‘ထရမ့်’ ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့အခါ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုရှိလာနိုင်လဲ (ဘာသာပြန်ဆောင်းပါး)
865
Alynn (NP News) - ဩဂုတ် ၂
အမေရိကန်သမ္မတ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဒေါ်နယ်ထရမ့် သမ္မတရာထူး ပြန်လည်ရရှိနိုင် ခြေနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးက စတင်စဉ်းစားနေ ပြီဖြစ်သည်။ မကြာသေးမီကပင် ၎င်း၏ ပြိုင်ဘက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သမ္မတရွေး ကောက်ပွဲမှနုတ်ထွက်သွားပြီဖြစ်ရာ ၎င်းအတွက် အခွင့်အလမ်း ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် အမေရိကန်ပြည်သူများက ထရမ့် သမ္မတဖြစ်လာမည့် အရေးနှင့်ပတ်သက်၍ ကြိုတင်သုံးသပ်ချက်များဟော ကိန်းထုတ်နေကြသလို ကျန်ကမ္ဘာတစ်ဝန်းလုံးကမူ ထရမ့်ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ အပေါ် ပိုမိုစိတ်ဝင်စားနေကြသည်။ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်သည် တရုတ်၊ နေတိုး၊ ယူကရိန်းနှင့် ဂါဇာတို့တွင် ၎င်း၏မူဝါဒအချို့ကို အရိပ်အမြွက် ပြောထားပြီးဖြစ်သည်။
ကာကွယ်ရေးကဏ္ဍနှင့် နေတိုး
ထရမ့်သည် ၎င်း၏သမ္မတသက်တမ်းအတွင်း ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး အာကာသအတွင်းပြိုင်ဆိုင်မှုများကို ကိုင်တွယ် ဖြေရှင်းရန် သီးခြားလက်နက်ကိုင် တပ်ဖွဲ့ဌာနခွဲတစ်ခု ကို ဖန်တီးခဲ့သည်။ တရုတ်၊ ရုရှားတို့နှင့် အင်အား ပြိုင်ဆိုင်မှုကို အာရုံစိုက်ရန် အမေရိကန်၏ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးဗျူဟာကို ပြန်လည်ဖြည့် တင်းခဲ့ပြီး စစ်အေးခေတ် ကာကွယ်ရေးမဟာမိတ် ဖြစ်သည့် နေတိုးကိုစွန့်လွှတ်ရန် ဥရောပမဟာမိတ်များ ကိုလှုံ့ဆော်ခဲ့ဖူးသည်။ ထရမ့်၏ ပထမသက်တမ်းအတွင်း နေတိုးနှင့်ဆက်ဆံရေးတွင် ရှုပ်ထွေးမှုများစွာရှိခဲ့သည်။ (၂၀၁၇) ခုနှစ် ဇန်နဝါရီလတွင် နေတိုး အဖွဲ့အစည်းကို အသုံးမဝင်တော့ကြောင်း ကြေညာပြီး နောက်ယင်းကို ပြန်လည် ရုပ်သိမ်းခဲ့ပြန်သည်။ သို့သော် ထိုအချိန်ကတည်းက အမေရိကန်နှင့် နေတိုးမဟာမိတ်များအကြား ဆက်ဆံရေးတွင် ထိခိုက်မှုများ ရှိလာခဲ့ပြီး ယခုအချိန်ထိတိုင်အောင်လည်း အေးခဲနေ ဆဲဖြစ်သည်။
အကယ်၍ ထရမ့် ပြန်လည်အရွေးခံရပါက နေတိုးအဖွဲ့ထံထောက်ပံ့မြဲဖြစ်သည့် အမေရိကန်၏ရန်ပုံငွေများကို ဖြတ်တောက်မည်ဖြစ်ကြောင်း သို့မဟုတ် ၎င်း၏ သဘောတူစာချုပ်ပါ ပုဒ်မ (၅)ကို ရပ်တည်ခြင်းမရှိကြောင်း အရိပ် အမြွက်ပြောထားသည်။ ယင်းပုဒ်မက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရတိုက်ခိုက်ခံရပါက အခြားအဖွဲ့ဝင် များကပါ အကူအညီပေးမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤပုဒ်မက လတ်တလော စစ်ရေး ပဋိပက္ခများရှိနေသော ဥရောပတစ်ခွင်အတွက် စိုးရိမ်စရာဖြစ်လာနေသည်။ အချို့သော ဥရောပမဟာမိတ် များသည် ထရမ့်၏ အစောပိုင်းသတိပေးချက်များကို ဂရုပြုကြပြီး ယခုအခါ ၎င်းတို့၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်လာကာ အချို့ကိစ္စများတွင် ရုရှားကိုဟန့်တားနိုင်ရန် စစ်အင်အားစုဆောင်းခြင်းနှင့် အရန်တပ် အရေအတွက် တိုးမြှင့်ခြင်းများကိုပါ လုပ် ဆောင်လာကြသည်။
ထရမ့်၏ရည်ရွယ်ချက်မှာ ဥရောပမဟာမိတ်များ၏ စစ်ရေးစွမ်းရည်နှင့်အသုံးစရိတ်များကို တိုးမြှင့်ရန် ဖြစ်သည့် အားလျော်စွာ ထိုကဲ့သို့ မဟာမိတ်အချို့က ၎င်း၏ဆန္ဒနှင့်အညီ လိုက်ပါလုပ်ဆောင်လာကြသည့်အတွက် ထရမ့်၏ ရည်မှန်းချက်များ အောင်မြင်နေပြီ ဟုပင်မှတ်ယူနိုင်သည်။ ထရမ့်သည် နေတိုးမဟာမိတ်များကို ကာကွယ်ရေးတွင် ပိုမိုသုံးစွဲရန်တောင်းဆိုသည့် ပထမဆုံး အမေရိကန်သမ္မတမဟုတ်သော်လည်း အမှန်စင်စစ်အားဖြင့် နေတိုးအတွက် အမေရိကန်သမ္မတအများစု၏ တူညီသောသတင်းစကား အဖြစ်ရှိခဲ့သည်။ ထရမ့်၏ ကွဲပြားသွားသော အချက်မှာ ၎င်း၏ မှတ်ချက်များမှာ ပြင်းထန်နေပြီး ၎င်း၏တိုက် တွန်းမှုက ခြိမ်းခြောက်သည့်ပုံစံဖြစ်နေခြင်းဖြစ်သည်။
အလားအလာရှိသော ထရမ့်၏ ဒုတိယသက် တမ်းအုပ်ချုပ်ရေးတွင် ဥရောပမဟာမိတ်များအတွက် ရပ်တည်လို သောသူ အရေအတွက် အနည်းငယ်သာ ခန့်အပ်ရန် ဆန္ဒရှိမြဲဖြစ်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီ ထရမ့်၏ လိုလားချက်နှင့် လုံးလုံး လျားလျားကိုက်ညီမည့် ခန့်အပ်ခံရာထူးအချို့အတွက် ရွေးချယ်ရန် အထူးဌာနတစ်ခုကိုလည်း ဖွဲ့စည်းထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။
တရုတ်
ဉာဏပစ္စည်းခိုးယူမှု၊ ငွေကြေးဆိုင်ရာ ကြိုးကိုင်မှု၊ ပို့ကုန်နှင့် အခြားကုန်ပစ္စည်းများတွင် ဈေးကစားခြင်းများ၊ စီးပွားရေးသူလျှိုလုပ်မှုများနှင့်ပတ်သက်၍ ထရမ့်က တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ပြင်ဆင်ခဲ့ဖူး သည်။ အမေရိကန် အလုပ်သမားများကို အကာအကွယ်ပေးရန်နှင့် အမေရိကန်၏ကြီးမားသောကုန် သွယ်လိုငွေပြမှုကိုလျှော့ချရန် ပြင်းထန် သည့် တုံ့ပြန်မှု များလုပ်ဆောင်ရန်လိုအပ်ကြောင်း ထရမ့်ကဖော်ပြခဲ့သည်။
၎င်း၏ ယခင်သက်တမ်းတွင် ထရမ့်သည် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုနှင့် နှစ်နိုင်ငံကြားဆက်ဆံ ရေးကို ပြောင်းလဲရန် လိုအပ်သည်များကို အကြီးအကျယ်အာရုံစိုက်ခဲ့သည်။ ပထမသက်တမ်းအတွင်း သမ္မတလောင်းဘဝမှာ ရော၊ သမ္မတအဖြစ်မှာပါ ထရမ့်သည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား နိုင်ငံခြားရေးမူဝါဒ သဘောထားပြိုင်ဆိုင်မှု များအတွင်း ပြောင်မြောက်သောအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ သည်။ (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလတွင် ထရမ့်သည် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ဒေါ်လာ (၃၆၀) ဘီလီယံ (ပေါင် ၂၆၈ ဘီလီယံ) နီး ပါးကြေညာခဲ့ပြီး အမေရိကန်ပြည်သူများကို အမေရိ ကန်ကုန်ပစ္စည်းများကိုသာဝယ်ယူရန် အားပေး တိုက်တွန်းခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ စီးပွားရေးပြိုင်ဆိုင်မှုများသည် အမေရိကန်နှင့်တရုတ် စီးပွားရေးနှစ်ခုစလုံးကို အမှန်တကယ် ထိခိုက်နစ်နာ စေခဲ့သည်။
ထရမ့် အိမ်ဖြူတော်သို့ပြန်လာခဲ့ပါက တရုတ်နိုင်ငံဘက်သို့ ခက်ခဲသောချဉ်းကပ်မှုများဖြင့် ပြန်သွား နိုင်ဖွယ်ရှိ နေသည်။ Time မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ၎င်းက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် (၆၀) ရာခိုင်နှုန်းကျော် ကောက်ခံရန်က ၎င်း၏အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ ၎င်း၏ ယခင်က အခွန်စည်းကြပ်မှုများသည် အောင်မြင်သည်ဟုယူဆ၍မရသောကြောင့် ထရမ့်သည် ထပ်မံရွေးကောက်ခံရပါက အလားတူ ပြင်းထန် သော တရုတ်ပေါ်လစီကို နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်နိုင်သည်ဟု ယူဆချက်များရှိနေ သည်။
ထရမ့်သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ နှိပ်စက်ညှဉ်းပန်းခံနေရသော မွတ်စလင် လူနည်းစုဖြစ်သည့် ဝီဂါ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီး အဆိုပါ လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေ သည့် တရုတ်အရာရှိများကို ဒဏ် ခတ်အရေးယူရေးဆိုင်ရာဥပဒေများကို လက်မှတ်ရေး ထိုးခဲ့ဖူးသည်။ (၂၀၁၆) ခုနှစ်တွင် ထရမ့်သည် ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး ယင်းလုပ်ရပ်သည် (၁၉၇၉)ခုနှစ်နောက်ပိုင်း ပထမဆုံး သော အမေရိကန်သမ္မတ သို့မဟုတ် ရွေးကောက်ခံသမ္မတ ဖြစ်လာခဲ့သည်။ ၎င်းလက်ထက်တွင် ထိုင်ဝမ်ရေ လက်ကြား၌ အမေရိကန်ရေတပ် ကင်းလှည့်မှုများကို တိုးမြှင့်ကာ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ပိုမိုပြု လုပ်ရန် တွန်းအား ပေးခဲ့သည်။ ထို့ပြင် ထိုင်ဝမ်ကျွန်းအနေဖြင့် အမေရိကန်၏လုံခြုံရေးအကာအကွယ်ပေးမှုများအတွက် ပြန်လည် ပေးဆပ်သင့်သည်ဟု ပြောကြားခဲ့ဖူးသည်။
(၂၀၂၀) ပြည့်နှစ် ဇူလိုင်လတွင် တောင်တရုတ် ပင်လယ်ရှိ တရုတ်၏ ပိုင်နက်တောင်းဆိုမှု အားလုံး နီးပါးကို အမေရိကန်ကကန့်ကွက်ခဲ့ပြီး အငြင်းပွား ရေပိုင်နက်တွင် ဘေဂျင်း၏ ‘အနိုင်ကျင့်သည့် လှုပ်ရှားမှုအဖြစ်’ ရည်ညွှန်း ခဲ့ဖူးသည်။
ထိုသို့သော အခြေအနေအရပ်ရပ်များကြောင့် ထရမ့်အနေဖြင့် ဒုတိယသက်တမ်းတွင် ထပ်မံအနိုင်ရခဲ့ပါက တရုတ်နှင့်အမေရိကန်ကြား ဆက်ဆံရေးမှာ ဆက်လက်တင်းမာမှုများ၊ အကျပ်အတည်းများရှိနေ ဦးမည်ဖြစ်သည်။
ရုရှား
ထရမ့်၏ ပထမဆုံးအကြိမ် ရာထူးတက်လာခြင်း ကအတိုင်း နောက်တစ်ဖန်တိုးတက်လာဖွယ်ရှိသော အကြောင်း အရာတစ်ခုမှာ ထင်ရှားသောခေါင်းဆောင်များ၊ အာဏာရှင်ဆန်ဆန် ခေါင်းဆောင်များနှင့် ဆက်ဆံရေးပင်ဖြစ်သည်။ ဗလာဒီမာပူတင်မှစ၍ အာဒိုဂန်၊ ကင်ဂျုံအန်အထိ ထရမ့်နှင့် အဆိုပါခေါင်းဆောင်များ အကြားဆက်ဆံရေးမှာ ကောင်း မွန်ခဲ့သည်ဟု မှတ်ယူနိုင်သည်။ ထိုခေါင်းဆောင်များနှင့် ထရမ့်အကြား ဆက်ဆံရေးတွင် ထရမ့်၏ဩဇာ ညောင်းခဲ့ သည်ဟု အချို့ကသတ်မှတ်ခဲ့ကြသည်။ ထရမ့်၏ “ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်းဖြေရှင်းနိုင်သည်” ဟူသော ထုတ်ပြန်ချက်များကဲ့သို့ ပြောဆိုမှုများက ၎င်း၏ဩဇာသက်ရောက်နိုင်စွမ်းကို ဖော်ညွှန်းနေသည်။
ထရမ့်က ၎င်းပြန်အရွေးခံရပါက ယူကရိန်းနိုင်ငံ အတွက် အမေရိကန်၏အကူအညီများ ထပ်မံပေး အပ်ရန် ကတိကဝတ်ပြုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့ဘာသာ အလှူငွေများတိုးမြှင့်ရန်လို အပ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ၎င်းသမ္မတဖြစ်စဉ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပိုမိုနွေးထွေး သောဆက် ဆံရေးကိုမွေးမြူထားသော်လည်း မော်စကို ကို အရေးယူပိတ်ဆို့မှုများတိုးမြှင့်ခဲ့သလို အဓိက လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်မှလည်း နုတ်ထွက်ခဲ့ဖူးသည်။ (၂၀၁၉) ခုနှစ်က ထရမ့်သည် (၁၉၈၇) ခုနှစ်တွင်ချုပ်ဆိုခဲ့သော ရုရှားနှင့်အမေရိကန်အကြား တာလတ်နှင့် တာတိုပစ်ဒုံးကျည်များကိုထိန်းချုပ် ထားသည့် Intermediate-Range Nuclear Forces (INF) စာချုပ်မှနုတ်ထွက်ခဲ့ပြီး ရုရှားက စာချုပ်ချိုးဖောက်မှုများရှိနေကြောင်း စွပ်စွဲခဲ့သည်။ သို့ သော် ထရမ့်က တရုတ်လည်းပါဝင်နိုင်မည့် ရုရှားနှင့် နျူကလီးယားသဘောတူညီချက်သစ်ကို ထူထောင် ချင်ကြောင်းပြောကြားခဲ့ဖူးသည်။
အရှေ့အလယ်ပိုင်း
အရှေ့အလယ်ပိုင်းသို့ ထရမ့်၏ချဉ်းကပ်မှုသည် အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားကို အခိုင်အမာ ထောက်ခံ ခြင်းနှင့် အီရန်အပေါ် ထိပ်တိုက်ရင်ဆိုင်မည့် ရပ်တည်ချက်အဖြစ် သတ်မှတ်ဖော်ပြနိုင်သည်။ ၎င်းက ဒေသတွင်း ငြိမ်းချမ်း ရေးသဘောတူညီချက်ကို ကြားဝင်ဆောင်ရွက်ပေးရန်နှင့် အစ္စလာမ္မစ်အကြမ်းဖက်အုပ်စုများကိုချေမှုန်းရန် ကြွေးကြော် ထားသည်။
ထရမ့်သည် ၎င်း၏လက်ထက်တွင် အမေရိကန် သံရုံးကို Tel Aviv မှ ဂျေရုဆလင်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြင့် မွတ်စလင်ခေါင်းဆောင်များ၏ဝေဖန်မှုကို လှုံ့ဆော်ခဲ့သည်။ ဂျေရုဆလင်ကို ပါလက်စတိုင်းနှင့် အစ္စရေးတို့က ၎င်းတို့၏မြို့တော်အဖြစ် တောင်းဆိုထားသည်။ သို့သော် မကြာသေးမီကမူ အစ္စရေးဝန် ကြီးချုပ်ဘင်ဂျမင်နေ တန်ယာ ဟုကို မကျေနပ်ကြောင်း၊ ၎င်း၏ခေါင်းဆောင်မှုကို ထရမ့်က ထုတ်ဖော်ပြော ကြားခဲ့သည်။ ၎င်း၏ ပထမသက်တမ်းတွင် ဤအမွေ များကိုချန်ထားခဲ့သောကြောင့် ဒုတိယသက်တမ်း တွင် ထရမ့်အနေဖြင့် ဂါဇာရှိ လက်ရှိပဋိပက္ခအတွက် ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန် ပါဝင်ပတ်သက်သူများ ကို စုစည်းရန်နှင့်ပတ်သက်ပြီး အခက်ကြုံနိုင်သည်။
ထရမ့်အနေဖြင့် တစ်ချိန်က အီရန်၏ခြိမ်း ခြောက်မှုများကို အထူးအာရုံစိုက်ခဲ့သည်။ ယခုအချိန်တွင်လည်း ထရမ့်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ကို ခြိမ်းခြောက်ခြင်းအတွက် သတိပေးသော အီရန်ခေါင်းဆောင်ပိုင်း ကိုရည်ရွယ် သည့် တွစ်တာပိုစ့် တစ်ခုကို ပြန်လည်တင်ခဲ့ရာ ဒုတိယသက်တမ်းတွင်လည်း အီရန်အပေါ်ရန်လိုသည့် အနေ အထားဖြင့်သာ တုံ့ပြန်နိုင်ဖွယ်ရှိကြောင်း တွေ့မြင်ရသည်။
အချုပ်အားဖြင့်ဆိုရလျှင် ထရမ့်သည် (၂၀၂၄) အမေရိကန်သမ္မတရွေးကောက်ပွဲတွင် တစ်ပြေးနေ သောသမ္မတ လောင်းဖြစ်သည်။ ထရမ့်အနေဖြင့် ဒုတိယသက်တမ်းကို လက်လှမ်းရယူနိုင်မည်ဆိုပါက ၎င်း၏ နိုင်ငံခြားရေးမူဝါဒမှာ အခြေခံသဘောတရား အားဖြင့်တော့ ကွာခြားလိမ့်မည်မဟုတ်သော်လည်း ၎င်း၏တုံ့ပြန်မှုများမှာမူ ယခင်နှင့်မတူ ပြင်းထန်ခြင်းလည်း ဖြစ်ကောင်းဖြစ်တန်သလို ပရိယာကြွယ်ဝစွာ ဖြင့်လည်း ၎င်း၏မူဝါဒများကို ဆက်လက်ကျင့်သုံး သွားနိုင်ဖွယ်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။
zawgyi version
‘ထရမ့္’ ဒုတိယအႀကိမ္ သမၼတျဖစ္လာတဲ့အခါ ႏိုင္ငံျခားေရးမူဝါဒ ဘယ္လိုရွိလာႏိုင္လဲ
Alynn (NP News) - ဩဂုတ္ ၂
အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲနီးလာသည္ႏွင့္အမွ် ေဒၚနယ္ထရမ့္ သမၼတရာထူး ျပန္လည္ရရွိႏိုင္ ေျခႏွင့္ပတ္သက္၍ တစ္ကမာၻလုံးက စတင္စဥ္းစားေန ၿပီျဖစ္သည္။ မၾကာေသးမီကပင္ ၎၏ ၿပိဳင္ဘက္ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္ကလည္း သမၼတေ႐ြး ေကာက္ပြဲမွႏုတ္ထြက္သြားၿပီျဖစ္ရာ ၎အတြက္ အခြင့္အလမ္း ပိုမိုမ်ားျပားလာခဲ့သည္။ ထို႔ေၾကာင့္ အေမရိကန္ျပည္သူမ်ားက ထရမ့္ သမၼတျဖစ္လာမည့္ အေရးႏွင့္ပတ္သက္၍ ႀကိဳတင္သုံးသပ္ခ်က္မ်ားေဟာ ကိန္းထုတ္ေနၾကသလို က်န္ကမာၻတစ္ဝန္းလုံးကမူ ထရမ့္က်င့္သုံးမည့္ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ဆုံးျဖတ္ခ်က္မ်ား အေပၚ ပိုမိုစိတ္ဝင္စားေနၾကသည္။ ႏိုင္ငံျခားေရးမူဝါဒႏွင့္ပတ္သက္၍ ေဒၚနယ္ထရမ့္သည္ တ႐ုတ္၊ ေနတိုး၊ ယူကရိန္းႏွင့္ ဂါဇာတို႔တြင္ ၎၏မူဝါဒအခ်ိဳ႕ကို အရိပ္အႁမြက္ ေျပာထားၿပီးျဖစ္သည္။
ကာကြယ္ေရးက႑ႏွင့္ ေနတိုး
ထရမ့္သည္ ၎၏သမၼတသက္တမ္းအတြင္း ကာကြယ္ေရးအသုံးစရိတ္ကို သိသိသာသာ တိုးျမႇင့္ခဲ့ၿပီး အာကာသအတြင္းၿပိဳင္ဆိုင္မႈမ်ားကို ကိုင္တြယ္ ေျဖရွင္းရန္ သီးျခားလက္နက္ကိုင္ တပ္ဖြဲ႕ဌာနခြဲတစ္ခု ကို ဖန္တီးခဲ့သည္။ တ႐ုတ္၊ ႐ုရွားတို႔ႏွင့္ အင္အား ၿပိဳင္ဆိုင္မႈကို အာ႐ုံစိုက္ရန္ အေမရိကန္၏ အမ်ိဳးသား လုံၿခဳံေရးႏွင့္ ကာကြယ္ေရးဗ်ဴဟာကို ျပန္လည္ျဖည့္ တင္းခဲ့ၿပီး စစ္ေအးေခတ္ ကာကြယ္ေရးမဟာမိတ္ ျဖစ္သည့္ ေနတိုးကိုစြန႔္လႊတ္ရန္ ဥေရာပမဟာမိတ္မ်ား ကိုလႈံ႕ေဆာ္ခဲ့ဖူးသည္။ ထရမ့္၏ ပထမသက္တမ္းအတြင္း ေနတိုးႏွင့္ဆက္ဆံေရးတြင္ ရႈပ္ေထြးမႈမ်ားစြာရွိခဲ့သည္။ (၂၀၁၇) ခုႏွစ္ ဇန္နဝါရီလတြင္ ေနတိုး အဖြဲ႕အစည္းကို အသုံးမဝင္ေတာ့ေၾကာင္း ေၾကညာၿပီး ေနာက္ယင္းကို ျပန္လည္ ႐ုပ္သိမ္းခဲ့ျပန္သည္။ သို႔ေသာ္ ထိုအခ်ိန္ကတည္းက အေမရိကန္ႏွင့္ ေနတိုးမဟာမိတ္မ်ားအၾကား ဆက္ဆံေရးတြင္ ထိခိုက္မႈမ်ား ရွိလာခဲ့ၿပီး ယခုအခ်ိန္ထိတိုင္ေအာင္လည္း ေအးခဲေန ဆဲျဖစ္သည္။
အကယ္၍ ထရမ့္ ျပန္လည္အေ႐ြးခံရပါက ေနတိုးအဖြဲ႕ထံေထာက္ပံ့ၿမဲျဖစ္သည့္ အေမရိကန္၏ရန္ပုံေငြမ်ားကို ျဖတ္ေတာက္မည္ျဖစ္ေၾကာင္း သို႔မဟုတ္ ၎၏ သေဘာတူစာခ်ဳပ္ပါ ပုဒ္မ (၅)ကို ရပ္တည္ျခင္းမရွိေၾကာင္း အရိပ္ အႁမြက္ေျပာထားသည္။ ယင္းပုဒ္မက ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံကို စစ္ေရးအရတိုက္ခိုက္ခံရပါက အျခားအဖြဲ႕ဝင္ မ်ားကပါ အကူအညီေပးမည္ျဖစ္ေၾကာင္း ေဖာ္ျပထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ဤပုဒ္မက လတ္တေလာ စစ္ေရး ပဋိပကၡမ်ားရွိေနေသာ ဥေရာပတစ္ခြင္အတြက္ စိုးရိမ္စရာျဖစ္လာေနသည္။ အခ်ိဳ႕ေသာ ဥေရာပမဟာမိတ္ မ်ားသည္ ထရမ့္၏ အေစာပိုင္းသတိေပးခ်က္မ်ားကို ဂ႐ုျပဳၾကၿပီး ယခုအခါ ၎တို႔၏ ကာကြယ္ေရး အသုံးစရိတ္ကို တိုးျမႇင့္လာကာ အခ်ိဳ႕ကိစၥမ်ားတြင္ ႐ုရွားကိုဟန႔္တားႏိုင္ရန္ စစ္အင္အားစုေဆာင္းျခင္းႏွင့္ အရန္တပ္ အေရအတြက္ တိုးျမႇင့္ျခင္းမ်ားကိုပါ လုပ္ ေဆာင္လာၾကသည္။
ထရမ့္၏ရည္႐ြယ္ခ်က္မွာ ဥေရာပမဟာမိတ္မ်ား၏ စစ္ေရးစြမ္းရည္ႏွင့္အသုံးစရိတ္မ်ားကို တိုးျမႇင့္ရန္ ျဖစ္သည့္ အားေလ်ာ္စြာ ထိုကဲ့သို႔ မဟာမိတ္အခ်ိဳ႕က ၎၏ဆႏၵႏွင့္အညီ လိုက္ပါလုပ္ေဆာင္လာၾကသည့္အတြက္ ထရမ့္၏ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေနၿပီ ဟုပင္မွတ္ယူႏိုင္သည္။ ထရမ့္သည္ ေနတိုးမဟာမိတ္မ်ားကို ကာကြယ္ေရးတြင္ ပိုမိုသုံးစြဲရန္ေတာင္းဆိုသည့္ ပထမဆုံး အေမရိကန္သမၼတမဟုတ္ေသာ္လည္း အမွန္စင္စစ္အားျဖင့္ ေနတိုးအတြက္ အေမရိကန္သမၼတအမ်ားစု၏ တူညီေသာသတင္းစကား အျဖစ္ရွိခဲ့သည္။ ထရမ့္၏ ကြဲျပားသြားေသာ အခ်က္မွာ ၎၏ မွတ္ခ်က္မ်ားမွာ ျပင္းထန္ေနၿပီး ၎၏တိုက္ တြန္းမႈက ၿခိမ္းေျခာက္သည့္ပုံစံျဖစ္ေနျခင္းျဖစ္သည္။
အလားအလာရွိေသာ ထရမ့္၏ ဒုတိယသက္ တမ္းအုပ္ခ်ဳပ္ေရးတြင္ ဥေရာပမဟာမိတ္မ်ားအတြက္ ရပ္တည္လို ေသာသူ အေရအတြက္ အနည္းငယ္သာ ခန႔္အပ္ရန္ ဆႏၵရွိၿမဲျဖစ္သည္။ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲမတိုင္မီ ထရမ့္၏ လိုလားခ်က္ႏွင့္ လုံးလုံး လ်ားလ်ားကိုက္ညီမည့္ ခန႔္အပ္ခံရာထူးအခ်ိဳ႕အတြက္ ေ႐ြးခ်ယ္ရန္ အထူးဌာနတစ္ခုကိုလည္း ဖြဲ႕စည္းထားေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။
တ႐ုတ္
ဉာဏပစၥည္းခိုးယူမႈ၊ ေငြေၾကးဆိုင္ရာ ႀကိဳးကိုင္မႈ၊ ပို႔ကုန္ႏွင့္ အျခားကုန္ပစၥည္းမ်ားတြင္ ေဈးကစားျခင္းမ်ား၊ စီးပြားေရးသူလွ်ိဳလုပ္မႈမ်ားႏွင့္ပတ္သက္၍ ထရမ့္က တ႐ုတ္ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ျပင္ဆင္ခဲ့ဖူး သည္။ အေမရိကန္ အလုပ္သမားမ်ားကို အကာအကြယ္ေပးရန္ႏွင့္ အေမရိကန္၏ႀကီးမားေသာကုန္ သြယ္လိုေငြျပမႈကိုေလွ်ာ့ခ်ရန္ ျပင္းထန္ သည့္ တုံ႔ျပန္မႈ မ်ားလုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ထရမ့္ကေဖာ္ျပခဲ့သည္။
၎၏ ယခင္သက္တမ္းတြင္ ထရမ့္သည္ အေမရိကန္-တ႐ုတ္ ၿပိဳင္ဆိုင္မႈႏွင့္ ႏွစ္ႏိုင္ငံၾကားဆက္ဆံ ေရးကို ေျပာင္းလဲရန္ လိုအပ္သည္မ်ားကို အႀကီးအက်ယ္အာ႐ုံစိုက္ခဲ့သည္။ ပထမသက္တမ္းအတြင္း သမၼတေလာင္းဘဝမွာ ေရာ၊ သမၼတအျဖစ္မွာပါ ထရမ့္သည္ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ႏိုင္ငံျခားေရးမူဝါဒ သေဘာထားၿပိဳင္ဆိုင္မႈ မ်ားအတြင္း ေျပာင္ေျမာက္ေသာအစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ခဲ့ သည္။ (၂၀၂၀) ျပည့္ႏွစ္ ဇန္နဝါရီလတြင္ ထရမ့္သည္ တ႐ုတ္ႏိုင္ငံမွ ကုန္ပစၥည္းမ်ားအေပၚ စည္းၾကပ္ခြန္ ေဒၚလာ (၃၆၀) ဘီလီယံ (ေပါင္ ၂၆၈ ဘီလီယံ) နီး ပါးေၾကညာခဲ့ၿပီး အေမရိကန္ျပည္သူမ်ားကို အေမရိ ကန္ကုန္ပစၥည္းမ်ားကိုသာဝယ္ယူရန္ အားေပး တိုက္တြန္းခဲ့သည္။ သို႔ေသာ္လည္း ထိုကဲ့သို႔ စီးပြားေရးၿပိဳင္ဆိုင္မႈမ်ားသည္ အေမရိကန္ႏွင့္တ႐ုတ္ စီးပြားေရးႏွစ္ခုစလုံးကို အမွန္တကယ္ ထိခိုက္နစ္နာ ေစခဲ့သည္။
ထရမ့္ အိမ္ျဖဴေတာ္သို႔ျပန္လာခဲ့ပါက တ႐ုတ္ႏိုင္ငံဘက္သို႔ ခက္ခဲေသာခ်ဥ္းကပ္မႈမ်ားျဖင့္ ျပန္သြား ႏိုင္ဖြယ္ရွိ ေနသည္။ Time မဂၢဇင္းႏွင့္ အင္တာဗ်ဴးတြင္ ၎က တ႐ုတ္ကုန္ပစၥည္းမ်ားအေပၚ အခြန္ (၆၀) ရာခိုင္ႏႈန္းေက်ာ္ ေကာက္ခံရန္က ၎၏အစီအစဥ္တြင္ တစ္စိတ္တစ္ပိုင္းအျဖစ္ပါဝင္ေနေၾကာင္း ေဖာ္ျပခဲ့သည္။ ၎၏ ယခင္က အခြန္စည္းၾကပ္မႈမ်ားသည္ ေအာင္ျမင္သည္ဟုယူဆ၍မရေသာေၾကာင့္ ထရမ့္သည္ ထပ္မံေ႐ြးေကာက္ခံရပါက အလားတူ ျပင္းထန္ ေသာ တ႐ုတ္ေပၚလစီကို ေနာက္တစ္ႀကိမ္ ထပ္မံလုပ္ေဆာင္ႏိုင္သည္ဟု ယူဆခ်က္မ်ားရွိေန သည္။
ထရမ့္သည္ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္းရွိ ႏွိပ္စက္ညႇဥ္းပန္းခံေနရေသာ မြတ္စလင္ လူနည္းစုျဖစ္သည့္ ဝီဂါ ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံခဲ့ၿပီး အဆိုပါ လူနည္းစုမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈတြင္ ပါဝင္ပတ္သက္ေန သည့္ တ႐ုတ္အရာရွိမ်ားကို ဒဏ္ ခတ္အေရးယူေရးဆိုင္ရာဥပေဒမ်ားကို လက္မွတ္ေရး ထိုးခဲ့ဖူးသည္။ (၂၀၁၆) ခုႏွစ္တြင္ ထရမ့္သည္ ထိုင္ဝမ္သမၼတႏွင့္ တိုက္႐ိုက္စကားေျပာဆိုခဲ့ၿပီး ယင္းလုပ္ရပ္သည္ (၁၉၇၉)ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ေသာ အေမရိကန္သမၼတ သို႔မဟုတ္ ေ႐ြးေကာက္ခံသမၼတ ျဖစ္လာခဲ့သည္။ ၎လက္ထက္တြင္ ထိုင္ဝမ္ေရ လက္ၾကား၌ အေမရိကန္ေရတပ္ ကင္းလွည့္မႈမ်ားကို တိုးျမႇင့္ကာ ထိုင္ဝမ္သို႔ လက္နက္ေရာင္းခ်မႈ ပိုမိုျပဳ လုပ္ရန္ တြန္းအား ေပးခဲ့သည္။ ထို႔ျပင္ ထိုင္ဝမ္ကြၽန္းအေနျဖင့္ အေမရိကန္၏လုံၿခဳံေရးအကာအကြယ္ေပးမႈမ်ားအတြက္ ျပန္လည္ ေပးဆပ္သင့္သည္ဟု ေျပာၾကားခဲ့ဖူးသည္။
(၂၀၂၀) ျပည့္ႏွစ္ ဇူလိုင္လတြင္ ေတာင္တ႐ုတ္ ပင္လယ္ရွိ တ႐ုတ္၏ ပိုင္နက္ေတာင္းဆိုမႈ အားလုံး နီးပါးကို အေမရိကန္ကကန႔္ကြက္ခဲ့ၿပီး အျငင္းပြား ေရပိုင္နက္တြင္ ေဘဂ်င္း၏ ‘အႏိုင္က်င့္သည့္ လႈပ္ရွားမႈအျဖစ္’ ရည္ၫႊန္း ခဲ့ဖူးသည္။
ထိုသို႔ေသာ အေျခအေနအရပ္ရပ္မ်ားေၾကာင့္ ထရမ့္အေနျဖင့္ ဒုတိယသက္တမ္းတြင္ ထပ္မံအႏိုင္ရခဲ့ပါက တ႐ုတ္ႏွင့္အေမရိကန္ၾကား ဆက္ဆံေရးမွာ ဆက္လက္တင္းမာမႈမ်ား၊ အက်ပ္အတည္းမ်ားရွိေန ဦးမည္ျဖစ္သည္။
႐ုရွား
ထရမ့္၏ ပထမဆုံးအႀကိမ္ ရာထူးတက္လာျခင္း ကအတိုင္း ေနာက္တစ္ဖန္တိုးတက္လာဖြယ္ရွိေသာ အေၾကာင္း အရာတစ္ခုမွာ ထင္ရွားေသာေခါင္းေဆာင္မ်ား၊ အာဏာရွင္ဆန္ဆန္ ေခါင္းေဆာင္မ်ားႏွင့္ ဆက္ဆံေရးပင္ျဖစ္သည္။ ဗလာဒီမာပူတင္မွစ၍ အာဒိုဂန္၊ ကင္ဂ်ဳံအန္အထိ ထရမ့္ႏွင့္ အဆိုပါေခါင္းေဆာင္မ်ား အၾကားဆက္ဆံေရးမွာ ေကာင္း မြန္ခဲ့သည္ဟု မွတ္ယူႏိုင္သည္။ ထိုေခါင္းေဆာင္မ်ားႏွင့္ ထရမ့္အၾကား ဆက္ဆံေရးတြင္ ထရမ့္၏ဩဇာ ေညာင္းခဲ့ သည္ဟု အခ်ိဳ႕ကသတ္မွတ္ခဲ့ၾကသည္။ ထရမ့္၏ “ယူကရိန္းစစ္ပြဲကို တစ္ရက္အတြင္းေျဖရွင္းႏိုင္သည္” ဟူေသာ ထုတ္ျပန္ခ်က္မ်ားကဲ့သို႔ ေျပာဆိုမႈမ်ားက ၎၏ဩဇာသက္ေရာက္ႏိုင္စြမ္းကို ေဖာ္ၫႊန္းေနသည္။
ထရမ့္က ၎ျပန္အေ႐ြးခံရပါက ယူကရိန္းႏိုင္ငံ အတြက္ အေမရိကန္၏အကူအညီမ်ား ထပ္မံေပး အပ္ရန္ ကတိကဝတ္ျပဳမည္မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ဥေရာပႏိုင္ငံမ်ားအေနျဖင့္ ၎တို႔ဘာသာ အလႉေငြမ်ားတိုးျမႇင့္ရန္လို အပ္သည္ဟုလည္း ၎ကေျပာၾကားခဲ့သည္။ ၎သမၼတျဖစ္စဥ္က ႐ုရွားသမၼတ ဗလာဒီမာပူတင္ႏွင့္ ပိုမိုေႏြးေထြး ေသာဆက္ ဆံေရးကိုေမြးျမဴထားေသာ္လည္း ေမာ္စကို ကို အေရးယူပိတ္ဆို႔မႈမ်ားတိုးျမႇင့္ခဲ့သလို အဓိက လက္နက္ ထိန္းခ်ဳပ္ေရး သေဘာတူစာခ်ဳပ္မွလည္း ႏုတ္ထြက္ခဲ့ဖူးသည္။ (၂၀၁၉) ခုႏွစ္က ထရမ့္သည္ (၁၉၈၇) ခုႏွစ္တြင္ခ်ဳပ္ဆိုခဲ့ေသာ ႐ုရွားႏွင့္အေမရိကန္အၾကား တာလတ္ႏွင့္ တာတိုပစ္ဒုံးက်ည္မ်ားကိုထိန္းခ်ဳပ္ ထားသည့္ Intermediate-Range Nuclear Forces (INF) စာခ်ဳပ္မွႏုတ္ထြက္ခဲ့ၿပီး ႐ုရွားက စာခ်ဳပ္ခ်ိဳးေဖာက္မႈမ်ားရွိေနေၾကာင္း စြပ္စြဲခဲ့သည္။ သို႔ ေသာ္ ထရမ့္က တ႐ုတ္လည္းပါဝင္ႏိုင္မည့္ ႐ုရွားႏွင့္ န်ဴကလီးယားသေဘာတူညီခ်က္သစ္ကို ထူေထာင္ ခ်င္ေၾကာင္းေျပာၾကားခဲ့ဖူးသည္။
အေရွ႕အလယ္ပိုင္း
အေရွ႕အလယ္ပိုင္းသို႔ ထရမ့္၏ခ်ဥ္းကပ္မႈသည္ အစၥေရးႏွင့္ ေဆာ္ဒီအာေရးဗီးယားကို အခိုင္အမာ ေထာက္ခံ ျခင္းႏွင့္ အီရန္အေပၚ ထိပ္တိုက္ရင္ဆိုင္မည့္ ရပ္တည္ခ်က္အျဖစ္ သတ္မွတ္ေဖာ္ျပႏိုင္သည္။ ၎က ေဒသတြင္း ၿငိမ္းခ်မ္း ေရးသေဘာတူညီခ်က္ကို ၾကားဝင္ေဆာင္႐ြက္ေပးရန္ႏွင့္ အစၥလာမၼစ္အၾကမ္းဖက္အုပ္စုမ်ားကိုေခ်မႈန္းရန္ ေႂကြးေၾကာ္ ထားသည္။
ထရမ့္သည္ ၎၏လက္ထက္တြင္ အေမရိကန္ သံ႐ုံးကို Tel Aviv မွ ေဂ်႐ုဆလင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္း ျဖင့္ မြတ္စလင္ေခါင္းေဆာင္မ်ား၏ေဝဖန္မႈကို လႈံ႕ေဆာ္ခဲ့သည္။ ေဂ်႐ုဆလင္ကို ပါလက္စတိုင္းႏွင့္ အစၥေရးတို႔က ၎တို႔၏ၿမိဳ႕ေတာ္အျဖစ္ ေတာင္းဆိုထားသည္။ သို႔ေသာ္ မၾကာေသးမီကမူ အစၥေရးဝန္ ႀကီးခ်ဳပ္ဘင္ဂ်မင္ေန တန္ယာ ဟုကို မေက်နပ္ေၾကာင္း၊ ၎၏ေခါင္းေဆာင္မႈကို ထရမ့္က ထုတ္ေဖာ္ေျပာ ၾကားခဲ့သည္။ ၎၏ ပထမသက္တမ္းတြင္ ဤအေမြ မ်ားကိုခ်န္ထားခဲ့ေသာေၾကာင့္ ဒုတိယသက္တမ္း တြင္ ထရမ့္အေနျဖင့္ ဂါဇာရွိ လက္ရွိပဋိပကၡအတြက္ ညႇိႏႈိင္းမႈမ်ားေဆာင္႐ြက္ႏိုင္ရန္ ပါဝင္ပတ္သက္သူမ်ား ကို စုစည္းရန္ႏွင့္ပတ္သက္ၿပီး အခက္ႀကဳံႏိုင္သည္။
ထရမ့္အေနျဖင့္ တစ္ခ်ိန္က အီရန္၏ၿခိမ္း ေျခာက္မႈမ်ားကို အထူးအာ႐ုံစိုက္ခဲ့သည္။ ယခုအခ်ိန္တြင္လည္း ထရမ့္က ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ကို ၿခိမ္းေျခာက္ျခင္းအတြက္ သတိေပးေသာ အီရန္ေခါင္းေဆာင္ပိုင္း ကိုရည္႐ြယ္ သည့္ တြစ္တာပိုစ့္ တစ္ခုကို ျပန္လည္တင္ခဲ့ရာ ဒုတိယသက္တမ္းတြင္လည္း အီရန္အေပၚရန္လိုသည့္ အေန အထားျဖင့္သာ တုံ႔ျပန္ႏိုင္ဖြယ္ရွိေၾကာင္း ေတြ႕ျမင္ရသည္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ထရမ့္သည္ (၂၀၂၄) အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ တစ္ေျပးေန ေသာသမၼတ ေလာင္းျဖစ္သည္။ ထရမ့္အေနျဖင့္ ဒုတိယသက္တမ္းကို လက္လွမ္းရယူႏိုင္မည္ဆိုပါက ၎၏ ႏိုင္ငံျခားေရးမူဝါဒမွာ အေျခခံသေဘာတရား အားျဖင့္ေတာ့ ကြာျခားလိမ့္မည္မဟုတ္ေသာ္လည္း ၎၏တုံ႔ျပန္မႈမ်ားမွာမူ ယခင္ႏွင့္မတူ ျပင္းထန္ျခင္းလည္း ျဖစ္ေကာင္းျဖစ္တန္သလို ပရိယာႂကြယ္ဝစြာ ျဖင့္လည္း ၎၏မူဝါဒမ်ားကို ဆက္လက္က်င့္သုံး သြားႏိုင္ဖြယ္ရွိပါေၾကာင္း ေရးသားလိုက္ရပါသည္။