ရန်ကုန်မြို့တွင် တပ်မတော်ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်း၍ မတော်တဆဖြစ်ပွားခဲ့ရာ အရာရှိ(၂)ဦး ကွယ်လွန်
16092
မြူနစ် (NP News) - ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်း၍ မတော်တဆဖြစ်ပွားခဲ့ရာ ဗိုလ်ချုပ်တစ်ဦး အပါအဝင် အရာရှိ (၂)ဦး ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် သြဂုတ်လ ၂ ရက်တွင် မှော်ဘီလေတပ်စခန်းအနီးပတ်ဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်၏ အပေါ့စားရဟတ်ယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုဖြစ်ပွားကာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက NP News ကို ပြောသည်။
“ဖြစ်စဉ်ကတော့ ဟုတ်တယ်။ သူ့ဟာသူ လေကျင့်ပျံသန်းရင်းနဲ့ ဖြစ်သွားတာပါ စက်ချို့ယွင်းပြီးတော့ပေါ့။ လေယာဉ်ပျက်ကျတာဆိုတော့ တစ်ယောက်စ၊ နှစ်ယောက်စတော့ ထိခိုက်မှုတော့ ရှိတာပေါ့”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
၎င်းကဲ့သို့ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မှော်ဘီလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လက်နှင့် တွဲဘက် လေယာဉ်မှူးတို့ (၂)ဦးမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီးလေယာဉ်မှူးနှင့် စက်မှူကြီးကြပ်တို့ (၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“စက်ချို့ယွင်းမှုဖြစ်ပြီး ဖြစ်သွားတာလို့ သိရတယ်။ အဲဒီရဟတ်ယာဉ်တွေက တပ်မှာ သုံးတာ နှစ်(၃၀)၊ (၄၀)လောက်ရှိပြီ။ ပစ္စည်းတွေ၊ ဘာတွေလည်း ဝယ်ရတာ ခက်တယ်ပြောတယ်။ အဓိကတော့ စက်ချို့ယွင်းပြီး ဖြစ်တာ။ တခြားစစ်ဆင်ရေးနဲ့တော့ မဆိုင်ပါဘူး။ ဆုံးတာကတော့ (၂)ဦးဆုံးတာပေါ့။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာရတာပေါ့။ အပေါ့စား ရဟတ်ယာဥ်လေးပါ။ အဓိကတော့ အုပ်ချုပ်မှုကိစ္စတွေမှာသုံးတဲ့ လေယာဉ်ပေါ့။ ခရီးတိုလေးတွေမှာ သုံးတဲ့ဟာလေးတွေပေါ့။ အဓိကတော့ စက်ချို့ယွင်းလို့ ဖြစ်သွားတာပေါ့” ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးကလည်း NP News ကို ပြောသည်။
ယခုကဲ့သို့ ရဟတ်ယာဉ်ပျက်ကျမှုသတင်းနှင့်ပတ်သက်၍ NP News အနေ ဖြင့် နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင်လည်း တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း၌ လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းမှုဖြစ်ပွားကာ ပျက်ကျမီးလောင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လကုန်ပိုင်းတွင်လည်း တပ်မတော်၏ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်နေစဉ် မိတ္ထီလာမြို့နယ်အတွင်း၌ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပွားကာ အရေးပေါ်ဆင်းသက်ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
ရန္ကုန္ၿမိဳ႕တြင္ တပ္မေတာ္ရဟတ္ယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္း၍ မေတာ္တဆျဖစ္ပြားခဲ့ရာ အရာရွိ(၂)ဦး ကြယ္လြန္
ျမဴနစ္ (NP News) - ဩဂုတ္ ၂
ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕တြင္ တပ္မေတာ္၏ ရဟတ္ယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္း၍ မေတာ္တဆျဖစ္ပြားခဲ့ရာ ဗိုလ္ခ်ဳပ္တစ္ဦး အပါအဝင္ အရာရွိ (၂)ဦး ကြယ္လြန္သြားခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္သည္ ၾသဂုတ္လ ၂ ရက္တြင္ ေမွာ္ဘီေလတပ္စခန္းအနီးပတ္ဝန္းက်င္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္၏ အေပါ့စားရဟတ္ယာဥ္သည္ ေလ့က်င့္ပ်ံသန္းေနစဥ္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားကာ ပ်က္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက NP News ကို ေျပာသည္။
“ျဖစ္စဥ္ကေတာ့ ဟုတ္တယ္။ သူ႔ဟာသူ ေလက်င့္ပ်ံသန္းရင္းနဲ႔ ျဖစ္သြားတာပါ စက္ခ်ိဳ႕ယြင္းၿပီးေတာ့ေပါ့။ ေလယာဥ္ပ်က္က်တာဆိုေတာ့ တစ္ေယာက္စ၊ ႏွစ္ေယာက္စေတာ့ ထိခိုက္မႈေတာ့ ရွိတာေပါ့”ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
၎ကဲ့သို႔ ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေမွာ္ဘီေလတပ္စခန္းဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္စိုးတင္လက္ႏွင့္ တြဲဘက္ ေလယာဥ္မႉးတို႔ (၂)ဦးမွာ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ိဳးသမီးေလယာဥ္မႉးႏွင့္ စက္မႉႀကီးၾကပ္တို႔ (၂)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
“စက္ခ်ိဳ႕ယြင္းမႈျဖစ္ၿပီး ျဖစ္သြားတာလို႔ သိရတယ္။ အဲဒီရဟတ္ယာဥ္ေတြက တပ္မွာ သုံးတာ ႏွစ္(၃၀)၊ (၄၀)ေလာက္ရွိၿပီ။ ပစၥည္းေတြ၊ ဘာေတြလည္း ဝယ္ရတာ ခက္တယ္ေျပာတယ္။ အဓိကေတာ့ စက္ခ်ိဳ႕ယြင္းၿပီး ျဖစ္တာ။ တျခားစစ္ဆင္ေရးနဲ႔ေတာ့ မဆိုင္ပါဘူး။ ဆုံးတာကေတာ့ (၂)ဦးဆုံးတာေပါ့။ က်န္တဲ့သူေတြကေတာ့ ဒဏ္ရာရတာေပါ့။ အေပါ့စား ရဟတ္ယာဥ္ေလးပါ။ အဓိကေတာ့ အုပ္ခ်ဳပ္မႈကိစၥေတြမွာသုံးတဲ့ ေလယာဥ္ေပါ့။ ခရီးတိုေလးေတြမွာ သုံးတဲ့ဟာေလးေတြေပါ့။ အဓိကေတာ့ စက္ခ်ိဳ႕ယြင္းလို႔ ျဖစ္သြားတာေပါ့” ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ ေနာက္ထပ္သတင္းအရင္းအျမစ္တစ္ဦးကလည္း NP News ကို ေျပာသည္။
ယခုကဲ့သို႔ ရဟတ္ယာဥ္ပ်က္က်မႈသတင္းႏွင့္ပတ္သက္၍ NP News အေန ျဖင့္ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းထံ ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရရွိခဲ့ေပ။
၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလကုန္ပိုင္းတြင္လည္း တပ္မေတာ္၏ ေလ့က်င့္ေရးေလယာဥ္တစ္စင္းသည္ မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္အတြင္း၌ ေလ့က်င့္ပ်ံသန္းေနစဥ္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားကာ ပ်က္က်မီးေလာင္ခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။
အလားတူ ၂၀၂၄ ခုႏွစ္၊ မတ္လကုန္ပိုင္းတြင္လည္း တပ္မေတာ္၏ ေလ့က်င့္ေရးရဟတ္ယာဥ္တစ္စင္းသည္ ေလ့က်င့္ပ်ံသန္းေရးေဆာင္႐ြက္ေနစဥ္ မိတၳီလာၿမိဳ႕နယ္အတြင္း၌ ႐ုတ္တရက္စက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားကာ အေရးေပၚဆင္းသက္ခဲ့ရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။