ဂျပန်နိုင်ငံမှာ ဒုံးပျံစမ်းသပ်မှုလုပ်ဆောင်နေစဉ်အချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွား
2489
Pika (NP News) - နိုဝင်ဘာ ၂၆
ဂျပန်အာကာသအေဂျင်စီ Tanegashima အာကာသစင်တာရဲ့ စမ်းသပ်မှုတွေလုပ်ဆောင်တဲ့နေရာတစ်ခုမှာ နိုဝင်ဘာလ(၂၆)ရက်က လောင်စာဆီအခဲသုံး Epsilon S ဒုံးပျံကို စမ်းသပ်နေစဉ်အချိန်အတွင်း ကြီးမားတဲ့မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီမာဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း ထိခိုက်/သေဆုံးမှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေတော့ ထွက်ပေါ်မလာသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် Tanegashima အာကာသစင်တာကနေ ကြီးမားတဲ့မီးခိုးလုံးတွေထွက်ပေါ်လာတာကို နိုင်ငံပိုင်ရုပ်သံလိုင်း NHK က တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ် သက်ပြီး ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ(JAXA)က ချက်ချင်းမှတ်ချက်ပြု ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
လောင်စာဆီအခဲသုံး Epsilon S ဒုံးပျံကို စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့တဲ့ နိုဝင်ဘာလ(၂၆)ရက် နံနက်(၈)နာရီခွဲဝန်းကျင်အချိန်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ NHK ကရေးသားဖော်ပြခဲ့ပါတယ်။ စမ်းသပ်မှုကိုလုပ်ဆောင်နေတဲ့အချိန်မှာ မီဒီယာတွေက စမ်းသပ်တဲ့နေရာနဲ့ (၆၀၀) မီတာ အကွာအဝေးမှာ ရုပ်သံရိုက်ကူးမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ စက္ကန့်(၃၀)လောက်အကြာမှာ ပေါက်ကွဲသံကြီးတစ်ခုကို ကြားခဲ့ရပြီး မီးလောင်နေတဲ့အရာဝတ္တုတစ်ခုဟာ ပင်လယ်ဘက်ကို ဦးတည် ပျံတက်သွားတာကို တွေ့မြင်ခဲ့ရတယ်လို့ NHK ကဖော်ပြခဲ့ပါတယ်။အလျားလိုက်ပလက်ဖောင်းပေါ်မှာ နေရာချထားတဲ့ ဒုံးပျံအင်ဂျင်ကနေ လိမ္မော်ရောင်မီးတောက်တွေ ထွက်လာပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Sankei Shimbun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
zawgyi version
ဂ်ပန္ႏိုင္ငံမွာ ဒုံးပ်ံစမ္းသပ္မႈလုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း ေပါက္ကြဲမႈျဖစ္ပြား
Pika (NP News) - ႏိုဝင္ဘာ ၂၆
ဂ်ပန္အာကာသေအဂ်င္စီ Tanegashima အာကာသစင္တာရဲ႕ စမ္းသပ္မႈေတြလုပ္ေဆာင္တဲ့ေနရာတစ္ခုမွာ ႏိုဝင္ဘာလ(၂၆)ရက္က ေလာင္စာဆီအခဲသုံး Epsilon S ဒုံးပ်ံကို စမ္းသပ္ေနစဥ္အခ်ိန္အတြင္း ႀကီးမားတဲ့မီးေလာင္ကြၽမ္းမႈတစ္ခုျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ဂ်ပန္ႏိုင္ငံေတာင္ပိုင္း ကာဂိုရွီမာေဒသမွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္အတြင္း ထိခိုက္/ေသဆုံးမႈေတြနဲ႔ပတ္သက္တဲ့ အစီရင္ခံစာေတြေတာ့ ထြက္ေပၚမလာေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ Tanegashima အာကာသစင္တာကေန ႀကီးမားတဲ့မီးခိုးလုံးေတြထြက္ေပၚလာတာကို ႏိုင္ငံပိုင္႐ုပ္သံလိုင္း NHK က တင္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီျဖစ္ရပ္နဲ႔ပတ္ သက္ၿပီး ဂ်ပန္အာကာသစူးစမ္းေလ့လာေရးေအဂ်င္စီ(JAXA)က ခ်က္ခ်င္းမွတ္ခ်က္ျပဳ ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
ေလာင္စာဆီအခဲသုံး Epsilon S ဒုံးပ်ံကို စမ္းသပ္မႈေတြ စတင္လုပ္ေဆာင္ခဲ့တဲ့ ႏိုဝင္ဘာလ(၂၆)ရက္ နံနက္(၈)နာရီခြဲဝန္းက်င္အခ်ိန္မွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ NHK ကေရးသားေဖာ္ျပခဲ့ပါတယ္။ စမ္းသပ္မႈကိုလုပ္ေဆာင္ေနတဲ့အခ်ိန္မွာ မီဒီယာေတြက စမ္းသပ္တဲ့ေနရာနဲ႔ (၆၀၀) မီတာ အကြာအေဝးမွာ ႐ုပ္သံ႐ိုက္ကူးမႈေတြ လုပ္ေဆာင္ေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ စကၠန႔္(၃၀)ေလာက္အၾကာမွာ ေပါက္ကြဲသံႀကီးတစ္ခုကို ၾကားခဲ့ရၿပီး မီးေလာင္ေနတဲ့အရာဝတၱဳတစ္ခုဟာ ပင္လယ္ဘက္ကို ဦးတည္ ပ်ံတက္သြားတာကို ေတြ႕ျမင္ခဲ့ရတယ္လို႔ NHK ကေဖာ္ျပခဲ့ပါတယ္။အလ်ားလိုက္ပလက္ေဖာင္းေပၚမွာ ေနရာခ်ထားတဲ့ ဒုံးပ်ံအင္ဂ်င္ကေန လိေမၼာ္ေရာင္မီးေတာက္ေတြ ထြက္လာၿပီးေနာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ Sankei Shimbun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။