မူးယစ်မှောင်ခိုဂိုဏ်းကို ဘီလျံနှင့်ချီတန်ဖိုးရှိသော စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

545

ချယ်ရီ (NP News) - မေ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့တွင် ငွေကျပ် (၁၆ ဒသမ ၂) ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါး (၉၈) သိန်းခန့်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းကို ဖမ်းဆီးရမိခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (မေလ ၉ ရက်)၊ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော် မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL ကားနှင့် ရန်နိုင်ထွဋ်မောင်းနှင်ပြီး တင်လတ် လိုက်ပါလာသည့် SURFကားတို့ကို ရှာဖွေခဲ့ရာ အဆိုပါကား (၂) စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂၁ ဒသမ ၈ )သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းတို့၏ ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့ (၂) ဦး၏ မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF ကား(၁)စီးကို ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် မနန်း(ခ)မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့သည် ပျဉ်းမနားမြို့ နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားခြံစတိုအတွင်း ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သိရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ (၁၀) ရက်၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပျဉ်းမနားမြို့ နယ်၊ မြောက်လွတ်ကုန်း ကျေးရွာရှိ အောင်နိုင်၏ နွားမွေးမြူရေးခြံသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်နှင့် ဇော်ဝင်းတို့ (၂) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၇၆ ဒသမ ၁၇၈) သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) (၅) ကီလို၊ ကက်တမင်း (၁) ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water (၂ ဒသမ ၉၁၅) ကီလိုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဒေသတန်ဖိုးငွေ (၁၆ ဒသမ ၂ )ဘီလျံတန်ဖိုးရှိခဲ့ကြောင်း သိရသည်။
မေလ (၁၁) ရက်၊ နံနက် (၉) နာရီခွဲအချိန်ခန့်က စိတ်ကြွရူးသွပ်ဆေးပြားများတင်ဆောင်ပေးသူ ထွန်းလင်း(ခ) ရှမ်းကုလားကို ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်(၁)စီးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ မနန်း(ခ) မျိုးသီရိကျော်နှင့် မျိုးဇော်အောင်တို့မှာ ရှမ်းပြည်နယ်မှ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ်မှတစ်ဆင့် မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ်(ခ) စောတင်လတ် မှ တာဝန်ခံ၍ ပြည့်ဖြိုး(ခ)ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာ တို့နှင့်အတူ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏နွားခြံတွင် သိုဝှက်ထားရှိကြောင်း ဆက်စပ်သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
မူးယစ္ေမွာင္ခိုဂိုဏ္းကို ဘီလ်ံႏွင့္ခ်ီတန္ဖိုးရွိေသာ စိတ္ႂကြမူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ေမ ၁၇
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္ (၁၆ ဒသမ ၂) ဘီလ်ံေက်ာ္ တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးဝါး (၉၈) သိန္းခန႔္ႏွင့္အတူ မူးယစ္ေမွာင္ခိုဂိုဏ္းကို ဖမ္းဆီးရမိခဲ့ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ေမလ ၉ ရက္)၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္ခန႔္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မင္းလွၿမိဳ႕နယ္၊ ပုသိမ္-မုံ႐ြာသြားကားလမ္း၊ ရွမ္းတဲေက်း႐ြာအနီး၌ သတင္းအရေစာင့္ဆိုင္းေနစဥ္ မင္းလွဘက္မွ မင္းတုန္းဘက္သို႔ ျပည့္ၿဖိဳးေက်ာ္ ေမာင္းႏွင္ၿပီး မဇင္ဇင္ေဝ(ခ)ဇင္ဇင္မာ လိုက္ပါလာသည့္ X-TRAIL ကားႏွင့္ ရန္ႏိုင္ထြဋ္ေမာင္းႏွင္ၿပီး တင္လတ္ လိုက္ပါလာသည့္ SURFကားတို႔ကို ရွာေဖြခဲ့ရာ အဆိုပါကား (၂) စီးေပၚမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၁ ဒသမ ၈ )သိန္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ၎တို႔၏ ေဖာ္ထုတ္ခ်က္အရ ပ်ဥ္းမနားၿမိဳ႕မွ မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္သို႔ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ခိုင္းသူ မနန္း(ခ)မ်ိဳးသီရိေက်ာ္ႏွင့္ မ်ိဳးေဇာ္ေအာင္တို႔ (၂) ဦး၏ မူးယစ္ေဆးဝါးသယ္ေဆာင္ရာ၌ အသုံးျပဳခဲ့သည့္ TOYOTA HILUX SURF ကား(၁)စီးကို ပ်ဥ္းမနားၿမိဳ႕၊ ရန္ေအာင္(၂)ရပ္ကြက္ရွိ ၎တို႔၏ေနအိမ္တြင္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ မနန္း(ခ)မ်ိဳးသီရိေက်ာ္ႏွင့္ မ်ိဳးေဇာ္ေအာင္တို႔သည္ ပ်ဥ္းမနားၿမိဳ႕ နယ္၊ ေျမာက္လြတ္ကုန္းေက်း႐ြာရွိ ေအာင္ႏိုင္၏ ႏြားၿခံစတိုအတြင္း ကရင္ျပည္နယ္သို႔ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ား သိုဝွက္ထားေၾကာင္း သိရွိရ၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေမလ (၁၀) ရက္၊ ညေန ၅ နာရီခြဲအခ်ိန္ခန႔္တြင္ ပ်ဥ္းမနားၿမိဳ႕ နယ္၊ ေျမာက္လြတ္ကုန္း ေက်း႐ြာရွိ ေအာင္ႏိုင္၏ ႏြားေမြးျမဴေရးၿခံသို႔ ဝင္ေရာက္ရွာေဖြခဲ့ရာ ေအာင္ႏိုင္ႏွင့္ ေဇာ္ဝင္းတို႔ (၂) ဦးကို စိတ္ႂကြ႐ူးသြပ္ေဆးျပား (၇၆ ဒသမ ၁၇၈) သိန္း၊ အိုက္စ္(မက္သ္အဖက္တမင္း) (၅) ကီလို၊ ကက္တမင္း (၁) ကီလိုႏွင့္ စိတ္ေျပာင္းေဆးဝါးမ်ားေရာစပ္ထားသည့္ Happy Water (၂ ဒသမ ၉၁၅) ကီလိုတို႔ႏွင့္အတူ ထပ္မံ ဖမ္းဆီးရမိခဲ့ရာ စုစုေပါင္းေဒသတန္ဖိုးေငြ (၁၆ ဒသမ ၂ )ဘီလ်ံတန္ဖိုးရွိခဲ့ေၾကာင္း သိရသည္။
ေမလ (၁၁) ရက္၊ နံနက္ (၉) နာရီခြဲအခ်ိန္ခန႔္က စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားတင္ေဆာင္ေပးသူ ထြန္းလင္း(ခ) ရွမ္းကုလားကို ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ေမာ္ေတာ္ဆိုင္ကယ္(၁)စီးႏွင့္ အတူ ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ မနန္း(ခ) မ်ိဳးသီရိေက်ာ္ႏွင့္ မ်ိဳးေဇာ္ေအာင္တို႔မွာ ရွမ္းျပည္နယ္မွ သယ္ေဆာင္လာေသာ မူးယစ္ေဆးဝါးမ်ားကို ပ်ဥ္းမနားၿမိဳ႕နယ္မွတစ္ဆင့္ မင္းတုန္းၿမိဳ႕နယ္သို႔ သယ္ေဆာင္ေရာင္းဝယ္ရာတြင္ တင္လတ္(ခ) ေစာတင္လတ္ မွ တာဝန္ခံ၍ ျပည့္ၿဖိဳး(ခ)ရန္ႏိုင္ထြဋ္၊ မဇင္ဇင္ေဝ(ခ) ဇင္ဇင္မာ တို႔ႏွင့္အတူ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ကရင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ မူးယစ္ေဆးဝါးမ်ားကို ပ်ဥ္းမနားၿမိဳ႕နယ္၊ ေျမာက္လြတ္ကုန္းေက်း႐ြာရွိ ေအာင္ႏိုင္၏ႏြားၿခံတြင္ သိုဝွက္ထားရွိေၾကာင္း ဆက္စပ္သိရွိရသျဖင့္ ၎မူးယစ္ေမွာင္ခိုဂိုဏ္းအဖြဲ႕ကို ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိၿပီး ၎တို႔၏ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ရာမွရရွိသည့္ ေငြေၾကးအက်ိဳးအျမတ္မ်ား၊ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။