နောက်ထပ်(၆)လ သက်တမ်းတိုးရုံမှတစ်ပါး အခြားမရှိ

 16006

မျိုးမင်း (မကျည်းလဟာ) (NP News) - ဇူလိုင် ၂၉

လာမယ့် ဇူလိုင်(၃၁)ရက် ကာ/လုံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဝင်တွေက အရေးပေါ်ကာလ နောက်ထပ်(၆)လ သက်တမ်းတိုးရေးကိုသာ ရွေးချယ်ရမယ့် အခင်းအကျင်းတွေ ဖြစ်လာခဲ့ပါပြီ။ လေ့လာသုံးသပ်သူတွေနဲ့ သတင်းဖတ်ရည်ဝ သူတွေအားလုံးနီးပါးက တွေးဆပြီးသားကိစ္စဖြစ်မယ် လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ညီမညီ၊ တိုးဖို့ လိုအပ်/မအပ်၊ တိုး/မတိုးဆိုတာတွေကို အချက် အလက်တွေအပေါ် အခြေခံသုံးသပ်ဖို့တော့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ (၂၀၂၁) ခုနှစ်ဖေဖော်ဝါရီ(၁)ရက် ကနေ စတင်ပြီး တိုင်း ပြည်ရဲ့အရေးပေါ် အခြေအနေကာလမှာ အာဏာသုံးရပ်လုံးကို ကိုင်တွယ်ကျင့်သုံးခွင့်ရသူ ဖြစ်လာပါတယ်။ မဲမသမာမှုကိုဖြေရှင်းပေးဖို့ တောင်းဆိုခြင်းကနေစတင်ခဲ့တဲ့ နိုင်ငံရေးပြဿနာဟာ ဗိုလ်ချုပ်မှူးကြီးကို ပြည်ထောင်စုအင်္ဂါစဉ်အဆင့်(၇)သို့မဟုတ် (၈)ကနေ အဆင့်(၁) အထိ ရောက်ရှိသွားစေခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်က မဲမသမာမှုကို တာဝန်ယူ တာဝန်ခံရှင်းလင်းပေးခြင်းမရှိခဲ့မှုကနေ ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံရဲ့အာဏာအရှိဆုံးသူ ဖြစ်သွားစေခဲ့တာမျိုး လို့ တွေးဆကြည့်နိုင်ပါတယ်။ အရေးပေါ်ကာလ သာမန်အခြေအနေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တစ်နှစ်နဲ့ ခြောက်လ (နှစ်ကြိမ်) တာဝန်ယူခွင့် ရစေတာမျိုးဖြစ်ပေမယ့် သာမန်အခြေအနေမဟုတ်တော့သော (၂၀၂၃) ခုနှစ် ဖေဖော်ဝါရီ(၁)ရက်အပြီးမှာတော့ ပုဒ်မ(၄၂၅)ကို အသုံးချပြီး ခြောက်လစီနှစ်ကြိမ် သက်တမ်းတိုးခဲ့ပြန်ပါတယ်။

(၂၀၂၄) ခုနှစ် ဇန်နဝါရီ(၃၁)ရက် ကာ/လုံ အပြီးမှာ နောက်ထပ်(၆)လ သက်တမ်းတိုးခဲ့တာကြောင့် ပုဒ်မ(၄၂၅) အရ (၂၀၂၄) ခုနှစ် ဇူလိုင် (၃၁) ရက်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပဲ အာဏာသုံးရပ်လုံးရဲ့ ပဲ့ကိုင်ရှင်ဖြစ်လာ ပါတယ်။ (၂၀၂၄) ခုနှစ် ဇူလိုင်(၃၁)ရက်ကို ရောက်ရှိလာချိန်မှာလည်း တိုင်းပြည်ဟာသာမန်အခြေအနေကနေ လွန် မြောက်လာခြင်း မရှိပြန်ပါဘူး။ ဒါဆိုရင်ဖြင့် ဇူလိုင် (၃၁)ရက် ကာ/လုံအစည်းအဝေးဟာ ဘာလုပ်ရမယ်လို့ ယူဆကြပါ သလဲ။ ဇူလိုင်(၃၁)ရက် မတိုင်မီမှာ နစကဘက်က သတင်းထုတ်ပြန်ချက်တစ်စောင် ထွက်လာပါတယ်။ အဲဒီထုတ်ပြန် ချက်ဟာ လာမယ့် ကာ/လုံမှာ ဘာဆက်ဖြစ်နိုင်တယ်ဆိုတာကို လမ်းစပြထားတာဖြစ်နိုင်သလို ကာ/လုံကို ဘယ်သူဦး ဆောင်မှာလဲဆိုတာကိုပါ အတိအလင်းအသိပေး လိုက်တာပါ။

ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး မကောင်းလွန်းတာကြောင့် ဇူလိုင်(၃၀)ရက်အထိ ဆေးခွင့်ယူထား တယ်လို့ ဇူလိုင်(၁၈)ရက်မှာ ပထမ စာတစ်စောင်ထုတ်ပြန်ထားသလို ဇူလိုင်(၂၂)ရက် မှာလည်း ထပ်ဆင့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ စာရဲ့လိုရင်းကတော့ ကာ/လုံကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတရဲ့တာဝန်ဝတ္တရာများကို ဆောင် ရွက်နိုင်စေဖို့အတွက် နစကဥက္ကဋ္ဌထံ အပ်နှင်းတယ်လို့ ဖော်ပြထားတာပါ။ ဒီနေရာမှာ အငြင်းပွားစရာတွေ အများအပြား ဖြစ်လာခဲ့သလို ပြည်ပြေး/ပြည်ဖျက်သတင်းဌာနတွေကတော့ နစကဥက္ကဋ္ဌဟာ ယာယီသမ္မ တရာထူးကို ရယူလိုက် တယ်လို့ စွပ်စွဲကြပါတော့တယ်။ တကယ်တော့ ရှင်းပါတယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဟာ အရေးပေါ် အခြေအနေကာလမှာ အာဏာသုံးရပ်လုံးကို ကိုင်တွယ်ကျင့်သုံးခွင့်ရှိသူဖြစ်သလို လက်ရှိလည်း နစကဥက္ကဋ္ဌရာထူးနဲ့ တာဝန်ကို ကိုယ်တိုင်ရယူအုပ်ချုပ်စီမံနေတာပါ။

နိုင်ငံတော်သမ္မတ သို့မဟုတ် ယာယီ သမ္မတဟာ အရေးအပေါ်ကာလအခြေအနေတွေမှာ ရာထူးသာရှိထားပြီး အာဏာသုံးရပ်လုံးနဲ့ တာဝန်ဝတ္တရားတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကျင့်သုံးခွင့်လွှဲအပ်ထားပြီးသား ဖြစ်ပါ တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ယာယီသမ္မတက တာဝန်လွှဲပေးခြင်းကို အစကတည်းက ခံထားရသူ ဖြစ်သလို ကာ/လုံကျင်းပတိုင်းမှာ ယာယီသမ္မတထံ အစီအရင်ခံတင်ပြရပါတယ်။ ယာယီသမ္မတက ကျန်းမာရေးကြောင့် ကာ/လုံကို ဦးဆောင်တက် ရောက်ဖို့ မရှိနိုင်တဲ့အခြေအနေမှာ သို့မဟုတ် ဇူလိုင် (၃၀)ရက်အထိ ကျန်းမာလာခြင်းမရှိလို့ တာဝန်ထမ်း ဆောင်ဖို့ မဖြစ်နိုင်ရင် ကိုယ်စားဦးဆောင်ကျင်းပဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုပဲ ဥပဒေအရ ညွှန်ကြားချက်ပေးတာမျိုးပါ။ ရာထူးနဲ့ တာဝန်ဟာ အဓိပ္ပာယ်အယူအဆ တူသယောင်ယောင်နဲ့ ကွဲလွဲ ချက်တွေ အများအပြားရှိပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဥပဒေမှာပြဋ္ဌာန်းပေးအပ်ထား တဲ့ညွှန်ကြားချက်အရ ဇူလိုင်(၃၁)ရက် ကာ/လုံကို ဦးဆောင်မယ့်သူဖြစ်သလို အဲဒီနေ့မှာ တပ်မတော်ဝတ် စုံအစား လည်ကတုံး-တိုက်ပုံနဲ့ မြင်ရနိုင်ပါတယ်။ (ခြွင်းချက်အနေနဲ့ ဒီဆောင်းပါးကို ဖတ်မိပြီးရင်တော့ တပ်မတော်ဝတ်စုံလည်း ဝတ်ချင်ဝတ်ထားနိုင်ပါတယ်။) ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒီမိုကရေစီရွေးကောက်ပွဲကနေဖြစ်လာတဲ့ ယာယီသမ္မတမဟုတ်ပါ။ လည်ကတုံး-တိုက်ပုံ ဝတ်ထားရင်တောင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါပဲ။ အစီအရင်ခံတင်ပြမယ့်သူဟာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဖြစ်နိုင်ပါတယ်။ စိတ်ဝင်စားဖွယ် ကောင်းတာက ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကြားက စိတ်ချင်းဆက်သွယ်မှု စကားအပြောအဆို အသွားအလာလေးတွေဖြစ်ပါတယ်။ စာအသွားအလာထက်ပိုသော အနုစိတ်စီစဉ်မှုလေးတွေက တူးဖော်ဖို့မသင့်တဲ့ အစိတ်အပိုင်းတွေချည်းပဲ ဖြစ်သလို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သူဟာ အခြားသောသူတွေအပေါ် တာဝန်တွေထပ်ပြီး ဖိစီးသလိုဖြစ်မှာကို စိတ်ပူ ပေးတတ်သူဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ ဝေဖန်သူတွေ ပြောဆိုနေကြတဲ့ တခြားသူတွေအပေါ် မယုံမကြည်ဖြစ်နေသလား ဆိုတာမှာလည်း ဗိုလ်ချုပ်မှူးကြီးဟာ တခြားသူတွေ တာဝန်တွေ ပိသထက်ပိသွားမှာကို စာနာနားလည်ပေး တတ်စွာနဲ့ပဲ ကိုယ်တိုင် ဝင်ပြီး တာဝန်ခံလိုက်တဲ့ သဘောမျိုးလို့ ကောက်ချက်ချချင်စရာပါ။ ဒီလိုနဲ့ပဲ အစည်းအဝေးနေ့ကို ရောက်လာခဲ့ရင် ကာ/လုံထဲမှာ ပါဝင်သူတွေအားလုံးက မဖြစ်မနေ ဆုံးဖြတ်ပေးကြရမယ့် ကိစ္စကရှိလာပါတယ်။ ဒါကတော့ နောက်ထပ် သက်တမ်းခြောက်လတိုးမှာလား၊ တပ်ချုပ်ရဲ့ အာဏာသုံးရပ်ကို ပြန်အပ်ပြီး တခြားသူသို့မဟုတ် တခြားသောအဖွဲ့ တစ်ခုကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာနှစ်ရပ် အပ်နှင်းမှာလားဆိုတဲ့ကိစ္စပါပဲ။ ဒါ့ထက်လည်း လှည့်ထွက် သွားလို့ရတဲ့ လမ်းတွေရှိ ကောင်းရှိနေဦးမှာပါ။

သို့သော်လည်း (၂၀၂၄) ခုနှစ် ဇန်နဝါရီ (၃၁)ရက်က အတည်ပြုပေးခဲ့တဲ့ ကာ/လုံ ဆုံးဖြတ်ချက် ခြောက်လ သက်တမ်းပြည့်ခဲ့ပြီမို့ ဇူလိုင်(၃၁)ရက် ကာ/လုံဟာ တစ်ခုခုကို ကြေညာပေးရမှာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေဆုံးဖြတ် ချက်(၁)ကတော့ ကာ/ လုံကို နောက်ထပ်ခြောက်လ သက်တမ်းတိုးတာပါ။ တခြားဖြစ်နိုင်ခြေအဖြစ် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို အာဏာနှစ်ရပ်အပ်နှင်းပြီး ကာ/လုံက ဥပဒေပြုရေးအာဏာကို ကိုင်ထားတာ။ နောက် တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတာ သို့မဟုတ် ယာယီရပ်ဆိုင်းတာ။ ရွေးကောက်ပွဲပြင်ဆင်ရေး အတွက် ကြားဖြတ်စီမံခန့်ခွဲ ရေးအစိုးရအသစ်ကို ထပ်မံဖွဲ့စည်းတာ စတဲ့လမ်း ကြောင်းတွေပဲ ရှိပါတယ်။ မည်သို့ ပင်ဖြစ်စေ တိုင်းပြည်ဟာ သာမန်အခြေအနေကို ပြန်မရောက်သေးဘဲ နိုင်ငံအနှံ့တိုက်ပွဲတွေနဲ့ မတည်ငြိမ် မရေရာမှုတွေ ရှိနေတာကြောင့် ဗိုလ်ချုပ်မှူးကြီးတို့ဟာ နောက်ထပ် ခြောက်လသက်တမ်းတိုးဖို့ကိုပဲ ဆုံးဖြတ်စရာရှိပါ တော့တယ်။ ဒီအတွက် ပုဒ်မ(၄၂၅)ကလည်း ဖော်ထုတ်အသုံးပြုလက်စရှိနေတာကြောင့် ဒီထက်ကောင်းသောအခြားနည်းလမ်း မရှိတာပါ။

နောက်ထပ်ခြောက်လ သက်တမ်းတိုးကြောင်း ဆုံးဖြတ်ချက်ထွက်လာရင်လည်း ပြည်သူလူထုနဲ့ အတိုက်အခံ သမားတွေကြားမှာ ပိုပြီးထူးခြား တဲ့ခံစားချက် တုံ့ပြန်ချက်ထွက်လာစရာမရှိပါဘူး။ လူထုဟာ သိပြီးသားကိစ္စအပေါ်မှာ ထူးခြားတဲ့ခံစားချက် ပြသလေ့မရှိတာ သေချာပါတယ်။ နောက်ထပ် ခြောက်လ သက်တမ်းတိုးခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သတင်းစကားပေးပြီးသား ဖြစ်နေပြန်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းကို အသိအမှတ်မပြု ပေးရင် ခြောက်လတွေဟာ ခြောက်နှစ်ကနေ နှစ်(၆၀)ဖြစ်သွားခဲ့လည်း ဘယ်သူမှ ဘာမှမတတ်နိုင်ဘူးဆိုတဲ့ သတင်း စကားပါပဲ။ အလားတူ EAOs တွေနဲ့ NUG-PDF တွေကိုလည်း ဘာမှ တတ်နိုင်စေတော့မှာ မဟုတ်ပါဘူး။ အကောင်းဆုံး သော ဖြစ်နိုင်ခြေဟာ နောက်ထပ်ခြောက်လသက် တမ်းတိုးရုံမှတစ်ပါး ပို၍ထူးခြားစရာ မရှိတော့တာ မျိုးပါ။ ဒါဖြင့်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက်အရွယ်ကြီးရင့်လာလို့ ကွယ်လွန်သွားခဲ့ရင်ရောလို့ စောဒကတက်ချင်သူ ရှိနိုင်ပါတယ်။ ဒါလည်း သိဖို့လိုတာက အရေးပေါ်ကာလပြဋ္ဌာန်းချက်ထဲမှာ ဦးမင်းအောင်လှိုင်ကို တာဝန်ပေးပါရန်လို့ ထည့်သွင်း ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တာဝန်ယူထားသူကိုသာ အာဏာသုံးရပ် အပ်နှင်းတာပါ။ ဒီလောက်ဆိုရင်ဖြင့် အနာဂတ်ကို လှမ်းမြင်ရပြီလို့ ယူဆရကြောင်း၊ ထို့အတူ နောက်ထပ် ခြောက်လဆို သော ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်း နားထောင်ထားကြဖို့လိုကြောင်း သုံးသပ်လိုက်ပါရစေ။

zawgyi version
ေနာက္ထပ္(၆)လ သက္တမ္းတိုး႐ုံမွတစ္ပါး အျခားမရွိ
မ်ိဳးမင္း (မက်ည္းလဟာ) (NP News) - ဇူလိုင္ ၂၉

လာမယ့္ ဇူလိုင္(၃၁)ရက္ ကာ/လုံမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔အဖြဲ႕ဝင္ေတြက အေရးေပၚကာလ ေနာက္ထပ္(၆)လ သက္တမ္းတိုးေရးကိုသာ ေ႐ြးခ်ယ္ရမယ့္ အခင္းအက်င္းေတြ ျဖစ္လာခဲ့ပါၿပီ။ ေလ့လာသုံးသပ္သူေတြနဲ႔ သတင္းဖတ္ရည္ဝ သူေတြအားလုံးနီးပါးက ေတြးဆၿပီးသားကိစၥျဖစ္မယ္ လို႔ ယုံၾကည္ပါတယ္။ ဒါေပမဲ့ ဥပေဒနဲ႔ ညီမညီ၊ တိုးဖို႔ လိုအပ္/မအပ္၊ တိုး/မတိုးဆိုတာေတြကို အခ်က္ အလက္ေတြအေပၚ အေျခခံသုံးသပ္ဖို႔ေတာ့ လိုအပ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ (၂၀၂၁) ခုႏွစ္ေဖေဖာ္ဝါရီ(၁)ရက္ ကေန စတင္ၿပီး တိုင္း ျပည္ရဲ႕အေရးေပၚ အေျခအေနကာလမွာ အာဏာသုံးရပ္လုံးကို ကိုင္တြယ္က်င့္သုံးခြင့္ရသူ ျဖစ္လာပါတယ္။ မဲမသမာမႈကိုေျဖရွင္းေပးဖို႔ ေတာင္းဆိုျခင္းကေနစတင္ခဲ့တဲ့ ႏိုင္ငံေရးျပႆနာဟာ ဗိုလ္ခ်ဳပ္မႉးႀကီးကို ျပည္ေထာင္စုအဂၤါစဥ္အဆင့္(၇)သို႔မဟုတ္ (၈)ကေန အဆင့္(၁) အထိ ေရာက္ရွိသြားေစခဲ့ပါတယ္။ ဒါဟာ ေဒၚေအာင္ဆန္းစုၾကည္တို႔ NLD ဘက္က မဲမသမာမႈကို တာဝန္ယူ တာဝန္ခံရွင္းလင္းေပးျခင္းမရွိခဲ့မႈကေန ဗိုလ္ခ်ဳပ္မႉးႀကီးကို ႏိုင္ငံရဲ႕အာဏာအရွိဆုံးသူ ျဖစ္သြားေစခဲ့တာမ်ိဳး လို႔ ေတြးဆၾကည့္ႏိုင္ပါတယ္။ အေရးေပၚကာလ သာမန္အေျခအေနမွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို တစ္ႏွစ္နဲ႔ ေျခာက္လ (ႏွစ္ႀကိမ္) တာဝန္ယူခြင့္ ရေစတာမ်ိဳးျဖစ္ေပမယ့္ သာမန္အေျခအေနမဟုတ္ေတာ့ေသာ (၂၀၂၃) ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္အၿပီးမွာေတာ့ ပုဒ္မ(၄၂၅)ကို အသုံးခ်ၿပီး ေျခာက္လစီႏွစ္ႀကိမ္ သက္တမ္းတိုးခဲ့ျပန္ပါတယ္။

(၂၀၂၄) ခုႏွစ္ ဇန္နဝါရီ(၃၁)ရက္ ကာ/လုံ အၿပီးမွာ ေနာက္ထပ္(၆)လ သက္တမ္းတိုးခဲ့တာေၾကာင့္ ပုဒ္မ(၄၂၅) အရ (၂၀၂၄) ခုႏွစ္ ဇူလိုင္ (၃၁) ရက္အထိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကပဲ အာဏာသုံးရပ္လုံးရဲ႕ ပဲ့ကိုင္ရွင္ျဖစ္လာ ပါတယ္။ (၂၀၂၄) ခုႏွစ္ ဇူလိုင္(၃၁)ရက္ကို ေရာက္ရွိလာခ်ိန္မွာလည္း တိုင္းျပည္ဟာသာမန္အေျခအေနကေန လြန္ ေျမာက္လာျခင္း မရွိျပန္ပါဘူး။ ဒါဆိုရင္ျဖင့္ ဇူလိုင္ (၃၁)ရက္ ကာ/လုံအစည္းအေဝးဟာ ဘာလုပ္ရမယ္လို႔ ယူဆၾကပါ သလဲ။ ဇူလိုင္(၃၁)ရက္ မတိုင္မီမွာ နစကဘက္က သတင္းထုတ္ျပန္ခ်က္တစ္ေစာင္ ထြက္လာပါတယ္။ အဲဒီထုတ္ျပန္ ခ်က္ဟာ လာမယ့္ ကာ/လုံမွာ ဘာဆက္ျဖစ္ႏိုင္တယ္ဆိုတာကို လမ္းစျပထားတာျဖစ္ႏိုင္သလို ကာ/လုံကို ဘယ္သူဦး ေဆာင္မွာလဲဆိုတာကိုပါ အတိအလင္းအသိေပး လိုက္တာပါ။

ယာယီသမၼတ ဦးျမင့္ေဆြဟာ က်န္းမာေရး မေကာင္းလြန္းတာေၾကာင့္ ဇူလိုင္(၃၀)ရက္အထိ ေဆးခြင့္ယူထား တယ္လို႔ ဇူလိုင္(၁၈)ရက္မွာ ပထမ စာတစ္ေစာင္ထုတ္ျပန္ထားသလို ဇူလိုင္(၂၂)ရက္ မွာလည္း ထပ္ဆင့္စာတစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။ စာရဲ႕လိုရင္းကေတာ့ ကာ/လုံကိစၥရပ္မ်ား အလို႔ငွာ ယာယီသမၼတရဲ႕တာဝန္ဝတၱရာမ်ားကို ေဆာင္ ႐ြက္ႏိုင္ေစဖို႔အတြက္ နစကဥကၠ႒ထံ အပ္ႏွင္းတယ္လို႔ ေဖာ္ျပထားတာပါ။ ဒီေနရာမွာ အျငင္းပြားစရာေတြ အမ်ားအျပား ျဖစ္လာခဲ့သလို ျပည္ေျပး/ျပည္ဖ်က္သတင္းဌာနေတြကေတာ့ နစကဥကၠ႒ဟာ ယာယီသမၼ တရာထူးကို ရယူလိုက္ တယ္လို႔ စြပ္စြဲၾကပါေတာ့တယ္။ တကယ္ေတာ့ ရွင္းပါတယ္။ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ဟာ အေရးေပၚ အေျခအေနကာလမွာ အာဏာသုံးရပ္လုံးကို ကိုင္တြယ္က်င့္သုံးခြင့္ရွိသူျဖစ္သလို လက္ရွိလည္း နစကဥကၠ႒ရာထူးနဲ႔ တာဝန္ကို ကိုယ္တိုင္ရယူအုပ္ခ်ဳပ္စီမံေနတာပါ။

ႏိုင္ငံေတာ္သမၼတ သို႔မဟုတ္ ယာယီ သမၼတဟာ အေရးအေပၚကာလအေျခအေနေတြမွာ ရာထူးသာရွိထားၿပီး အာဏာသုံးရပ္လုံးနဲ႔ တာဝန္ဝတၱရားေတြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ က်င့္သုံးခြင့္လႊဲအပ္ထားၿပီးသား ျဖစ္ပါ တယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ယာယီသမၼတက တာဝန္လႊဲေပးျခင္းကို အစကတည္းက ခံထားရသူ ျဖစ္သလို ကာ/လုံက်င္းပတိုင္းမွာ ယာယီသမၼတထံ အစီအရင္ခံတင္ျပရပါတယ္။ ယာယီသမၼတက က်န္းမာေရးေၾကာင့္ ကာ/လုံကို ဦးေဆာင္တက္ ေရာက္ဖို႔ မရွိႏိုင္တဲ့အေျခအေနမွာ သို႔မဟုတ္ ဇူလိုင္ (၃၀)ရက္အထိ က်န္းမာလာျခင္းမရွိလို႔ တာဝန္ထမ္း ေဆာင္ဖို႔ မျဖစ္ႏိုင္ရင္ ကိုယ္စားဦးေဆာင္က်င္းပဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုပဲ ဥပေဒအရ ၫႊန္ၾကားခ်က္ေပးတာမ်ိဳးပါ။ ရာထူးနဲ႔ တာဝန္ဟာ အဓိပၸာယ္အယူအဆ တူသေယာင္ေယာင္နဲ႔ ကြဲလြဲ ခ်က္ေတြ အမ်ားအျပားရွိပါတယ္။ ဒါေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ဥပေဒမွာျပ႒ာန္းေပးအပ္ထား တဲ့ၫႊန္ၾကားခ်က္အရ ဇူလိုင္(၃၁)ရက္ ကာ/လုံကို ဦးေဆာင္မယ့္သူျဖစ္သလို အဲဒီေန႔မွာ တပ္မေတာ္ဝတ္ စုံအစား လည္ကတုံး-တိုက္ပုံနဲ႔ ျမင္ရႏိုင္ပါတယ္။ (ႁခြင္းခ်က္အေနနဲ႔ ဒီေဆာင္းပါးကို ဖတ္မိၿပီးရင္ေတာ့ တပ္မေတာ္ဝတ္စုံလည္း ဝတ္ခ်င္ဝတ္ထားႏိုင္ပါတယ္။) ဘယ္လိုပဲျဖစ္ျဖစ္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဟာ ဒီမိုကေရစီေ႐ြးေကာက္ပြဲကေနျဖစ္လာတဲ့ ယာယီသမၼတမဟုတ္ပါ။ လည္ကတုံး-တိုက္ပုံ ဝတ္ထားရင္ေတာင္ တပ္မ ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ပါပဲ။ အစီအရင္ခံတင္ျပမယ့္သူဟာ ဒုတပ္ခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းျဖစ္ႏိုင္ပါတယ္။ စိတ္ဝင္စားဖြယ္ ေကာင္းတာက ယာယီသမၼတ ဦးျမင့္ေဆြနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႔ၾကားက စိတ္ခ်င္းဆက္သြယ္မႈ စကားအေျပာအဆို အသြားအလာေလးေတြျဖစ္ပါတယ္။ စာအသြားအလာထက္ပိုေသာ အႏုစိတ္စီစဥ္မႈေလးေတြက တူးေဖာ္ဖို႔မသင့္တဲ့ အစိတ္အပိုင္းေတြခ်ည္းပဲ ျဖစ္သလို တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ျဖစ္သူဟာ အျခားေသာသူေတြအေပၚ တာဝန္ေတြထပ္ၿပီး ဖိစီးသလိုျဖစ္မွာကို စိတ္ပူ ေပးတတ္သူျဖစ္ႏိုင္ပါတယ္။

ဒီေနရာမွာ ေဝဖန္သူေတြ ေျပာဆိုေနၾကတဲ့ တျခားသူေတြအေပၚ မယုံမၾကည္ျဖစ္ေနသလား ဆိုတာမွာလည္း ဗိုလ္ခ်ဳပ္မႉးႀကီးဟာ တျခားသူေတြ တာဝန္ေတြ ပိသထက္ပိသြားမွာကို စာနာနားလည္ေပး တတ္စြာနဲ႔ပဲ ကိုယ္တိုင္ ဝင္ၿပီး တာဝန္ခံလိုက္တဲ့ သေဘာမ်ိဳးလို႔ ေကာက္ခ်က္ခ်ခ်င္စရာပါ။ ဒီလိုနဲ႔ပဲ အစည္းအေဝးေန႔ကို ေရာက္လာခဲ့ရင္ ကာ/လုံထဲမွာ ပါဝင္သူေတြအားလုံးက မျဖစ္မေန ဆုံးျဖတ္ေပးၾကရမယ့္ ကိစၥကရွိလာပါတယ္။ ဒါကေတာ့ ေနာက္ထပ္ သက္တမ္းေျခာက္လတိုးမွာလား၊ တပ္ခ်ဳပ္ရဲ႕ အာဏာသုံးရပ္ကို ျပန္အပ္ၿပီး တျခားသူသို႔မဟုတ္ တျခားေသာအဖြဲ႕ တစ္ခုကို အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး အာဏာႏွစ္ရပ္ အပ္ႏွင္းမွာလားဆိုတဲ့ကိစၥပါပဲ။ ဒါ့ထက္လည္း လွည့္ထြက္ သြားလို႔ရတဲ့ လမ္းေတြရွိ ေကာင္းရွိေနဦးမွာပါ။

သို႔ေသာ္လည္း (၂၀၂၄) ခုႏွစ္ ဇန္နဝါရီ (၃၁)ရက္က အတည္ျပဳေပးခဲ့တဲ့ ကာ/လုံ ဆုံးျဖတ္ခ်က္ ေျခာက္လ သက္တမ္းျပည့္ခဲ့ၿပီမို႔ ဇူလိုင္(၃၁)ရက္ ကာ/လုံဟာ တစ္ခုခုကို ေၾကညာေပးရမွာပဲ ျဖစ္ပါတယ္။ ျဖစ္ႏိုင္ေျခဆုံးျဖတ္ ခ်က္(၁)ကေတာ့ ကာ/ လုံကို ေနာက္ထပ္ေျခာက္လ သက္တမ္းတိုးတာပါ။ တျခားျဖစ္ႏိုင္ေျခအျဖစ္ လူပုဂၢိဳလ္တစ္ဦးဦး သို႔မဟုတ္ အဖြဲ႕အစည္းတစ္ခုခုကို အာဏာႏွစ္ရပ္အပ္ႏွင္းၿပီး ကာ/လုံက ဥပေဒျပဳေရးအာဏာကို ကိုင္ထားတာ။ ေနာက္ တစ္ခ်က္က ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းတာ သို႔မဟုတ္ ယာယီရပ္ဆိုင္းတာ။ ေ႐ြးေကာက္ပြဲျပင္ဆင္ေရး အတြက္ ၾကားျဖတ္စီမံခန႔္ခြဲ ေရးအစိုးရအသစ္ကို ထပ္မံဖြဲ႕စည္းတာ စတဲ့လမ္း ေၾကာင္းေတြပဲ ရွိပါတယ္။ မည္သို႔ ပင္ျဖစ္ေစ တိုင္းျပည္ဟာ သာမန္အေျခအေနကို ျပန္မေရာက္ေသးဘဲ ႏိုင္ငံအႏွံ႔တိုက္ပြဲေတြနဲ႔ မတည္ၿငိမ္ မေရရာမႈေတြ ရွိေနတာေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔ဟာ ေနာက္ထပ္ ေျခာက္လသက္တမ္းတိုးဖို႔ကိုပဲ ဆုံးျဖတ္စရာရွိပါ ေတာ့တယ္။ ဒီအတြက္ ပုဒ္မ(၄၂၅)ကလည္း ေဖာ္ထုတ္အသုံးျပဳလက္စရွိေနတာေၾကာင့္ ဒီထက္ေကာင္းေသာအျခားနည္းလမ္း မရွိတာပါ။

ေနာက္ထပ္ေျခာက္လ သက္တမ္းတိုးေၾကာင္း ဆုံးျဖတ္ခ်က္ထြက္လာရင္လည္း ျပည္သူလူထုနဲ႔ အတိုက္အခံ သမားေတြၾကားမွာ ပိုၿပီးထူးျခား တဲ့ခံစားခ်က္ တုံ႔ျပန္ခ်က္ထြက္လာစရာမရွိပါဘူး။ လူထုဟာ သိၿပီးသားကိစၥအေပၚမွာ ထူးျခားတဲ့ခံစားခ်က္ ျပသေလ့မရွိတာ ေသခ်ာပါတယ္။ ေနာက္ထပ္ ေျခာက္လ သက္တမ္းတိုးျခင္းအားျဖင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကိုလည္း သတင္းစကားေပးၿပီးသား ျဖစ္ေနျပန္ပါတယ္။ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကို အသိအမွတ္မျပဳ ေပးရင္ ေျခာက္လေတြဟာ ေျခာက္ႏွစ္ကေန ႏွစ္(၆၀)ျဖစ္သြားခဲ့လည္း ဘယ္သူမွ ဘာမွမတတ္ႏိုင္ဘူးဆိုတဲ့ သတင္း စကားပါပဲ။ အလားတူ EAOs ေတြနဲ႔ NUG-PDF ေတြကိုလည္း ဘာမွ တတ္ႏိုင္ေစေတာ့မွာ မဟုတ္ပါဘူး။ အေကာင္းဆုံး ေသာ ျဖစ္ႏိုင္ေျခဟာ ေနာက္ထပ္ေျခာက္လသက္ တမ္းတိုး႐ုံမွတစ္ပါး ပို၍ထူးျခားစရာ မရွိေတာ့တာ မ်ိဳးပါ။ ဒါျဖင့္ရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အသက္အ႐ြယ္ႀကီးရင့္လာလို႔ ကြယ္လြန္သြားခဲ့ရင္ေရာလို႔ ေစာဒကတက္ခ်င္သူ ရွိႏိုင္ပါတယ္။ ဒါလည္း သိဖို႔လိုတာက အေရးေပၚကာလျပ႒ာန္းခ်က္ထဲမွာ ဦးမင္းေအာင္လႈိင္ကို တာဝန္ေပးပါရန္လို႔ ထည့္သြင္း ျပ႒ာန္းထားတာ မဟုတ္ပါဘူး။ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္တာဝန္ယူထားသူကိုသာ အာဏာသုံးရပ္ အပ္ႏွင္းတာပါ။ ဒီေလာက္ဆိုရင္ျဖင့္ အနာဂတ္ကို လွမ္းျမင္ရၿပီလို႔ ယူဆရေၾကာင္း၊ ထို႔အတူ ေနာက္ထပ္ ေျခာက္လဆို ေသာ ဆုံးျဖတ္ခ်က္ကိုသာ ေစာင့္ဆိုင္း နားေထာင္ထားၾကဖို႔လိုေၾကာင္း သုံးသပ္လိုက္ပါရေစ။

Related news

© 2021. All rights reserved.