ချင်းမိုင်မှာ ဇစ်လိုင်း စွန့်စားခန်း ကေဘယ်ကြိုးပြတ်တောက်မှုကြောင့် တရုတ်အမျိုးသမီးတစ်ဦး သေဆုံး
3175
ရောင်နီ(NP News) - ဩဂုတ် ၃
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ဩဂုတ်လ ၁ ရက်က လေဟုန်ကိုခွင်း၊ အရှိန်နဲ့ စီးနင်းရတဲ့ ဇစ်လိုင်းကေဘယ်စွန့်စားခန်းမှာ ကေဘယ်ကြိုးပေါ် သစ်ပင်ကျိုးကျခြင်းကြောင့် ကြိုးပေါ်မှာရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲအမြင့်မှပြုတ်ကျပြီး အမျိုးသမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မစ္စဂျန်ချန် (၄၄ နှစ်)နဲ့ သူမရဲ့ ခင်ပွန်း လီယူယန် (၄၆) နှစ်တို့ဟာ နံနက်စောစော ဇစ်လိုင်းစွန့်စားခန်းလုပ်ခဲ့ကြပြီး ကေဘယ်ကြိုးနဲ့ စခန်းကို ပြန်လာချိန် မြေပြင်အထက် ၁၅ မီတာခန့်အကွာမှာ ၎င်းတို့ စီးလာတဲ့ ကေဘယ်ကြိုးပေါ် သစ်ပင်တစ်ပင်က ကျိုးကျပြီး ၄င်းတို့နှစ်ဦးစလုံး အမြင့်မှ ပြုတ်ကျခဲ့ကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ဒီအတွက် ဇစ်လိုင်းကုမ္ပဏီကတော့ ခရီးသွားသေဆုံးမှုအတွက် ဘတ်တစ်သန်း (စင်ကာပူဒေါ်လာ ၃၇၇၀၀) လျှော်ကြေးပေးထားပြီး ခရီးသွားအကူအညီပေးရေးဌာနက တောင်းဆိုချက်တွေကို ကူညီပေးမယ်လို့ ပြောပါတယ်။
အဆိုပါ အခင်းဖြစ်နေရာကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ သစ်ပင်လဲခြင်း၊ ရေကြီးခြင်း၊ ရွှံ့မြေ ပြိုကျခြင်းစတဲ့ သဘာဝဘေး အန္တရာယ်တွေရှိတာကြောင့် အထူးသတိနဲ့ သတိထားဆောင်ရွက်ကြဖို့ တာဝန်ရှိသုတွေက အခြားကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။
zawgyi version
ခ်င္းမိုင္မွာ ဇစ္လိုင္း စြန႔္စားခန္း ေကဘယ္ႀကိဳးျပတ္ေတာက္မႈေၾကာင့္ တ႐ုတ္အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ(NP News) - ဩဂုတ္ ၃
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွာ ဩဂုတ္လ ၁ ရက္က ေလဟုန္ကိုခြင္း၊ အရွိန္နဲ႔ စီးနင္းရတဲ့ ဇစ္လိုင္းေကဘယ္စြန႔္စားခန္းမွာ ေကဘယ္ႀကိဳးေပၚ သစ္ပင္က်ိဳးက်ျခင္းေၾကာင့္ ႀကိဳးေပၚမွာရွိေနတဲ့ တ႐ုတ္စုံတြဲတစ္တြဲအျမင့္မွျပဳတ္က်ၿပီး အမ်ိဳးသမီးျဖစ္သူ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
မစၥဂ်န္ခ်န္ (၄၄ ႏွစ္)နဲ႔ သူမရဲ႕ ခင္ပြန္း လီယူယန္ (၄၆) ႏွစ္တို႔ဟာ နံနက္ေစာေစာ ဇစ္လိုင္းစြန႔္စားခန္းလုပ္ခဲ့ၾကၿပီး ေကဘယ္ႀကိဳးနဲ႔ စခန္းကို ျပန္လာခ်ိန္ ေျမျပင္အထက္ ၁၅ မီတာခန႔္အကြာမွာ ၎တို႔ စီးလာတဲ့ ေကဘယ္ႀကိဳးေပၚ သစ္ပင္တစ္ပင္က က်ိဳးက်ၿပီး ၄င္းတို႔ႏွစ္ဦးစလုံး အျမင့္မွ ျပဳတ္က်ခဲ့ကာ ဒဏ္ရာျပင္းျပင္းထန္ထန္ ရခဲ့ပါတယ္။ ဒီအတြက္ ဇစ္လိုင္းကုမၸဏီကေတာ့ ခရီးသြားေသဆုံးမႈအတြက္ ဘတ္တစ္သန္း (စင္ကာပူေဒၚလာ ၃၇၇၀၀) ေလွ်ာ္ေၾကးေပးထားၿပီး ခရီးသြားအကူအညီေပးေရးဌာနက ေတာင္းဆိုခ်က္ေတြကို ကူညီေပးမယ္လို႔ ေျပာပါတယ္။
အဆိုပါ အခင္းျဖစ္ေနရာကို တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးေနပါတယ္။ အထူးသျဖင့္ မိုးရာသီမွာ သစ္ပင္လဲျခင္း၊ ေရႀကီးျခင္း၊ ႐ႊံ႕ေျမ ၿပိဳက်ျခင္းစတဲ့ သဘာဝေဘး အႏၲရာယ္ေတြရွိတာေၾကာင့္ အထူးသတိနဲ႔ သတိထားေဆာင္႐ြက္ၾကဖို႔ တာဝန္ရွိသုေတြက အျခားကုမၸဏီေတြကို တိုက္တြန္းထားပါတယ္။