ပါမစ်မြေများ ဂရန်ပြောင်းလျှောက်ခွင့် ရပ်ဆိုင်းသည်ဆိုသောသတင်းကြောင့် ပြည်သူ့ အကျိုးစီးပွား နစ်နာနိုင်
5209
ယွန်း (NP News) - ဩဂုတ် ၁၄
ပါမစ်မြေများကို ဂရန်ပြောင်းလျှောက်ခွင့်များကို ရပ်ဆိုင်းလိုက်သည့်အတွက် နိုင်ငံတော်၏အခွန် အပါအဝင် ပြည်သူ၏အကျိုးစီးပွားများ နစ်နာနိုင်ကြောင်း ဥပဒေပညာရှင်အချို့က NP News ကို သုံးသပ်ပြောဆိုထားသည်။
ပါမစ်မြေကွက်များကို ဂရန်ပြောင်း လျှောက်ခွင့် ပိတ်သိမ်းလိုက်သည်ဟူသော သတင်းများ ပြီးခဲ့ သည့်လအတွင်း ထွက်ပေါ်လာခဲ့သည့်နောက်ပိုင်း၌ ပြည်သူလူထု အပါအဝင် အိမ်ခြံမြေလောက၌ စိုးရိမ်ပူပန်မှုများရှိလာခဲ့ကြောင်း သိရသည်။
သို့သော်လက်ရှိတွင် အဆိုပါသတင်းကို တရားဝင်အမိန့်ထုတ်ပြန်ခြင်းမျိုးမရှိသေးဘဲ ယခု ဩဂုတ်လအတွင်း သက်ဆိုင်ရာမှ တိကျသည့် ညွှန်ကြားချက်ကို ထုတ်ပြန်လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားသည်။
“လုံးဝကိုလုပ်ခွင့်မပေးတော့ဘူးလို့ မပြောသေးဘူး။ လိုင်းပေါ်မှာ ပျံ့နေတဲ့စာအရ ပြောရတဲ့ အခါမှာ အထက်အဖွဲ့အစည်းအဆင့်ဆင့်ကို ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့ သဘောထား မှတ်ချက် တောင်းတဲ့အဆင့်ပဲရောက်သေးတယ်။ လုံးဝမရတော့ဘူးဆိုရင်တော့ ပြည်သူတွေအတွက် အများကြီးနစ်နာတာပေါ့။ အခွန်လည်းမရတော့ဘူး။ ရောင်းမှာ ဝယ်မှားတွေဖြစ်မယ်။ အခုတောင်မှ ပါမစ်တို့ဘာတို့က တရားဝင်စစ်ခွင့်မရှိတဲ့အခါကြတော့ စာရွက်စာတမ်း အတုတွေနဲ့ တော်တော်လေးကို ဂယက်ရိုက်နေတာ။ ဒီလအတွင်းမှာပဲ တိကျတဲ့ ညွှန်ကြားချက်တစ်ခု ထွက်လာလိမ့်မယ်လို့တော့ ယူဆ ပါတယ်” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်အောင်က ပြောသည်။ ထိုသို့ ဂရံမြေ ပြောင်းလဲလျှောက်ထားခွင့် ရပ်ဆိုင်းလိုက်မည်ဆိုပါက ပြည်သူလူထု၏ အကျိုး စီးပွားများ အပါအဝင် နိုင်ငံတော်အနေဖြင့်လည်း အခွန်ရရှိမှုများတွင် နစ်နာဆုံးရှုံးမှုများ ရှိလာနိုင် ကြောင်း ၎င်းကသုံးသပ်ထားသည်။
“အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ လုံးလုံးကြီး ပိတ်လိုက်လို့ရှိရင် နိုင်ငံတော်လည်း နစ်နာ မယ်၊ ပြည်သူလည်းနစ်နာမယ်။ အခွန်လည်းမရဘူး။ သင့်တင့်လျောက်ပတ်တဲ့ အခွန်နှုန်းထားတစ်ခုနဲ့ ပြန်လည်ခွင့်ပြုလိမ့်မယ်လို့တော့ လက်ရှိ အနေအထားအရ မြင်မိပါတယ်။ ပါမစ်မြေပိုင်တဲ့သူ အများကြီး ပဲရှိတယ်။ ပါမစ်ကို လက်ဆင့်ကမ်းရောင်းဝယ်လို့ရှိရင် အခွန်မဆောင်ရဘူးဆိုပြီးတော့ မသိတဲ့သူတွေက ပါမစ်ကိုကြိုက်ကြတယ်၊ ပါမစ်တွေကိုင်ထားကြတယ်။ ဂရမ်ပြောင်းမှ ခိုင်မာမှာလေ။ ပါမစ်ဆိုတာ အမွေဆက်ခံပိုင်ခွင့်တောင် မရှိဘူးဆိုပြီး ဥပဒေအရ ပြဌာန်းထားတာ” ဟု ဦးမျိုးမြင့်အောင်က ဆက်လက်ပြောသည်။
ပါမစ်မြေကို လွှဲပြောင်းရောင်းခွင့်မရှိကြောင်း ယခင်ကပင် ဥပဒေတွင်ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုထားခြင်းကြောင့် အဆင့်ဆင့်လွှဲ ပြောင်းရောင်းဝယ်မှုများရှိခဲ့ကြောင်း သိရသည်။ သို့သော် နိုင်ငံတော်အနေဖြင့် လက်ရှိတွင် ဥပဒေနှင့်အညီဖြစ်စေရန်အတွက် အထက်ပါကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်နိုင်ပြီး သက်ဆိုင်ရာမှ မည်သို့ဖြေလျှော့ပေးမည်ကိုသာ စောင့်ကြည့်သင့်ကြောင်း ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။
“အခုကတော့ သက်ဆိုင်ရာက ဥပဒေနဲ့ အညီနဲ့ဖြစ်အောင် ပါမစ်မြေကို အမည်ပြောင်းမယ်ဆိုရင် ဂရံအမည်ပေါက်တဲ့သူပဲလျှောက်ရမယ်ဆိုပြီး ပြန်ပြီး အမိန့်ထုတ်လိုက်တာဖြစ်နိုင်တာပေါ့။ အရပ်စာချုပ် နဲ့ဝယ်တဲ့သူတွေ၊ ပါမစ်မြေဝယ်တဲ့သူတွေ ဒုက္ခ ရောက်တာပေါ့။ အမည်ပြောင်းလို့မရတော့ဘူး။ ဂရံ လျှောက်လို့မရတော့ဘူး ဖြစ်ကုန်ကြတာ။ မူလထဲက ဥပဒေနဲ့အညီမလုပ်ခဲ့လို့ ဒီလိုဖြစ်တာလို့ သုံးသပ် လို့ရတာပေါ့။ ဝယ်တဲ့သူတွေက အရပ်စာချုပ်နဲ့ကြီးပဲ ဝယ်ကြတာလေ။ နှစ်ဆင့်၊ သုံးဆင့်တွေဝယ်ကြ တာ။ အမည်ပေါက်တဲ့သူဆီက တိုက်ရိုက်ဝယ်ရင်တော့ ကုစားလို့လွယ်သေးတာပေါ့။ ဘာလို့လဲဆိုတော့ စာချုပ်အတိုင်း အမည်ပေါက်အောင်လုပ်ပေးပါဆိုပြီး တောင်းဆိုလို့ရတာပေါ့။ သက်ဆိုင်ရာက ဘယ်လို ဖြေလျှော့ပေးမလဲဆိုတာပဲ စောင့်ကြည့်ကြရမှာပေါ့”ဟု အထက်ပါဥပဒေပညာရှင်က ဆိုသည်။
ပါမစ်မြေကို မြေအရောင်းအဝယ် ကတိစာချုပ်(အရပ်စာချုပ်)နှင့်ချုပ်ဆိုကာ အဆင့် ဆင့် လွှဲပြောင်းရောင်းချလေ့ရှိပြီး နောက်ဆုံးဝယ်ယူသူက ပါမစ်စာရွက်စာတမ်းမူရင်း အပါအဝင် အဆင့်ဆင့် ဝယ်ယူထားသည့် အရောင်းအဝယ်စာချုပ်မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဌာနတွင် ဂရန်လျှောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
ပါမစ္ေျမမ်ား ဂရန္ေျပာင္းေလွ်ာက္ခြင့္ ရပ္ဆိုင္းသည္ဆိုေသာသတင္းေၾကာင့္ ျပည္သူ႔ အက်ိဳးစီးပြား နစ္နာႏိုင္
ယြန္း (NP News) - ဩဂုတ္ ၁၄
ပါမစ္ေျမမ်ားကို ဂရန္ေျပာင္းေလွ်ာက္ခြင့္မ်ားကို ရပ္ဆိုင္းလိုက္သည့္အတြက္ ႏိုင္ငံေတာ္၏အခြန္ အပါအဝင္ ျပည္သူ၏အက်ိဳးစီးပြားမ်ား နစ္နာႏိုင္ေၾကာင္း ဥပေဒပညာရွင္အခ်ိဳ႕က NP News ကို သုံးသပ္ေျပာဆိုထားသည္။
ပါမစ္ေျမကြက္မ်ားကို ဂရန္ေျပာင္း ေလွ်ာက္ခြင့္ ပိတ္သိမ္းလိုက္သည္ဟူေသာ သတင္းမ်ား ၿပီးခဲ့ သည့္လအတြင္း ထြက္ေပၚလာခဲ့သည့္ေနာက္ပိုင္း၌ ျပည္သူလူထု အပါအဝင္ အိမ္ၿခံေျမေလာက၌ စိုးရိမ္ပူပန္မႈမ်ားရွိလာခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လက္ရွိတြင္ အဆိုပါသတင္းကို တရားဝင္အမိန႔္ထုတ္ျပန္ျခင္းမ်ိဳးမရွိေသးဘဲ ယခု ဩဂုတ္လအတြင္း သက္ဆိုင္ရာမွ တိက်သည့္ ၫႊန္ၾကားခ်က္ကို ထုတ္ျပန္လာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံဝန္ေဆာင္မႈအသင္းမွ တာဝန္ရွိသူတစ္ဦးက သုံးသပ္ထားသည္။
“လုံးဝကိုလုပ္ခြင့္မေပးေတာ့ဘူးလို႔ မေျပာေသးဘူး။ လိုင္းေပၚမွာ ပ်ံ႕ေနတဲ့စာအရ ေျပာရတဲ့ အခါမွာ အထက္အဖြဲ႕အစည္းအဆင့္ဆင့္ကို ဒါနဲ႔ ပတ္သက္ၿပီး ဘယ္လိုလုပ္မလဲဆိုတဲ့ သေဘာထား မွတ္ခ်က္ ေတာင္းတဲ့အဆင့္ပဲေရာက္ေသးတယ္။ လုံးဝမရေတာ့ဘူးဆိုရင္ေတာ့ ျပည္သူေတြအတြက္ အမ်ားႀကီးနစ္နာတာေပါ့။ အခြန္လည္းမရေတာ့ဘူး။ ေရာင္းမွာ ဝယ္မွားေတြျဖစ္မယ္။ အခုေတာင္မွ ပါမစ္တို႔ဘာတို႔က တရားဝင္စစ္ခြင့္မရွိတဲ့အခါၾကေတာ့ စာ႐ြက္စာတမ္း အတုေတြနဲ႔ ေတာ္ေတာ္ေလးကို ဂယက္႐ိုက္ေနတာ။ ဒီလအတြင္းမွာပဲ တိက်တဲ့ ၫႊန္ၾကားခ်က္တစ္ခု ထြက္လာလိမ့္မယ္လို႔ေတာ့ ယူဆ ပါတယ္” ဟု ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း မွ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္ေအာင္က ေျပာသည္။ ထိုသို႔ ဂရံေျမ ေျပာင္းလဲေလွ်ာက္ထားခြင့္ ရပ္ဆိုင္းလိုက္မည္ဆိုပါက ျပည္သူလူထု၏ အက်ိဳး စီးပြားမ်ား အပါအဝင္ ႏိုင္ငံေတာ္အေနျဖင့္လည္း အခြန္ရရွိမႈမ်ားတြင္ နစ္နာဆုံးရႈံးမႈမ်ား ရွိလာႏိုင္ ေၾကာင္း ၎ကသုံးသပ္ထားသည္။
“အဆင္ေျပသြားမယ္လို႔ထင္ပါတယ္။ လုံးလုံးႀကီး ပိတ္လိုက္လို႔ရွိရင္ ႏိုင္ငံေတာ္လည္း နစ္နာ မယ္၊ ျပည္သူလည္းနစ္နာမယ္။ အခြန္လည္းမရဘူး။ သင့္တင့္ေလ်ာက္ပတ္တဲ့ အခြန္ႏႈန္းထားတစ္ခုနဲ႔ ျပန္လည္ခြင့္ျပဳလိမ့္မယ္လို႔ေတာ့ လက္ရွိ အေနအထားအရ ျမင္မိပါတယ္။ ပါမစ္ေျမပိုင္တဲ့သူ အမ်ားႀကီး ပဲရွိတယ္။ ပါမစ္ကို လက္ဆင့္ကမ္းေရာင္းဝယ္လို႔ရွိရင္ အခြန္မေဆာင္ရဘူးဆိုၿပီးေတာ့ မသိတဲ့သူေတြက ပါမစ္ကိုႀကိဳက္ၾကတယ္၊ ပါမစ္ေတြကိုင္ထားၾကတယ္။ ဂရမ္ေျပာင္းမွ ခိုင္မာမွာေလ။ ပါမစ္ဆိုတာ အေမြဆက္ခံပိုင္ခြင့္ေတာင္ မရွိဘူးဆိုၿပီး ဥပေဒအရ ျပဌာန္းထားတာ” ဟု ဦးမ်ိဳးျမင့္ေအာင္က ဆက္လက္ေျပာသည္။
ပါမစ္ေျမကို လႊဲေျပာင္းေရာင္းခြင့္မရွိေၾကာင္း ယခင္ကပင္ ဥပေဒတြင္ျပ႒ာန္းထားၿပီးျဖစ္ေသာ္လည္း သက္ဆိုင္ရာမွ ခြင့္ျပဳထားျခင္းေၾကာင့္ အဆင့္ဆင့္လႊဲ ေျပာင္းေရာင္းဝယ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ႏိုင္ငံေတာ္အေနျဖင့္ လက္ရွိတြင္ ဥပေဒႏွင့္အညီျဖစ္ေစရန္အတြက္ အထက္ပါကဲ့သို႔ စီစဥ္ခဲ့ျခင္းျဖစ္ႏိုင္ၿပီး သက္ဆိုင္ရာမွ မည္သို႔ေျဖေလွ်ာ့ေပးမည္ကိုသာ ေစာင့္ၾကည့္သင့္ေၾကာင္း ဥပေဒပညာရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။
“အခုကေတာ့ သက္ဆိုင္ရာက ဥပေဒနဲ႔ အညီနဲ႔ျဖစ္ေအာင္ ပါမစ္ေျမကို အမည္ေျပာင္းမယ္ဆိုရင္ ဂရံအမည္ေပါက္တဲ့သူပဲေလွ်ာက္ရမယ္ဆိုၿပီး ျပန္ၿပီး အမိန႔္ထုတ္လိုက္တာျဖစ္ႏိုင္တာေပါ့။ အရပ္စာခ်ဳပ္ နဲ႔ဝယ္တဲ့သူေတြ၊ ပါမစ္ေျမဝယ္တဲ့သူေတြ ဒုကၡ ေရာက္တာေပါ့။ အမည္ေျပာင္းလို႔မရေတာ့ဘူး။ ဂရံ ေလွ်ာက္လို႔မရေတာ့ဘူး ျဖစ္ကုန္ၾကတာ။ မူလထဲက ဥပေဒနဲ႔အညီမလုပ္ခဲ့လို႔ ဒီလိုျဖစ္တာလို႔ သုံးသပ္ လို႔ရတာေပါ့။ ဝယ္တဲ့သူေတြက အရပ္စာခ်ဳပ္နဲ႔ႀကီးပဲ ဝယ္ၾကတာေလ။ ႏွစ္ဆင့္၊ သုံးဆင့္ေတြဝယ္ၾက တာ။ အမည္ေပါက္တဲ့သူဆီက တိုက္႐ိုက္ဝယ္ရင္ေတာ့ ကုစားလို႔လြယ္ေသးတာေပါ့။ ဘာလို႔လဲဆိုေတာ့ စာခ်ဳပ္အတိုင္း အမည္ေပါက္ေအာင္လုပ္ေပးပါဆိုၿပီး ေတာင္းဆိုလို႔ရတာေပါ့။ သက္ဆိုင္ရာက ဘယ္လို ေျဖေလွ်ာ့ေပးမလဲဆိုတာပဲ ေစာင့္ၾကည့္ၾကရမွာေပါ့”ဟု အထက္ပါဥပေဒပညာရွင္က ဆိုသည္။
ပါမစ္ေျမကို ေျမအေရာင္းအဝယ္ ကတိစာခ်ဳပ္(အရပ္စာခ်ဳပ္)ႏွင့္ခ်ဳပ္ဆိုကာ အဆင့္ ဆင့္ လႊဲေျပာင္းေရာင္းခ်ေလ့ရွိၿပီး ေနာက္ဆုံးဝယ္ယူသူက ပါမစ္စာ႐ြက္စာတမ္းမူရင္း အပါအဝင္ အဆင့္ဆင့္ ဝယ္ယူထားသည့္ အေရာင္းအဝယ္စာခ်ဳပ္မူရင္းမ်ား တင္ျပၿပီး သက္ဆိုင္ရာၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန႔္ ခြဲမႈဌာနတြင္ ဂရန္ေလွ်ာက္ထားရျခင္းျဖစ္ေၾကာင္း သိရသည္။