ပုဂံတွင် ရေမြောင်းတူးဖော်စဉ်ရရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများအား သက်ဆိုင်ရာထံ အပ်နှံခြင်းမပြုပဲ ထုခွဲရောင်းချသူများကို ဖော်ထုတ်အရေးယူ

 841

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းတူးဖော်စဉ်ရရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများအား သက်ဆိုင်ရာထံအပ်နှံခြင်းမပြုပဲ ထုခွဲရောင်းချသူများကို ဖော်ထုတ်အရေးယူထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရှေးဟောင်းပစ္စည်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်က ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေမြောင်းဖောက်လုပ်ခြင်း လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ)ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများဖြစ်ကြသော အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ (၁၃)ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တူးဖော်နေစဉ် ရှေးဟောင်းမြေအိုး(၁)လုံးတူးဖော်ရရှိခဲ့ပြီး အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် (၁၀)ကွင်း၊ ရွှေလုံး (၂) ခု၊ ရွှေဘယက်အချို့အား တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခုတို့ကို ယူဆောင်ပြီး ကျန်ရွှေဘယက်နှင့် အခြားရွှေထည်ပစ္စည်းများကို ဦးညို(ခ)ကိုကိုညိုမှ အသီးသီးခွဲဝေယူခဲ့ကြောင်း သိရသည်။

စုံစမ်းဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၉ ရက်တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုး တို့ (၃) ဦးအား ၎င်းတို့၏နေအိမ်အသီးသီးမှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ရာ ကျူးလွန်သူအောင်ဖြိုးက မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ(စိစစ်ဆဲ)၏နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းအလေးချိန် (၁၃)ကျပ်သားခန့်အား ငွေကျပ်သိန်း (၅၄၀) ဖြင့်ရောင်းချခဲ့ပြီး ဦးညို(ခ)ကိုကိုညိုမှ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချို့အား သိန်း(၉၄၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါရရှိငွေများထဲမှ အလုပ်သမားများဖြစ်သူ စိန်ထွန်းပါ (၁၂) ဦးအား တစ်ဦးလျှင် ငွေကျပ်(၅,၂၅၀,၀၀ဝ)နှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျူးလွန်သူ အောင်မိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေလက်ကောက်အကွေး(၅) ခုနှင့် တရားခံအောင်ဖြိုးထံမှ သက်သေခံရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ (၃) ခု၊ ရွှေထည်ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁၀ ပဲ၊ ၃ ရွေးအပါအဝင် ရွှေထည်ပစ္စည်းအပိုင်းအစ ၁၆ ခု၊ ၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေးတို့အား အသီးသီးဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုးတို့ (၃) ဦးနှင့် ဖမ်းဆီးရန်ကျန်သည့် ဦးညို(ခ)ကိုကိုညိုပါ (၁၁) ဦးတို့အား ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပုဂံတြင္ ေရေျမာင္းတူးေဖာ္စဥ္ရရွိခဲ့သည့္ ေရွးေဟာင္းပစၥည္းမ်ားအား သက္ဆိုင္ရာထံ အပ္ႏွံျခင္းမျပဳပဲ ထုခြဲေရာင္းခ်သူမ်ားကို ေဖာ္ထုတ္အေရးယူ

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၆

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း ေရေျမာင္းတူးေဖာ္စဥ္ရရွိခဲ့သည့္ ေရွးေဟာင္းပစၥည္းမ်ားအား သက္ဆိုင္ရာထံအပ္ႏွံျခင္းမျပဳပဲ ထုခြဲေရာင္းခ်သူမ်ားကို ေဖာ္ထုတ္အေရးယူထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ေရွးေဟာင္းပစၥည္းမ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၀ ရက္က ေညာင္ဦးၿမိဳ႕၊ ျမင္းကပါေက်း႐ြာရွိ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း၌ ေရစီးေရလာေကာင္းမြန္ေစရန္အတြက္ ေရေျမာင္းေဖာက္လုပ္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္စဥ္ တူးေဖာ္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာရွိ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း ေရစီးေရလာေကာင္းမြန္ေစရန္အတြက္ ေရေျမာင္းေဖာက္လုပ္ျခင္း လုပ္ကိုင္ခြင့္ရရွိထားသူ ဦးညိဳ(ခ)ကိုကိုညိဳ(စိစစ္ဆဲ)သည္ ပန္းရံအလုပ္သမားမ်ားျဖစ္ၾကေသာ ေအာင္ၿဖိဳး၊ စိန္ထြန္း၊ ေအာင္မိုး၊ ေဇယ်ာၿဖိဳး၊ ဝင္းေဇာ္၊ ေက်ာ္စိုးႏိုင္၊ ဇြဲမာန္၊ ကိုငယ္၊ သန္းထြန္းေအး၊ ေအာင္သူၿဖိဳး၊ ေအာင္ေက်ာ္မိုး၊ ဟန္ဝင္းသူ၊ ေမာင္တိုးတို႔ (၁၃)ဦးႏွင့္အတူ ေရေျမာင္းတူးေဖာ္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ တူးေဖာ္ေနစဥ္ ေရွးေဟာင္းေျမအိုး(၁)လုံးတူးေဖာ္ရရွိခဲ့ၿပီး အဆိုပါေျမအိုးအတြင္းမွ ေရွးေဟာင္းပစၥည္းဟု ယူဆရသည့္ ေ႐ႊလက္ေကာက္ (၁၀)ကြင္း၊ ေ႐ႊလုံး (၂) ခု၊ ေ႐ႊဘယက္အခ်ိဳ႕အား တူးေဖာ္ေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံ သတင္းေပးပို႔အပ္ႏွံျခင္းမရွိဘဲ ထုခြဲေရာင္းခ်၍ ကိုယ္က်ိဳးစီးပြားအတြက္ အသုံးျပဳႏိုင္ရန္ ေအာင္ၿဖိဳးမွ ေ႐ႊလက္ေကာက္ ၁၀ ကြင္း၊ ေ႐ႊလုံး ၂ ခုတို႔ကို ယူေဆာင္ၿပီး က်န္ေ႐ႊဘယက္ႏွင့္ အျခားေ႐ႊထည္ပစၥည္းမ်ားကို ဦးညိဳ(ခ)ကိုကိုညိဳမွ အသီးသီးခြဲေဝယူခဲ့ေၾကာင္း သိရသည္။

စုံစမ္းေဖာ္ထုတ္ခ်က္အရ ႏိုဝင္ဘာလ ၉ ရက္တြင္ ေရွးေဟာင္းေ႐ႊထည္ပစၥည္းမ်ား တူးေဖာ္ရရွိခဲ့သူ ေအာင္ၿဖိဳး၊ စိန္ထြန္းႏွင့္ ေအာင္မိုး တို႔ (၃) ဦးအား ၎တို႔၏ေနအိမ္အသီးသီးမွ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ ထိန္းသိမ္းေခၚေဆာင္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စစ္ေဆးခဲ့ရာ က်ဴးလြန္သူေအာင္ၿဖိဳးက မႏၲေလးၿမိဳ႕ရွိ ဦးတင္ေမာင္ေဆြ(စိစစ္ဆဲ)၏ေနအိမ္တြင္ တူးေဖာ္ရရွိခဲ့သည့္ ေရွးေဟာင္း ေ႐ႊထည္ပစၥည္းအေလးခ်ိန္ (၁၃)က်ပ္သားခန႔္အား ေငြက်ပ္သိန္း (၅၄၀) ျဖင့္ေရာင္းခ်ခဲ့ၿပီး ဦးညိဳ(ခ)ကိုကိုညိဳမွ၎ခြဲေဝရရွိထားသည့္ ေ႐ႊထည္ပစၥည္းအခ်ိဳ႕အား သိန္း(၉၄၀)က်ပ္ျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။ အဆိုပါရရွိေငြမ်ားထဲမွ အလုပ္သမားမ်ားျဖစ္သူ စိန္ထြန္းပါ (၁၂) ဦးအား တစ္ဦးလွ်င္ ေငြက်ပ္(၅,၂၅၀,၀၀ဝ)ႏႈန္းျဖင့္ ခြဲေဝေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ က်ဴးလြန္သူ ေအာင္မိုးထံမွ သက္ေသခံေရွးေဟာင္းေ႐ႊထည္ပစၥည္း ေ႐ႊလက္ေကာက္အေကြး(၅) ခုႏွင့္ တရားခံေအာင္ၿဖိဳးထံမွ သက္ေသခံေရွးေဟာင္းေ႐ႊထည္ပစၥည္း ေ႐ႊခဲ (၃) ခု၊ ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ၄ က်ပ္၊ ၁၀ ပဲ၊ ၃ ေ႐ြးအပါအဝင္ ေ႐ႊထည္ပစၥည္းအပိုင္းအစ ၁၆ ခု၊ ၁၃ က်ပ္၊ ၆ ပဲ၊ ၂ ေ႐ြးတို႔အား အသီးသီးေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေရွးေဟာင္းေ႐ႊထည္ပစၥည္းမ်ားအား တာဝန္ရွိသူမ်ားထံ သတင္းေပးပို႔အပ္ႏွံျခင္းမရွိဘဲ ကိုယ္က်ိဳးစီးပြားအတြက္ ထုခြဲေရာင္းခ်ခဲ့သူ ေအာင္ၿဖိဳး၊ စိန္ထြန္း၊ ေအာင္မိုးတို႔ (၃) ဦးႏွင့္ ဖမ္းဆီးရန္က်န္သည့္ ဦးညိဳ(ခ)ကိုကိုညိဳပါ (၁၁) ဦးတို႔အား ပုဂံနယ္ေျမရဲစခန္း(ပ) ၂၅/၂၀၂၄၊ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ ၁၇/၁၉ ျဖင့္ အမႈေရးဖြင့္ၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.