တူရကီနိုင်ငံမှာ ဖောက်ခွဲရေးပစ္စည်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူ(၁၁)ဦး သေဆုံး

 199

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဖောက်ခွဲရေးပစ္စည်းစက်ရုံတစ်ခုမှာ အင်္ဂါနေ့(ဒီဇင်ဘာ ၂၄ ရက်)က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ(၁၁)ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အာလီရာလီကာရာက ပြောကြားပါတယ်။ ပေါက်ကွဲမှုဟာ ဘာလက်ခ်ဆာ ပြည်နယ်၊ ကာဗာခ်လီ ရွာမှာရှိတဲ့ ဖောက်ခွဲရေးပစ္စည်းစက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကနဦး လူ(၁၂)ဦး သေဆုံးတယ်လို့ မှားယွင်းကြေညာမိခဲ့ပြီးမှ အမှန်တကယ် လူ(၁၁)ဦး သေဆုံးခဲ့ကြောင်းကို ဝန်ကြီးရာလီကာက ပြန်လည်ပြောင်းလဲဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အခြား (၇)ဦးက တော့ အသက်အန္တရာယ် မစိုးရိမ်ရပဲ အနီးနားရှိ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတယ်လို့ ၎င်းက ဆိုပါတယ်။ "မီးလောင်ရတဲ့အကြောင်းရင်းကို သေချာ စုံစမ်းစစ်ဆေးနေပါတယ်၊ ဒီဖြစ်ရပ်မှာ မီးလောင်မှုကြောင့် ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး"လို့ ရာလီကာက ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေအရ ပေါက်ကွဲမှုဖြစ်ပွားချိန်က စက်ရုံအဆောက်အအုံမှ မီးခိုးလုံးတွေ ထွက်ပေါ်လာပြီး နောက်ပိုင်း အဆောက်အအုံရဲ့ သတ္တုဘောင်တွေ ပျက်စီးသွားတာကို မြင်တွေ့ရပါတယ်။

မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန်တွင် ကျန်းမာရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း စေလွှတ်ထားတယ်လို့ အစိုးရ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

zawgyi version
တူရကီႏိုင္ငံမွာ ေဖာက္ခြဲေရးပစၥည္းစက္႐ုံ ေပါက္ကြဲမႈေၾကာင့္ လူ(၁၁)ဦး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၅

တူရကီႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ေဖာက္ခြဲေရးပစၥည္းစက္႐ုံတစ္ခုမွာ အဂၤါေန႔(ဒီဇင္ဘာ ၂၄ ရက္)က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူ(၁၁)ဦး ေသဆုံးကာ ခုနစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီး အာလီရာလီကာရာက ေျပာၾကားပါတယ္။ ေပါက္ကြဲမႈဟာ ဘာလက္ခ္ဆာ ျပည္နယ္၊ ကာဗာခ္လီ ႐ြာမွာရွိတဲ့ ေဖာက္ခြဲေရးပစၥည္းစက္႐ုံမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ကနဦး လူ(၁၂)ဦး ေသဆုံးတယ္လို႔ မွားယြင္းေၾကညာမိခဲ့ၿပီးမွ အမွန္တကယ္ လူ(၁၁)ဦး ေသဆုံးခဲ့ေၾကာင္းကို ဝန္ႀကီးရာလီကာက ျပန္လည္ေျပာင္းလဲေဖာ္ျပခဲ့ပါတယ္။ ဒဏ္ရာရရွိသူ အျခား (၇)ဦးက ေတာ့ အသက္အႏၲရာယ္ မစိုးရိမ္ရပဲ အနီးနားရွိ ေဆး႐ုံေတြမွာ ေဆးကုသမႈခံယူေနတယ္လို႔ ၎က ဆိုပါတယ္။ "မီးေလာင္ရတဲ့အေၾကာင္းရင္းကို ေသခ်ာ စုံစမ္းစစ္ေဆးေနပါတယ္၊ ဒီျဖစ္ရပ္မွာ မီးေလာင္မႈေၾကာင့္ ျဖစ္တယ္ဆိုတာ သံသယမရွိပါဘူး"လို႔ ရာလီကာက ဆိုပါတယ္။ အခင္းျဖစ္ပြားရာေနရာမွာ ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ေတြအရ ေပါက္ကြဲမႈျဖစ္ပြားခ်ိန္က စက္႐ုံအေဆာက္အအုံမွ မီးခိုးလုံးေတြ ထြက္ေပၚလာၿပီး ေနာက္ပိုင္း အေဆာက္အအုံရဲ႕ သတၱဳေဘာင္ေတြ ပ်က္စီးသြားတာကို ျမင္ေတြ႕ရပါတယ္။

မီးျငႇိမ္းသတ္ဖို႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ထားၿပီး စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ေနခ်ိန္တြင္ က်န္းမာေရးနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားလည္း ေစလႊတ္ထားတယ္လို႔ အစိုးရ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနက ေျပာပါတယ္။

Related news

© 2021. All rights reserved.