ဂျာမနီနိုင်ငံကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် (၆၀၀) ရောင်းချပေးမည်ဟု အမေရိကန်စစ်တပ် အတည်ပြု

 309

ဂျန်ဇက် (NP News) - ဩဂုတ် ၁၇

အမေရိကန်အစိုးရသည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံကို အမေရိကန်ဒေါ်လာ (၅)ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ရောင်းချပေးရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။ ယူကရိန်း နှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ပိုင်းဥရောပတိုက်တွင် အငြင်းပွားမှုများ၊ တင်းမာမှုများဖြစ်ပွားနေချိန်တွင် အမေရိကန်က ဂျာမနီနိုင်ငံကို လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်ဌာနချုပ်၏ ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက "ဂျာမနီနိုင်ငံရဲ့ကာကွယ်ရေးစွမ်းအင်ပိုင်း ပိုမိုကောင်းမွန်စေဖို့၊ အနာဂတ်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အပြင် လက်ရှိတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရောင်းချပေးဖို့ခွင့်ပြုခဲ့တာပါ"ဟု ပြောသည်။ အမေရိကန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်အနည်းဆုံး (၆၀၀) ရောင်းချပေးရန်ခွင့်ပြုခဲ့ခြင်းမျိုး ဖြစ်ကြောင်းသိရသည်။ နေတိုးအဖွဲ့၏ ကာကွယ်ရေးအစီအစဉ်အသစ်အရ ဂျာမနီနိုင်ငံသည် ၎င်း၏အခြေခံအဆောက်အအုံများနှင့် စစ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန်အတွက်လေကြောင်းရန်ကာကွယ်ရေးစနစ် အနည်းဆုံး လေးပုံတစ်ပုံ လိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။ ဂျာမနီနိုင်ငံတွင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် (၃၆)ခုရှိနေပြီး ယူကရိန်းနှင့်ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် သုံးခု ကူညီလှူဒါန်းခဲ့မှုအပါအဝင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် (၉)ခုခန့်ကို ဆုံးရှုံးထားကြောင်းသိရသည်။

ဂျာမနီနိုင်ငံသို့ ရောင်းချပေးမည့် ပက်ထရီယော့ လေကြောင်းရန်ကာကွယ် ရေးရောင်းချမှုအစိတ်အပိုင်းအရ လောဟီမာတင် ကုမ္ပဏီက နည်းပညာပိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချပေးသွားဖွယ်ရှိနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။ ဂျာမနီနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်ပြီး ရုရှားနိုင်ငံ နှင့် တင်းမာမှုများရှိနေရာ စစ်ပွဲဖြစ်လာချိန်တွင် နိုင်ငံကို ကာကွယ်နိုင်ရန်ကြိုတင်ပြင်ဆင်နေကြောင်းသိရသည်။

zawgyi version
ဂ်ာမနီႏိုင္ငံကို ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ (၆၀၀) ေရာင္းခ်ေပးမည္ဟု အေမရိကန္စစ္တပ္ အတည္ျပဳ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၇

အေမရိကန္အစိုးရသည္ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာ ဂ်ာမနီႏိုင္ငံကို အေမရိကန္ေဒၚလာ (၅)ဘီလ်ံတန္ဖိုးရွိ ပက္ထရီေယာ့ ေလေၾကာင္းရန္ ကာကြယ္ေရးဒုံးက်ည္မ်ား ေရာင္းခ်ေပးရန္ ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။ ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ပိုင္းဥေရာပတိုက္တြင္ အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ားျဖစ္ပြားေနခ်ိန္တြင္ အေမရိကန္က ဂ်ာမနီႏိုင္ငံကို ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ေရာင္းခ်ေပးရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

အေမရိကန္စစ္ဌာနခ်ဳပ္၏ ကာကြယ္ေရးလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီက "ဂ်ာမနီႏိုင္ငံရဲ႕ကာကြယ္ေရးစြမ္းအင္ပိုင္း ပိုမိုေကာင္းမြန္ေစဖို႔၊ အနာဂတ္ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ႏိုင္ဖို႔အျပင္ လက္ရွိေတြ႕ႀကဳံေနရတဲ့စိန္ေခၚမႈေတြကိုရင္ဆိုင္ဖို႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြေရာင္းခ်ေပးဖို႔ခြင့္ျပဳခဲ့တာပါ"ဟု ေျပာသည္။ အေမရိကန္ႏိုင္ငံအေနျဖင့္ ဂ်ာမနီႏိုင္ငံကို ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အနည္းဆုံး (၆၀၀) ေရာင္းခ်ေပးရန္ခြင့္ျပဳခဲ့ျခင္းမ်ိဳး ျဖစ္ေၾကာင္းသိရသည္။ ေနတိုးအဖြဲ႕၏ ကာကြယ္ေရးအစီအစဥ္အသစ္အရ ဂ်ာမနီႏိုင္ငံသည္ ၎၏အေျခခံအေဆာက္အအုံမ်ားႏွင့္ စစ္ေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္အတြက္ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ အနည္းဆုံး ေလးပုံတစ္ပုံ လိုအပ္ေနဆဲျဖစ္ေၾကာင္းသိရသည္။ ဂ်ာမနီႏိုင္ငံတြင္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ (၃၆)ခုရွိေနၿပီး ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ သုံးခု ကူညီလႉဒါန္းခဲ့မႈအပါအဝင္ ပက္ထရီေယာ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ (၉)ခုခန႔္ကို ဆုံးရႈံးထားေၾကာင္းသိရသည္။

ဂ်ာမနီႏိုင္ငံသို႔ ေရာင္းခ်ေပးမည့္ ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ ေရးေရာင္းခ်မႈအစိတ္အပိုင္းအရ ေလာဟီမာတင္ ကုမၸဏီက နည္းပညာပိုင္းႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ေရာင္းခ်ေပးသြားဖြယ္ရွိေနေၾကာင္း ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာသည္။ ဂ်ာမနီႏိုင္ငံသည္ ယူကရိန္းစစ္ပြဲႏွင့္ဆက္ႏႊယ္ၿပီး ႐ုရွားႏိုင္ငံ ႏွင့္ တင္းမာမႈမ်ားရွိေနရာ စစ္ပြဲျဖစ္လာခ်ိန္တြင္ ႏိုင္ငံကို ကာကြယ္ႏိုင္ရန္ႀကိဳတင္ျပင္ဆင္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.