ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ လူ(၅)ဦး လိုက်ပါလာတဲ့ လေယာဉ်တစ်စီး ပျောက်ဆုံး

 223

Pika (NP News) - ဇွန် ၁၁
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရဲ့ တောနက်တစ်ခုထဲမှာ လေယာဉ်မှူးနှစ်ဦး အပါအဝင် လူ(၅)ဦးလိုက်ပါလာတဲ့ လေယာဉ်တစ်စီး ပျောက်ဆုံးသွားခဲ့တယ်လို့ ရုရှားရဲ့ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ပြော ကြားခဲ့ပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့လေယာဉ်ဟာ စိုက်ပျိုးရေးနဲ့ သစ်တောရည်ရွယ်ချက်တွေအတွက် အသုံးများ တဲ့ ဆိုဗီယက်ထုတ် အင်ဂျင်နှစ်လုံးတပ် Antonov An-2 လေယာဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် Antonov An-2 လေယာဉ်ဟာ ရုရှားနိုင်ငံအရှေ့မြောက်ပိုင်း ဆိုက်ဘေးရီးယားဒေသရဲ့တောနက်ထဲမှာ မပျောက်ဆုံးသွားခင် အချက်ပြမှုတွေကို ထုတ်လွှင့်ခဲ့တယ်လို့ ရုရှားရဲ့အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ကို ရှာဖွေဖို့အတွက် ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလေယာဉ်တစ်စင်းကို ချက်ချင်း စေလွှတ်ခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။
Antonov An-2 လေယာဉ်ဟာ သစ်တောရေးရာ ဝေဟင်ထောက်လှမ်းမှု လုပ်ဆောင်နေစဉ်အချိန်အတွင်း အချက်ပြ မှုတွေကို ထုတ်လွှင့်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံ ဆိုက္ေဘးရီးယားေဒသမွာ လူ(၅)ဦး လိုက္ပါလာတဲ့ ေလယာဥ္တစ္စီး ေပ်ာက္ဆုံး
Pika (NP News) - ဇြန္ ၁၁
႐ုရွားႏိုင္ငံ ဆိုက္ေဘးရီးယားေဒသရဲ႕ ေတာနက္တစ္ခုထဲမွာ ေလယာဥ္မႉးႏွစ္ဦး အပါအဝင္ လူ(၅)ဦးလိုက္ပါလာတဲ့ ေလယာဥ္တစ္စီး ေပ်ာက္ဆုံးသြားခဲ့တယ္လို႔ ႐ုရွားရဲ႕ အရပ္ဘက္ေလေၾကာင္းအာဏာပိုင္အဖြဲ႕က ထုတ္ျပန္ေျပာ ၾကားခဲ့ပါတယ္။ ေပ်ာက္ဆုံးသြားခဲ့တဲ့ေလယာဥ္ဟာ စိုက္ပ်ိဳးေရးနဲ႔ သစ္ေတာရည္႐ြယ္ခ်က္ေတြအတြက္ အသုံးမ်ား တဲ့ ဆိုဗီယက္ထုတ္ အင္ဂ်င္ႏွစ္လုံးတပ္ Antonov An-2 ေလယာဥ္ျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ Antonov An-2 ေလယာဥ္ဟာ ႐ုရွားႏိုင္ငံအေရွ႕ေျမာက္ပိုင္း ဆိုက္ေဘးရီးယားေဒသရဲ႕ေတာနက္ထဲမွာ မေပ်ာက္ဆုံးသြားခင္ အခ်က္ျပမႈေတြကို ထုတ္လႊင့္ခဲ့တယ္လို႔ ႐ုရွားရဲ႕အရပ္ဘက္ေလေၾကာင္း အာဏာပိုင္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ကို ရွာေဖြဖို႔အတြက္ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးေလယာဥ္တစ္စင္းကို ခ်က္ခ်င္း ေစလႊတ္ခဲ့တယ္လို႔လည္း အာဏာပိုင္ေတြကေျပာၾကားခဲ့ပါတယ္။
Antonov An-2 ေလယာဥ္ဟာ သစ္ေတာေရးရာ ေဝဟင္ေထာက္လွမ္းမႈ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း အခ်က္ျပ မႈေတြကို ထုတ္လႊင့္ခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.