ဘရာဇီးနိုင်ငံမှာ ခရီးသည်တင် လေယာဉ်ပျက်ကျပြီး လိုက်ပါသွားသူအားလုံး သေဆုံး

 2894

ဂျန်ဇက် (NP News) - သြဂုတ် ၁၁

ဘရာဇီးအာဏာပိုင်တွေဟာ လေယာဉ်ပျက်ကျခဲ့ပြီးနောက် သေဆုံးသွားတဲ့လူတွေရဲ့ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ATR 72-500 အမျိုးအစား လေယာဉ်တွေဟာ ဘရာဇီးနိုင်ငံ ကက်ကာဗယ်မြို့ကနေ ဆာအိုပေါ်လိုမြို့သို့ ပျံသန်းချိန်အတွင်း လမ်းမှာ စက်ချို့ယွင်းကာပျက်ကျသွားခဲ့တာမျိုးဖြစ်ပြီး ခရီးသည်တွေအပြင် လေယာဉ်အမှုထမ်းတွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်တွေ့ရှိခဲ့တဲ့ရုပ်အလောင်း ၆၂ လောင်းထဲမှာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၂၈ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။ ပျက်ကျခဲ့တဲ့ ATR 72-500 အမျိုးအစား လေယာဉ်ပေါ်မှာ ခရီးသည် ၅၈ ဦးနဲ့ လေယာဉ်မှူး အပါအဝင် လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးအာဏာပိုင်တွေက အဲဒီရုပ်အလောင်းတွေကို လေယာဉ်ပျက်ကျခဲ့ရာနေရာတစ်ဝိုက် က ပြန်လည် တွေ့ရှိခဲ့ပြီး အချို့ရုပ်အလောင်းတွေကို မည်သူမည်မျှဖြစ်ကြောင်းခွဲခြားလို့ မရဘဲရှိခဲ့ကြောင်း ပြောပါတယ်။ အဲဒီလေယာဉ်ဟာ ဆာအိုပေါ်လိုမြို့အနီးရှိ လူနေအိမ်ဝန်းကျင်နားကို ပျက်ကျခဲ့ပြီး အဲဒီလေယာဉ်က ကက်ကာဗယ် အရပ်ဒေသက စတင်ပျံသန်းခဲ့ပြီးနောက် ဆာအိုပေါ်လိုပြည်နယ် Vinhedo မြို့နားမှာ သြဂုတ် ၁ဝ ရက်က ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ATR-72 လေယာဉ် ဟာ လူနေအိမ်တွေအနီးရှိ သစ်ပင်တွေနားမှာ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။ ဒေသခံတစ်ဦးက "လေယာဉ်ဟာ ပတ်လည်လည်နေပြီး ရှေ့ကို မသွားနိုင်ဘူး။ အဲဒီလိုမျိုး လေထဲမှာ လေယာဉ်က ပတ်လည်လည်နေပြီး ကောင်းကင်ပေါ်ကနေ ပျက်ကျခဲ့တယ်" လို့ပြောပါတယ်။

Zawgyi Version;
ဘရာဇီးႏိုင္ငံမွာ ခရီးသည္တင္ ေလယာဥ္ပ်က္က်ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံး
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၁

ဘရာဇီးအာဏာပိုင္ေတြဟာ ေလယာဥ္ပ်က္က်ခဲ့ၿပီးေနာက္ ေသဆုံးသြားတဲ့လူေတြရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး ေလယာဥ္ေပၚလိုက္ပါသြားသူအားလုံး ေသဆုံးခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ATR 72-500 အမ်ိဳးအစား ေလယာဥ္ေတြဟာ ဘရာဇီးႏိုင္ငံ ကက္ကာဗယ္ၿမိဳ႕ကေန ဆာအိုေပၚလိုၿမိဳ႕သို႔ ပ်ံသန္းခ်ိန္အတြင္း လမ္းမွာ စက္ခ်ိဳ႕ယြင္းကာပ်က္က်သြားခဲ့တာမ်ိဳးျဖစ္ၿပီး ခရီးသည္ေတြအျပင္ ေလယာဥ္အမႈထမ္းေတြလည္း ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ျပန္လည္ေတြ႕ရွိခဲ့တဲ့႐ုပ္အေလာင္း ၆၂ ေလာင္းထဲမွာ အမ်ိဳးသား ၃၄ ဦးနဲ႔ အမ်ိဳးသမီး ၂၈ ဦးတို႔ျဖစ္ေၾကာင္း သိရပါတယ္။ ပ်က္က်ခဲ့တဲ့ ATR 72-500 အမ်ိဳးအစား ေလယာဥ္ေပၚမွာ ခရီးသည္ ၅၈ ဦးနဲ႔ ေလယာဥ္မႉး အပါအဝင္ ေလယာဥ္အမႈထမ္း ၄ ဦး လိုက္ပါသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘရာဇီးအာဏာပိုင္ေတြက အဲဒီ႐ုပ္အေလာင္းေတြကို ေလယာဥ္ပ်က္က်ခဲ့ရာေနရာတစ္ဝိုက္ က ျပန္လည္ ေတြ႕ရွိခဲ့ၿပီး အခ်ိဳ႕႐ုပ္အေလာင္းေတြကို မည္သူမည္မွ်ျဖစ္ေၾကာင္းခြဲျခားလို႔ မရဘဲရွိခဲ့ေၾကာင္း ေျပာပါတယ္။ အဲဒီေလယာဥ္ဟာ ဆာအိုေပၚလိုၿမိဳ႕အနီးရွိ လူေနအိမ္ဝန္းက်င္နားကို ပ်က္က်ခဲ့ၿပီး အဲဒီေလယာဥ္က ကက္ကာဗယ္ အရပ္ေဒသက စတင္ပ်ံသန္းခဲ့ၿပီးေနာက္ ဆာအိုေပၚလိုျပည္နယ္ Vinhedo ၿမိဳ႕နားမွာ ၾသဂုတ္ ၁ဝ ရက္က ပ်က္က်ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီ ATR-72 ေလယာဥ္ ဟာ လူေနအိမ္ေတြအနီးရွိ သစ္ပင္ေတြနားမွာ ပ်က္က်သြားခဲ့ေၾကာင္း သိရပါတယ္။ ေဒသခံတစ္ဦးက "ေလယာဥ္ဟာ ပတ္လည္လည္ေနၿပီး ေရွ႕ကို မသြားႏိုင္ဘူး။ အဲဒီလိုမ်ိဳး ေလထဲမွာ ေလယာဥ္က ပတ္လည္လည္ေနၿပီး ေကာင္းကင္ေပၚကေန ပ်က္က်ခဲ့တယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.