အိမ်တိုင်ရာရောက်စားအုန်းဆီပို့စနစ် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးလာ

 1813

ယွန်း (NP News) - ဩဂုတ် ၁၃

အိမ်တိုင်ရောက်စနစ်ဖြင့် စားအုန်းဆီ ပို့ဆောင်ခြင်းကို စိတ်ဝင်စားသူများပြားနေသောကြောင့် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးပို့ဆောင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ NP News က ဆက်သွယ်‌မေး မြန်းထားချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် စားအုန်းဆီများကို ရောင်းချပေးရန်စီစဉ်ခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်(၃၁)ရက်နေ့တွင် အော်ဒါများကို စတင်ကောက်ယူခဲ့ကြောင်း သိရ သည်။ ဆီများကိုဝယ်ယူနိုင်ရေးအတွက် Call Center ဖုန်းနံပါတ် ဝ၁-၂၃၉၉၂၂၂ ကို လိုင်းခွဲ(၇)လိုင်း ဖွင့်လှစ်၍ အော်ဒါလက်ခံခဲ့ရာ အော်ဒါအရေ အတွက်များပြားသည့်အတွက် လက်ရှိတွင် လိုင်းခွဲ (၁၀)လိုင်းအထိ တိုးချဲ့၍ အော်ဒါလက်ခံနေရကြောင်း သိရသည်။

အဆိုပါ အစီအစဉ်အရ တစ်လလျှင် အိမ်ထောင် စု(၃၀ဝဝဝ)နီးပါးကို အိမ်တိုင်ရာ ရောက်စနစ်ဖြင့် ရောင်းချရန်စီစဉ်ထားသော်လည်း စိတ်ဝင်စားသူ များပြားခြင်းကြောင့် အိမ်ထောင်စု(၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

'စမ်းသပ်လအနေနဲ့တော့ တစ်ရက်ကို အိမ်ထောင်စု (၁၀ဝဝ) နဲ့ (၁၂၀ဝ)ကြားပို့ပါတယ်။ နောက် လတွေတော့ အိမ်ထောင်စု(၂၀ဝဝ)လောက်အထိကို မှန်းပါတယ်။ ခုရက်ပိုင်းတွေ ပို့တဲ့အခါမှာတော့ စိတ် ဝင်စားပြီးဝယ်ချင်တဲ့သူကလည်း များတယ်။ ဝယ်လို အားများလာတယ်။ Call Center ကိုဝင်တဲ့ဖုန်း အရေအတွက်က ၉၀ဝဝ၊ ၁၀ဝဝဝ အထိဖြစ်လာတယ်။ ထပ်ခါထပ်ခါခေါ်တာတွေလည်းပါတယ်။ အခုဆိုရင် Call Center မှာ အမှာစာလက်ခံတာကို လိုင်းခွဲ (၁၀)လိုင်းအထိချဲ့ထားတယ်။ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့ ပြင်ဆင်တာတွေတော့ လုပ်နေ ပါတယ်။ ထပ်တိုးပြီးတော့ ပို့ဖို့ကိုလည်း စီစဉ်ဆောင် ရွက်နေပါတယ်။ အရင်က တစ်လကိုအိမ်ထောင်စု (၃၀ဝဝဝ)ဝန်းကျင်ကနေ အိမ်ထောင်စု (၅၀ဝဝဝ)နီးပါးအထိ ထပ်တိုးသွားမှာပါ}ဟု မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးသန့်က ပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် စားအုန်းဆီများကို အော်ဒါတင်ပြီး သုံးရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပြီး တစ်ချို့သောအော်ဒါတင်သူများသည် ဖုန်းနံပါတ် အမှားများဖြင့် ဆက်သွယ်မှုများလည်း ရှိနေကြောင်း သိရသည်။ ]ဒီနေ့အထိ အော်ဒါလက်ခံတဲ့အချိန်မှာ (၃၀ဝဝ)ကျော်လောက်မှာ မပို့ရသေးတာ အော်ဒါ (၇၀)လောက်ရှိပါသေးတယ်။ လက်ခံမယ့်သူတွေက မအားလို့ နောက်ရက်ကိုပြန်ချိန်းတာမျိုးတွေလည်း ရှိတယ်။ အဲဒီထဲကနေမှ အော်ဒါ(၂၂)ခုလောက်ကတော့ ဖုန်းနံပါတ်အမှားတွေနဲ့ ဆက်သွယ်တာတွေ လည်းရှိပါတယ်။ ဖုန်းဆက်ပြီးမှာတယ် ပြီးရင် deli ပို့တဲ့အချိန်ကျရင် ဖုန်းဆက်လို့မရတော့တာမျိုးလည်း ရှိတယ်'ဟု ကိုပိုင်ဖြိုးသန့်က ဆက်လက်ပြောသည်။

အဆိုပါစနစ်အရ အိမ်ထောင်စုတစ်စုအတွက် တစ်လတစ်ကြိမ် ဆီ(၂)ပိဿာနှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ဝယ်ယူသူဘက်က ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားပြီးဖြစ်သည်။ ဈေးနှုန်းများကို နိုင်ငံတော်ကသတ်မှတ်သည့် ရည်òန်းဈေးနှုန်းအပေါ်တွင် ဘူးခွံဖိုးနှင့် ဘူးသွတ်ခ သာထည့်၍ တွက်ချက်ထားပြီး စားအုန်းဆီနှစ်ပိဿာ အတွက် သယ်ယူပို့ဆောင်ခမပါ အပြီးအစီး ငွေကျပ် (၁၂၅၇၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီမှာယူနိုင်သည့် Call Center ဖုန်းများဖြစ်သည့် 01-2399222 နှင့် 09-779778887 တို့သည် ဩဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်းက Technical Issue ဖြစ်ပေါ်ခဲ့သည့်အတွက် ဖုန်းခေါ်ဆို၍ မရနိုင်ကြောင်း ဩဂုတ်လ ၁ဝ ရက်မှစတင်ကာ ဖုန်းများ ပြန်လည်ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် အသိပေးကြေညာထားသည်ကို တွေ့ရသည်။ သို့သော်လည်း အဆိုပါ ဖုန်းနံပါတ်များသည် လက်ရှိအချိန်တွင် ခေါ်ဆို၍ မရခြင်းများရှိ နေကြောင်းလည်း ပြည်သူအချို့က NP News ထံ ဆက်သွယ် အကြောင်းကြားလာမှုများလည်း ရှိနေသည်။

zawgyi version
အိမ္တိုင္ရာေရာက္စားအုန္းဆီပို႔စနစ္ အိမ္ေထာင္စု(၅၀ဝဝဝ)နီးပါးအထိ ထပ္တိုးလာ
ယြန္း (NP News) - ဩဂုတ္ ၁၃

အိမ္တိုင္ေရာက္စနစ္ျဖင့္ စားအုန္းဆီ ပို႔ေဆာင္ျခင္းကို စိတ္ဝင္စားသူမ်ားျပားေနေသာေၾကာင့္ အိမ္ေထာင္စု(၅၀ဝဝဝ)နီးပါးအထိ ထပ္တိုးပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းထံမွ NP News က ဆက္သြယ္‌ေမး ျမန္းထားခ်က္မ်ားအရ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းက ရန္ကုန္တိုင္းေဒသႀကီးအတြင္း အိမ္တိုင္ရာေရာက္စနစ္ျဖင့္ စားအုန္းဆီမ်ားကို ေရာင္းခ်ေပးရန္စီစဥ္ခဲ့ၿပီး ၿပီးခဲ့သည့္ ဇူလိုင္(၃၁)ရက္ေန႔တြင္ ေအာ္ဒါမ်ားကို စတင္ေကာက္ယူခဲ့ေၾကာင္း သိရ သည္။ ဆီမ်ားကိုဝယ္ယူႏိုင္ေရးအတြက္ Call Center ဖုန္းနံပါတ္ ဝ၁-၂၃၉၉၂၂၂ ကို လိုင္းခြဲ(၇)လိုင္း ဖြင့္လွစ္၍ ေအာ္ဒါလက္ခံခဲ့ရာ ေအာ္ဒါအေရ အတြက္မ်ားျပားသည့္အတြက္ လက္ရွိတြင္ လိုင္းခြဲ (၁၀)လိုင္းအထိ တိုးခ်ဲ႕၍ ေအာ္ဒါလက္ခံေနရေၾကာင္း သိရသည္။

အဆိုပါ အစီအစဥ္အရ တစ္လလွ်င္ အိမ္ေထာင္ စု(၃၀ဝဝဝ)နီးပါးကို အိမ္တိုင္ရာ ေရာက္စနစ္ျဖင့္ ေရာင္းခ်ရန္စီစဥ္ထားေသာ္လည္း စိတ္ဝင္စားသူ မ်ားျပားျခင္းေၾကာင့္ အိမ္ေထာင္စု(၅၀ဝဝဝ)နီးပါးအထိ ထပ္တိုးပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

'စမ္းသပ္လအေနနဲ႔ေတာ့ တစ္ရက္ကို အိမ္ေထာင္စု (၁၀ဝဝ) နဲ႔ (၁၂၀ဝ)ၾကားပို႔ပါတယ္။ ေနာက္ လေတြေတာ့ အိမ္ေထာင္စု(၂၀ဝဝ)ေလာက္အထိကို မွန္းပါတယ္။ ခုရက္ပိုင္းေတြ ပို႔တဲ့အခါမွာေတာ့ စိတ္ ဝင္စားၿပီးဝယ္ခ်င္တဲ့သူကလည္း မ်ားတယ္။ ဝယ္လို အားမ်ားလာတယ္။ Call Center ကိုဝင္တဲ့ဖုန္း အေရအတြက္က ၉၀ဝဝ၊ ၁၀ဝဝဝ အထိျဖစ္လာတယ္။ ထပ္ခါထပ္ခါေခၚတာေတြလည္းပါတယ္။ အခုဆိုရင္ Call Center မွာ အမွာစာလက္ခံတာကို လိုင္းခြဲ (၁၀)လိုင္းအထိခ်ဲ႕ထားတယ္။ လုပ္ငန္းလိုအပ္ခ်က္ေပၚမူတည္ၿပီးေတာ့ ျပင္ဆင္တာေတြေတာ့ လုပ္ေန ပါတယ္။ ထပ္တိုးၿပီးေတာ့ ပို႔ဖို႔ကိုလည္း စီစဥ္ေဆာင္ ႐ြက္ေနပါတယ္။ အရင္က တစ္လကိုအိမ္ေထာင္စု (၃၀ဝဝဝ)ဝန္းက်င္ကေန အိမ္ေထာင္စု (၅၀ဝဝဝ)နီးပါးအထိ ထပ္တိုးသြားမွာပါ}ဟု ျမန္မာႏိုင္ငံဆီကုန္ သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ ဒုဥကၠ႒ ကိုပိုင္ၿဖိဳးသန႔္က ေျပာသည္။

ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္းအေနျဖင့္ စားအုန္းဆီမ်ားကို ေအာ္ဒါတင္ၿပီး သုံးရက္အတြင္း အိမ္အေရာက္ပို႔ေဆာင္ေပးေနၿပီး တစ္ခ်ိဳ႕ေသာေအာ္ဒါတင္သူမ်ားသည္ ဖုန္းနံပါတ္ အမွားမ်ားျဖင့္ ဆက္သြယ္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ ]ဒီေန႔အထိ ေအာ္ဒါလက္ခံတဲ့အခ်ိန္မွာ (၃၀ဝဝ)ေက်ာ္ေလာက္မွာ မပို႔ရေသးတာ ေအာ္ဒါ (၇၀)ေလာက္ရွိပါေသးတယ္။ လက္ခံမယ့္သူေတြက မအားလို႔ ေနာက္ရက္ကိုျပန္ခ်ိန္းတာမ်ိဳးေတြလည္း ရွိတယ္။ အဲဒီထဲကေနမွ ေအာ္ဒါ(၂၂)ခုေလာက္ကေတာ့ ဖုန္းနံပါတ္အမွားေတြနဲ႔ ဆက္သြယ္တာေတြ လည္းရွိပါတယ္။ ဖုန္းဆက္ၿပီးမွာတယ္ ၿပီးရင္ deli ပို႔တဲ့အခ်ိန္က်ရင္ ဖုန္းဆက္လို႔မရေတာ့တာမ်ိဳးလည္း ရွိတယ္'ဟု ကိုပိုင္ၿဖိဳးသန႔္က ဆက္လက္ေျပာသည္။

အဆိုပါစနစ္အရ အိမ္ေထာင္စုတစ္စုအတြက္ တစ္လတစ္ႀကိမ္ ဆီ(၂)ပိႆာႏႈန္းျဖင့္ ေရာင္းခ်ေပး သြားမည္ျဖစ္ၿပီး သယ္ယူပို႔ေဆာင္ခကို ဝယ္ယူသူဘက္က ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီ ကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းက အသိေပး ထုတ္ျပန္ထားၿပီးျဖစ္သည္။ ေဈးႏႈန္းမ်ားကို ႏိုင္ငံေတာ္ကသတ္မွတ္သည့္ ရည္òန္းေဈးႏႈန္းအေပၚတြင္ ဘူးခြံဖိုးႏွင့္ ဘူးသြတ္ခ သာထည့္၍ တြက္ခ်က္ထားၿပီး စားအုန္းဆီႏွစ္ပိႆာ အတြက္ သယ္ယူပို႔ေဆာင္ခမပါ အၿပီးအစီး ေငြက်ပ္ (၁၂၅၇၀)က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

စားအုန္းဆီမွာယူႏိုင္သည့္ Call Center ဖုန္းမ်ားျဖစ္သည့္ 01-2399222 ႏွင့္ 09-779778887 တို႔သည္ ဩဂုတ္လ ၆ ရက္မွ ၈ ရက္ေန႔အတြင္းက Technical Issue ျဖစ္ေပၚခဲ့သည့္အတြက္ ဖုန္းေခၚဆို၍ မရႏိုင္ေၾကာင္း ဩဂုတ္လ ၁ဝ ရက္မွစတင္ကာ ဖုန္းမ်ား ျပန္လည္ေခၚဆိုႏိုင္ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း၏ ေဖ့ဘြတ္စ္ စာမ်က္ႏွာတြင္ အသိေပးေၾကညာထားသည္ကို ေတြ႕ရသည္။ သို႔ေသာ္လည္း အဆိုပါ ဖုန္းနံပါတ္မ်ားသည္ လက္ရွိအခ်ိန္တြင္ ေခၚဆို၍ မရျခင္းမ်ားရွိ ေနေၾကာင္းလည္း ျပည္သူအခ်ိဳ႕က NP News ထံ ဆက္သြယ္ အေၾကာင္းၾကားလာမႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.