနစ်တွေ အရေအတွက်များများ ထုတ်လုပ်ဖို့က နောက်ဆုံးအဆင့်ကိုရောက်ရှိနေတယ်။ ကျွန်တော်တို့ဟာ အဲဒီဒုံးကျည်တွေကိုဖြန့်ကြက်ချထားမှာလည်း ဖြစ်တယ်။ အဲဒီအတွက်ဖြစ်လာတဲ့အရာအားလုံးကို အမေရိကန်နိုင်ငံက တာဝန်ယူရမယ်။ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး သူတို့တပ်ဖြန့်ရာမှာ တန်ပြန် အစီအမံတွေ ချမှတ်သွားမှာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။
အကွာဝေးကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ကြားကိုရောက်ရှိ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ဟာ ၁၉၈၇ ခုနှစ်က လက်နက်ထိန်းချုပ်ရေးစာချုပ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံစလုံးဟာ ၂၀၁၉ ခုနှစ်မှာ တာလတ်ပစ်နျူကလီးယားလက်နက်ထိန်းချုပ်ရေး စာချုပ်က နုတ်ထွက်ခဲ့ပြီး စာချုပ်ကနုတ်ထွက်ခြင်းအတွက် အပြန်အလှန်ဝေဖန်ပြစ်တင်နေပါတယ်။ အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က တာဝေးပစ်ဒုံးကျည်တွေကို ၂၀၂၆ ခုနှစ်ကစတင်ပြီး ဂျာမနီနိုင်ငံမှာဖြန့်ကြက်ချထားတော့မှာဖြစ်ကြောင်း ဇူလိုင်လအစောပိုင်းက ကြေညာခဲ့ရာရုရှားနဲ့အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ၊ အငြင်းပွားမှုတွေပိုမိုဖြစ်လာနေပါတယ်။
zawgyi version
အေမရိကန္က ဂ်ာမနီမွာဒုံးက်ည္ေတြျဖန႔္ၾကက္ခ်ထားမယ္ဆိုရင္ န်ဴကလီးယား တာလတ္ပစ္ဒုံးက်ည္ေတြ ျပန္လည္ထုတ္လုပ္မယ္လို႔ ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၉
႐ုရွားသမၼတ ပူတင္က တာလတ္ပစ္ န်ဴကလီးယားဒုံးက်ည္ကို ျပန္လည္ထုတ္လုပ္သြားမယ္လို႔ ထပ္မံေျပာဆိုလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံဟာ ဂ်ာမနီႏိုင္ငံနဲ႔ ဥေရာပတိုက္ရွိအျခားေနရာေတြမွာ ဒုံးက်ည္ေတြျဖန႔္ၾကက္ခ်ထားမယ္ဆိုရင္ ႐ုရွားကလည္း တာလတ္ပစ္န်ဴကလီးယား ဒုံးက်ည္ေတြကို ထုတ္လုပ္ေတာ့မွာျဖစ္ေၾကာင္း ႐ုရွားသမၼတကေျပာပါတယ္။
႐ုရွားသမၼတက " အေမရိကန္အစိုးရဟာ စီစဥ္ထားတဲ့အတိုင္း လုပ္ေဆာင္မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ကလည္း န်ဴကလီးယားတပ္ဆင္ႏိုင္မယ့္ တာလတ္ဒုံးက်ည္ေတြ၊ တာတိုပစ္ဒုံးက်ည္ေတြကို အရင္အတိုင္းျပန္လည္ထုတ္လုပ္ရမယ္။ လက္ရွိအခ်ိန္မွာ အဲဒီဒုံးက်ည္စနစ္ေတြ အေရအတြက္မ်ားမ်ား ထုတ္လုပ္ဖို႔က ေနာက္ဆုံးအဆင့္ကိုေရာက္ရွိေနတယ္။ ကြၽန္ေတာ္တို႔ဟာ အဲဒီဒုံးက်ည္ေတြကိုျဖန႔္ၾကက္ခ်ထားမွာလည္း ျဖစ္တယ္။ အဲဒီအတြက္ျဖစ္လာတဲ့အရာအားလုံးကို အေမရိကန္ႏိုင္ငံက တာဝန္ယူရမယ္။ အေမရိကန္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး သူတို႔တပ္ျဖန႔္ရာမွာ တန္ျပန္ အစီအမံေတြ ခ်မွတ္သြားမွာ ျဖစ္ပါတယ္"လို႔ ေျပာပါတယ္။
အကြာေဝးကီလိုမီတာ ၅၀၀ ကေန ၅၅၀၀ၾကားကိုေရာက္ရွိ ပစ္လႊတ္ႏိုင္တဲ့ ဒုံးက်ည္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ ၁၉၈၇ ခုႏွစ္က လက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံစလုံးဟာ ၂၀၁၉ ခုႏွစ္မွာ တာလတ္ပစ္န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရး စာခ်ဳပ္က ႏုတ္ထြက္ခဲ့ၿပီး စာခ်ဳပ္ကႏုတ္ထြက္ျခင္းအတြက္ အျပန္အလွန္ေဝဖန္ျပစ္တင္ေနပါတယ္။ အေမရိကန္နဲ႔ ဂ်ာမနီႏိုင္ငံတို႔က တာေဝးပစ္ဒုံးက်ည္ေတြကို ၂၀၂၆ ခုႏွစ္ကစတင္ၿပီး ဂ်ာမနီႏိုင္ငံမွာျဖန႔္ၾကက္ခ်ထားေတာ့မွာျဖစ္ေၾကာင္း ဇူလိုင္လအေစာပိုင္းက ေၾကညာခဲ့ရာ႐ုရွားနဲ႔အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ၊ အျငင္းပြားမႈေတြပိုမိုျဖစ္လာေနပါတယ္။