AA တပ်သားများက ချင်းတိုင်းရင်းသူများကို လိင်အဓမ္မပြုကျင့်သတ်ဖြတ်မှုများရှိနေ

 7025

ပုံစာ - AA လက်ကိုင်အဖွဲ့အား တွေ့ရစဥ်

သုတကျော်၊ စော (NP News) - ဩဂုတ် ၁၃

ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုရှိခဲ့ကြောင်း CNA က ဖမ်းဆီးထားသည့် AA တပ်သားဝန်ခံခဲ့သည့်ရုပ်သံနှင့် အချို့နေရာများတွင် AA တပ်သားများက ချင်းအမျိုးသမီးများကိုအနှိပ် သည်အဖြစ် စေခိုင်းခြင်းများရှိကြောင်း ဒေသခံ အမျိုးသမီးကပြောကြားသည့်ရုပ်သံပါဝင်သော ရုပ်သံဖိုင်တစ်ခုကို Chin Land Information Center ဖေ့စ်ဘွတ်ခ်စာမျက် နှာထက်တွင် ဖော်ပြထားသည်။

'ရွာမှာလာပြီဆိုရင်လည်း သူတို့ဘက်က ရွေးထားတဲ့ ဥက္ကဋ္ဌဆီသွားပြီး ဝက်သတ်ပေးဖို့၊ ကြက် သတ်ပေးဖို့ ပြောတယ်။ လူငယ်တွေကို ထမင်း၊ ဟင်း ပြင်ပေးဖို့ အဲဒီလောက်အထိပြောတယ်။ မိန်းကလေး တွေကို သူတို့ ခန္ဓာကိုယ်ကို နှိပ်ပေးဖို့ပေါ့ အဲဒီလောက် အထိတောင်ရှိတယ်'ဟု CNA တွင် စစ်ပညာသင်ကြားနေသူ ပလက်ဝမြို့နယ်ဒေသခံအမျိုးသမီးက ရုပ်သံဖိုင်အတွင်း ပြောကြားထားသည်။

ထို့ပြင် ပလက်ဝဒေသခံ အခြား CNA စစ်သင်တန်းသားတစ်ဦးကလည်း ၎င်းတို့မြို့နယ်၌ ရေခပ်လာသူအမျိုးသမီးငယ်ကို AA တပ်ဖွဲ့ဝင်များက စော်ကားရန်ကြိုးပမ်းသည့်ဖြစ်စဉ်တစ်ခုကို ဗီဒီယို ဖိုင်အတွင်းပြောကြားထားသည်။ 'အဲဒီမိန်းကလေးက ရေခပ်တာ။ AA တွေက ရွာထဲမှာဝင်တာနဲ့ အဲဒီမိန်းကလေးကို ဘယ်လိုပြောမလဲ ကိုယ်ထိလက်ရောက်စော်ကားဖို့ ကြိုး စားတာပေါ့ သူကထွက်ပြေးတာ။ အဲဒီ မိန်းကလေးရဲ့ အမေကသိတော့ ဓားနဲ့ခုတ်ဖို့လုပ်တာ'ဟု ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဆမီးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသိရသော ဖြစ်စဉ်အသေး စိတ်ကို AA တပ်သားက ဗီဒီယိုဖိုင်အတွင်း ဝန်ခံထားသည်။ 'ဆမီးမှာဖြစ်တုန်းက ကျွန်တော်တို့က ပလက်ဝပြီးလို့ ကျောက်တော်ကို ရောက်နေတယ် ခင်ဗျ။ အဲဒီမှာ ကြားတာတော့ အမျိုးသမီးဆိုတာထက် ကျောင်းတက်တဲ့အရွယ်လေးပေါ့။ သူတို့က ရေခပ် ဆင်းတဲ့ ပုံစံနဲ့လာတာ။ အဲဒီမှာ AA က တစ်ယောက်က မဖွယ်မရာလုပ်ဖို့ကြံစည်တယ်။ ကြံစည်တဲ့ အချိန် မှာ နှစ်ယောက်မှာ တစ်ယောက်ပဲလုပ်တာဆိုတော့ နောက်တစ်ယောက်ကထွက်ပြေးလို့ လွတ်သွားတယ်။ အဲဒီမှာမိဘတွေကို ခေါ်လာတယ်။ မဖွယ်မရာလုပ်တဲ့ တစ်ယောက်ကျတော့ ကိစ္စကမပြီးမြောက်လိုက် ဘူးပေါ့'ဟု ၎င်းကဝန်ခံပြောကြားထားသည်။

ထို့ပြင် ချင်းပြည်နယ်မှ ကျေးရွာတစ်ရွာတွင် ကျောင်းသူတစ်ဦးပျောက်ဆုံးသွားပြီးနောက် (၇)ရက်အကြာတွင် အလောင်းသာပြန်လည်ရရှိသည့်ဖြစ်စဉ်တစ်ခုလည်းဖြစ်ပြီး အဆိုပါနေရာပတ် ဝန်းကျင်တွင် AA တပ်ဖွဲ့များ နေရာယူထားကြောင်း CNA တွင် စစ်ပညာသင်ကြားနေသူ ပလက်ဝမြို့နယ် ဒေသခံက ရုပ်သံဖိုင်အတွင်း ပြောထားသည်။

'အဲဒီတစ်ကျောမှာ AA တွေပဲ တပ်ချထားတဲ့နေရာ။ အဲဒီလမ်းဘေးကနေ ဖြတ်တာ။ ဗဗ တွေက မိန်းကလေးကိုစော်ကားပြီး သတ်ပစ်တယ် ဆိုတဲ့ မျက်မြင်တော့မတွေ့ဘူး။ ဒါပေမဲ့ ဒီသဘောကို သက်ရောက်နေတယ်။ အဲဒါမျိုးတွေလည်း ရှိတယ်'ဟု ၎င်းကဆိုသည်။ ချင်းပြည် နယ် ပလက်ဝမြို့နယ်တွင် AA အဖွဲ့က အဓမ္မအလုပ်ခိုင်းစေခြင်း၊ မသင်မနေရ စစ်သင်တန်း ပေးခြင်းများလည်း ပြုလုပ်ကြောင်း အဆိုပါ ဗီဒီယိုအရ သိရသည်။

'သူတို့စစ်ဖြစ်နေတော့ သူတို့ရဲ့အလောင်းတွေကိုသယ်ဖို့ ရွာတွေမှာ လူငယ်တွေကို ခေါ်တယ်။ လူငယ်တွေရော၊ အသက် (၁၈)နှစ်နဲ့အထက်လူကြီး တွေရောခေါ်တယ် အလောင်းသယ်ဖို့။ သူတို့အ လောင်းတွေသယ်ခိုင်းတယ်'ဟု ၎င်းကပြောထားသည်။

zawgyi version
AA တပ္သားမ်ားက ခ်င္းတိုင္းရင္းသူမ်ားကို လိင္အဓမၼျပဳက်င့္သတ္ျဖတ္မႈမ်ားရွိေန
သုတေက်ာ္၊ ေစာ (NP News) - ဩဂုတ္ ၁၃

ခ်င္းအမ်ိဳးသမီးကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈရွိခဲ့ေၾကာင္း CNA က ဖမ္းဆီးထားသည့္ AA တပ္သားဝန္ခံခဲ့သည့္႐ုပ္သံႏွင့္ အခ်ိဳ႕ေနရာမ်ားတြင္ AA တပ္သားမ်ားက ခ်င္းအမ်ိဳးသမီးမ်ားကိုအႏွိပ္ သည္အျဖစ္ ေစခိုင္းျခင္းမ်ားရွိေၾကာင္း ေဒသခံ အမ်ိဳးသမီးကေျပာၾကားသည့္႐ုပ္သံပါဝင္ေသာ ႐ုပ္သံဖိုင္တစ္ခုကို Chin Land Information Center ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာထက္တြင္ ေဖာ္ျပထားသည္။

'႐ြာမွာလာၿပီဆိုရင္လည္း သူတို႔ဘက္က ေ႐ြးထားတဲ့ ဥကၠ႒ဆီသြားၿပီး ဝက္သတ္ေပးဖို႔၊ ၾကက္ သတ္ေပးဖို႔ ေျပာတယ္။ လူငယ္ေတြကို ထမင္း၊ ဟင္း ျပင္ေပးဖို႔ အဲဒီေလာက္အထိေျပာတယ္။ မိန္းကေလး ေတြကို သူတို႔ ခႏၶာကိုယ္ကို ႏွိပ္ေပးဖို႔ေပါ့ အဲဒီေလာက္ အထိေတာင္ရွိတယ္'ဟု CNA တြင္ စစ္ပညာသင္ၾကားေနသူ ပလက္ဝၿမိဳ႕နယ္ေဒသခံအမ်ိဳးသမီးက ႐ုပ္သံဖိုင္အတြင္း ေျပာၾကားထားသည္။

ထို႔ျပင္ ပလက္ဝေဒသခံ အျခား CNA စစ္သင္တန္းသားတစ္ဦးကလည္း ၎တို႔ၿမိဳ႕နယ္၌ ေရခပ္လာသူအမ်ိဳးသမီးငယ္ကို AA တပ္ဖြဲ႕ဝင္မ်ားက ေစာ္ကားရန္ႀကိဳးပမ္းသည့္ျဖစ္စဥ္တစ္ခုကို ဗီဒီယို ဖိုင္အတြင္းေျပာၾကားထားသည္။ 'အဲဒီမိန္းကေလးက ေရခပ္တာ။ AA ေတြက ႐ြာထဲမွာဝင္တာနဲ႔ အဲဒီမိန္းကေလးကို ဘယ္လိုေျပာမလဲ ကိုယ္ထိလက္ေရာက္ေစာ္ကားဖို႔ ႀကိဳး စားတာေပါ့ သူကထြက္ေျပးတာ။ အဲဒီ မိန္းကေလးရဲ႕ အေမကသိေတာ့ ဓားနဲ႔ခုတ္ဖို႔လုပ္တာ'ဟု ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ဆမီး႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ၎သိရေသာ ျဖစ္စဥ္အေသး စိတ္ကို AA တပ္သားက ဗီဒီယိုဖိုင္အတြင္း ဝန္ခံထားသည္။ 'ဆမီးမွာျဖစ္တုန္းက ကြၽန္ေတာ္တို႔က ပလက္ဝၿပီးလို႔ ေက်ာက္ေတာ္ကို ေရာက္ေနတယ္ ခင္ဗ်။ အဲဒီမွာ ၾကားတာေတာ့ အမ်ိဳးသမီးဆိုတာထက္ ေက်ာင္းတက္တဲ့အ႐ြယ္ေလးေပါ့။ သူတို႔က ေရခပ္ ဆင္းတဲ့ ပုံစံနဲ႔လာတာ။ အဲဒီမွာ AA က တစ္ေယာက္က မဖြယ္မရာလုပ္ဖို႔ႀကံစည္တယ္။ ႀကံစည္တဲ့ အခ်ိန္ မွာ ႏွစ္ေယာက္မွာ တစ္ေယာက္ပဲလုပ္တာဆိုေတာ့ ေနာက္တစ္ေယာက္ကထြက္ေျပးလို႔ လြတ္သြားတယ္။ အဲဒီမွာမိဘေတြကို ေခၚလာတယ္။ မဖြယ္မရာလုပ္တဲ့ တစ္ေယာက္က်ေတာ့ ကိစၥကမၿပီးေျမာက္လိုက္ ဘူးေပါ့'ဟု ၎ကဝန္ခံေျပာၾကားထားသည္။

ထို႔ျပင္ ခ်င္းျပည္နယ္မွ ေက်း႐ြာတစ္႐ြာတြင္ ေက်ာင္းသူတစ္ဦးေပ်ာက္ဆုံးသြားၿပီးေနာက္ (၇)ရက္အၾကာတြင္ အေလာင္းသာျပန္လည္ရရွိသည့္ျဖစ္စဥ္တစ္ခုလည္းျဖစ္ၿပီး အဆိုပါေနရာပတ္ ဝန္းက်င္တြင္ AA တပ္ဖြဲ႕မ်ား ေနရာယူထားေၾကာင္း CNA တြင္ စစ္ပညာသင္ၾကားေနသူ ပလက္ဝၿမိဳ႕နယ္ ေဒသခံက ႐ုပ္သံဖိုင္အတြင္း ေျပာထားသည္။

'အဲဒီတစ္ေက်ာမွာ AA ေတြပဲ တပ္ခ်ထားတဲ့ေနရာ။ အဲဒီလမ္းေဘးကေန ျဖတ္တာ။ ဗဗ ေတြက မိန္းကေလးကိုေစာ္ကားၿပီး သတ္ပစ္တယ္ ဆိုတဲ့ မ်က္ျမင္ေတာ့မေတြ႕ဘူး။ ဒါေပမဲ့ ဒီသေဘာကို သက္ေရာက္ေနတယ္။ အဲဒါမ်ိဳးေတြလည္း ရွိတယ္'ဟု ၎ကဆိုသည္။ ခ်င္းျပည္ နယ္ ပလက္ဝၿမိဳ႕နယ္တြင္ AA အဖြဲ႕က အဓမၼအလုပ္ခိုင္းေစျခင္း၊ မသင္မေနရ စစ္သင္တန္း ေပးျခင္းမ်ားလည္း ျပဳလုပ္ေၾကာင္း အဆိုပါ ဗီဒီယိုအရ သိရသည္။

'သူတို႔စစ္ျဖစ္ေနေတာ့ သူတို႔ရဲ႕အေလာင္းေတြကိုသယ္ဖို႔ ႐ြာေတြမွာ လူငယ္ေတြကို ေခၚတယ္။ လူငယ္ေတြေရာ၊ အသက္ (၁၈)ႏွစ္နဲ႔အထက္လူႀကီး ေတြေရာေခၚတယ္ အေလာင္းသယ္ဖို႔။ သူတို႔အ ေလာင္းေတြသယ္ခိုင္းတယ္'ဟု ၎ကေျပာထားသည္။

Related news

© 2021. All rights reserved.