မြဝတီတွင် ကျားဖျန့်လုပ်ငန်းများ၌ ဆပ်စပ်ပါဝင်ခဲ့သော အီသီယိုးပီးယားနိုင်ငံသား (၉၀)ဦးကို ပြည်နှင်လွှဲပြောင်းပေး

121

ချယ်ရီ (NP News)- မေ ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း ကျားဖျန့်လုပ်ငန်းများ၌ ဆပ်စပ်ပါဝင်ခဲ့သော အီသီယိုးပီးယားနိုင်ငံသား (၉၀)ဦးကို ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (မေလ ၁၄ ရက်)၌ အီသီယိုးပီးယားနိုင်ငံသား (၉၀)ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသော ပြည်ပနိုင်ငံသား (၁၁) ဦးကို ယင်းနေ့၌ ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက၏ထုတ်ပြန် ချက်အရ သိရသည်။
အလားတူ ယခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း (၉,၀၇၀) စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းအနက် (၈,၂၂၂) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကြောင်းလည်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၈၄၈) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေကြောင်းလည်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်း များ နှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ချယ်ရီ (NSS)- မေ ၁၅