ဂျပန်နိုင်ငံက အမေရိကန်အခြေစိုက်စခန်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွား

324

Pika (NP News) - ဇွန် ၁ဝ
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုက မပေါက်ကွဲသေးတဲ့ဗုံးတွေ သိုလှောင်ထားတဲ့ ဂျပန်စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ Kadena လေတပ်အခြေစိုက်စခန်းက ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့တွေဟာ အဲ့ဒီပစ္စည်းတွေက ဗုံးတွေဖြစ်တယ်ဆိုတာကို ပြန်လည်အကဲဖြတ်ဖို့ စက်ရုံမှာရှိတဲ့ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းမှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းချိန်အတွင်း ယခုလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မီးသတ်အရာရှိ Akira Kamiunten က ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကိုဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့တယ်လို့ Akira Kamiunten က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိသူတွေ အားလုံးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ မရှိဘူးလို့ ဂျပန်မီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ အိုကီနာဝါ စီရင်စုမှာတည်ရှိတဲ့ Kadena လေတပ်အခြေစိုက်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပွားတာကို ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံက အေမရိကန္အေျခစိုက္စခန္းတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြား
Pika (NP News) - ဇြန္ ၁ဝ
ဂ်ပန္ႏိုင္ငံ အိုကီနာဝါစီရင္စုမွာရွိတဲ့ အေမရိကန္ေလတပ္အေျခစိုက္စခန္းတစ္ခုက မေပါက္ကြဲေသးတဲ့ဗုံးေတြ သိုေလွာင္ထားတဲ့ ဂ်ပန္စက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူေလးဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ မီးသတ္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ Kadena ေလတပ္အေျခစိုက္စခန္းက ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕ေတြဟာ အဲ့ဒီပစၥည္းေတြက ဗုံးေတြျဖစ္တယ္ဆိုတာကို ျပန္လည္အကဲျဖတ္ဖို႔ စက္႐ုံမွာရွိတဲ့ပစၥည္းေတြကို ဖယ္ရွားရွင္းလင္းမႈေတြ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခ်ိန္အတြင္း ယခုလိုေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ မီးသတ္အရာရွိ Akira Kamiunten က ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေလးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔ကိုေဆး႐ုံကို အလ်င္အျမန္ပို႔ေဆာင္ခဲ့တယ္လို႔ Akira Kamiunten က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ထိခိုက္ဒဏ္ရာရရွိသူေတြ အားလုံးဟာ စိုးရိမ္ရတဲ့အေျခအေနမွာ မရွိဘူးလို႔ ဂ်ပန္မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။ အိုကီနာဝါ စီရင္စုမွာတည္ရွိတဲ့ Kadena ေလတပ္အေျခစိုက္စခန္းမွာ ေပါက္ကြဲမႈျဖစ္ပြားတာကို ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။