မြောက်ကိုရီးယားစစ်တပ်က ပဲ့ထိန်းဒုံးကျည်အသစ် (၂၅၀)ကို လက်ခံရရှိခဲ့ဟု ဆို

 2229

ဂျန်ဇက် (NP News) - ဩဂုတ် ၅

မြောက်ကိုရီးယားစစ်တပ်ဟာ သြဂုတ် ၄ ရက်နေ့က ပဲ့ထိန်းဒုံးကျည်စနစ်အသစ်တွေကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ အဲဒီပဲ့ထိန်းဒုံးကျည်၊ လောင်ချာအရေအတွက် ၂၅၀ ကို မြောက်ကိုရီးယားစစ်တပ်ထံ လွှဲပြောင်းပေးမှုတွေကို ကိုယ်တိုင်ကြီးကြပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီလက်နက်စနစ်တွေထဲမှာ တောင်ကိုရီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာဖြန့်ကြက်ချထားတဲ့ "Hwasong-11" အမျိုးအစားလောင်ချာစနစ်လည်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကန်နိုင်ငံ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ နျူကလီးယားလက်နက်ပိုင် နိုင်ငံကို အခြေပြုပြီး စစ်ရေးအဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ ကြံစည်နေကြောင်း၊မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားခြိမ်းခြောက်မှုတွေကို တားဆီးဖို့နဲ့ စိန်ခေါ်မှုတွေကိုတုံ့ပြန်ဖို့ စီစဉ်ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ဇူလိုင်လအတွင်းပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ပဲ့ထိန်းဒုံး ကျည်အသစ်တွေ စမ်းသပ်တာတွေရှိခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကလည်း ပဲ့ထိန်းဒုံးကျည်နည်းစနစ်တွေကို စမ်းသပ်လျက်ရှိနေရာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့အငြင်းပွားမှုတွေ၊ တင်းမာမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။

အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံက ဇူလိုင်လအတွင်း ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ရာ အင်ဒို-ပစိဖိတ်ဒေသရေပိုင်နက်အဆင့်တန်းပြောင်း လဲဖို့ တစ်ဖက်သတ်ကြိုးပမ်းမှုတွေကို ဆန့်ကျင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာအသုံးပြုနေခြင်းတွေကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒါ့ပြင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနိုင်ငံတို့ရဲ့ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ Quad အဖွဲ့အစည်းအပြီးထုတ်ပြန်ချက်မှာလည်း မြောက်ကိုရီးယားနိုင်ငံရဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေခြင်းအား ပြစ်တင်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

zawgyi version
ေျမာက္ကိုရီးယားစစ္တပ္က ပဲ့ထိန္းဒုံးက်ည္အသစ္ (၂၅၀)ကို လက္ခံရရွိခဲ့ဟု ဆို
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅

ေျမာက္ကိုရီးယားစစ္တပ္ဟာ ၾသဂုတ္ ၄ ရက္ေန႔က ပဲ့ထိန္းဒုံးက်ည္စနစ္အသစ္ေတြကို လက္ခံရရွိခဲ့ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာေတြက ေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ဟာ အဲဒီပဲ့ထိန္းဒုံးက်ည္၊ ေလာင္ခ်ာအေရအတြက္ ၂၅၀ ကို ေျမာက္ကိုရီးယားစစ္တပ္ထံ လႊဲေျပာင္းေပးမႈေတြကို ကိုယ္တိုင္ႀကီးၾကပ္ခဲ့ေၾကာင္း သိရပါတယ္။ အဲဒီလက္နက္စနစ္ေတြထဲမွာ ေတာင္ကိုရီးယားနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ ေနရာေတြမွာျဖန႔္ၾကက္ခ်ထားတဲ့ "Hwasong-11" အမ်ိဳးအစားေလာင္ခ်ာစနစ္လည္းပါဝင္ခဲ့ေၾကာင္း သိရပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္က အေမရိကန္ႏိုင္ငံ ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕ေတြဟာ န်ဴကလီးယားလက္နက္ပိုင္ ႏိုင္ငံကို အေျချပဳၿပီး စစ္ေရးအဖြဲ႕အစည္းတစ္ခုတည္ေထာင္ဖို႔ ႀကံစည္ေနေၾကာင္း၊ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားၿခိမ္းေျခာက္မႈေတြကို တားဆီးဖို႔နဲ႔ စိန္ေခၚမႈေတြကိုတုံ႔ျပန္ဖို႔ စီစဥ္ေဆာင္႐ြက္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္က အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ ဇူလိုင္လအတြင္းျပဳလုပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္ခန္းမွာ ပဲ့ထိန္းဒုံး က်ည္အသစ္ေတြ စမ္းသပ္တာေတြရွိခဲ့ေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံကလည္း ပဲ့ထိန္းဒုံးက်ည္နည္းစနစ္ေတြကို စမ္းသပ္လ်က္ရွိေနရာ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္အဖြဲ႕ေတြနဲ႔အျငင္းပြားမႈေတြ၊ တင္းမာမႈေတြျဖစ္ပြားေနေၾကာင္း သိရပါတယ္။

အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံက ဇူလိုင္လအတြင္း ပူးတြဲထုတ္ျပန္ခ်က္ထုတ္ျပန္ခဲ့ရာ အင္ဒို-ပစိဖိတ္ေဒသေရပိုင္နက္အဆင့္တန္းေျပာင္း လဲဖို႔ တစ္ဖက္သတ္ႀကိဳးပမ္းမႈေတြကို ဆန႔္က်င္ေၾကာင္း၊ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ပဲ့ထိန္းဒုံးက်ည္နည္းပညာအသုံးျပဳေနျခင္းေတြကိုလည္း ျပစ္တင္ရႈတ္ခ်ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ အေမရိကန္၊ ၾသစေၾတးလ်၊ ဂ်ပန္၊ အိႏၵိယႏိုင္ငံတို႔ရဲ႕ဇူလိုင္လအတြင္း က်င္းပခဲ့တဲ့ Quad အဖြဲ႕အစည္းအၿပီးထုတ္ျပန္ခ်က္မွာလည္း ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ကုလသမဂၢလုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္ေနျခင္းအား ျပစ္တင္ရႈတ္ခ်တယ္လို႔ ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.