စမ်းချောင်းမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်သူ(၂)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
2358
NP News - ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်သူ(၂)ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်၊ ည ၇နာရီကျော်အချိန်ခန့်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်(၁)ရှိ အဆောင်တစ်ခုတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါအဆောင်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်တစ်ချက်ပစ်ဖောက်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ၎င်းတို့(၂)ဦးအား သေနတ်အတိုတစ်လက်၊ ကျည်ဆံများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျူးလွန်သူ (၂)ဦးအနက် ဇော်ဘိုဆိုသူသည် အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက် (၁)၊ အမှတ်(၇၈၂)အဆောင်တွင် လွန်ခဲ့သည့်ရက် အနည်းငယ်က ငှားရမ်းနေထိုင်သူဖြစ်ပြီး အသက်(၂၉)နှစ်အရွယ် မနွေးနွေးအိမှာ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ သိင်္ဂီ (၂)လမ်း၊ အမှတ် ၉၁၄/၉၁၅ တွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့(၂)ဦး၏ ထွက်ဆိုချက်အရ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား ပစ်ခတ်သတ်မှုတွင် ပါဝင်သူများဖြစ်ကြောင်း သိရသည်။
ဦးစန်းငွေသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်၊ နံနက်ပိုင်းက ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ရေးမှူးရုံးတွင် တစ်ဦးတည်းရှိနေစဉ် ကျူးလွန်သူများက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ သို့သော် ဦးစန်းငွေမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် ယနေ့(ဒီဇင်ဘာ ၂၆ ရက်)၊ နံနက် ၅ နာရီခွဲအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
စမ္းေခ်ာင္းၿမိဳ႕နယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ရာတြင္ ပါဝင္သူ(၂)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
NP News - ဒီဇင္ဘာ ၂၆
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ရာတြင္ ပါဝင္သူ(၂)ဦးအား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၄ ရက္၊ ည ၇နာရီေက်ာ္အခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ႐ြာသစ္အေနာက္(၁)ရွိ အေဆာင္တစ္ခုတြင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။ အဆိုပါအေဆာင္ကို သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေသနတ္တစ္ခ်က္ပစ္ေဖာက္၍ ဝင္ေရာက္ဖမ္းဆီးခဲ့ရာ ၎တို႔(၂)ဦးအား ေသနတ္အတိုတစ္လက္၊ က်ည္ဆံမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
က်ဴးလြန္သူ (၂)ဦးအနက္ ေဇာ္ဘိုဆိုသူသည္ ေအာင္ဆန္းရပ္ကြက္၊ ႐ြာသစ္အေနာက္ (၁)၊ အမွတ္(၇၈၂)အေဆာင္တြင္ လြန္ခဲ့သည့္ရက္ အနည္းငယ္က ငွားရမ္းေနထိုင္သူျဖစ္ၿပီး အသက္(၂၉)ႏွစ္အ႐ြယ္ မေႏြးေႏြးအိမွာ လႈိင္သာယာၿမိဳ႕နယ္၊ ၅ ရပ္ကြက္၊ သိဂႌ (၂)လမ္း၊ အမွတ္ ၉၁၄/၉၁၅ တြင္ေနထိုင္ခဲ့သူ ျဖစ္ေၾကာင္း သိရသည္။ ၎တို႔(၂)ဦး၏ ထြက္ဆိုခ်က္အရ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဟုမ္းလမ္းဘူတာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးစန္းေငြအား ပစ္ခတ္သတ္မႈတြင္ ပါဝင္သူမ်ားျဖစ္ေၾကာင္း သိရသည္။
ဦးစန္းေငြသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၄ရက္၊ နံနက္ပိုင္းက ဟုမ္းလမ္းဘူတာရပ္ကြက္အုပ္ေရးမႉး႐ုံးတြင္ တစ္ဦးတည္းရွိေနစဥ္ က်ဴးလြန္သူမ်ားက ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။ သို႔ေသာ္ ဦးစန္းေငြမွာ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ယေန႔(ဒီဇင္ဘာ ၂၆ ရက္)၊ နံနက္ ၅ နာရီခြဲအခ်ိန္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။