လိုင်စင်မဲ့မော်တော်ယာဥ် တရားမဝင် ဝင်ရောက်မှုများလာခြင်းမှာ နယ်စပ်ဂိတ်များက တာဝန်ကျအဖွဲ့အစည်းများ၏ တာဝန်ယူမှုမရှိခြင်းကြောင့်ဟုဆို

 5441

ယွန်း (NP News) - ဩဂုတ် ၃

လိုင်စင်မဲ့မော်တော်ယာဥ် တရားမဝင် ဝင်ရောက်မှုများလာခြင်းမှာ နယ်စပ်ဂိတ်များက တာဝန်ကျအဖွဲ့အစည်းများ၏ တာဝန်ယူမှုမရှိခြင်းကြောင့်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပြောဆိုထားသည်။

ပြည်တွင်း၌ မှတ်ပုံတင်ပြီး မော်တော်ယာဥ်ဈေးနှုန်းများမြင့်တက်လာသည့် အတွက် မှတ်ပုံတင်မဲ့ယာဥ်များကို သုံးစွဲလာကြပြီး တရားဥပဒေစိုးမိုးမှုနည်းသည့် နယ်စပ်မြို့များနှင့် ရွာများတွင် ပိုမိုသုံးစွဲလာရာ ဖမ်းဆီးခံရမှုလည်း များပြားနေကြောင်း သိရသည်။

“မှတ်ပုံတင်ယာဥ်ဈေးကလည်း အနိမ့်ဆုံးကားတောင်မှ (၃၀၀)(၄၀၀) လောက်မပေးရင် ‌ကောင်းကောင်းမရဘူး။ တရားဥပဒေစိုးမိုးမှုကလည်း နည်းနည်းလျော့လာတော့ မှတ်ပုံတင်မဲ့ယာဥ်တွေကို ပိုစီးကြတာပေါ့။ အရင်က တစ်လတစ်ခါဖမ်းရင် အခုက နှစ်လ၊ သုံးလမှ တစ်ခါဖမ်းတော့ သုံးတဲ့သူလည်းပိုများလာတာပေါ့။ နောက်တစ်ခုက စစ်ဘေးရှောင်တွေအနေနဲ့ သူတို့အသက်အတွက်ပြေးတဲ့အခါမှာ မှတ်ပုံတင်မယ့်ယာဥ်တွေကို သုံးတယ်ဆိုတာ သတိမထားမိတော့ဘူး။ လိုင်စင်မဲ့ကားတွေနဲ့ မြို့ကြီးတွေကိုဝင်တော့ ဖမ်းမိတာပေါ့”ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ဖမ်းဆီးရမိအမှုတွဲ (၁၃၅၅၀) ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် (၂၇၅ ဒသမ ၁၂၆) ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ်(၁)ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက အသိပေးပြောသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် မေလနှင့် ဇွန်လအတွင်း ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်း ဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဥ်နှင့် တရားမဝင် ကုန်စည်တင်ရေယာဥ် အပါအဝင် မော်တော်ယာဥ်ဖမ်းဆီးရရှိမှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်၍ တတိယ အများဆုံးမှာ လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

လိုင်စင်မဲ့မော်တော်ယာဥ်များသည် ကုန်လမ်းပို့ဆောင်‌ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တွင် စာရင်းပေးသွင်းထားခြင်းမရှိသည့်အတွက် အဆိုပါကားများကို အသုံးပြုကာ ရာဇဝတ်မှုကျူးလွန်မှုများလည်း ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ထို့ကြောင့် နယ်စပ်ဂိတ်များအနေဖြင့် စီမံခန့်ခွဲမှုများကို အလေးထားဆောင်ရွက်သင့်ကြောင်း အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

“လိုင်စင်မဲ့ယာဥ်တွေဆိုတာက မြန်မာပြည်မှာတပ်ဆင်ထုတ်လုပ်တာမဟုတ်ဘူး။ နယ်စပ်ဂိတ်ပေါက်တွေကနေ ဝင်လာတာ။ နယ်စပ်ဂိတ်ပေါက်တွေမှာလည်း စစ်ဆေးရေးပေါင်းများစွာကို ဖြတ်လာတာ။ ဒါတွေကိုကျော်ဖြတ်ပြီး ခွင့်ပြုလာတဲ့တာဝန်ရှိသူကစလို့ အထဲရောက်လာတော့မှ လိုင်စင်မဲ့ယာဥ်လို့ အော်နေတာကတော့ အလကားပဲလို့ထင်တယ်။ နယ်စပ်ဂိတ်ပေါက်တွေက စီမံခန့်ခွဲနိုင်မှုမရှိတော့ အများကြီးဝင်လာတယ်။ နယ်စပ်ဂိတ်ကနေ ခွင့်မပြုရင် ဒီထဲကို ရောက်လာမှာမဟုတ်ဘူး။ ဘယ်သူ့မျက်နှာမှ ကြည့်ဖို့မလိုဘူး။ ငွေမျက်နှာလည်း ကြည့်ဖို့မလိုဘူး။ အဓိက ကတော့ ဆိုးကျိုးများပြီး ကောင်းကျိုးနည်းတဲ့ကိစ္စ ကိုယ်ကျိုးအတွက်ပဲအကျိုးရှိတဲ့လုပ်ငန်းကို တာဝန်ကျတဲ့အဖွဲ့အစည်းအားလုံးက တာဝန်ယူ၊ တာဝန်ခံမှုမရှိလို့ ဖြစ်လာတာလို့ မြင်မိပါတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို များစွာအနှောင့်အယှက်အဟန့်အတားဖြစ်စေပြီး အခွန်ဘဏ္ဍာများ ဆုံးရှုံးခြင်းနှင့် နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍအ‌ပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများလည်းရှိနေကြောင်း နစကဒုဥက္ကဋ္ဌက ပြီးခဲ့သည့် မေလက ပြောဆိုထားဖူးသည်။

၂၀၂၄ ခုနှစ် မေလနှင့် ဇွန်လအတွင်း ဖမ်းဆီးရရှိမှုအနေဖြင့် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးနှင့် ရှမ်းပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

zawgyi version
လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ တရားမဝင္ ဝင္ေရာက္မႈမ်ားလာျခင္းမွာ နယ္စပ္ဂိတ္မ်ားက တာဝန္က်အဖြဲ႕အစည္းမ်ား၏ တာဝန္ယူမႈမရွိျခင္းေၾကာင့္ဟုဆို

ယြန္း (NP News) - ဩဂုတ္ ၃

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ တရားမဝင္ ဝင္ေရာက္မႈမ်ားလာျခင္းမွာ နယ္စပ္ဂိတ္မ်ားက တာဝန္က်အဖြဲ႕အစည္းမ်ား၏ တာဝန္ယူမႈမရွိျခင္းေၾကာင့္ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က သုံးသပ္ေျပာဆိုထားသည္။

ျပည္တြင္း၌ မွတ္ပုံတင္ၿပီး ေမာ္ေတာ္ယာဥ္ေဈးႏႈန္းမ်ားျမင့္တက္လာသည့္ အတြက္ မွတ္ပုံတင္မဲ့ယာဥ္မ်ားကို သုံးစြဲလာၾကၿပီး တရားဥပေဒစိုးမိုးမႈနည္းသည့္ နယ္စပ္ၿမိဳ႕မ်ားႏွင့္ ႐ြာမ်ားတြင္ ပိုမိုသုံးစြဲလာရာ ဖမ္းဆီးခံရမႈလည္း မ်ားျပားေနေၾကာင္း သိရသည္။

“မွတ္ပုံတင္ယာဥ္ေဈးကလည္း အနိမ့္ဆုံးကားေတာင္မွ (၃၀၀)(၄၀၀) ေလာက္မေပးရင္ ‌ေကာင္းေကာင္းမရဘူး။ တရားဥပေဒစိုးမိုးမႈကလည္း နည္းနည္းေလ်ာ့လာေတာ့ မွတ္ပုံတင္မဲ့ယာဥ္ေတြကို ပိုစီးၾကတာေပါ့။ အရင္က တစ္လတစ္ခါဖမ္းရင္ အခုက ႏွစ္လ၊ သုံးလမွ တစ္ခါဖမ္းေတာ့ သုံးတဲ့သူလည္းပိုမ်ားလာတာေပါ့။ ေနာက္တစ္ခုက စစ္ေဘးေရွာင္ေတြအေနနဲ႔ သူတို႔အသက္အတြက္ေျပးတဲ့အခါမွာ မွတ္ပုံတင္မယ့္ယာဥ္ေတြကို သုံးတယ္ဆိုတာ သတိမထားမိေတာ့ဘူး။ လိုင္စင္မဲ့ကားေတြနဲ႔ ၿမိဳ႕ႀကီးေတြကိုဝင္ေတာ့ ဖမ္းမိတာေပါ့”ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီကို ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ဧၿပီလတြင္ ျပင္ဆင္ဖြဲ႕စည္းခဲ့ရာ ဦးေဆာင္ေကာ္မတီ ျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီးေနာက္ ဖမ္းဆီးရမိမႈမ်ားအေနျဖင့္ ၂၀၂၄ ခုႏွစ္၊ ဇြန္လအထိ ဖမ္းဆီးရမိအမႈတြဲ (၁၃၅၅၀) ရွိခဲ့ၿပီး ခန႔္မွန္းတန္ဖိုးေငြက်ပ္ (၂၇၅ ဒသမ ၁၂၆) ဘီလ်ံ ဖမ္းဆီးရမိခဲ့ေၾကာင္း ၾသဂုတ္(၁)ရက္ေန႔တြင္ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးက အသိေပးေျပာသည္။

ထို႔ျပင္ ၂၀၂၄ ခုႏွစ္ ေမလႏွင့္ ဇြန္လအတြင္း ကုန္ပစၥည္းအုပ္စုအလိုက္ ဖမ္း ဆီးရရွိမႈမ်ားကို စိစစ္ရာတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ တရားမဝင္ ကုန္စည္တင္ေရယာဥ္ အပါအဝင္ ေမာ္ေတာ္ယာဥ္ဖမ္းဆီးရရွိမႈ အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးမွာ လုပ္ငန္းသုံးကုန္ၾကမ္းမ်ားျဖစ္၍ တတိယ အမ်ားဆုံးမွာ လူသုံးကုန္ပစၥည္းမ်ားျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားသည္ ကုန္လမ္းပို႔ေဆာင္‌ေရးၫႊန္ၾကားမႈဦးစီးဌာန(ကညန)တြင္ စာရင္းေပးသြင္းထားျခင္းမရွိသည့္အတြက္ အဆိုပါကားမ်ားကို အသုံးျပဳကာ ရာဇဝတ္မႈက်ဴးလြန္မႈမ်ားလည္း ရွိလာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။ ထို႔ေၾကာင့္ နယ္စပ္ဂိတ္မ်ားအေနျဖင့္ စီမံခန႔္ခြဲမႈမ်ားကို အေလးထားေဆာင္႐ြက္သင့္ေၾကာင္း အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

“လိုင္စင္မဲ့ယာဥ္ေတြဆိုတာက ျမန္မာျပည္မွာတပ္ဆင္ထုတ္လုပ္တာမဟုတ္ဘူး။ နယ္စပ္ဂိတ္ေပါက္ေတြကေန ဝင္လာတာ။ နယ္စပ္ဂိတ္ေပါက္ေတြမွာလည္း စစ္ေဆးေရးေပါင္းမ်ားစြာကို ျဖတ္လာတာ။ ဒါေတြကိုေက်ာ္ျဖတ္ၿပီး ခြင့္ျပဳလာတဲ့တာဝန္ရွိသူကစလို႔ အထဲေရာက္လာေတာ့မွ လိုင္စင္မဲ့ယာဥ္လို႔ ေအာ္ေနတာကေတာ့ အလကားပဲလို႔ထင္တယ္။ နယ္စပ္ဂိတ္ေပါက္ေတြက စီမံခန႔္ခြဲႏိုင္မႈမရွိေတာ့ အမ်ားႀကီးဝင္လာတယ္။ နယ္စပ္ဂိတ္ကေန ခြင့္မျပဳရင္ ဒီထဲကို ေရာက္လာမွာမဟုတ္ဘူး။ ဘယ္သူ႔မ်က္ႏွာမွ ၾကည့္ဖို႔မလိုဘူး။ ေငြမ်က္ႏွာလည္း ၾကည့္ဖို႔မလိုဘူး။ အဓိက ကေတာ့ ဆိုးက်ိဳးမ်ားၿပီး ေကာင္းက်ိဳးနည္းတဲ့ကိစၥ ကိုယ္က်ိဳးအတြက္ပဲအက်ိဳးရွိတဲ့လုပ္ငန္းကို တာဝန္က်တဲ့အဖြဲ႕အစည္းအားလုံးက တာဝန္ယူ၊ တာဝန္ခံမႈမရွိလို႔ ျဖစ္လာတာလို႔ ျမင္မိပါတယ္” ဟု ၎က ေျပာသည္။

တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ ကုန္သြယ္မႈက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးကို မ်ားစြာအေႏွာင့္အယွက္အဟန႔္အတားျဖစ္ေစၿပီး အခြန္ဘ႑ာမ်ား ဆုံးရႈံးျခင္းႏွင့္ ႏိုင္ငံ၏ လူမႈစီးပြားေရးက႑အ‌ေပၚ အျပဳသေဘာမေဆာင္သည့္ သက္ေရာက္မႈမ်ားလည္းရွိေနေၾကာင္း နစကဒုဥကၠ႒က ၿပီးခဲ့သည့္ ေမလက ေျပာဆိုထားဖူးသည္။

၂၀၂၄ ခုႏွစ္ ေမလႏွင့္ ဇြန္လအတြင္း ဖမ္းဆီးရရွိမႈအေနျဖင့္ အေကာက္ခြန္ဦးစီးဌာနက အမ်ားဆုံးဖမ္းဆီးရမိခဲ့ၿပီး ေနျပည္ေတာ္ေကာင္စီ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ ဖမ္းဆီးရရွိမႈမ်ားတြင္ မႏၲေလးတိုင္းက အမ်ားဆုံးျဖစ္ၿပီး စစ္ကိုင္းတိုင္းက ဒုတိယအမ်ားဆုံးႏွင့္ ရွမ္းျပည္နယ္က တတိယအမ်ားဆုံး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.