တရုတ်စားပွဲတင် တင်းနစ်ချန်ပီယံ ဝမ်ချူကျင်း အိုလံပစ်ပွဲစဉ်အတွင်း ဘတ်တံကျိုးပြီး ရှုံးနိမ့်

 186

ရောင်နီ (NP News) - သြဂုတ် ၁

တရုတ်နိုင်ငံရဲ့စားပွဲတင်တင်းနစ် ကမ္ဘာ့နံပါတ်တစ်ကစားသမား ဝမ်ချူကျင်းဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၁ ရက်)က အမျိုးသားတစ်ဦးချင်း အိုလံပစ်ပွဲစဉ်မှာ ဘက်တံကျိုးသွားခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။

ဝမ်ဟာ အင်္ဂါနေ့(ဇူလိုင် ၃၀ ရက်) က ယှဉ်ပြိုင်တဲ့ အိုလံပစ် ပွဲစဉ်မှာ ယှဉ်ပြိုင်နေရင်း သူ့ရဲ့ ဘတ်တံ ကျိုးသွားခဲ့ ပါတယ်။ အဲဒီနောက် ၂၄ နာရီအတွင်း ဆွီဒင် ကစားသမား ထရာစ်မျုရီဂတ် ကို ရမှတ် 4-2 နဲ့ ရှုံးနိမ့်ပြီး တစ်ကိုယ်တော် အဆင့် ၃၂ မှ ထွက်ခွာခဲ့ရ ပါတယ်။ ဝမ်ကတော့ ဘတ်တံကျိုးသွားတာကြောင့် အာရုံစူးစိုက်မှုလည်း ပျက်ယွင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ကျိုးသွားတဲ့ ဘတ်တံနေရာမှာ ချက်ချင်း ဘတ်တံအသစ် အစားထိုး လဲပေးခဲ့ပေမယ့် ဝမ်ဟာ စိတ်လှုပ်ရှားမှုများသွားတာကြောင့် ပြိုင်ပွဲမှာ ဟန်ချက်ပျက်ကာ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ တယ်လို့ ဆိုပါတယ်။ အသစ်လဲပေးတဲ့ ဘတ်တံ အဆင်မပြေမှုကြောင့်လားဆိုတဲ့ မေးခွန်းကိုတော့ ငြင်းဆိုခဲ့ပါ တယ်။

တရုတ်နိုင်ငံဟာ စားပွဲတင် တင်းနစ်အားကစားမှာ ဆရာတစ်တစ်ဆူဖြစ်ပြီး စားပွဲတင် တင်းနစ် အိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့တဲ့ ၃၆ နှစ် မှာ တရုတ်က ရွှေတံဆိပ်ရရှိခဲ့တဲ့ နှစ်ဟာ ၃၂ နှစ်ထိ ရှိခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္စားပြဲတင္ တင္းနစ္ခ်န္ပီယံ ဝမ္ခ်ဴက်င္း အိုလံပစ္ပြဲစဥ္အတြင္း ဘတ္တံက်ိဳးၿပီး ရႈံးနိမ့္
ေရာင္နီ (NP News) - ၾသဂုတ္ ၁

တ႐ုတ္ႏိုင္ငံရဲ႕စားပြဲတင္တင္းနစ္ ကမာၻ႔နံပါတ္တစ္ကစားသမား ဝမ္ခ်ဴက်င္းဟာ ဗုဒၶဟူးေန႔ (ဇူလိုင္ ၃၁ ရက္)က အမ်ိဳးသားတစ္ဦးခ်င္း အိုလံပစ္ပြဲစဥ္မွာ ဘက္တံက်ိဳးသြားခဲ့ၿပီး ရႈံးနိမ့္ခဲ့ပါတယ္။

ဝမ္ဟာ အဂၤါေန႔(ဇူလိုင္ ၃၀ ရက္) က ယွဥ္ၿပိဳင္တဲ့ အိုလံပစ္ ပြဲစဥ္မွာ ယွဥ္ၿပိဳင္ေနရင္း သူ႔ရဲ႕ ဘတ္တံ က်ိဳးသြားခဲ့ ပါတယ္။ အဲဒီေနာက္ ၂၄ နာရီအတြင္း ဆြီဒင္ ကစားသမား ထရာစ္မ်ဳရီဂတ္ ကို ရမွတ္ 4-2 နဲ႔ ရႈံးနိမ့္ၿပီး တစ္ကိုယ္ေတာ္ အဆင့္ ၃၂ မွ ထြက္ခြာခဲ့ရ ပါတယ္။ ဝမ္ကေတာ့ ဘတ္တံက်ိဳးသြားတာေၾကာင့္ အာ႐ုံစူးစိုက္မႈလည္း ပ်က္ယြင္းသြားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ က်ိဳးသြားတဲ့ ဘတ္တံေနရာမွာ ခ်က္ခ်င္း ဘတ္တံအသစ္ အစားထိုး လဲေပးခဲ့ေပမယ့္ ဝမ္ဟာ စိတ္လႈပ္ရွားမႈမ်ားသြားတာေၾကာင့္ ၿပိဳင္ပြဲမွာ ဟန္ခ်က္ပ်က္ကာ ၿပိဳင္ဘက္ကို ရႈံးနိမ့္ခဲ့ တယ္လို႔ ဆိုပါတယ္။ အသစ္လဲေပးတဲ့ ဘတ္တံ အဆင္မေျပမႈေၾကာင့္လားဆိုတဲ့ ေမးခြန္းကိုေတာ့ ျငင္းဆိုခဲ့ပါ တယ္။

တ႐ုတ္ႏိုင္ငံဟာ စားပြဲတင္ တင္းနစ္အားကစားမွာ ဆရာတစ္တစ္ဆူျဖစ္ၿပီး စားပြဲတင္ တင္းနစ္ အိုလံပစ္ၿပိဳင္ပြဲ က်င္းပခဲ့တဲ့ ၃၆ ႏွစ္ မွာ တ႐ုတ္က ေ႐ႊတံဆိပ္ရရွိခဲ့တဲ့ ႏွစ္ဟာ ၃၂ ႏွစ္ထိ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.