စဉ့်ကိုင်တွင် အသက် (၄၀) ကျော်အမျိုးသမီးကို အကြမ်းဖက်သမားများက နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်
 781
Pearl (NP News) - သြဂုတ် ၁၁
စဉ့်ကိုင်တွင် အသက် (၄၀) ကျော်အမျိုးသမီးကို အကြမ်းဖက်သမားများက နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာနေ ဒေါ်နန်းရွှေဝါ(၄၂)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်/ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ် ဖြတ်သွား ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာ/ ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
Pearl (NP News) - သြဂုတ် ၁၁
Related news
© 2021. All rights reserved.