ဆီအိုးကြီး တနင်္သာရီကို အလှဖျက်ခဲ့ကြသူများ(အပိုင်း-၁) (ဆောင်းပါး)
2873
ဇာမဏီစံမောင် (NP News) - ဩဂုတ် ၁၇
ဇွန်လကုန်မှာ ကျစ်ဆံမြီးဧရာဝတီရဲ့ ပြည်သူ့မျက်ရည်ပြဇာတ် ပေါ်ပေါက်လာပုံအတွက် မြောက် ဘက်စွန်းက သံဝေဂလွမ်းပုံပြင်တွေနဲ့ တန်ဆာဆင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ဦးရဲ့အမြင်ကို စာရှု သူတို့မြင်တွေးနိုင်ကြရအောင် နိုင်ငံသားတာဝန်တွေနဲ့ ယှဉ်ပြီး ခေတ်မီစနစ်ကျကျ တွေးခေါ် မြော် မြင်နိုင်ကြ ဖို့ တစ်နည်းပြောရရင် Globalution Point of View မြင်တတ်ကြဖို့တင်ဆက်သလို အခုလည်း ဆီအိုးကြီး တနင်္သာရီလို့အမည်ပေးကာ ပြည်ထောင်စုရဲ့ တောင်ဖက်စွန်းဆီကို စာရှုသူတို့ကို မြန်မာနိုင်ငံ ကြီး သားအမြင်နဲ့ ချိန်ထိုးနိုင်ဖို့ရာ ခေါ်သွားမှာပါ။
လှလိုက်တဲ့ဆီအိုးကြီး တနင်္သာရီ
တနင်္သာရီတဲ့စကားလုံးကတော့ ကမ္ဘာ့စွယ် စုံကျမ်း ဝီကီက မွန်လိုလို၊ ထိုင်းလိုလို ဗမာစာနဲ့စကား မဟုတ်ပေ။ အဓိပ္ပာယ်လုံးကောက်မရေရာလို့ လိုက် ရှာကြည့်ရာ ယနေ့အထိ လုံးကောက်အဓိပ္ပာယ်မရ နိုင်သေးတဲ့ တနင်္သာရီပါတဲ့။
တနင်္သာရီဟူသော လုံးကောက်မရသည့် ဝေါဟာရ
ဦးမေအောင်က တနင်္သာရီဟူသောဝေါဟာ ရသည် တနင်းသြီဟူသော မွန်ဘာသာစကားမှရွေ့ လျားလာသည်ဟုဖော်ပြခဲ့သည်။ နောက်အယူအဆ တစ်ခုမှာ မွန်တို့သည် မြိတ်ကို တိန်းန် ဟု မြို့အမည် ကို ထိပ်မှခေါ်ဆိုလေ့ရှိသည်။ (ဥပမာ တိန်းန် ဟမစော ဟံသာဝတီမြို့၊ တိန်းန်မုပလိန်န် မော်လမြိုင် မြို့)ဟု မြို့ကို တိန်းန်ဟု ရှေးမှခေါ်လေ့ရှိသည်။ အရင်က ခရင်းသေဟု စတင်ခေါ်ဆိုရာမှ တရင်းသေ၊ ထိုမှ တိန်း သရေ) တနိန်းသရေ တနင်း သာရေ) တနင်္သာရီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဝေါ် လာခဲ့ သည်ဟုယူဆကြသည်။ တိန်းန်သရေ (မွန်၊ ပါဠိ) တိန်းန်မှာ မြို့၊ သရေ=သရီ၊ ဩီ=သီရိ= ကျက် သရေ ဟု မြန်မာပြန်လျှင် ကျက်သရေရှိသောမြို့ ဟု အဓိပ္ပာယ်ရသည်။ ဦးတင်လှက ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲ၌တင်သွင်းခဲ့သော သူ၏စာတမ်း၌ မြန်မာဘာသာစကားများအတွင်းသို့ ရောက်ရှိ နေသော လူမျိုးခြားတို့၏စကားများတွင် မလေး (ပသျှူး)လူမျိုးတို့ (ရောင်စုံပန်းများ ပွင့်ရာမြေ) တာနာဆာရီ၊ တာနားသရိ၊ ထိုမှတစ်ဆင့် တနင်္သာရီကို ခေါ်ဆိုကြောင်း မွန်တို့မှတစ်ဆင့် ရောက်ရှိ သွားသော စကားလုံးများဖြစ်နိုင်သည်ဟု ဆိုထားသည်။ ထိုင်းဘာသာစကားအရ ယိုးဒယားတို့ ဝင် ရောက်လွှမ်းမိုးလာသည့်နောက်ပိုင်းတွင်မှ ယိုးဒယား တို့က တနင်္သာရီကို ထနောင်စီ(ထနောင်ဆီရီ-ထ နောင်သီရိ)ဟု အသံထွက်ခေါ်ဝေါ်ကြပြီး ရွှေပေါရာ မြေဟုအဓိပ္ပာယ်ရသည်။ ထို့ပြင် မလေးဘာသာ စကားအရ တာနာဆာရီ သို့မဟုတ် တာနားသရိ ရောင်စုံပန်းများ ဖူးပွင့်ရာမြေ သို့မဟုတ် သံပရာသီး ပေါရာမြေဟု အဓိပ္ပယ်ရသည်။ စာရေးသူ ယင်းလုံးကောက်ကို မှန် နန်းရာဇဝင်မှာလည်းမတွေ့။ မွန် စာပေ အဘိဓာန်များမှာလည်း မမြင်၊ ဗမာစာအထိပ်အခေါင် ကျော်အောင်စံ ထားဆရာတော်ရဲ့ ဝေါဟာရ ရဋ္ဌပကာသဏီမှာမမြင်ရ၊ (နေပြည်တော် ထောက်လှမ်းရေး)လောက်ဖျား ကြီး၊ လောက်ဖျားလေး တို့ အမည်ပါ မှန်နန်းဒုတိယတွဲမှာ စတွေ့ရပါသည်။ ထိုင်းတို့ရဲ့သမိုင်းမှာကတော့ Tenasserim မူလ ဗြိတိသျှ အသံထွက်ဖြစ်လာသလို ထိုင်းစာအရ Tanes ( တီးနက် ) ‘တို့ပိုင်တဲ့မြေ Siam တစ်သားတည်းလေ’ တနင်္သာရီပါတဲ့ခင်ဗျား။ နောက် တိုက်ဆိုင်မှုတစ်ခုက (၂၀) ရာစုအလယ်မှာပေါ်လာတဲ့ Service Integ ration and Management (SIAM)သည် လုပ်ငန်းများစွာ၏ပေးသွင်းသူများ အပြင် IT ဝန်ဆောင်မှုများ ကိုစီမံခန့်ခွဲရန် ချဉ်းကပ်မှု တစ်ခုဖြစ်သည်။ သည်နေရာမှာ ‘ လုပ်ငန်းများစွာ၏ ပေးသွင်းသူများ’ တီးနက် ဆီယင်ရဲ့ပညတ်သွားရာ ဓာတ်သက်ပါတဲ့။ တရားဝင်ရော၊ တရားမဝင်ရော၊ လုပ်ငန်းကြီးငယ်တို့ ကြီးစိုး နေပြီး ပြည်ထောင်စု အခွန်ရငွေမှာ ထိပ်ဆုံးဖြစ်တဲ့၊ တနင်္သာရီရဲ့လှလိုက်တဲ့ ပကတိဘဝများကို ရှုကြပါစို့။
နောက်ခံသမိုင်း
ထားဝယ်ရာဇဝင်တော်ကြီးတွင် သုဝဏ္ဏဘူမိ သထုံပြည် နရုတိမင်းသည် တနင်္သာရီမြို့မှ လှေ ပျက်၍ ရောက်လာကြသော တနင်္သာရီသားငါးယောက် တို့ကို လမ်းပြစေလျက် သာသနာပြုသက် (၁၇) ခုနှစ် တွင် ဒူကရတိုင်း၊ အောင်သာဝတီပြည်၊ ကလိန်အောင်မြို့ကို တည်ထောင်သည်ဟု ဖော်ပြသည်။ ကလိန်အောင်မြို့မှ ဓမ္မသေနမင်း၊ တနင်္သာရီမြို့မှ ကောရမ္ဘမင်း၊ နဂါးမင်းတို့သည် သာသနာနှစ်(၂၃၈)ခုနှစ် တပေါင်းလပြည့်တွင် ထားဝယ်မြစ်ဝရှင် မော်တောင်၌ အံတော်စေတီကိုတည်ကြရာ ကောရမ္ဘမင်းသည် ကနက်သီရိမြို့ကိုတည်ထောင်ပြီး ခေတ္တစိုးစံခဲ့လေသည်ဟု ထားဝယ်ကျော်မင်းက ဖော်ပြထားသည်။
တကောင်းခေတ်မတိုင်မီ လွန်ခဲ့သည့်နှစ် (၃၀ဝဝ)ခန့်က ပျူနိုင်ငံရှိခဲ့သည်။ ပျူမင်းပေါင်း (၁၃၉၃) ပါးရှိခဲ့ပြီး ပျူနိုင်ငံလက်အောက်ခံပြည်ထောင် ပေါင်း (၂၈) ပြည်ထောင်ဆီက (၁၂) ပြည်ထောင်ရှိ သည်။ ယင်း၌ တနင်္သာရီပါဝင်သည်ဟု ဖော်ပြကြသည်။ ပျူမင်းဆက် တမ္ဗဒီပပျူမင်းပေါင်း(၁၉၀) တွင် နောက် ဆုံးမင်းဆက် ကလာဗုမင်းကို မြေမျို၏။ မြို့ကိုလည်း သန် လျက်မိုးရွာ၏။ လူတို့သည် ဓညဝတီရခိုင် သို့ တစ်စု၊ ထားဝယ်သို့တစ်စု၊ တနင်္သာရီသို့တစ်စု သုံးစုခွဲ၍ရောက်ကုန်၏ဟု ဖော်ပြသည်။ ဤကား ရှေး ဟောင်းရာဇဝင်ကြီးများ၏ အဆိုတည်း။ ရှေးဟောင်း ပျူခေတ်နောက်ပိုင်းတွင်လည်း တနင်္သာရီ ရှေးဟောင်းမြို့တော်နှင့်ဆက်နွှယ်မှုများ ရှိခဲ့ပေသည်။ ပုဂံမင်းဆက်ပေါင်း(၅၅)ဆက် ပုဂံသက္ကရာဇ် (၇၃၀)၊ မြို့သက် (၁၂၆၁) နှစ်ရှိခဲ့ရာတွင် သမုတိရာဇ်မင်းမှစ၍ ရေတွက်လျှင် စတုတ္ထပုဂံခေတ် (၄၂) ဆက်မြောက် အနော်ရထာမင်း(အေဒီ ၁၀၄၄-၁၀၇၇) လက်ထက် သထုံမှဆက်၍ တနင်္သာရီ အထိ သိမ်းသွင်းပြီး နိုင်ငံတော်အတွင်း သိန်းပြုမြို့များ တည်ထောင်ခဲ့သည်။
တည်နေရာနှင့် အကျယ်အဝန်း
တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာ စုစုပေါင်း (၁၆၇၃၆) စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြောင် ဒေသတွင်တည်ရှိပြီး လူနေကျဲပါးသောဒေသလည်းဖြစ် သည်။ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီ တွဒ် (၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ်) အတွင်း၊ အရှေ့ လောင်ဂျီတွဒ် (၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ်)အတွင်း တည်ရှိသည်။
လူဦးရေ
တနင်္သာရီတိုင်းဒေသကြီး၏လူဦးရေမှာ (၂၀၁၄)ခုနှစ် သန်းခေါင် စာရင်းအရ (၁၄၀၈၄၀၁) (၁.၄ သန်း)ဖြစ်သည်။
မြေမျက်နှာသွင်ပြင်
တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်ပေါများပြီး အနောက် ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့်ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုးတန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာ ရီတောင်တန်းသည် ကမ်းရိုးတန်းနှင့်အပြိုင်တည်ရှိ သည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏ ရေဝေကုန်းတန်း (Water Sheet)အဖြစ်တည်ရှိပြီး ထား ဝယ် လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအ တွင်း အမြင့်ပေ(၅၀)အောက်နိမ့်ဆင်းသွားသော လွင်ပြင် များဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀)ကျွန်းရှိပြီး တနင်္သာ ရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြား ရှိသည်။
ရာသီဥတု
ပင်လယ်နှင့်နီးသောဒေသဖြစ်၍ မိုးများပြီး စွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့်နီးသော ဒေသဖြစ်သည့်အတွက်လည်း အပူချိန်မြင့်သည်။ ပျမ်းမျှအပူချိန်မှာ ၈၃ ဒီဂရီမှ ၇၈ ဒီဂရီဖာရင်ဟိုက် အတွင်း ရှိသည်။ တစ်နှစ်လုံးနီးပါး မိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မအထိရှိသည်။ သည် မိုးရေချိန်ကြီးကို တနင်္သာရီရဲ့အမြဲစိမ်း ရေဝေရေလဲ တောကြီးများက မြေအောက်သယံဇာတ များကို ပင်လယ်ထဲ မိုးရေနဲ့စီးမျောဆုံးရှုံးမသွားစေရန် သဘာဝတရားကြီးကထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပါလေပြီ။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်း ကုမ္ပဏီပေါင်း(၃၉) ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧက စိုက်ပျိုးထားသလား၊ မူလက စိုက် ဧကပေါင်း ဘယ်လောက်လျာထားခဲ့ပါသလဲ။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းကုမ္ပဏီပေါင်း (၃၉)ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧက စိုက်ပျိုးထားကြောင်းတနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မူလလျာထားချက်မှာ စိုက်ဧကပေါင်း ငါးသိန်း(၂၀ဝ၀ ပြည့်နှစ်) ဟုသိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ပျိုးအောင်မြင်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတု အ ခြေအနေအရ ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက် ရင်းနှီး မြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် လွန်ခဲ့သည့် နှစ်ပေါင်း(၃၀)ကျော်ခန့်မှ ဆီအုန်း စိုက် ပျိုးမှုစတင်ခဲ့ရာ ယခုအခါတိုင်းဒေသကြီးတစ်ခုလုံး၌ ဆီအုန်းစိုက်ဧက (၄)သိန်းနီးပါးခန့်စိုက်ပျိုးထား ကြောင်းသိရသည်။ တချို့ဆီအုန်းပင်များသက်တမ်း ကုန်သွားလေပြီ။ ပြန်စိုက်ကြရဲ့လား။ မေးခွန်းများမေးမိသည်။
‘၂၀၂၃-၂၀၂၄ ခုနှစ် ဧပြီလမှ ဩဂုတ်လ အထိ ကောက်ယူထားသည့်စာရင်းများအရဆိုရင် တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်း ခရိုင် စတဲ့ခရိုင် (၄)ခုမှာ ဆီအုန်းစိုက်ဧကပေါင်း (၃၉၅၇၂၁) ဧကရှိပါတယ်။ ဆီသီးခိုင်ခူးနိုင်တဲ့ဧက (၁၈၃၃၂၁) ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ (၂ ဒသမ ၇၄)တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင်ထွက် ရှိမှုကတော့ (၅၀၂၈၂၅)တန်ထွက်ရှိပါတယ်’ ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့်ကုမ္ပဏီပေါင်း (၃၉)ခုနှင့် ပုဂ္ဂလိ ကခြံရှင် (၄၀) နီးပါးခန့်ရှိပြီး ထွက်ရှိလာသည့် ဆီသီး ခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်း ခရိုင် အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက်ရောင်း ချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ် စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်ဈေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် (၃၃၀ဝဝဝ)ခန့် ပေါက် ဈေးရှိကြောင်းသိရသည်။ ထို့ကြောင့် ဆီသီးခိုင် တန် ငါးသောင်းကို တန်ဖိုးသင့်ပါက ကျပ်သန်း ပေါင်း တစ်သိန်းခြောက်သောင်းငါးထောင်ဖိုး ထွက်နေပါကြောင်း နှင့်အမေရိကန်ဒေါ်လာ (၈.၂)သန်းဖိုးခန့် နှစ်စဉ် ထွက်နေပါသည်။
နှစ်ပေါင်း(၃၀)မှာ ဘာကြောင့်အထွက် နည်းသလဲ။ ကျွန်တော်တို့ မေးခွန်းထုတ်သင့်သည်။ ဘာကြောင့် သည်နေ့အထိ နှစ်ပေါင်း (၃၀)နီးပါး နောက်ကျနေသနည်း။
“ ကျွန်တော်တို့ခြံကထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက်ရောင်းချနေ ရတယ်။ ဆီအုန်းစိုက်ပျိုးမှုက ယခုလက်ရှိမှာ တွက်ခြေကိုက်သော်လည်း ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက်ရောင်းချရတာဝေးတော့ စရိတ်ကုန်ကျမှုနဲ့ အလေအလွင့်တွေရှိပါတယ်။ မြိတ်ခရိုင်အတွင်း မှာသာ ဆီကြမ်းနဲ့ဆီချောစက်ရုံတွေသာရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ခြံရှင်တွေအတွက် ပိုပြီး အဆင် ပြေလာနိုင်သလို စိုက်ပျိုးသူတွေအနေနဲ့ ဆီသီးခိုင်အ ထွက်ကောင်းဖို့ ကြိုးစားဆောင်ရွက်လာမယ်။ အလေ အလွင့်မရှိ စက်ရုံများကို အချိန်တိုအတွင်းပို့ဆောင်နိုင်ရင် စရိတ်စ ကသက်သာလာပြီး ဝင်ငွေလည်း တိုးပွားလာနိုင်ပါတယ်”ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်း စိုက်ပျိုးလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးသည့် အချိန်ကနေ (၅)နှစ်လောက်ကြာလာသည့်အခါတွင် စီး
ပွားဖြစ်ဆွတ်ခူးနိုင်မှာဖြစ်ပြီး နောက်ထပ် (၃)နှစ် ကာလအကြာတွင် အရင်းကျေကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ်နှစ်ပေါင်း (၂၀)ကျော်ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင် မည်ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့်လုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများတည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် (၁)ခု၊ မြိတ်ခရိုင်တွင် (၁)ခု၊ ဘုတ်ပြင်းခရိုင်တွင် (၂)ခုနှင့် ကော့သောင်းခရိုင်တွင် (၂)ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆)ခုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးအောင် မြင်ဖြစ်ထွန်းမှုတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခု တည်းသာရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံ နှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချော စက် ရုံများဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံဆီအုန်း စိုက်ပျိုးသူခြံရှင်များကမျှော်လင့်နေကြ ကြောင်းသိရသည်။ နိုင်ငံတော်အစိုးရက တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း(၈၀ဝ) စားအုန်းဆီ တင်သွင်းနိုင်နေသော်လည်း အထက်ပါလိုအပ်ချက်စက်ရုံများကို ဘာကြောင့် မတည်နိုင်သလဲ သိချင်ကြမည်ဟုထင်မြင်မိပါသည်။
လွှစက်သံတညံညံ (Voice of Chain Saw) လေညှာ သစ်တောကြိုးဝိုင်းထဲကအသံ
(၂၀ဝ၅)ခုနှစ် ဇူလိုင်လ စာရေးသူ ဘုတ်ပြင်းမြို့နယ် လေညှာသစ်တောကြိုးဝိုင်းရဲ့ပြည် ထောင်စုလမ်းမကြီးနဲ့ဟန်ကပြုလမ်းဆုံမှ သတ်မှတ် တိုင်းတာရမည့်နေရာသို့အသွား လမ်းတွင်းသို့ သုံးမိုင် ခန့်ဝင်လိုက်သည်နှင့် ဂျာမန် STIEL Change Sawသံတွေညံနေတဲ့တောကြီးထဲစဝင်မိပါတော့ သည်။ မိမိတို့တွင် ဟန်းဖုန်းမရှိ၊ ကင်မရာလည်းမပါ။ သည်တောထဲဝင်ရဖို့ရာ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းက သတ်မှတ်ရက်ပေးလို့သာ လာရပါသည်။ လုပ်ငန်းကတော့ နောက်ဆုံးပေါ် G.P.S ကွင်းဆင်းတိုင်း တာရေး အဖွဲ့ကိုဦး ဆောင်ခေါ်လာသည့် တာဝန်ပါ တည်း။ နံနက်အစောကြီးထည်းကထ မှုန်ရီဝိုးတဝါးမှာ ဆိုင်ကယ်သုံးစီးနဲ့ လူခြောက်ယောက်သက်ဆိုင်သည့် ဝန်စည်စလယ် ကရိယာတွေ ကလည်းပါနဲ့ တောတိုးခဲ့ကြပါတော့သည်။
ရှေ့ပြေးအဖွဲ့ကမိတ်ဆက်ထားလို့သာ သွားရသည်။ သည်တောသည်တောင်များကို တောကျွမ်း သည်ဟုထင်ရသော ဘုတ်ပြင်းသစ်တောရုံးကတောအုပ်ကြီးကလည်း မနက်တိုင်း လက်ဖက်ရည်ဆိုင်နဲ့ ညနေပိုင်းဒေါင်ဆိုင်မှာသာဆုံရပြီး သူ့အပြောအရဆိုရင် သည်တောထဲ ကျွန်တော်နက်နက်မဝင်မသွား ဖူးဘူး၊ ဆရာတို့တဲ...တစ်နည်း ကျွန်တော် တောမကျွမ်းပါဘူးဟု ထားဝယ်သံနဲ့ပြောဖူးပါသည်။ သူ့ခေါ် မရပါ။
လေညှာသစ်တောကြိုးဝိုင်းကြီးသို့ ဝင်ပေါက် ဟန်ကပြုခွင်သည် အရှေ့ဘက်သို့တောင် နှစ်လုံး ကျော်ရင် ထိုင်းနယ်စပ်သို့ရောက်ပြီး ကြားတွင် နင်းမိုင်းများကို လုံခြုံရေးအရချခင်းထားသည်မှာ ကြာခဲ့ ပြီ။ တောလမ်းအရလည်း ဘယ်တော့မှ ရာသီမရွေး လမ်းမဖြစ်စေရ။ နွေလမ်းသက်သက် (၃၇)မိုင်ခန့်သာ ရှည်လျား၏။
နောက်ပိုင်း သိရတာကတော့ ထိုတာဝန်ရှိသူတို့သည် အဖွဲ့စုံစုံ၊ မစုံစုံ အလှူခံရမည့်နေရာ ဗျိုင်း စောင့်သည့် ကတွက်ပေါက်များကိုသိသည်။ ထိုနေရာများကသာ အမောလုံလုံနှင့်စောင့်တော့၏။ ဘယ် တော၊ ဘယ်နား မိုင်းကွင်းများဟု သိနေလို့ကြောက်ကြသတဲ့။ အထူးသဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကွပ်ကဲမှု စစ်ဌာနချုပ်ကမသိဘဲ မည်သည့်ဝန်ထမ်းမှ တောဝင်ခွင့်မရပါ။ ဥပဒေက မည်သို့ပင်ဆိုစေကာမူ မိမိတို့ဌာနသဘောနဲ့ဝင်သွားပြီး တစ်စုံတစ်ခုဖြစ်ပါက၊ ဖောင်ကြီးသင်တန်းသားဘဝက စကားတစ်လုံးကို သူတို့ မြေဝယ်မကျနားထောင်လေ့ရှိသတဲ့။ အဲဒီစကားလုံးကတော့ “ ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဘူး” လေ ဆရာတဲ့။
နာရီဝက်ခန့်လမ်းလျှောက်ရင်ပဲ ဘေးဘီ နားကချုံတောသာသာလေးများနဲ့ အထဲနည်းနည်း ရောက်တော့ မျက်စိတစ်ဆုံး ဆီအုန်းတောကြီးများ တွေ့ရမည်။ ဆီအုန်းတောထဲကနေ မည်းမည်း မှောင်မှောင်နဲ့ မနည်း G.P.S တိုင်းရမည်ထင်ထားသည်မှာ အထင်နဲ့အမြင် တက်တက်စင်လွဲပါတော့ သည်။ လမ်းပြခဏငှားထားသည့် မုဆိုးစစ်ပြန်ကြီး ဦးဝင်းကလည်း ဆရာ အပေါ်သိပ်မမော့နဲ့ အောက် ရွှံ့သာသတိထား စွပ်ဖားတွေ ဆွဲထားလို့ ဂျပန်မပါးလို ပြောင်ချောနေသောရွှံ့နီပြင်ကိုသာကြည့်စေသည်။ လမ်းမကြီးကဝင်ဝင်ချင်း ဘယ်သူ့လက်ကကျခဲ့သည့် အစေ့ကပေါက်နေလဲ သို့မဟုတ် ကားပေါ်က ကျ ကျန်ခဲ့ သလားမသိရသည့် ဆီသီးခိုင်မရှိသည့် ဆီအုန်းတစ် ပင်သာတွေ့ရပါသည်။ တောတွင်းအသေး စိတ်များကို နောက်အပိုင်းများတွင်ရုပ်ရှင်ကြည့်ရသလို ရူပက အလင်္ကာမြောက်တင်ပြပါမည်။ စစချင်း Chain Saw စက်လွှသံများသည် သည်နေရာကနေ တစ်မိုင်ပတ် လည်တွင်းကြားနေရသကိုး။ တစ်ဖွဲ့တွင် လူ (၂၀)ခန့် ပါသည်။ မဟာတောဖျောက်၊ တောင်ပျောက်အဖွဲ့နှင့် တိုးပါတော့သည်။ တွေ့တွေ့ချင်း လုံခြုံရေး အမြင်ရှိသည်။ လမ်းပြကြီးကိုနှုတ်ဆက် လမ်းပြကြီးကလည်း ပြန်နှုတ်ဆက်နဲ့ ကျွန်တော်တို့ အသွေအမွေးတွေကလည်း Fokker 28 Je အပေါ်က တိုက်ရိုက်ဆင်းလာသည့် စတုတ္တမဏ္ဍိုင် ရုပ်ပေါက်နေသကိုး။ လက်ထဲက G.P.S ကိုဟန်းဖုန်းထင်ကြ၏။
သူတို့တွင်ထူးခြားသည်က ထိုစဉ်က မြန် မာနိုင်ငံအရပ်ရပ်က သစ်တောရုက္ခစိုးမင်းတို့လက်မခံသည့် (၆) ပေခန့်ရှိသည့် ဂျာမန် STIEL Change Saw ကြီးတွေကို မမြင်မတော် ဆိတ်တော်နဲ့ခလောက် လို ကျွန်တော်တို့ ပြူးတူးပြဲတဲကြည့်မိနေခြင်းပါပေ။သာမန် (၂) ပေထက်မရှည်သည့်စက်လွှများကို မိမိတို့ မြို့နယ်စည်ပင်ကကိုင်သည်ကို မိုးကြိုးပစ်လို့ လဲသွားသည့်သစ်ပင်များ ရှင်းစဉ်ကသာတွေ့ဖူးပါ သည်။ ရုတ်တရက် ကျွန်တော့်အဖွဲ့သား ကိုထွန်းသန်းက ဆရာသည်နေရာကနေ စတင်မှတ်ဖို့ Real-time kinematic positioning (RTK) စလုပ်တော့ မည်ဆရာတဲ့။ သူတို့ခုတ်နေတာ ကျွန်တော်တို့စမှတ် ဖို့အတိအကျပဲတဲ့၊ ကျွန်တော်တို့ပစ္စည်းကိရိယာ များကို သူတို့က ကင်မရာမဟုတ်မှန်း သိချိန်ကစပြီး လှည့်မကြည့်ပါ၊ သို့သော် ကင်မရာထက်ပိုဆိုးပြီး တစ်သက်တာဒေတာဘေ့စ်ထဲရောက်မည်ကိုတော့ သိမည်မထင်ပါ။
ဆရာ သည်နေရာက သစ်ပင်ထူလွန်းတော့ ရှေ့ကိုက်ငါးရာလောက်က ကွက်လပ်သစ်ကွင်းကြီး ထဲကနေ စတိုင်းရင်ရမယ်ဆရာလို့ပြောတော့မှ သူလက်ညိုးညွှန်ရာကြည့်တော့မှ လားလား အလယ် ရိုးမ ကျောက်တံခါးခွင်ထဲမှာမြင်ခဲ့ရသော Loader (သစ်လုံးညှပ်မစက်ကြီးတွေ) သုံးစီးကို သတိထားမိ လိုက်ပြီး၊ ကျွန်တော်မမြင်မိခြင်းမှာလည်း ထိုမြင် ကွင်းကိုမြင်ဖို့ သူက လူခြောက်ဖက်စာ(ခန့်မှန်း)ရှိ သည့် သစ်ပင်ငုတ်ကြီးပေါ်ကနေ တက်ပြီးမြင်ရသည်ကို ပြောတာပါ။ သစ်ပင်ငုတ်ကြီးကတော့ မွှေးကြိုင်နေ သည့် ကညင်ပင်ငုတ်ကြီးဖြစ်ပြီး အစေးများထွက်နေဆဲပါ။ ခဏနေတော့ ထိုမြေကွပ်လပ်ကြီးပေါ်က အကြီးဆုံးဟုထင်ရသည့်လူခြောက်ဖက်စာကညင်တုံးကြီးဘေးရောက်ပါတော့သည်။ ထိုကညင်ပင်ကြီး သည် စာရေးသူ လမ်းတွင် Mother of Forest ဟုရေးထား ပြီး သစ်တောက တစ်ချိန်မှာ သည်လို သစ်ပင်ကြီးများ တောကြီးထဲ အစီအရီ ပြွတ်သိပ်ကျပ်ပေါက်သည့် ကညင်ဖြူမျိုးတည်း၊ စာရေးသူ မျက်မြင် အရဆိုရင် ကျွန်တော်တို့အဖွဲ့ထဲမှာ အရပ်အရှည်ဆုံး (၆)ပေခန့်ရှိ သည့် လမ်းပြကြီးဦးဝင်းကို တုံးလုံးလှဲထားသည့် ကညင်ဖြူပင်ကြီးရဲ့ လုံးပတ်ကကွယ်နေသဖြင့် မမြင်နိုင်ခြင်းပါ။ မျက်မြင်ဖြင့် ကန်လန့် ဖြတ်လုံးပတ်အမြင့် ခုနစ်ပေနီးပါးရှိနေပါသည်။
zawgyi version
ဆီအိုးႀကီး တနသၤာရီကို အလွဖ်က္ခဲ့ၾကသူမ်ား(အပိုင္း-၁) (ေဆာင္းပါး)
ဇာမဏီစံေမာင္ (NP News) - ဩဂုတ္ ၁၇
ဇြန္လကုန္မွာ က်စ္ဆံၿမီးဧရာဝတီရဲ႕ ျပည္သူ႔မ်က္ရည္ျပဇာတ္ ေပၚေပါက္လာပုံအတြက္ ေျမာက္ ဘက္စြန္းက သံေဝဂလြမ္းပုံျပင္ေတြနဲ႔ တန္ဆာဆင္ၿပီး ျပည္ေထာင္စုျမန္မာႏိုင္ငံသားတစ္ဦးရဲ႕အျမင္ကို စာရႈ သူတို႔ျမင္ေတြးႏိုင္ၾကရေအာင္ ႏိုင္ငံသားတာဝန္ေတြနဲ႔ ယွဥ္ၿပီး ေခတ္မီစနစ္က်က် ေတြးေခၚ ေျမာ္ ျမင္ႏိုင္ၾက ဖို႔ တစ္နည္းေျပာရရင္ Globalution Point of View ျမင္တတ္ၾကဖို႔တင္ဆက္သလို အခုလည္း ဆီအိုးႀကီး တနသၤာရီလို႔အမည္ေပးကာ ျပည္ေထာင္စုရဲ႕ ေတာင္ဖက္စြန္းဆီကို စာရႈသူတို႔ကို ျမန္မာႏိုင္ငံ ႀကီး သားအျမင္နဲ႔ ခ်ိန္ထိုးႏိုင္ဖို႔ရာ ေခၚသြားမွာပါ။
လွလိုက္တဲ့ဆီအိုးႀကီး တနသၤာရီ
တနသၤာရီတဲ့စကားလုံးကေတာ့ ကမာၻ႔စြယ္ စုံက်မ္း ဝီကီက မြန္လိုလို၊ ထိုင္းလိုလို ဗမာစာနဲ႔စကား မဟုတ္ေပ။ အဓိပၸာယ္လုံးေကာက္မေရရာလို႔ လိုက္ ရွာၾကည့္ရာ ယေန႔အထိ လုံးေကာက္အဓိပၸာယ္မရ ႏိုင္ေသးတဲ့ တနသၤာရီပါတဲ့။
တနသၤာရီဟူေသာ လုံးေကာက္မရသည့္ ေဝါဟာရ
ဦးေမေအာင္က တနသၤာရီဟူေသာေဝါဟာ ရသည္ တနင္းႀသီဟူေသာ မြန္ဘာသာစကားမွေ႐ြ႕ လ်ားလာသည္ဟုေဖာ္ျပခဲ့သည္။ ေနာက္အယူအဆ တစ္ခုမွာ မြန္တို႔သည္ ၿမိတ္ကို တိန္းန္ ဟု ၿမိဳ႕အမည္ ကို ထိပ္မွေခၚဆိုေလ့ရွိသည္။ (ဥပမာ တိန္းန္ ဟမေစာ ဟံသာဝတီၿမိဳ႕၊ တိန္းန္မုပလိန္န္ ေမာ္လၿမိဳင္ ၿမိဳ႕)ဟု ၿမိဳ႕ကို တိန္းန္ဟု ေရွးမွေခၚေလ့ရွိသည္။ အရင္က ခရင္းေသဟု စတင္ေခၚဆိုရာမွ တရင္းေသ၊ ထိုမွ တိန္း သေရ) တနိန္းသေရ တနင္း သာေရ) တနသၤာရီဟု အဆင့္ဆင့္ ေျပာင္းလဲေခၚေဝၚ လာခဲ့ သည္ဟုယူဆၾကသည္။ တိန္းန္သေရ (မြန္၊ ပါဠိ) တိန္းန္မွာ ၿမိဳ႕၊ သေရ=သရီ၊ ဩီ=သီရိ= က်က္ သေရ ဟု ျမန္မာျပန္လွ်င္ က်က္သေရရွိေသာၿမိဳ႕ ဟု အဓိပၸာယ္ရသည္။ ဦးတင္လွက ၁၉၆၃ ခုႏွစ္ ျမန္မာႏိုင္ငံ သုေတသနေဆြးေႏြးပြဲ၌တင္သြင္းခဲ့ေသာ သူ၏စာတမ္း၌ ျမန္မာဘာသာစကားမ်ားအတြင္းသို႔ ေရာက္ရွိ ေနေသာ လူမ်ိဳးျခားတို႔၏စကားမ်ားတြင္ မေလး (ပသွ်ဴး)လူမ်ိဳးတို႔ (ေရာင္စုံပန္းမ်ား ပြင့္ရာေျမ) တာနာဆာရီ၊ တာနားသရိ၊ ထိုမွတစ္ဆင့္ တနသၤာရီကို ေခၚဆိုေၾကာင္း မြန္တို႔မွတစ္ဆင့္ ေရာက္ရွိ သြားေသာ စကားလုံးမ်ားျဖစ္ႏိုင္သည္ဟု ဆိုထားသည္။ ထိုင္းဘာသာစကားအရ ယိုးဒယားတို႔ ဝင္ ေရာက္လႊမ္းမိုးလာသည့္ေနာက္ပိုင္းတြင္မွ ယိုးဒယား တို႔က တနသၤာရီကို ထေနာင္စီ(ထေနာင္ဆီရီ-ထ ေနာင္သီရိ)ဟု အသံထြက္ေခၚေဝၚၾကၿပီး ေ႐ႊေပါရာ ေျမဟုအဓိပၸာယ္ရသည္။ ထို႔ျပင္ မေလးဘာသာ စကားအရ တာနာဆာရီ သို႔မဟုတ္ တာနားသရိ ေရာင္စုံပန္းမ်ား ဖူးပြင့္ရာေျမ သို႔မဟုတ္ သံပရာသီး ေပါရာေျမဟု အဓိပၸယ္ရသည္။ စာေရးသူ ယင္းလုံးေကာက္ကို မွန္ နန္းရာဇဝင္မွာလည္းမေတြ႕။ မြန္ စာေပ အဘိဓာန္မ်ားမွာလည္း မျမင္၊ ဗမာစာအထိပ္အေခါင္ ေက်ာ္ေအာင္စံ ထားဆရာေတာ္ရဲ႕ ေဝါဟာရ ရ႒ပကာသဏီမွာမျမင္ရ၊ (ေနျပည္ေတာ္ ေထာက္လွမ္းေရး)ေလာက္ဖ်ား ႀကီး၊ ေလာက္ဖ်ားေလး တို႔ အမည္ပါ မွန္နန္းဒုတိယတြဲမွာ စေတြ႕ရပါသည္။ ထိုင္းတို႔ရဲ႕သမိုင္းမွာကေတာ့ Tenasserim မူလ ၿဗိတိသွ် အသံထြက္ျဖစ္လာသလို ထိုင္းစာအရ Tanes ( တီးနက္ ) ‘တို႔ပိုင္တဲ့ေျမ Siam တစ္သားတည္းေလ’ တနသၤာရီပါတဲ့ခင္ဗ်ား။ ေနာက္ တိုက္ဆိုင္မႈတစ္ခုက (၂၀) ရာစုအလယ္မွာေပၚလာတဲ့ Service Integ ration and Management (SIAM)သည္ လုပ္ငန္းမ်ားစြာ၏ေပးသြင္းသူမ်ား အျပင္ IT ဝန္ေဆာင္မႈမ်ား ကိုစီမံခန႔္ခြဲရန္ ခ်ဥ္းကပ္မႈ တစ္ခုျဖစ္သည္။ သည္ေနရာမွာ ‘ လုပ္ငန္းမ်ားစြာ၏ ေပးသြင္းသူမ်ား’ တီးနက္ ဆီယင္ရဲ႕ပညတ္သြားရာ ဓာတ္သက္ပါတဲ့။ တရားဝင္ေရာ၊ တရားမဝင္ေရာ၊ လုပ္ငန္းႀကီးငယ္တို႔ ႀကီးစိုး ေနၿပီး ျပည္ေထာင္စု အခြန္ရေငြမွာ ထိပ္ဆုံးျဖစ္တဲ့၊ တနသၤာရီရဲ႕လွလိုက္တဲ့ ပကတိဘဝမ်ားကို ရႈၾကပါစို႔။
ေနာက္ခံသမိုင္း
ထားဝယ္ရာဇဝင္ေတာ္ႀကီးတြင္ သုဝဏၰဘူမိ သထုံျပည္ န႐ုတိမင္းသည္ တနသၤာရီၿမိဳ႕မွ ေလွ ပ်က္၍ ေရာက္လာၾကေသာ တနသၤာရီသားငါးေယာက္ တို႔ကို လမ္းျပေစလ်က္ သာသနာျပဳသက္ (၁၇) ခုႏွစ္ တြင္ ဒူကရတိုင္း၊ ေအာင္သာဝတီျပည္၊ ကလိန္ေအာင္ၿမိဳ႕ကို တည္ေထာင္သည္ဟု ေဖာ္ျပသည္။ ကလိန္ေအာင္ၿမိဳ႕မွ ဓမၼေသနမင္း၊ တနသၤာရီၿမိဳ႕မွ ေကာရမၻမင္း၊ နဂါးမင္းတို႔သည္ သာသနာႏွစ္(၂၃၈)ခုႏွစ္ တေပါင္းလျပည့္တြင္ ထားဝယ္ျမစ္ဝရွင္ ေမာ္ေတာင္၌ အံေတာ္ေစတီကိုတည္ၾကရာ ေကာရမၻမင္းသည္ ကနက္သီရိၿမိဳ႕ကိုတည္ေထာင္ၿပီး ေခတၱစိုးစံခဲ့ေလသည္ဟု ထားဝယ္ေက်ာ္မင္းက ေဖာ္ျပထားသည္။
တေကာင္းေခတ္မတိုင္မီ လြန္ခဲ့သည့္ႏွစ္ (၃၀ဝဝ)ခန႔္က ပ်ဴႏိုင္ငံရွိခဲ့သည္။ ပ်ဴမင္းေပါင္း (၁၃၉၃) ပါးရွိခဲ့ၿပီး ပ်ဴႏိုင္ငံလက္ေအာက္ခံျပည္ေထာင္ ေပါင္း (၂၈) ျပည္ေထာင္ဆီက (၁၂) ျပည္ေထာင္ရွိ သည္။ ယင္း၌ တနသၤာရီပါဝင္သည္ဟု ေဖာ္ျပၾကသည္။ ပ်ဴမင္းဆက္ တမၺဒီပပ်ဴမင္းေပါင္း(၁၉၀) တြင္ ေနာက္ ဆုံးမင္းဆက္ ကလာဗုမင္းကို ေျမမ်ိဳ၏။ ၿမိဳ႕ကိုလည္း သန္ လ်က္မိုး႐ြာ၏။ လူတို႔သည္ ဓညဝတီရခိုင္ သို႔ တစ္စု၊ ထားဝယ္သို႔တစ္စု၊ တနသၤာရီသို႔တစ္စု သုံးစုခြဲ၍ေရာက္ကုန္၏ဟု ေဖာ္ျပသည္။ ဤကား ေရွး ေဟာင္းရာဇဝင္ႀကီးမ်ား၏ အဆိုတည္း။ ေရွးေဟာင္း ပ်ဴေခတ္ေနာက္ပိုင္းတြင္လည္း တနသၤာရီ ေရွးေဟာင္းၿမိဳ႕ေတာ္ႏွင့္ဆက္ႏႊယ္မႈမ်ား ရွိခဲ့ေပသည္။ ပုဂံမင္းဆက္ေပါင္း(၅၅)ဆက္ ပုဂံသကၠရာဇ္ (၇၃၀)၊ ၿမိဳ႕သက္ (၁၂၆၁) ႏွစ္ရွိခဲ့ရာတြင္ သမုတိရာဇ္မင္းမွစ၍ ေရတြက္လွ်င္ စတုတၳပုဂံေခတ္ (၄၂) ဆက္ေျမာက္ အေနာ္ရထာမင္း(ေအဒီ ၁၀၄၄-၁၀၇၇) လက္ထက္ သထုံမွဆက္၍ တနသၤာရီ အထိ သိမ္းသြင္းၿပီး ႏိုင္ငံေတာ္အတြင္း သိန္းျပဳၿမိဳ႕မ်ား တည္ေထာင္ခဲ့သည္။
တည္ေနရာႏွင့္ အက်ယ္အဝန္း
တနသၤာရီတိုင္းေဒသႀကီးသည္ ဧရိယာ စုစုေပါင္း (၁၆၇၃၆) စတုရန္းမိုင္က်ယ္ဝန္းသည္။ ျမန္မာျပည္ေတာင္ပိုင္း တနသၤာရီကမ္းေျမာင္ ေဒသတြင္တည္ရွိၿပီး လူေနက်ဲပါးေသာေဒသလည္းျဖစ္ သည္။ ကပၸလီပင္လယ္၊ ထိုင္းႏိုင္ငံ၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔ျဖင့္ ဝန္းရံထားသည္။ ေျမာက္လတၱီ တြဒ္ (၉ ဒီဂရီ ၃၀မိနစ္ မွ ၁၅ ဒီဂရီ ၅မိနစ္) အတြင္း၊ အေရွ႕ ေလာင္ဂ်ီတြဒ္ (၉၇ ဒီဂရီ ၄၀မိနစ္ မွ ၉၉ ဒီဂရီ ၄၀မိနစ္)အတြင္း တည္ရွိသည္။
လူဦးေရ
တနသၤာရီတိုင္းေဒသႀကီး၏လူဦးေရမွာ (၂၀၁၄)ခုႏွစ္ သန္းေခါင္ စာရင္းအရ (၁၄၀၈၄၀၁) (၁.၄ သန္း)ျဖစ္သည္။
ေျမမ်က္ႏွာသြင္ျပင္
တနသၤာရီတိုင္းေဒသႀကီးသည္ ေတာင္ကုန္း၊ ေတာင္တန္း၊ ေတာင္စြယ္ေပါမ်ားၿပီး အေနာက္ ဘက္တြင္ ကပၸလီပင္လယ္ရွိ၍ အေရွ႕ဘက္၌ တနသၤာရီ ေတာင္တန္းႏွင့္ဆက္စပ္လ်က္ရွိေသာေၾကာင့္ ကမ္း႐ိုးတန္းလြင္ျပင္မွာ က်ဥ္းေျမာင္းသည္။ တနသၤာ ရီေတာင္တန္းသည္ ကမ္း႐ိုးတန္းႏွင့္အၿပိဳင္တည္ရွိ သည္။ ထားဝယ္ျမစ္ႏွင့္တနသၤာရီျမစ္တို႔၏ ေရေဝ ကုန္းတန္း (Water Sheet)အျဖစ္တည္ရွိၿပီး ထား ဝယ္ လြင္ျပင္ႏွင့္ ၿမိတ္လြင္ျပင္မွာ တိုင္းေဒသႀကီးအ တြင္း အျမင့္ေပ(၅၀)ေအာက္နိမ့္ဆင္းသြားေသာ လြင္ျပင္ မ်ားျဖစ္သည္။ တနသၤာရီတိုင္းေဒသႀကီးသည္ ကမ္းလြန္ျပင္၌ ကြၽန္းေပါင္း (၈၄၀)ကြၽန္းရွိၿပီး တနသၤာ ရီၿမိဳ႕နယ္ရွိ အင္းေတာ္ႀကီးအင္းမွာ ထင္ရွားၿပီး ေရတံခြန္ငယ္မ်ား ေရပူစမ္းမ်ား အေျမာက္အျမား ရွိသည္။
ရာသီဥတု
ပင္လယ္ႏွင့္နီးေသာေဒသျဖစ္၍ မိုးမ်ားၿပီး စြတ္စိုေသာ ရာသီဥတုရွိသည္။ အီေကြတာႏွင့္နီးေသာ ေဒသျဖစ္သည့္အတြက္လည္း အပူခ်ိန္ျမင့္သည္။ ပ်မ္းမွ်အပူခ်ိန္မွာ ၈၃ ဒီဂရီမွ ၇၈ ဒီဂရီဖာရင္ဟိုက္ အတြင္း ရွိသည္။ တစ္ႏွစ္လုံးနီးပါး မိုး႐ြာသြန္းသျဖင့္ မိုးေရခ်ိန္မွာ ၁၇၀ မွ ၂၁၀ လက္မအထိရွိသည္။ သည္ မိုးေရခ်ိန္ႀကီးကို တနသၤာရီရဲ႕အၿမဲစိမ္း ေရေဝေရလဲ ေတာႀကီးမ်ားက ေျမေအာက္သယံဇာတ မ်ားကို ပင္လယ္ထဲ မိုးေရနဲ႔စီးေမ်ာဆုံးရႈံးမသြားေစရန္ သဘာဝတရားႀကီးကထိန္းသိမ္းလာခဲ့သည္မွာ ႏွစ္ေပါင္း ေထာင္ခ်ီရွိခဲ့ပါေလၿပီ။
တနသၤာရီတိုင္းေဒသႀကီးအတြင္း၌ ဆီအုန္း ကုမၸဏီေပါင္း(၃၉) ခုျဖင့္ ဆီအုန္းစိုက္ဧကေပါင္း (၃၉၅၇၂၁) ဧက စိုက္ပ်ိဳးထားသလား၊ မူလက စိုက္ ဧကေပါင္း ဘယ္ေလာက္လ်ာထားခဲ့ပါသလဲ။ တနသၤာရီတိုင္းေဒသႀကီးအတြင္း၌ ဆီအုန္းကုမၸဏီေပါင္း (၃၉)ခုျဖင့္ ဆီအုန္းစိုက္ဧကေပါင္း (၃၉၅၇၂၁) ဧက စိုက္ပ်ိဳးထားေၾကာင္းတနသၤာရီတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။ မူလလ်ာထားခ်က္မွာ စိုက္ဧကေပါင္း ငါးသိန္း(၂၀ဝ၀ ျပည့္ႏွစ္) ဟုသိရပါသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္း ဆီအုန္း စိုက္ပ်ိဳးေအာင္ျမင္ႏိုင္သည့္ ေရ၊ ေျမ၊ ရာသီဥတု အ ေျခအေနအရ ျပည္တြင္းသာမက ျပည္ပကုမၸဏီမ်ားက ဆီအုန္းစိုက္ပ်ိဳးမႈအတြက္ လာေရာက္ ရင္းႏွီး ျမႇဳပ္ႏွံ လုပ္ကိုင္လ်က္ရွိၿပီး တနသၤာရီတိုင္းေဒသႀကီးတြင္ လြန္ခဲ့သည့္ ႏွစ္ေပါင္း(၃၀)ေက်ာ္ခန႔္မွ ဆီအုန္း စိုက္ ပ်ိဳးမႈစတင္ခဲ့ရာ ယခုအခါတိုင္းေဒသႀကီးတစ္ခုလုံး၌ ဆီအုန္းစိုက္ဧက (၄)သိန္းနီးပါးခန႔္စိုက္ပ်ိဳးထား ေၾကာင္းသိရသည္။ တခ်ိဳ႕ဆီအုန္းပင္မ်ားသက္တမ္း ကုန္သြားေလၿပီ။ ျပန္စိုက္ၾကရဲ႕လား။ ေမးခြန္းမ်ားေမးမိသည္။
‘၂၀၂၃-၂၀၂၄ ခုႏွစ္ ဧၿပီလမွ ဩဂုတ္လ အထိ ေကာက္ယူထားသည့္စာရင္းမ်ားအရဆိုရင္ တနသၤာရီ တိုင္းေဒသႀကီး အတြင္းမွာရွိတဲ့ ထားဝယ္ခ႐ိုင္၊ ၿမိတ္ခ႐ိုင္၊ ဘုတ္ျပင္းခ႐ိုင္ႏွင့္ ေကာ့ေသာင္း ခ႐ိုင္ စတဲ့ခ႐ိုင္ (၄)ခုမွာ ဆီအုန္းစိုက္ဧကေပါင္း (၃၉၅၇၂၁) ဧကရွိပါတယ္။ ဆီသီးခိုင္ခူးႏိုင္တဲ့ဧက (၁၈၃၃၂၁) ဧကရွိတယ္။ တစ္ဧကအထြက္ႏႈန္းကေတာ့ (၂ ဒသမ ၇၄)တန္ ထြက္ရွိပါတယ္။ စုစုေပါင္း ဆီသီးခိုင္ထြက္ ရွိမႈကေတာ့ (၅၀၂၈၂၅)တန္ထြက္ရွိပါတယ္’ ဟု တနသၤာရီတိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္း၌ ဆီအုန္းစိုက္ပ်ိဳးသည့္ကုမၸဏီေပါင္း (၃၉)ခုႏွင့္ ပုဂၢလိ ကၿခံရွင္ (၄၀) နီးပါးခန႔္ရွိၿပီး ထြက္ရွိလာသည့္ ဆီသီး ခိုင္အမ်ားစုကို ဘုတ္ျပင္းခ႐ိုင္ႏွင့္ ေကာ့ေသာင္း ခ႐ိုင္ အတြင္းရွိ ဆီၾကမ္းစက္မ်ားသို႔ သြားေရာက္ေရာင္း ခ်ရသျဖင့္ အေလအလြင့္မ်ားႏွင့္ ကုန္က်မႈစရိတ္ စက မ်ားျပားေၾကာင္းႏွင့္ ယခုလက္ရွိတြင္ ဆီသီးခိုင္ေဈးႏႈန္းမွာ တစ္တန္လွ်င္ ေငြက်ပ္ (၃၃၀ဝဝဝ)ခန႔္ ေပါက္ ေဈးရွိေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ဆီသီးခိုင္ တန္ ငါးေသာင္းကို တန္ဖိုးသင့္ပါက က်ပ္သန္း ေပါင္း တစ္သိန္းေျခာက္ေသာင္းငါးေထာင္ဖိုး ထြက္ေနပါေၾကာင္း ႏွင့္အေမရိကန္ေဒၚလာ (၈.၂)သန္းဖိုးခန႔္ ႏွစ္စဥ္ ထြက္ေနပါသည္။
ႏွစ္ေပါင္း(၃၀)မွာ ဘာေၾကာင့္အထြက္ နည္းသလဲ။ ကြၽန္ေတာ္တို႔ ေမးခြန္းထုတ္သင့္သည္။ ဘာေၾကာင့္ သည္ေန႔အထိ ႏွစ္ေပါင္း (၃၀)နီးပါး ေနာက္က်ေနသနည္း။
“ ကြၽန္ေတာ္တို႔ၿခံကထြက္ရွိတဲ့ ဆီသီးခိုင္ေတြကို ေတာင္ဒဂုံစက္႐ုံမွာ သြားေရာက္ေရာင္းခ်ေန ရတယ္။ ဆီအုန္းစိုက္ပ်ိဳးမႈက ယခုလက္ရွိမွာ တြက္ေျခကိုက္ေသာ္လည္း ထြက္ရွိလာတဲ့ ဆီသီးခိုင္ေတြ သြားေရာက္ေရာင္းခ်ရတာေဝးေတာ့ စရိတ္ကုန္က်မႈနဲ႔ အေလအလြင့္ေတြရွိပါတယ္။ ၿမိတ္ခ႐ိုင္အတြင္း မွာသာ ဆီၾကမ္းနဲ႔ဆီေခ်ာစက္႐ုံေတြသာရွိမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ၿခံရွင္ေတြအတြက္ ပိုၿပီး အဆင္ ေျပလာႏိုင္သလို စိုက္ပ်ိဳးသူေတြအေနနဲ႔ ဆီသီးခိုင္အ ထြက္ေကာင္းဖို႔ ႀကိဳးစားေဆာင္႐ြက္လာမယ္။ အေလ အလြင့္မရွိ စက္႐ုံမ်ားကို အခ်ိန္တိုအတြင္းပို႔ေဆာင္ႏိုင္ရင္ စရိတ္စ ကသက္သာလာၿပီး ဝင္ေငြလည္း တိုးပြားလာႏိုင္ပါတယ္”ဟု ၿမိတ္ၿမိဳ႕နယ္အတြင္း ဆီအုန္း စိုက္ပ်ိဳးလုပ္ကိုင္ေနသူတစ္ဦးက ေျပာၾကားသည္။
ေဒသခံေတာင္သူမ်ားႏွင့္ ကုမၸဏီမ်ားမွ ဆီအုန္းစိုက္ပ်ိဳးေရးလုပ္ငန္းကို ထိထိေရာက္ေရာက္ စိုက္ပ်ိဳးလုပ္ကိုင္ပါက ဆီအုန္းစတင္စိုက္ပ်ိဳးသည့္ အခ်ိန္ကေန (၅)ႏွစ္ေလာက္ၾကာလာသည့္အခါတြင္ စီး ပြားျဖစ္ဆြတ္ခူးႏိုင္မွာျဖစ္ၿပီး ေနာက္ထပ္ (၃)ႏွစ္ ကာလအၾကာတြင္ အရင္းေက်ကာလတစ္ခုကို ေရာက္ရွိလာသည့္အျပင္ ေနာက္ထပ္ႏွစ္ေပါင္း (၂၀)ေက်ာ္ၾကာသည္အထိ ဆီသီးခိုင္မ်ား ထုတ္လုပ္ႏိုင္ မည္ျဖစ္၍ ဝင္ေငြမ်ားလည္း ပိုမိုရရွိသြားမည့္လုပ္ငန္းတစ္ခု၊ စိုက္ပ်ိဳးေရးလုပ္ငန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းတြင္ ဆီၾကမ္းစက္႐ုံမ်ားတည္ရွိမႈမွာ ထားဝယ္ခ႐ိုင္တြင္ (၁)ခု၊ ၿမိတ္ခ႐ိုင္တြင္ (၁)ခု၊ ဘုတ္ျပင္းခ႐ိုင္တြင္ (၂)ခုႏွင့္ ေကာ့ေသာင္းခ႐ိုင္တြင္ (၂)ခု စုစုေပါင္း ဆီၾကမ္းစက္႐ုံ (၆)ခုရွိေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။
ျမန္မာႏိုင္ငံတြင္ ဆီအုန္းစိုက္ပ်ိဳးေအာင္ ျမင္ျဖစ္ထြန္းမႈတြင္ တနသၤာရီတိုင္းေဒသႀကီး တစ္ခု တည္းသာရွိေသာေၾကာင့္ ၿမိတ္ခ႐ိုင္၌ ဆီၾကမ္းစက္႐ုံ ႏွင့္ ဆီေခ်ာစက္႐ုံ၊ ေကာ့ေသာင္းခ႐ိုင္၌ ဆီေခ်ာ စက္ ႐ုံမ်ားျဖစ္ေပၚလာရန္ ကုမၸဏီမ်ားႏွင့္ ေဒသခံဆီအုန္း စိုက္ပ်ိဳးသူၿခံရွင္မ်ားကေမွ်ာ္လင့္ေနၾက ေၾကာင္းသိရသည္။ ႏိုင္ငံေတာ္အစိုးရက တစ္ႏွစ္ကို အေမရိကန္ ေဒၚလာ သန္း(၈၀ဝ) စားအုန္းဆီ တင္သြင္းႏိုင္ေနေသာ္လည္း အထက္ပါလိုအပ္ခ်က္စက္႐ုံမ်ားကို ဘာေၾကာင့္ မတည္ႏိုင္သလဲ သိခ်င္ၾကမည္ဟုထင္ျမင္မိပါသည္။
လႊစက္သံတညံညံ (Voice of Chain Saw) ေလညႇာ သစ္ေတာႀကိဳးဝိုင္းထဲကအသံ
(၂၀ဝ၅)ခုႏွစ္ ဇူလိုင္လ စာေရးသူ ဘုတ္ျပင္းၿမိဳ႕နယ္ ေလညႇာသစ္ေတာႀကိဳးဝိုင္းရဲ႕ျပည္ ေထာင္စုလမ္းမႀကီးနဲ႔ဟန္ကျပဳလမ္းဆုံမွ သတ္မွတ္ တိုင္းတာရမည့္ေနရာသို႔အသြား လမ္းတြင္းသို႔ သုံးမိုင္ ခန႔္ဝင္လိုက္သည္ႏွင့္ ဂ်ာမန္ STIEL Change Sawသံေတြညံေနတဲ့ေတာႀကီးထဲစဝင္မိပါေတာ့ သည္။ မိမိတို႔တြင္ ဟန္းဖုန္းမရွိ၊ ကင္မရာလည္းမပါ။ သည္ ေတာထဲဝင္ရဖို႔ရာ သက္ဆိုင္ရာလုံၿခဳံေရး အဖြဲ႕အစည္းက သတ္မွတ္ရက္ေပးလို႔သာ လာရပါသည္။ လုပ္ငန္းကေတာ့ ေနာက္ဆုံးေပၚ G.P.S ကြင္းဆင္းတိုင္း တာေရး အဖြဲ႕ကိုဦး ေဆာင္ေခၚလာသည့္ တာဝန္ပါ တည္း။ နံနက္အေစာႀကီးထည္းကထ မႈန္ရီဝိုးတဝါးမွာ ဆိုင္ကယ္သုံးစီးနဲ႔ လူေျခာက္ေယာက္သက္ဆိုင္သည့္ ဝန္စည္စလယ္ ကရိယာေတြ ကလည္းပါနဲ႔ ေတာတိုးခဲ့ၾကပါေတာ့သည္။
ေရွ႕ေျပးအဖြဲ႕ကမိတ္ဆက္ထားလို႔သာ သြားရသည္။ သည္ေတာသည္ေတာင္မ်ားကို ေတာကြၽမ္း သည္ဟုထင္ရေသာ ဘုတ္ျပင္းသစ္ေတာ႐ုံးကေတာအုပ္ႀကီးကလည္း မနက္တိုင္း လက္ဖက္ရည္ဆိုင္နဲ႔ ညေနပိုင္းေဒါင္ဆိုင္မွာသာဆုံရၿပီး သူ႔အေျပာအရဆိုရင္ သည္ေတာထဲ ကြၽန္ေတာ္နက္နက္မဝင္မသြား ဖူးဘူး၊ ဆရာတို႔တဲ...တစ္နည္း ကြၽန္ေတာ္ ေတာမကြၽမ္းပါဘူးဟု ထားဝယ္သံနဲ႔ေျပာဖူးပါသည္။ သူ႔ေခၚ မရပါ။
ေလညႇာသစ္ေတာႀကိဳးဝိုင္းႀကီးသို႔ ဝင္ေပါက္ ဟန္ကျပဳခြင္သည္ အေရွ႕ဘက္သို႔ေတာင္ ႏွစ္လုံး ေက်ာ္ရင္ ထိုင္းနယ္စပ္သို႔ေရာက္ၿပီး ၾကားတြင္ နင္းမိုင္းမ်ားကို လုံၿခဳံေရးအရခ်ခင္းထားသည္မွာ ၾကာခဲ့ ၿပီ။ ေတာလမ္းအရလည္း ဘယ္ေတာ့မွ ရာသီမေ႐ြး လမ္းမျဖစ္ေစရ။ ေႏြလမ္းသက္သက္ (၃၇)မိုင္ခန႔္သာ ရွည္လ်ား၏။
ေနာက္ပိုင္း သိရတာကေတာ့ ထိုတာဝန္ရွိသူတို႔သည္ အဖြဲ႕စုံစုံ၊ မစုံစုံ အလႉခံရမည့္ေနရာ ဗ်ိဳင္း ေစာင့္သည့္ ကတြက္ေပါက္မ်ားကိုသိသည္။ ထိုေနရာမ်ားကသာ အေမာလုံလုံႏွင့္ေစာင့္ေတာ့၏။ ဘယ္ ေတာ၊ ဘယ္နား မိုင္းကြင္းမ်ားဟု သိေနလို႔ေၾကာက္ၾကသတဲ့။ အထူးသျဖင့္ သက္ဆိုင္ရာ ေဒသဆိုင္ရာ ကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ကမသိဘဲ မည္သည့္ဝန္ထမ္းမွ ေတာဝင္ခြင့္မရပါ။ ဥပေဒက မည္သို႔ပင္ဆိုေစကာမူ မိမိတို႔ဌာနသေဘာနဲ႔ဝင္သြားၿပီး တစ္စုံတစ္ခုျဖစ္ပါက၊ ေဖာင္ႀကီးသင္တန္းသားဘဝက စကားတစ္လုံးကို သူတို႔ ေျမဝယ္မက်နားေထာင္ေလ့ရွိသတဲ့။ အဲဒီစကားလုံးကေတာ့ “ ဘာမွမျဖစ္ရင္..ဘာမွမျဖစ္ဘူး” ေလ ဆရာတဲ့။
နာရီဝက္ခန႔္လမ္းေလွ်ာက္ရင္ပဲ ေဘးဘီ နားကခ်ဳံေတာသာသာေလးမ်ားနဲ႔ အထဲနည္းနည္း ေရာက္ေတာ့ မ်က္စိတစ္ဆုံး ဆီအုန္းေတာႀကီးမ်ား ေတြ႕ရမည္။ ဆီအုန္းေတာထဲကေန မည္းမည္း ေမွာင္ေမွာင္နဲ႔ မနည္း G.P.S တိုင္းရမည္ထင္ထားသည္မွာ အထင္နဲ႔အျမင္ တက္တက္စင္လြဲပါေတာ့ သည္။ လမ္းျပခဏငွားထားသည့္ မုဆိုးစစ္ျပန္ႀကီး ဦးဝင္းကလည္း ဆရာ အေပၚသိပ္မေမာ့နဲ႔ ေအာက္ ႐ႊံ႕သာသတိထား စြပ္ဖားေတြ ဆြဲထားလို႔ ဂ်ပန္မပါးလို ေျပာင္ေခ်ာေနေသာ႐ႊံ႕နီျပင္ကိုသာၾကည့္ေစသည္။ လမ္းမႀကီးကဝင္ဝင္ခ်င္း ဘယ္သူ႔လက္ကက်ခဲ့သည့္ အေစ့ကေပါက္ေနလဲ သို႔မဟုတ္ ကားေပၚက က် က်န္ခဲ့ သလားမသိရသည့္ ဆီသီးခိုင္မရွိသည့္ ဆီအုန္းတစ္ ပင္သာေတြ႕ရပါသည္။ ေတာတြင္းအေသး စိတ္မ်ားကို ေနာက္အပိုင္းမ်ားတြင္႐ုပ္ရွင္ၾကည့္ရသလို ႐ူပက အလကၤာေျမာက္တင္ျပပါမည္။ စစခ်င္း Chain Saw စက္လႊသံမ်ားသည္ သည္ေနရာကေန တစ္မိုင္ပတ္ လည္တြင္းၾကားေနရသကိုး။ တစ္ဖြဲ႕တြင္ လူ (၂၀)ခန႔္ ပါသည္။ မဟာေတာေဖ်ာက္၊ ေတာင္ေပ်ာက္အဖြဲ႕ႏွင့္ တိုးပါေတာ့သည္။ ေတြ႕ေတြ႕ခ်င္း လုံၿခဳံေရး အျမင္ရွိသည္။ လမ္းျပႀကီးကိုႏႈတ္ဆက္ လမ္းျပႀကီးကလည္း ျပန္ႏႈတ္ဆက္နဲ႔ ကြၽန္ေတာ္တို႔ အေသြအေမြးေတြကလည္း Fokker 28 Je အေပၚက တိုက္႐ိုက္ဆင္းလာသည့္ စတုတၱမ႑ိဳင္ ႐ုပ္ေပါက္ေနသကိုး။ လက္ထဲက G.P.S ကိုဟန္းဖုန္းထင္ၾက၏။
သူတို႔တြင္ထူးျခားသည္က ထိုစဥ္က ျမန္ မာႏိုင္ငံအရပ္ရပ္က သစ္ေတာ႐ုကၡစိုးမင္းတို႔လက္မခံသည့္ (၆) ေပခန႔္ရွိသည့္ ဂ်ာမန္ STIEL Change Saw ႀကီးေတြကို မျမင္မေတာ္ ဆိတ္ေတာ္နဲ႔ခေလာက္ လို ကြၽန္ေတာ္တို႔ ျပဴးတူးၿပဲတဲၾကည့္မိေနျခင္းပါေပ။သာမန္ (၂) ေပထက္မရွည္သည့္စက္လႊမ်ားကို မိမိတို႔ ၿမိဳ႕နယ္စည္ပင္ကကိုင္သည္ကို မိုးႀကိဳးပစ္လို႔ လဲသြားသည့္သစ္ပင္မ်ား ရွင္းစဥ္ကသာေတြ႕ဖူးပါ သည္။ ႐ုတ္တရက္ ကြၽန္ေတာ့္အဖြဲ႕သား ကိုထြန္းသန္းက ဆရာသည္ေနရာကေန စတင္မွတ္ဖို႔ Real-time kinematic positioning (RTK) စလုပ္ေတာ့ မည္ဆရာတဲ့။ သူတို႔ခုတ္ေနတာ ကြၽန္ေတာ္တို႔စမွတ္ ဖို႔အတိအက်ပဲတဲ့၊ ကြၽန္ေတာ္တို႔ပစၥည္းကိရိယာ မ်ားကို သူတို႔က ကင္မရာမဟုတ္မွန္း သိခ်ိန္ကစၿပီး လွည့္မၾကည့္ပါ၊ သို႔ေသာ္ ကင္မရာထက္ပိုဆိုးၿပီး တစ္သက္တာေဒတာေဘ့စ္ထဲေရာက္မည္ကိုေတာ့ သိမည္မထင္ပါ။
ဆရာ သည္ေနရာက သစ္ပင္ထူလြန္းေတာ့ ေရွ႕ကိုက္ငါးရာေလာက္က ကြက္လပ္သစ္ကြင္းႀကီး ထဲကေန စတိုင္းရင္ရမယ္ဆရာလို႔ေျပာေတာ့မွ သူလက္ညိဳးၫႊန္ရာၾကည့္ေတာ့မွ လားလား အလယ္ ႐ိုးမ ေက်ာက္တံခါးခြင္ထဲမွာျမင္ခဲ့ရေသာ Loader (သစ္လုံးညႇပ္မစက္ႀကီးေတြ) သုံးစီးကို သတိထားမိ လိုက္ၿပီး၊ ကြၽန္ေတာ္မျမင္မိျခင္းမွာလည္း ထိုျမင္ ကြင္းကိုျမင္ဖို႔ သူက လူေျခာက္ဖက္စာ(ခန႔္မွန္း)ရွိ သည့္ သစ္ပင္ငုတ္ႀကီးေပၚကေန တက္ၿပီးျမင္ရသည္ကို ေျပာတာပါ။ သစ္ပင္ငုတ္ႀကီးကေတာ့ ေမႊးႀကိဳင္ေန သည့္ ကညင္ပင္ငုတ္ႀကီးျဖစ္ၿပီး အေစးမ်ားထြက္ေနဆဲပါ။ ခဏေနေတာ့ ထိုေျမကြပ္လပ္ႀကီးေပၚက အႀကီးဆုံးဟုထင္ရသည့္လူေျခာက္ဖက္စာကညင္တုံးႀကီးေဘးေရာက္ပါေတာ့သည္။ ထိုကညင္ပင္ႀကီး သည္ စာေရးသူ လမ္းတြင္ Mother of Forest ဟုေရးထား ၿပီး သစ္ေတာက တစ္ခ်ိန္မွာ သည္လို သစ္ပင္ႀကီးမ်ား ေတာႀကီးထဲ အစီအရီ ႁပြတ္သိပ္က်ပ္ေပါက္သည့္ ကညင္ျဖဴမ်ိဳးတည္း၊ စာေရးသူ မ်က္ျမင္ အရဆိုရင္ ကြၽန္ေတာ္တို႔အဖြဲ႕ထဲမွာ အရပ္အရွည္ဆုံး (၆)ေပခန႔္ရွိ သည့္ လမ္းျပႀကီးဦးဝင္းကို တုံးလုံးလွဲထားသည့္ ကညင္ျဖဴပင္ႀကီးရဲ႕ လုံးပတ္ကကြယ္ေနသျဖင့္ မျမင္ႏိုင္ျခင္းပါ။ မ်က္ျမင္ျဖင့္ ကန္လန႔္ ျဖတ္လုံးပတ္အျမင့္ ခုနစ္ေပနီးပါးရွိေနပါသည္။