ကလေးသူငယ်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က TikTok ကို တရားစွဲ
823
Pika (NP News) - ဩဂုတ် ၃
အမေရိကန်တရားရေးဌာန (DOJ) က TikTok အပ်ပ်ဟာ ၎င်းတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ကလေးသူငယ်တွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး TikTok အပ်ပ်နဲ့ ၎င်းရဲ့ တရုတ်အခြေစိုက် မိခင်ကုမ္ပဏီ ByteDance တို့ကို တရားစွဲဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
TikTok အပ်ပ်ဟာ အသက်(၁၃)နှစ်အောက် အသုံးပြုသူတွေရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်တွေကို စုဆောင်းဖို့အတွက် ၎င်းတို့ရဲ့မိဘတွေဆီက ခွင့်ပြုချက်ကို ရယူဖို့လိုအပ်တဲ့ ကလေးသူငယ်အွန်လိုင်း ကိုယ်ရေးကိုယ် တာကာကွယ်ရေးအက်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ DOJ ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့ပြင် TikTok အပ်ပ်ဟာ ကလေးသူ ငယ်တွေကို ၎င်းတို့ရဲ့ပလက်ဖောင်းပေါ်မှာ အကောင့်ဖွင့်တာတွေနဲ့ အရွယ် ရောက်ပြီး သူတွေနဲ့ဗီဒီယိုမျှဝေတာမျိုးတွေကို သိသိကြီးနဲ့ ခွင့်ပြုထားခဲ့တယ်လို့ DOJ ကပြောကြားခဲ့ပါတယ်။ ပြီးတော့ TikTok ဟာ မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ အသက်ငယ်တဲ့အသုံးပြုသူတွေဆီကနေ သတင်းအချက် အလက်တွေကို စုဆောင်းခဲ့တယ်လို့လည်း DOJ ကပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ 'TikTok ဟာ ကလေးသူငယ်တွေရဲ့ အီးမေးလ်လိပ်စာတွေနဲ့ အခြားကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တရားမဝင်စုဆောင်းခဲ့ပါတယ်။ မိဘတွေက ၎င်းတို့ရဲ့သားသမီးတွေ အကောင့်ကို တွေ့ရှိချိန်မှာ အဲဒီအကောင့်တွေနဲ့အချက်အလက်တွေကို ဖျက်ပေးဖို့တောင်းဆိုတာမျိုးတွေကိုလည်း TikTok ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်'လို့ ရေးသားထားပါတယ်။ TikTok က 'ကလေးသူငယ်တွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ပြီးတော့ ဒီပလက်ဖောင်းကို အဆင့်မြှင့်တင်ပြီး တိုးတက်သွားအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ'လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
ကေလးသူငယ္ကိုယ္ေရးကိုယ္တာကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္က TikTok ကို တရားစြဲ
Pika (NP News) - ဩဂုတ္ ၃
အေမရိကန္တရားေရးဌာန (DOJ) က TikTok အပ္ပ္ဟာ ၎တို႔ရဲ႕ ပလက္ေဖာင္းေပၚမွာ ကေလးသူငယ္ေတြရဲ႕ ကိုယ္ေရးကိုယ္တာေတြကို ကာကြယ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့ၿပီး TikTok အပ္ပ္နဲ႔ ၎ရဲ႕ တ႐ုတ္အေျခစိုက္ မိခင္ကုမၸဏီ ByteDance တို႔ကို တရားစြဲဆိုမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
TikTok အပ္ပ္ဟာ အသက္(၁၃)ႏွစ္ေအာက္ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရး ကိုယ္တာအခ်က္အလက္ေတြကို စုေဆာင္းဖို႔အတြက္ ၎တို႔ရဲ႕မိဘေတြဆီက ခြင့္ျပဳခ်က္ကို ရယူဖို႔လိုအပ္တဲ့ ကေလးသူငယ္အြန္လိုင္း ကိုယ္ေရးကိုယ္ တာကာကြယ္ေရးအက္ဥပေဒကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ DOJ ရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါ့ျပင္ TikTok အပ္ပ္ဟာ ကေလးသူ ငယ္ေတြကို ၎တို႔ရဲ႕ပလက္ေဖာင္းေပၚမွာ အေကာင့္ဖြင့္တာေတြနဲ႔ အ႐ြယ္ ေရာက္ၿပီး သူေတြနဲ႔ဗီဒီယိုမွ်ေဝတာမ်ိဳးေတြကို သိသိႀကီးနဲ႔ ခြင့္ျပဳထားခဲ့တယ္လို႔ DOJ ကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ TikTok ဟာ မိဘေတြရဲ႕ ခြင့္ျပဳခ်က္မပါဘဲ အသက္ငယ္တဲ့အသုံးျပဳသူေတြဆီကေန သတင္းအခ်က္ အလက္ေတြကို စုေဆာင္းခဲ့တယ္လို႔လည္း DOJ ကေျပာၾကားခဲ့ပါတယ္။
ထုတ္ျပန္ခ်က္မွာ 'TikTok ဟာ ကေလးသူငယ္ေတြရဲ႕ အီးေမးလ္လိပ္စာေတြနဲ႔ အျခားကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို တရားမဝင္စုေဆာင္းခဲ့ပါတယ္။ မိဘေတြက ၎တို႔ရဲ႕သားသမီးေတြ အေကာင့္ကို ေတြ႕ရွိခ်ိန္မွာ အဲဒီအေကာင့္ေတြနဲ႔အခ်က္အလက္ေတြကို ဖ်က္ေပးဖို႔ေတာင္းဆိုတာမ်ိဳးေတြကိုလည္း TikTok ဘက္က လိုက္နာဖို႔ ပ်က္ကြက္ခဲ့ပါတယ္'လို႔ ေရးသားထားပါတယ္။ TikTok က 'ကေလးသူငယ္ေတြကို ကာကြယ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြနဲ႔ပတ္သက္ၿပီး ဂုဏ္ယူမိပါတယ္။ၿပီးေတာ့ ဒီပလက္ေဖာင္းကို အဆင့္ျမႇင့္တင္ၿပီး တိုးတက္သြားေအာင္ ဆက္လက္လုပ္ေဆာင္သြားမွာပါ'လို႔ ေျပာဆိုခဲ့ပါတယ္။