ဖခင်က သား(၃)ယောက်နှင့်အတူ အဆိပ်ဟု ယူဆရသောဆေးများသောက်၍ အဆုံးစီရင်မှုဖြစ်

781

Pearl (NP News) - သြဂုတ် ၁၁
လားရှိုးတွင် ဖခင်ဖြစ်သူက သား(၃)ယောက်နှင့်အတူ အဆိပ်ဟု ယူဆရသောဆေးများသောက်၍ အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ်လ ၁၀ရက်)၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့၊ ရပ်ကွက် (၇) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရက်ကွက် (၇) ရှိ နေအိမ်တစ်ခုတွင် အသက် (၅၀) အရွယ်ရှိ ဖခင်ဖြစ်သူက ၎င်း၏ သားများဖြစ်သော အသက် (၅) နှစ် အရွယ် တစ်ဦး ၊ (၇) နှစ်အရွယ်တစ်ဦး၊ (၈) နှစ်အရွယ်တစ်ဦး တို့ကို အဆိပ်ဟု ယူဆရသော ဆေးများတိုက်ပြီးနောက် ၎င်းကိုယ်တိုင် လည်း သောက်ကာ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
“ရပ်ကွက် (၇) ဘက်မှာ ဖြစ်တာ။ ဖခင်ဖြစ်သူက စိတ်မနှံ့တာလားတော့မသိဘူး။ စိတ်ကစင့်ကလျားဖြစ်ပြီးတော့ ကလေးတွေကို တိုက်လိုက်တဲ့ သဘောဗျ။ ဆရာဝန်တွေတော့ စစ်ဆေးနေပါတယ်။ ရဲလုပ်ငန်းအရတော့ အမှုဖွင့်ထားပါတယ်။ အဖေနဲ့ သား(၃)ယောက်ဖြစ်သွားတာပေါ့” ဟု ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ၎င်းရုပ်အလောင်းများကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

Zawgyi Version:
ဖခင္က သား(၃)ေယာက္ႏွင့္အတူ အဆိပ္ဟု ယူဆရေသာေဆးမ်ားေသာက္၍ အဆုံးစီရင္မႈျဖစ္
Pearl (NP News) - ၾသဂုတ္ ၁၁
လားရႈိးတြင္ ဖခင္ျဖစ္သူက သား(၃)ေယာက္ႏွင့္အတူ အဆိပ္ဟု ယူဆရေသာေဆးမ်ားေသာက္၍ အဆုံးစီရင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ၾသဂုတ္လ ၁၀ရက္)၊ ညေနပိုင္းတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ၊ လားရႈိးၿမိဳ႕၊ ရပ္ကြက္ (၇) တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရက္ကြက္ (၇) ရွိ ေနအိမ္တစ္ခုတြင္ အသက္ (၅၀) အ႐ြယ္ရွိ ဖခင္ျဖစ္သူက ၎၏ သားမ်ားျဖစ္ေသာ အသက္ (၅) ႏွစ္ အ႐ြယ္ တစ္ဦး ၊ (၇) ႏွစ္အ႐ြယ္တစ္ဦး၊ (၈) ႏွစ္အ႐ြယ္တစ္ဦး တို႔ကို အဆိပ္ဟု ယူဆရေသာ ေဆးမ်ားတိုက္ၿပီးေနာက္ ၎ကိုယ္တိုင္ လည္း ေသာက္ကာ အဆုံးစီရင္သြားခဲ့ေၾကာင္း သိရသည္။
“ရပ္ကြက္ (၇) ဘက္မွာ ျဖစ္တာ။ ဖခင္ျဖစ္သူက စိတ္မႏွံ႔တာလားေတာ့မသိဘူး။ စိတ္ကစင့္ကလ်ားျဖစ္ၿပီးေတာ့ ကေလးေတြကို တိုက္လိုက္တဲ့ သေဘာဗ်။ ဆရာဝန္ေတြေတာ့ စစ္ေဆးေနပါတယ္။ ရဲလုပ္ငန္းအရေတာ့ အမႈဖြင့္ထားပါတယ္။ အေဖနဲ႔ သား(၃)ေယာက္ျဖစ္သြားတာေပါ့” ဟု ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ၎႐ုပ္အေလာင္းမ်ားကို လားရႈိးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။