ပဲခူးမြို့ရေကြီးမှုတွင် ရေပြန်လည်ကျဆင်းလာပြီးနောက် ရေဘေးရှောင် (၃၀၀၀၀) ကျော် နေရပ်ပြန်

 496

သန့်ဇင် (NP News) - ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရေကြီးမှုတွင် ရေပြန်လည်ကျဆင်းပြီးနောက် ရေဘေးရှောင်(၃၀၀၀၀)ကျော် နေရပ်ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှစတင်ကာ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ဒေသခံ အိမ်ထောင်စုများစွာမှာ ရေဘေးရှောင်စခန်း(၂၁)ခုတွင် သွားရောက်နေထိုင်ခဲ့ရကြောင်း သိရသည်။ ထို့နောက် ပြီးခဲ့သည့်ရက်ပိုင်းတွင် ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းလာပြီးနောက် ရေဘေးရှောင် စခန်းများမှ ဒေသခံများကို ၎င်းတို့၏နေရပ်သို့ ပြန်လည်နေထိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

“ပြီးခဲ့သည့် ရက်ပိုင်းကပဲ ကယ်ဆယ်ရေးစခန်းတွေက ရေဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စီစဉ်ပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ငါးပိ နဲ့ငါးခြောက်တွေကို တစ်လစာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးက ပံ့ပိုးပေးခဲ့ပါတယ်။ စောင့်ရှောက်ရေးစခန်းမှာ လူဦးရေ (၃၀၀၀၀)ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက NP News ကိုပြောသည်။

ထို့ပြင် ပဲခူးရေကြီးမှုတွင် မြို့နယ်တွင်း စိုက်ပျိုးမြေဧကပေါင်း (၁၅၀၀၀၀) ကျော် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “နောက်တစ်ခါ မြစ်ရေကြီးတဲ့ အချိန်မှာ။ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့တဲ့ စပါးခင်းတွေပေါ့။ စပါးခင်းတွေကလည်း စိုက်ပြီးကာလရက်ပိုင်းပဲ ရှိတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ အခုထပ်ပြီးတော့ပေါ့နော် လိုအပ်တဲ့ မျိုး၊ မြေဩဇာသွင်းအားစုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးဧကကတော့ ရေလွှမ်းမိုးမှုဖြစ်ခဲ့တာက (၁၅၀၀၀၀)ကျော်ရှိခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်အတွင်း အရက်မူးနေစဉ် ရေဆင်းကူးရာမှ ရေနစ်သေ ဆုံးသူ(၅)ဦးထိရှိခဲ့ကြောင်းလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားထားဖူးသည်။

zawgyi version
ပဲခူးၿမိဳ႕ေရႀကီးမႈတြင္ ေရျပန္လည္က်ဆင္းလာၿပီးေနာက္ ေရေဘးေရွာင္ (၃၀၀၀၀)ေက်ာ္ ေနရပ္ျပန္

သန႔္ဇင္ (NP News) - ဩဂုတ္ ၈

ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕ေရႀကီးမႈတြင္ ေရျပန္လည္က်ဆင္းၿပီးေနာက္ ေရေဘးေရွာင္(၃၀၀၀၀)ေက်ာ္ ေနရပ္ျပန္လည္ေရာက္ရွိၿပီျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၂၆ ရက္မွစတင္ကာ ပဲခူးၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ ပဲခူးျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံ အိမ္ေထာင္စုမ်ားစြာမွာ ေရေဘးေရွာင္စခန္း(၂၁)ခုတြင္ သြားေရာက္ေနထိုင္ခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရအမွတ္ေအာက္ ျပန္လည္က်ဆင္းလာၿပီးေနာက္ ေရေဘးေရွာင္ စခန္းမ်ားမွ ေဒသခံမ်ားကို ၎တို႔၏ေနရပ္သို႔ ျပန္လည္ေနထိုင္ခြင့္ေပးခဲ့ေၾကာင္း သိရသည္။

“ၿပီးခဲ့သည့္ ရက္ပိုင္းကပဲ ကယ္ဆယ္ေရးစခန္းေတြက ေရေဘးေရွာင္ေတြကို ေနရပ္ျပန္ဖို႔ စီစဥ္ေပးခဲ့ၿပီးျဖစ္ပါတယ္။ ေနာက္ၿပီး ဆန္၊ ဆီ၊ ဆား၊ ငါးပိ နဲ႔ငါးေျခာက္ေတြကို တစ္လစာ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႀကီးက ပံ့ပိုးေပးခဲ့ပါတယ္။ ေစာင့္ေရွာက္ေရးစခန္းမွာ လူဦးေရ (၃၀၀၀၀)ေက်ာ္ကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေဆာင္႐ြက္ေပးခဲ့ပါတယ္”ဟု ပဲခူးတိုင္းေဒသႀကီးအစိုးရ အဖြဲ႕မွ စီးပြားေရးရာဝန္ႀကီး ဦးတင္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ပဲခူးေရႀကီးမႈတြင္ ၿမိဳ႕နယ္တြင္း စိုက္ပ်ိဳးေျမဧကေပါင္း (၁၅၀၀၀၀) ေက်ာ္ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ “ေနာက္တစ္ခါ ျမစ္ေရႀကီးတဲ့ အခ်ိန္မွာ။ ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့တဲ့ စပါးခင္းေတြေပါ့။ စပါးခင္းေတြကလည္း စိုက္ၿပီးကာလရက္ပိုင္းပဲ ရွိတဲ့အတြက္ ပ်က္စီးဆုံးရႈံးမႈေတာ့ မရွိခဲ့ပါဘူး။ အခုထပ္ၿပီးေတာ့ေပါ့ေနာ္ လိုအပ္တဲ့ မ်ိဳး၊ ေျမဩဇာသြင္းအားစုေတြကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကေနၿပီးေတာ့ ေဆာင္႐ြက္ေပးေနပါတယ္။ စိုက္ပ်ိဳးဧကကေတာ့ ေရလႊမ္းမိုးမႈျဖစ္ခဲ့တာက (၁၅၀၀၀၀)ေက်ာ္ရွိခဲ့ပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။

ပဲခူးၿမိဳ႕ေရႀကီးမႈျဖစ္စဥ္အတြင္း အရက္မူးေနစဥ္ ေရဆင္းကူးရာမွ ေရနစ္ေသ ဆုံးသူ(၅)ဦးထိရွိခဲ့ေၾကာင္းလည္း ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီး ဦးတင္ဦးက ၿပီးခဲ့သည့္ ရက္ပိုင္းက ေျပာၾကားထားဖူးသည္။

Related news

© 2021. All rights reserved.