Sky Villa ကွန်ဒိုအပျက်အစီးဘေးရှိ ငလျင်ဘေးမထိသောအိမ်ကို အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ဟု အမည်တပ်ကာ ဖျက်ရန် ကြိုးပမ်းနေဟုဆို

1094

သုတကျော် (NP News) – မေ ၁၇
Sky Villa ကွန်ဒိုအပျက်အစီးဘေးရှိ ငလျင်ဘေးမှလွတ်ခဲ့သောအိမ်ကို အာဏာပိုင်များ ၏ ခွင့်ပြုချက်အရ ဟု အမည်တပ်ကာ ဖျက်ရန် ကြိုးပမ်းနေကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
Sky Villa ကွန်ဒိုကို တည်ဆောက်စဉ်ကာလကပင် ဘေးကပ်ရပ်တွင် ရှိသော ယင်းအိမ်၏ ထောက်ခံချက်ကို လုံးဝ ယူခဲ့ခြင်း မရှိကြောင်း သိရသည်။
“သူ့နည်းသူ့ဟန်နဲ့ ၁၁ ထပ်တိုက်ကြီးကို ဆောက်လိုက်တယ်။ ရေတွေလည်း ကျတယ်။ အုတ်နီခဲတွေလည်း အိမ်ခေါင်မိုးပေါ်ကျတယ်။ အမှိုက်တွေလည်း ကျ၊ သံချောင်းတွေလည်း ကျခဲ့ဖူးတယ်” ဟု ၎င်းက ဆိုသည်။
ယင်း ဒဏ်ကိုမခံနိုင်သည့်အတွက် တိုင်ကြားခဲ့သော်လည်း အကျိုးမထူးခဲ့သည့်အပြင် ဆောက်လုပ်ပြီးစီးသွားပြီး သည့်နောက်တွင်လည်း တိုက်အပေါ်မှပစ်ချသောအမှိုက်များ ခေါင်မိုးပေါ်ကျသည့်အတွက် တိုင်ကြား အသိပေး သော်လည်း သက်ဆိုင်ရာမန်နေဂျာက ဖြေရှင်းမပေးကြောင်း ၎င်းက ဆိုသည်။
“လူကယ်တဲ့ကာလ ပြီးတော့ အိမ်ရှင် ခွင့်ပြုချက်မရဘဲ ပေ ၉၀ - ပေ ၃၀ မီးဖိုချောင်ကို ဖျက်စီးလိုက်တယ်။ အိမ်အနောက်ခြံထဲကို အဆောက်အအုံအပျက်က မြေစာပုံတွေ လာထည့်တယ်။ ရေတိုက်ကီကို ဖျက်တယ်၊ မီးဖိုချောင်ကိုဖျက်တော့ ရပ်ကွက်ရုံးကို သွားပြောတယ်။ မသိဘူးဆိုတော့ အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားတွေ့တော့လည်း ခရိုင်နဲ့ဆိုင်တော့ ခရိုင်အုပ်ချုပ်ရေးမှူးဆီ ရောက်တယ်။ အကုန်လုံးက မသိဘူး ပြောတာ ဘယ်သူမှ အကြောင်းကြားလို့လည်း မရဘူး။ Sky Villa မန်နေဂျာ ဆိုတဲ့သူက သက်ဆိုင်ရာက ဖျက်ခိုင်းလို့ ဖျက်တာ ဘာဖြစ်လဲတဲ့” ဟု ၎င်းက ဆိုသည်။
မီးဖိုချောင်အပြင် အိမ်ရှိ အစိတ်အပိုင်းအချို့ကို ဖျက်ပြီးနောက် လက်ရှိတွင်လည်း Sky Villa ဘက်က အိမ်ကို ဖျက်ရမည်ဟု ဆိုကာ အကြောင်းကြားလာရာ သက်ဆိုင်ရာက ခွင့်ပြုချက်ရသည်ဟု ဆိုသော်လည်း စာရွက်စာတမ်းများ တောင်းသည့်အချိန်တွင် ပြသနိုင်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
“ရေတစ်ခွက်လည်း လာမတိုက်သလို တောင်းပန်စာလည်း မလာဘူး။ ထမင်းဆို ဝေး။ သက်ဆိုင်ရာနဲ့ဆိုပြီး ခြိမ်းခြောက်တာ အကြိမ်ရေ အရမ်းများနေပြီ။ သက်ဆိုင်ရာ ဖျက်ခိုင်းလို့၊ သက်ဆိုင်ရာက ခွင့်ပြုလို့ ဒီစကားနဲ့ပဲ ခြိမ်းခြောက်တာ။ သက်ဆိုင်ရာက ခွင့်ပြုထားလို့ အိမ်ကို ဖျယ်မယ်ဆိုတော့ သက်ဆိုင်ရာကို စုံစမ်းတဲ့အခါ ဘာတစ်ခုမှ မပြောထားဘူး ပြောတယ်လေ။ ပိုင်ရှင်ဖုန်းကို ပေးဆိုတော့လည်း မပေးဘူး” ဟု ၎င်းက NP News သို့ ပြောသည်။

Zawgyi Version:
Sky Villa ကြန္ဒိုအပ်က္အစီးေဘးရွိ ငလ်င္ေဘးမထိေသာအိမ္ကို အာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္အရ ဟု အမည္တပ္ကာ ဖ်က္ရန္ ႀကိဳးပမ္းေနဟုဆို
သုတေက်ာ္ (NP News) – ေမ ၁၇
Sky Villa ကြန္ဒိုအပ်က္အစီးေဘးရွိ ငလ်င္ေဘးမွလြတ္ခဲ့ေသာအိမ္ကို အာဏာပိုင္မ်ား ၏ ခြင့္ျပဳခ်က္အရ ဟု အမည္တပ္ကာ ဖ်က္ရန္ ႀကိဳးပမ္းေနေၾကာင္း ယင္းကိစၥႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
Sky Villa ကြန္ဒိုကို တည္ေဆာက္စဥ္ကာလကပင္ ေဘးကပ္ရပ္တြင္ ရွိေသာ ယင္းအိမ္၏ ေထာက္ခံခ်က္ကို လုံးဝ ယူခဲ့ျခင္း မရွိေၾကာင္း သိရသည္။
“သူ႔နည္းသူ႔ဟန္နဲ႔ ၁၁ ထပ္တိုက္ႀကီးကို ေဆာက္လိုက္တယ္။ ေရေတြလည္း က်တယ္။ အုတ္နီခဲေတြလည္း အိမ္ေခါင္မိုးေပၚက်တယ္။ အမႈိက္ေတြလည္း က်၊ သံေခ်ာင္းေတြလည္း က်ခဲ့ဖူးတယ္” ဟု ၎က ဆိုသည္။
ယင္း ဒဏ္ကိုမခံႏိုင္သည့္အတြက္ တိုင္ၾကားခဲ့ေသာ္လည္း အက်ိဳးမထူးခဲ့သည့္အျပင္ ေဆာက္လုပ္ၿပီးစီးသြားၿပီး သည့္ေနာက္တြင္လည္း တိုက္အေပၚမွပစ္ခ်ေသာအမႈိက္မ်ား ေခါင္မိုးေပၚက်သည့္အတြက္ တိုင္ၾကား အသိေပး ေသာ္လည္း သက္ဆိုင္ရာမန္ေနဂ်ာက ေျဖရွင္းမေပးေၾကာင္း ၎က ဆိုသည္။
“လူကယ္တဲ့ကာလ ၿပီးေတာ့ အိမ္ရွင္ ခြင့္ျပဳခ်က္မရဘဲ ေပ ၉၀ - ေပ ၃၀ မီးဖိုေခ်ာင္ကို ဖ်က္စီးလိုက္တယ္။ အိမ္အေနာက္ၿခံထဲကို အေဆာက္အအုံအပ်က္က ေျမစာပုံေတြ လာထည့္တယ္။ ေရတိုက္ကီကို ဖ်က္တယ္၊ မီးဖိုေခ်ာင္ကိုဖ်က္ေတာ့ ရပ္ကြက္႐ုံးကို သြားေျပာတယ္။ မသိဘူးဆိုေတာ့ ေအာင္ေျမသာစံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို သြားေတြ႕ေတာ့လည္း ခ႐ိုင္နဲ႔ဆိုင္ေတာ့ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးဆီ ေရာက္တယ္။ အကုန္လုံးက မသိဘူး ေျပာတာ ဘယ္သူမွ အေၾကာင္းၾကားလို႔လည္း မရဘူး။ Sky Villa မန္ေနဂ်ာ ဆိုတဲ့သူက သက္ဆိုင္ရာက ဖ်က္ခိုင္းလို႔ ဖ်က္တာ ဘာျဖစ္လဲတဲ့” ဟု ၎က ဆိုသည္။
မီးဖိုေခ်ာင္အျပင္ အိမ္ရွိ အစိတ္အပိုင္းအခ်ိဳ႕ကို ဖ်က္ၿပီးေနာက္ လက္ရွိတြင္လည္း Sky Villa ဘက္က အိမ္ကို ဖ်က္ရမည္ဟု ဆိုကာ အေၾကာင္းၾကားလာရာ သက္ဆိုင္ရာက ခြင့္ျပဳခ်က္ရသည္ဟု ဆိုေသာ္လည္း စာ႐ြက္စာတမ္းမ်ား ေတာင္းသည့္အခ်ိန္တြင္ ျပသႏိုင္ျခင္း မရွိေၾကာင္း ၎က ဆိုသည္။
“ေရတစ္ခြက္လည္း လာမတိုက္သလို ေတာင္းပန္စာလည္း မလာဘူး။ ထမင္းဆို ေဝး။ သက္ဆိုင္ရာနဲ႔ဆိုၿပီး ၿခိမ္းေျခာက္တာ အႀကိမ္ေရ အရမ္းမ်ားေနၿပီ။ သက္ဆိုင္ရာ ဖ်က္ခိုင္းလို႔၊ သက္ဆိုင္ရာက ခြင့္ျပဳလို႔ ဒီစကားနဲ႔ပဲ ၿခိမ္းေျခာက္တာ။ သက္ဆိုင္ရာက ခြင့္ျပဳထားလို႔ အိမ္ကို ဖ်ယ္မယ္ဆိုေတာ့ သက္ဆိုင္ရာကို စုံစမ္းတဲ့အခါ ဘာတစ္ခုမွ မေျပာထားဘူး ေျပာတယ္ေလ။ ပိုင္ရွင္ဖုန္းကို ေပးဆိုေတာ့လည္း မေပးဘူး” ဟု ၎က NP News သို႔ ေျပာထားသည္။
==============
ယူကရိန္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္သည့္ တိုးတက္မႈမ်ားကို စိတ္မရွည္ေတာ့ေၾကာင္း အေမရိကန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၇
႐ုရွားႏွင့္ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးႀကိဳးပမ္းအားထုတ္မႈမ်ားတြင္ တိုးတက္မႈမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္က စိတ္မရွည္ေတာ့ေၾကာင္းႏွင့္ စစ္ပြဲကို အၿပီးတိုင္အဆုံးသတ္ရန္အတြက္ မည္သည့္ကိစၥမ်ိဳးကိုမဆို စဥ္းစားရန္ ဆႏၵရွိ ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာခဲ့သည္။
မာကို႐ူဘီအိုက “လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ အလြန္ခက္ခဲတဲ့ေနရာတစ္ခုမွာ ေရာက္ရွိေနၿပီဆိုတာ သိသာ ထင္ရွားပါတယ္။ ဒီစစ္ပြဲကိုအဆုံးသတ္ဖို႔အတြက္ ေစ့စပ္ညႇိႏႈိင္းမႈနည္လမ္းေတြနဲ႔ အနာဂတ္မွာ ဘယ္လိုစစ္ပြဲကို မဆိုတားဆီးႏိုင္မယ့္ ေျခလွမ္းေတြကိုရွာေဖြႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္ လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ကတိျပဳထားဆဲ ျဖစ္တဲ့အလုပ္ေတြ အမ်ားႀကီးရွိေနပါေသးတယ္။ အခုအခ်ိန္မွာ အားလုံးကစိတ္မရွည္ျဖစ္ေနၿပီဆိုတာ သိသာ ထင္ရွားပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ အဆုံးသတ္တာကို ျမင္ခ်င္ေပမယ့္ အဲဒါက ခက္ခဲပါတယ္။ ဒါေပမဲ့လည္း မၾကာခင္အခ်ိန္အတြင္းမွာ သိသာထင္ရွားတဲ့တိုးတက္မႈေတြရလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာခဲ့သည္။
႐ုရွားႏွင့္ ယူကရိန္းၾကားစစ္ပြဲကို အဆုံးသတ္ရန္အတြက္ အလားအလာရွိေသာ တိုက္႐ိုက္ေဆြးေႏြးပြဲမ်ား မလုပ္ေဆာင္မီ မာကို႐ူဘီအို၏ မွတ္ခ်က္ျပဳေျပာဆိုခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ အဆိုပါ ေဆြးေႏြးပြဲမ်ားႏွင့္ပတ္သက္ၿပီး ေကာင္းမြန္ ေသာရလဒ္မ်ား ရရွိလာေစရန္အတြက္ ႐ုရွားႏွင့္ယူကရိန္းႏွစ္ႏိုင္ငံစလုံး ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဖိအားေပးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။ မာကို႐ူ ဘီအိုက ‘တရားမွ်တၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းေရးကိုရရွိဖို႔အတြက္ ဘယ္လိုကိစၥရပ္မ်ိဳးကိုမဆို အေမရိကန္က ထည့္သြင္းစဥ္းစားသြားမွာပါ’ ဟု ေျပာခဲ့သည္။