ယူကရိန်းက ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် စက်ရုပ်ခွေးများကို အသုံးပြုသွားမည်

 1885

Pika (NP News) - ဩဂုတ် ၁၂

ယူကရိန်းသည် ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ ရုရှားကတုတ်ကျင်းများကို ထောက်လှမ်းခြင်း သို့မဟုတ် မိုင်းရှာဖွေခြင်းတို့ကဲ့သို့သော အန္တရာယ်ရှိသော မစ်ရှင်များအတွက် စစ်သားများနေရာတွင် စက်ရုပ်ခွေးများကို မကြာမီအချိန်အတွင်း အစားထိုးကာအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မော်ဒယ် 'BAD One' အဖြစ် လူသိများသော စက်ရုပ်ခွေးသည် ၎င်း၏အော်ပရေတာက အမိန့်ပေးသည့်အတိုင်း ပြေးခြင်း၊ တွားသွားခြင်း၊ ခုန် ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။ ပေါ့ပါးကာသွက်လက်သော စက်ရုပ်ခွေးများသည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက် နေသည့် လူအင်အားနည်းပါးနေပြီဖြစ်သော ယူကရိန်းစစ်တပ်အတွက် အဖိုးမဖြတ်နိုင်သော ရှေ့တန်းစက်ပစ္စည်းကိရိယာများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ၎င်း၏ထုတ်လုပ်သူက ပြောကြားခဲ့သည်။ အဆိုပါစက်ရုပ်ခွေးများသည် တိုက်ခိုက်ရေး ဇုန်အတွင်းတွင်ရှိသော အဆောက်အအုံများ၏ အတွင်းပိုင်း သို့မဟုတ် ရန်သူများ၏ ကတုတ်ကျင်းများကို စစ်ဆေးရန်အတွက် အပူအာရုံခံစနစ်ကို အသုံးပြုနိုင် ကြောင်းလည်း သိရသည်။

ယူရီဟုခေါ်သော အော်ပရေတာတစ်ဦးက 'ထောက်လှမ်းရေးမစ်ရှင်တွေအတွက် စေလွှတ်ခံရတဲ့ ကင်းထောက်တပ်သားတွေဟာ လေ့ကျင့်မှုအများအပြား လုပ်ဆောင်ထားတဲ့လူတွေ၊ အတွေ့အကြုံရှိတဲ့လူမျိုးတွေသာဖြစ်ပြီး သူတို့တွေဟာ အန္တရာယ်နဲ့ အမြဲတမ်းထိပ်တိုက်ရင်ဆိုင်နေရတာပါ။ ဒီစက်ရုပ်ခွေးတွေဟာ ကင်းထောက်တပ်သားတွေရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်ပြီး စစ်ဆင်ရေး စွမ်းရည်တွေကို တိုးမြင့်လာစေပါလိမ့်မယ်။ ဒါက ဒီစက်ရုပ်ခွေးရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ'ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း လုံခြုံရေးအကြောင်းပြချက်များကြောင့် 'BAD One' ဟုလူသိများသော ပိုပြီးအဆင့်မြင့်သည့်မော်ဒယ်ကို ထုတ်ပြန်ပြသ၍ မရကြောင်းလည်း သိရသည်။

အဆိုပါစက်ရုပ်ခွေးများတွင်အသုံးပြုသည့် စက်ပစ္စည်းတွင် အချိန်(၂) နာရီဝန်းကျင်ခန့် ပါဝါပေးနိုင်သော ဘက်ထရီပါရှိကြောင်းလည်းသိရသည်။ ထို့ပြင် အဆိုပါစက်ရုပ်ခွေးများကို စစ်မြေပြင်အတွင်း ခဲယမ်း မီးကျည် သို့မဟုတ် ဆေးဝါးများ (၇)ကီလိုဂရမ်အထိ သယ်ဆောင်ရန် အသုံးပြုနိုင်ကြောင်းလည်းသိရသည်။

ယူရီက 'ယူကရိန်းမှာ ဒီစက်ရုပ်ခွေးတွေကို ဘယ်လောက်အထိ ဖြန့်ကြက်ချထားပြီးပြီလဲဆိုတာတော့ ကျွန်တော်မပြောတတ်ပါဘူး။ ဒီစက် ရုပ်ခွေးတွေ ဖြန့်ကြက်ချထားမှုက ယူကရိန်းစစ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို သိသိသာသာတိုးမြင့်လာစေမှာပါ'ဟုပြောဆိုခဲ့သည်။ အဆိုပါစက်ရုပ်ခွေးများ ရုရှားတပ်ဖွဲ့များ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့မည်ဆိုလျှင်တောင် ၎င်း၏ဒေတာအချက်အလက်များအားလုံးကို အော်ပရေတာက ဖျက်ပစ်နိုင်သည့် အရေးပေါ်စနစ်တစ်ခုပါ ရှိကြောင်းလည်းသိရသည်။

zawgyi version
ယူကရိန္းက ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တြင္ စက္႐ုပ္ေခြးမ်ားကို အသုံးျပဳသြားမည္
Pika (NP News) - ဩဂုတ္ ၁၂

ယူကရိန္းသည္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္ရွိ ႐ုရွားကတုတ္က်င္းမ်ားကို ေထာက္လွမ္းျခင္း သို႔မဟုတ္ မိုင္းရွာေဖြျခင္းတို႔ကဲ့သို႔ေသာ အႏၲရာယ္ရွိေသာ မစ္ရွင္မ်ားအတြက္ စစ္သားမ်ားေနရာတြင္ စက္႐ုပ္ေခြးမ်ားကို မၾကာမီအခ်ိန္အတြင္း အစားထိုးကာအသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာ္ဒယ္ 'BAD One' အျဖစ္ လူသိမ်ားေသာ စက္႐ုပ္ေခြးသည္ ၎၏ေအာ္ပေရတာက အမိန႔္ေပးသည့္အတိုင္း ေျပးျခင္း၊ တြားသြားျခင္း၊ ခုန္ ျခင္းစသည္တို႔ကို လုပ္ေဆာင္ႏိုင္ေၾကာင္း သိရသည္။ ေပါ့ပါးကာသြက္လက္ေသာ စက္႐ုပ္ေခြးမ်ားသည္ ႐ုရွား၏ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ခုခံတိုက္ခိုက္ ေနသည့္ လူအင္အားနည္းပါးေနၿပီျဖစ္ေသာ ယူကရိန္းစစ္တပ္အတြက္ အဖိုးမျဖတ္ႏိုင္ေသာ ေရွ႕တန္းစက္ပစၥည္းကိရိယာမ်ားျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ၎၏ထုတ္လုပ္သူက ေျပာၾကားခဲ့သည္။ အဆိုပါစက္႐ုပ္ေခြးမ်ားသည္ တိုက္ခိုက္ေရး ဇုန္အတြင္းတြင္ရွိေသာ အေဆာက္အအုံမ်ား၏ အတြင္းပိုင္း သို႔မဟုတ္ ရန္သူမ်ား၏ ကတုတ္က်င္းမ်ားကို စစ္ေဆးရန္အတြက္ အပူအာ႐ုံခံစနစ္ကို အသုံးျပဳႏိုင္ ေၾကာင္းလည္း သိရသည္။

ယူရီဟုေခၚေသာ ေအာ္ပေရတာတစ္ဦးက 'ေထာက္လွမ္းေရးမစ္ရွင္ေတြအတြက္ ေစလႊတ္ခံရတဲ့ ကင္းေထာက္တပ္သားေတြဟာ ေလ့က်င့္မႈအမ်ားအျပား လုပ္ေဆာင္ထားတဲ့လူေတြ၊ အေတြ႕အႀကဳံရွိတဲ့လူမ်ိဳးေတြသာျဖစ္ၿပီး သူတို႔ေတြဟာ အႏၲရာယ္နဲ႔ အၿမဲတမ္းထိပ္တိုက္ရင္ဆိုင္ေနရတာပါ။ ဒီစက္႐ုပ္ေခြးေတြဟာ ကင္းေထာက္တပ္သားေတြရင္ဆိုင္ေနရတဲ့ အႏၲရာယ္ေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး စစ္ဆင္ေရး စြမ္းရည္ေတြကို တိုးျမင့္လာေစပါလိမ့္မယ္။ ဒါက ဒီစက္႐ုပ္ေခြးရဲ႕ အဓိကလုပ္ေဆာင္ခ်က္ပါပဲ'ဟု ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း လုံၿခဳံေရးအေၾကာင္းျပခ်က္မ်ားေၾကာင့္ 'BAD One' ဟုလူသိမ်ားေသာ ပိုၿပီးအဆင့္ျမင့္သည့္ေမာ္ဒယ္ကို ထုတ္ျပန္ျပသ၍ မရေၾကာင္းလည္း သိရသည္။

အဆိုပါစက္႐ုပ္ေခြးမ်ားတြင္အသုံးျပဳသည့္ စက္ပစၥည္းတြင္ အခ်ိန္(၂) နာရီဝန္းက်င္ခန႔္ ပါဝါေပးႏိုင္ေသာ ဘက္ထရီပါရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အဆိုပါစက္႐ုပ္ေခြးမ်ားကို စစ္ေျမျပင္အတြင္း ခဲယမ္း မီးက်ည္ သို႔မဟုတ္ ေဆးဝါးမ်ား (၇)ကီလိုဂရမ္အထိ သယ္ေဆာင္ရန္ အသုံးျပဳႏိုင္ေၾကာင္းလည္းသိရသည္။

ယူရီက 'ယူကရိန္းမွာ ဒီစက္႐ုပ္ေခြးေတြကို ဘယ္ေလာက္အထိ ျဖန႔္ၾကက္ခ်ထားၿပီးၿပီလဲဆိုတာေတာ့ ကြၽန္ေတာ္မေျပာတတ္ပါဘူး။ ဒီစက္ ႐ုပ္ေခြးေတြ ျဖန႔္ၾကက္ခ်ထားမႈက ယူကရိန္းစစ္သားေတြရဲ႕ ေဘးကင္းလုံၿခဳံေရးနဲ႔ စစ္ဆင္ေရးေတြကို သိသိသာသာတိုးျမင့္လာေစမွာပါ'ဟုေျပာဆိုခဲ့သည္။ အဆိုပါစက္႐ုပ္ေခြးမ်ား ႐ုရွားတပ္ဖြဲ႕မ်ား၏ လက္အတြင္းသို႔ က်ေရာက္သြားခဲ့မည္ဆိုလွ်င္ေတာင္ ၎၏ေဒတာအခ်က္အလက္မ်ားအားလုံးကို ေအာ္ပေရတာက ဖ်က္ပစ္ႏိုင္သည့္ အေရးေပၚစနစ္တစ္ခုပါ ရွိေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.