ဘဏ်စနစ်ဖြင့် မိသားစုလွှဲပို့ငွေပို့ဆောင်သူ လုပ်သားအရေအတွက် လျော့ နည်းနေပြီး အေဂျင်စီများ အခက်ကြုံနေ

 2980

ယွန်း (NP News) - ဩဂုတ် ၁ဝ

ဗဟိုဘဏ်ပေါက်ဈေး နှင့် ပြင်ပပေါက်ဈေး ငွေကြေးကွာဟချက်များကြောင့် ဘဏ်စနစ်ဖြင့် မိသားစုလွှဲပို့ငွေပို့ဆောင်သူ လုပ်သားအရေအတွက် လျော့ နည်းနေပြီး အေဂျင်စီများ အခက်အခဲဖြစ်နေကြောင်း မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူ တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ရရှိသည့်လစာ၏ ၂၅ ရာခိုင် နှုန်းကိုသတ်မှတ်ပေးထားသည့် တရားဝင်ဘဏ်စနစ်လမ်းကြောင်းမှ လွှဲပို့ရန် အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့သော် လက်ရှိတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဗဟိုဘဏ်‌ပေါက်ဈေး နှင့် ပြင်ပပေါက်ဈေး ငွေကြေးကွာဟချက်များကြောင့် ဘဏ်စနစ်ဖြင့် လွှဲပြောင်းသူ အနည်းငယ်သာရှိပြီး ဟွန်ဒီစနစ်ဖြင့်သာ အများဆုံးလွှဲပြောင်းနေကြောင်း သိရသည်။

ယခုလမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်းကို တင်ပြနိုင်ခြင်းမရှိသည့် အေဂျင်စီများကို စေလွှတ်ရေးလုပ်ငန်းစဥ်များ ယာယီဆိုင်းငံ့သွားမည် ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံ ပြီးခဲ့သည့်ရက်ပိုင်းက စာပေးပို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဒီဘက်ကကျတော့ ဟွန်ဒီနဲ့မပို့ပဲနဲ့ Bank to Bank ပို့ဖို့ကို လမ်းညွှန်ထားတယ်။ အဓိကပြဿနာက အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ကွာနေတာပေါ့။ အဲဒီလိုကွာနေတော့ ဘဏ်တွေကနေမလွှဲကြဘူး။ မလွှဲကြတော့ အေဂျင်စီတွေကည်း ရသလောက်ကို တောင်းပန်ပြီးတော့ ကလေးတွေကို ပြောနေရတာတွေလည်းရှိတယ်။ တစ်ချို့ကလည်းလွှဲကြတယ်။ တစ်ချို့ကလည်းငွေကကွာနေတော့ သူတို့နာတယ်ထင်ပြီး မလွှဲကြဘူး။ များသောအားဖြင့် မလွှဲတာများတယ်။ သူတို့လွှဲတဲ့စလစ်ကို ဒီဘက်ကို ပြန်ပို့ခိုင်းတာ အေဂျင်စီကနေလွှဲခိုင်းတာမဟုတ်ဘူး။ ဟိုဘက်ဘဏ်ကနေ ဒီဘက်ဘဏ်စနစ်ထဲကို လစာထဲက ၂၅ ရာခိုင်နှုန်းလွှဲထားတဲ့ စလစ်မိတ္တူကို ပြန်ပို့ခိုင်းတာ။ အဲဒါကိုမပို့ကြတာ”ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့ကြောင့် အလုပ်သမားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် မိသားစုလွှဲပို့ငွေများရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေရကြောင်း ၎င်းက ဆက်လက် ပြောသည်။ “စာချုပ်တော့ချုပ်သွားကြတယ်။ ဟိုဘက်ရောက်ရင်မပေးကြတော့ဘူး။ ဒီဘက်ကတော့ အေဂျင်စီကိုပဲ အခြေခံနေရတာပေါ့။ အဲဒီတော့ အေဂျင်စီတွေ ဒုက္ခရောက်နေကြတယ်။ အဓိက အားလုံးမှာတာဝန်ရှိတယ်။ အေဂျင်စီကလည်း ရနိုင်အောင်လို့တော့ ကြိုးစားပြီး‌‌ဆောင်ရွက်နေပါတယ်။ နည်းနည်း ခက်ခဲနေတဲ့ အခြေအနေတော့ဖြစ်နေတာပေါ့။ သူတို့ဆီကပိုက်ဆံကိုသွားလုပြီးတော့ ဒီဘက်ကိုပြန်လွှဲလို့လည်းမရဘူး။ သူတို့ရဲ့ကိုယ်ပိုင်ငွေလေ။ မလေးရှားရော၊ ထိုင်းရောက အများကြီးမလွှဲနိုင်ကြဘူး။ ဂျပန်ပဲနည်းနည်းအဆင်ပြေတာ။ အဆင်ပြေတယ်ဆိုတာတောင် (၁)ယန်းကို (၄)ကျပ်‌လောက်ကွာတယ်။ အများကြီး ပို့တဲ့သူဆို သိန်းနဲ့ချီကွာတာပေါ့။ ဂျပန်ကအများဆုံးပေးနိုင်တယ်ဆိုပေမယ့် (၁၀၀)ရာခိုင်နှုန်းမရဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ မိသားစုလွှဲပို့ငွေများမှာ လျော့နည်းလျက်ရှိပြီး မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေသည့် မြန်မာလုပ်သားအနေဖြင့် ဟွန်ဒီဖြင့်သာလွှဲပြောင်းကြပြီး အယောက်(၁၀၀) တွင် (၅)ယောက်ခန့်သာ ဘဏ်စနစ်ဖြင့် ပို့ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြည်ပအလုပ်အကိုင် အေဂျင်စီ (၅၆၈)ခုရှိပြီး ယာယီပိတ်ထားသည့် အေဂျင်စီ(၇)ခုရှိသဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် အေဂျင်စီ(၅၆၁)ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ၁၉၉၀ ပြည့်နှစ်မှ ယခု ၂၀၂၄ ခုနှစ်၊ မေလအထိ ပြည်ပနိုင်ငံ(၉၉)နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား (၁၈၂၅၃၈၁) ဦးကို OWIC ကတ်ပြုလုပ်ခွင့်ပြုပြီး စေလွှတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်အလိုက်စာရင်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၇၅၁၇၉ ဦး၊ ၂၀၂၁ ခုနှစ်တွင် ၃၄၅၂ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၇၄၆၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၁၀၆၈၈ ဦးနှင့် ၂၀၂၄ ခုနှစ် မေလအထိ ၁၀၂၈၆၁ ဦးရှိကြောင်း အချက်အလက်များအရ သိရသည်။

zawgyi version
ဘဏ္စနစ္ျဖင့္ မိသားစုလႊဲပို႔ေငြပို႔ေဆာင္သူ လုပ္သားအေရအတြက္ ေလ်ာ့ နည္းေနၿပီး ေအဂ်င္စီမ်ား အခက္ႀကဳံေန

ယြန္း (NP News) - ဩဂုတ္ ၁ဝ

ဗဟိုဘဏ္ေပါက္ေဈး ႏွင့္ ျပင္ပေပါက္ေဈး ေငြေၾကးကြာဟခ်က္မ်ားေၾကာင့္ ဘဏ္စနစ္ျဖင့္ မိသားစုလႊဲပို႔ေငြပို႔ေဆာင္သူ လုပ္သားအေရအတြက္ ေလ်ာ့ နည္းေနၿပီး ေအဂ်င္စီမ်ား အခက္အခဲျဖစ္ေနေၾကာင္း ျမန္မာျပည္ပအလုပ္ အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္(MOEAF)မွ တာဝန္ရွိသူ တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ရရွိသည့္လစာ၏ ၂၅ ရာခိုင္ ႏႈန္းကိုသတ္မွတ္ေပးထားသည့္ တရားဝင္ဘဏ္စနစ္လမ္းေၾကာင္းမွ လႊဲပို႔ရန္ အလုပ္သမားဝန္ႀကီးဌာနက ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္အတြင္း အသိေပးထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ လက္ရွိတြင္ ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဗဟိုဘဏ္‌ေပါက္ေဈး ႏွင့္ ျပင္ပေပါက္ေဈး ေငြေၾကးကြာဟခ်က္မ်ားေၾကာင့္ ဘဏ္စနစ္ျဖင့္ လႊဲေျပာင္းသူ အနည္းငယ္သာရွိၿပီး ဟြန္ဒီစနစ္ျဖင့္သာ အမ်ားဆုံးလႊဲေျပာင္းေနေၾကာင္း သိရသည္။

ယခုလမွစ၍ ႏိုင္ငံအလိုက္ မိသားစုလႊဲပို႔ေငြစာရင္းကို တင္ျပႏိုင္ျခင္းမရွိသည့္ ေအဂ်င္စီမ်ားကို ေစလႊတ္ေရးလုပ္ငန္းစဥ္မ်ား ယာယီဆိုင္းငံ့သြားမည္ ျဖစ္ ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနက ေအဂ်င္စီမ်ားထံ ၿပီးခဲ့သည့္ရက္ပိုင္းက စာေပးပို႔အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

“ဒီဘက္ကက်ေတာ့ ဟြန္ဒီနဲ႔မပို႔ပဲနဲ႔ Bank to Bank ပို႔ဖို႔ကို လမ္းၫႊန္ထားတယ္။ အဓိကျပႆနာက အျပင္ေပါက္ေဈးနဲ႔ ဗဟိုဘဏ္သတ္မွတ္ႏႈန္းနဲ႔ကြာေနတာေပါ့။ အဲဒီလိုကြာေနေတာ့ ဘဏ္ေတြကေနမလႊဲၾကဘူး။ မလႊဲၾကေတာ့ ေအဂ်င္စီေတြကည္း ရသေလာက္ကို ေတာင္းပန္ၿပီးေတာ့ ကေလးေတြကို ေျပာေနရတာေတြလည္းရွိတယ္။ တစ္ခ်ိဳ႕ကလည္းလႊဲၾကတယ္။ တစ္ခ်ိဳ႕ကလည္းေငြကကြာေနေတာ့ သူတို႔နာတယ္ထင္ၿပီး မလႊဲၾကဘူး။ မ်ားေသာအားျဖင့္ မလႊဲတာမ်ားတယ္။ သူတို႔လႊဲတဲ့စလစ္ကို ဒီဘက္ကို ျပန္ပို႔ခိုင္းတာ ေအဂ်င္စီကေနလႊဲခိုင္းတာမဟုတ္ဘူး။ ဟိုဘက္ဘဏ္ကေန ဒီဘက္ဘဏ္စနစ္ထဲကို လစာထဲက ၂၅ ရာခိုင္ႏႈန္းလႊဲထားတဲ့ စလစ္မိတၱဴကို ျပန္ပို႔ခိုင္းတာ။ အဲဒါကိုမပို႔ၾကတာ”ဟု MOEAF မွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

ထို႔ေၾကာင့္ အလုပ္သမားေစလႊတ္သည့္ ေအဂ်င္စီမ်ားအေနျဖင့္ မိသားစုလႊဲပို႔ေငြမ်ားရရွိေရးအတြက္ ႀကိဳးစားေဆာင္႐ြက္ေနရေၾကာင္း ၎က ဆက္လက္ ေျပာသည္။ “စာခ်ဳပ္ေတာ့ခ်ဳပ္သြားၾကတယ္။ ဟိုဘက္ေရာက္ရင္မေပးၾကေတာ့ဘူး။ ဒီဘက္ကေတာ့ ေအဂ်င္စီကိုပဲ အေျခခံေနရတာေပါ့။ အဲဒီေတာ့ ေအဂ်င္စီေတြ ဒုကၡေရာက္ေနၾကတယ္။ အဓိက အားလုံးမွာတာဝန္ရွိတယ္။ ေအဂ်င္စီကလည္း ရႏိုင္ေအာင္လို႔ေတာ့ ႀကိဳးစားၿပီး‌‌ေဆာင္႐ြက္ေနပါတယ္။ နည္းနည္း ခက္ခဲေနတဲ့ အေျခအေနေတာ့ျဖစ္ေနတာေပါ့။ သူတို႔ဆီကပိုက္ဆံကိုသြားလုၿပီးေတာ့ ဒီဘက္ကိုျပန္လႊဲလို႔လည္းမရဘူး။ သူတို႔ရဲ႕ကိုယ္ပိုင္ေငြေလ။ မေလးရွားေရာ၊ ထိုင္းေရာက အမ်ားႀကီးမလႊဲႏိုင္ၾကဘူး။ ဂ်ပန္ပဲနည္းနည္းအဆင္ေျပတာ။ အဆင္ေျပတယ္ဆိုတာေတာင္ (၁)ယန္းကို (၄)က်ပ္‌ေလာက္ကြာတယ္။ အမ်ားႀကီး ပို႔တဲ့သူဆို သိန္းနဲ႔ခ်ီကြာတာေပါ့။ ဂ်ပန္ကအမ်ားဆုံးေပးႏိုင္တယ္ဆိုေပမယ့္ (၁၀၀)ရာခိုင္ႏႈန္းမရဘူး”ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။

လက္ရွိတြင္ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား၏ မိသားစုလႊဲပို႔ေငြမ်ားမွာ ေလ်ာ့နည္းလ်က္ရွိၿပီး မေလးရွားႏွင့္ ထိုင္းႏိုင္ငံတို႔ကို ေရာက္ရွိေနသည့္ ျမန္မာလုပ္သားအေနျဖင့္ ဟြန္ဒီျဖင့္သာလႊဲေျပာင္းၾကၿပီး အေယာက္(၁၀၀) တြင္ (၅)ေယာက္ခန႔္သာ ဘဏ္စနစ္ျဖင့္ ပို႔ေဆာင္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇြန္လ(၉)ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း ျပည္ပအလုပ္အကိုင္ ေအဂ်င္စီ (၅၆၈)ခုရွိၿပီး ယာယီပိတ္ထားသည့္ ေအဂ်င္စီ(၇)ခုရွိသျဖင့္ လက္ရွိလုပ္ငန္းေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ(၅၆၁)ခုရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ ၁၉၉၀ ျပည့္ႏွစ္မွ ယခု ၂၀၂၄ ခုႏွစ္၊ ေမလအထိ ျပည္ပႏိုင္ငံ(၉၉)ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ အလုပ္သမား (၁၈၂၅၃၈၁) ဦးကို OWIC ကတ္ျပဳလုပ္ခြင့္ျပဳၿပီး ေစလႊတ္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ႏွစ္အလိုက္စာရင္းမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ၇၅၁၇၉ ဦး၊ ၂၀၂၁ ခုႏွစ္တြင္ ၃၄၅၂ ဦး၊ ၂၀၂၂ ခုႏွစ္တြင္ ၁၈၇၄၆၆ ဦး၊ ၂၀၂၃ ခုႏွစ္တြင္ ၂၁၀၆၈၈ ဦးႏွင့္ ၂၀၂၄ ခုႏွစ္ ေမလအထိ ၁၀၂၈၆၁ ဦးရွိေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.