အိန္ဒိယတွင်ကုန်စည်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် (၄)ဦးပျောက်ဆုံး

 556

ဂျန်ဇက် (NP News) - ဇွန် ၁၁

ကီရာလာပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းအနီး အာရေဗီယျ ပင်လယ်အနီးတွင် စင်ကာပူအလံ တပ်ထားသည့် ကုန်စည်သင်္ဘောတစ်စင်း မီးလောင်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် လေးဦးပျောက်ဆုံးနေပြီး အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က လက်ရှိအချိန်တွင်ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာ ကိုလံဘိုမြို့မှ အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့သို့ ဦးတည်လာသော MV Wan Hai 503 အမည်ရှိကုန်စည်သင်္ဘောသည် ဇွန်လ ၉ ရက်တွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကြီးမားသည့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါသင်္ဘောပေါ်တွင်လိုက်ပါလာသည့် သင်္ဘောသား (၂၂)ဦးအနက် (၈)ဦးကို ကယ်တင်ထားနိုင်ပြီး လေးဦးကပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။ သင်္ဘောမီးလောင်မှုဖြစ်ပွားချိန်တွင် သင်္ဘောသားများသည် သင်္ဘောကိုစွန့်ခွာထွက်ပြေးခြင်းများရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယစစ်တပ်မှသင်္ဘောများအပြင် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောများ၊ လှေများအသုံးပြုပြီး ရှာဖွေနေသော်လည်း လက်ရှိအချိန်အထိ လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။ ပျောက်ဆုံးနေသူများထဲတွင် မြန်မာနိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး၊ ထိုင်ဝမ် (တရုတ်တိုင်ပေ)နှစ်ဦးပျောက်ဆုံးနေကြောင်းသိရသည်။ အဆိုပါသင်္ဘောတွင်တင်ဆောင်လာသည့် ကွန်တိန်နာ အလုံးရေ (၅၀)မြစ်ထဲပြုတ်ကျသွားခဲ့ပြီး အဆိုပါ သင်္ဘောသည် ရေနံဆီတန်ချိန် ၁၀၀ တင်ဆောင်လာခဲ့ကြောင်းသိရသည်။

zawgyi version
အိႏၵိယတြင္ကုန္စည္သေဘၤာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသားတစ္ဦးအပါအဝင္ (၄)ဦးေပ်ာက္ဆုံး
ဂ်န္ဇက္ (NP News) - ဇြန္ ၁၁

ကီရာလာျပည္နယ္ေတာင္ပိုင္းကမ္း႐ိုးတန္းအနီး အာေရဗီယ် ပင္လယ္အနီးတြင္ စင္ကာပူအလံ တပ္ထားသည့္ ကုန္စည္သေဘၤာတစ္စင္း မီးေလာင္ခဲ့ရာ ျမန္မာႏိုင္ငံသားတစ္ဦး အပါအဝင္ ေလးဦးေပ်ာက္ဆုံးေနၿပီး အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕က လက္ရွိအခ်ိန္တြင္ဆက္လက္ရွာေဖြေနဆဲျဖစ္ေၾကာင္း သိရသည္။

သီရိလကၤာ ကိုလံဘိုၿမိဳ႕မွ အိႏၵိယႏိုင္ငံမြန္ဘိုင္းၿမိဳ႕သို႔ ဦးတည္လာေသာ MV Wan Hai 503 အမည္ရွိကုန္စည္သေဘၤာသည္ ဇြန္လ ၉ ရက္တြင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ႀကီးမားသည့္မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ အဆိုပါသေဘၤာေပၚတြင္လိုက္ပါလာသည့္ သေဘၤာသား (၂၂)ဦးအနက္ (၈)ဦးကို ကယ္တင္ထားႏိုင္ၿပီး ေလးဦးကေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္းသိရသည္။ သေဘၤာမီးေလာင္မႈျဖစ္ပြားခ်ိန္တြင္ သေဘၤာသားမ်ားသည္ သေဘၤာကိုစြန႔္ခြာထြက္ေျပးျခင္းမ်ားရွိခဲ့ေၾကာင္းသိရသည္။

အိႏၵိယစစ္တပ္မွသေဘၤာမ်ားအျပင္ အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕မွ သေဘၤာမ်ား၊ ေလွမ်ားအသုံးျပဳၿပီး ရွာေဖြေနေသာ္လည္း လက္ရွိအခ်ိန္အထိ ေလးဦးေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္းသိရသည္။ ေပ်ာက္ဆုံးေနသူမ်ားထဲတြင္ ျမန္မာႏိုင္ငံသားတစ္ဦး၊ အင္ဒိုနီးရွားႏိုင္ငံသားတစ္ဦး၊ ထိုင္ဝမ္ (တ႐ုတ္တိုင္ေပ)ႏွစ္ဦးေပ်ာက္ဆုံးေနေၾကာင္းသိရသည္။ အဆိုပါသေဘၤာတြင္တင္ေဆာင္လာသည့္ ကြန္တိန္နာ အလုံးေရ (၅၀)ျမစ္ထဲျပဳတ္က်သြားခဲ့ၿပီး အဆိုပါ သေဘၤာသည္ ေရနံဆီတန္ခ်ိန္ ၁၀၀ တင္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.