ပိုလန်ဝန်ကြီးချုပ်က Nord Stream ပိုက်လိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြရန် တိုက်တွန်း

 896

ALynn (NP News) - ဩဂုတ် ၁၉

ပိုလန်ဝန်ကြီးချုပ် Donald Tusk က Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကို "အသံတိတ်နေကြရန်" တိုက်တွန်းထားပြီး ဂျာမနီရှိ ထောက်လှမ်းရေး သတင်းရင်းမြစ်များက Nord Stream ပိုက်လိုင်းများကို ပိုလန်-ယူကရိန်းတို့ ပူးပေါင်းကြံစည်၍ ဖျက်ဆီးထားသည်ဟု ထောက်ပြထားသည်။

ဂျာမနီနိုင်ငံပိုင်မီဒီယာ၏အဆိုအရ ဘာလင်ရှိ အစိုးရရှေ့နေများသည် ပိုက်လိုင်းများဖျက်ဆီးမှုနှင့် ပတ်သက်၍ ‘Vladimir Z’ ဟုလူသိများသော ယူကရိန်းနိုင်ငံသားတစ်ဦးအား ဇွန်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ Vladimir Z သည် ပိုလန်တွင် ရွက်လှေငှားကာ ဒိန်းမတ်နိုင်ငံ Bornholm ကျွန်းအနီး ဘောလ်တစ်ပင်လယ်ရှိ နေရာတစ်ခုသို့ ရွက်လွှင့်ပြီး Nord Stream 1 နှင့် Nord Stream 2 ပိုက်လိုင်းများတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်ခဲ့သည်ဟု စွပ်စွဲထားသည်။

ဂျာမန်စုံစမ်းစစ်ဆေးရေးမှူးများသည် သံသယရှိသူမပျောက်ဆုံးမီ ၎င်းအားရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ဝါဆောမြို့အနောက်ဘက်အရပ်သို့ ခြေရာခံခဲ့ပြီး ပိုလန်နိုင်ငံသားများအား ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျာမန်နိုင်ငံပိုင် ARD သတင်းဌာနက ဖော်ပြခဲ့သည်။ ARD အရ အီးယူနိုင်ငံအချင်းချင်းကြား စည်းမျဥ်းစည်းကမ်းများ ရှိနေသော်လည်း ဘာလင်၏ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုချက်ကို ပိုလန်က တုံ့ပြန်ရန် ပျက်ကွက်ခဲ့သည်။ ကြာသပတေးနေ့တွင် Die Welt နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျာမနီနိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီ၏ ဥက္ကဟောင်း August Hanning က ပိုလန်သည် ဓာတ်ငွေ့ပိုက်လိုင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။

Tusk ဝန်ကြီးချုပ်မဖြစ်မီ တစ်နှစ်ကျော်အလို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Nord Stream ပိုက်လိုင်းများ ဖျက်ဆီးခံခဲ့ရသည်။ ပိုက်လိုင်းများကို ယူကရိန်းအဖျက်သမားများက ဖျက်ဆီးသည်ဟု ဂျာမန်စုံစမ်းရေးမှူးများက ဖော်ပြနေသော်လည်း အမေရိကန် သတင်းထောက် Seymour Hersh ၏ ဖော်ပြချက်အရ CIA မှာ တာဝန်ရှိသည်ဟု ဆိုသည်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းအတွင်းမှ သတင်းရင်းမြစ်များကို ကိုးကား၍ Hersh သည် နော်ဝေရေတပ်နှင့်အတူ လက်တွဲလုပ်ဆောင်နေသော CIA ရေငုပ်သမားများသည် ဒေသတွင်း နေတိုးလေ့ကျင့်ခန်းကို ဟန်ပြလုပ်ကာ ပြီးခဲ့သောနွေရာသီတွင် ဗုံးများကို လမ်းကြောင်းများပေါ်တွင် ဖြန့်ဖြူးခဲ့ကြောင်း ဖော်ပြခဲ့သည်။

CIA စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ရုရှားနှင့် ဂျာမနီအကြား ဓာတ်ငွေ့ချိတ် ဆက်မှုများကို ဖြတ်တောက်ရန်ဖြစ်ပြီး မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားကာ ဘာလင်သို့ ဓာတ်ငွေ့များပေးပို့ခြင်းတို့ကို ပြန်လည်လုပ်ဆောင်ရန်ဖြစ်သည်ဟု Hersh ၏ သတင်းများက ဖော်ပြနေသည်။

zawgyi version
ပိုလန္ဝန္ႀကီးခ်ဳပ္က Nord Stream ပိုက္လိုင္းေပါက္ကြဲမႈႏွင့္ပတ္သက္၍ ႏႈတ္ဆိတ္ေနၾကရန္ တိုက္တြန္း
ALynn (NP News) - ဩဂုတ္ ၁၉

ပိုလန္ဝန္ႀကီးခ်ဳပ္ Donald Tusk က Nord Stream ဓာတ္ေငြ႕ပိုက္လိုင္းမ်ား ေပါက္ကြဲျခင္းႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားကို "အသံတိတ္ေနၾကရန္" တိုက္တြန္းထားၿပီး ဂ်ာမနီရွိ ေထာက္လွမ္းေရး သတင္းရင္းျမစ္မ်ားက Nord Stream ပိုက္လိုင္းမ်ားကို ပိုလန္-ယူကရိန္းတို႔ ပူးေပါင္းႀကံစည္၍ ဖ်က္ဆီးထားသည္ဟု ေထာက္ျပထားသည္။

ဂ်ာမနီႏိုင္ငံပိုင္မီဒီယာ၏အဆိုအရ ဘာလင္ရွိ အစိုးရေရွ႕ေနမ်ားသည္ ပိုက္လိုင္းမ်ားဖ်က္ဆီးမႈႏွင့္ ပတ္သက္၍ ‘Vladimir Z’ ဟုလူသိမ်ားေသာ ယူကရိန္းႏိုင္ငံသားတစ္ဦးအား ဇြန္လတြင္ ဖမ္းဝရမ္းထုတ္ခဲ့သည္။ Vladimir Z သည္ ပိုလန္တြင္ ႐ြက္ေလွငွားကာ ဒိန္းမတ္ႏိုင္ငံ Bornholm ကြၽန္းအနီး ေဘာလ္တစ္ပင္လယ္ရွိ ေနရာတစ္ခုသို႔ ႐ြက္လႊင့္ၿပီး Nord Stream 1 ႏွင့္ Nord Stream 2 ပိုက္လိုင္းမ်ားတြင္ ေဖာက္ခြဲေရးပစၥည္းမ်ား ထည့္ခဲ့သည္ဟု စြပ္စြဲထားသည္။

ဂ်ာမန္စုံစမ္းစစ္ေဆးေရးမႉးမ်ားသည္ သံသယရွိသူမေပ်ာက္ဆုံးမီ ၎အားရွာေဖြေတြ႕ရွိရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ဝါေဆာၿမိဳ႕အေနာက္ဘက္အရပ္သို႔ ေျခရာခံခဲ့ၿပီး ပိုလန္ႏိုင္ငံသားမ်ားအား ပူးေပါင္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ဂ်ာမန္ႏိုင္ငံပိုင္ ARD သတင္းဌာနက ေဖာ္ျပခဲ့သည္။ ARD အရ အီးယူႏိုင္ငံအခ်င္းခ်င္းၾကား စည္းမ်ဥ္းစည္းကမ္းမ်ား ရွိေနေသာ္လည္း ဘာလင္၏ ပူးေပါင္းေဆာင္႐ြက္မႈအတြက္ ေတာင္းဆိုခ်က္ကို ပိုလန္က တုံ႔ျပန္ရန္ ပ်က္ကြက္ခဲ့သည္။ ၾကာသပေတးေန႔တြင္ Die Welt ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ဂ်ာမနီႏိုင္ငံျခားေထာက္လွမ္းေရး ေအဂ်င္စီ၏ ဥကၠေဟာင္း August Hanning က ပိုလန္သည္ ဓာတ္ေငြ႕ပိုက္လိုင္းတိုက္ခိုက္မႈတြင္ ပါဝင္ပတ္သက္ႏိုင္ဖြယ္ရွိေၾကာင္း အခိုင္အမာေျပာၾကားခဲ့သည္။

Tusk ဝန္ႀကီးခ်ဳပ္မျဖစ္မီ တစ္ႏွစ္ေက်ာ္အလို ၂၀၂၂ ခုႏွစ္ စက္တင္ဘာလတြင္ Nord Stream ပိုက္လိုင္းမ်ား ဖ်က္ဆီးခံခဲ့ရသည္။ ပိုက္လိုင္းမ်ားကို ယူကရိန္းအဖ်က္သမားမ်ားက ဖ်က္ဆီးသည္ဟု ဂ်ာမန္စုံစမ္းေရးမႉးမ်ားက ေဖာ္ျပေနေသာ္လည္း အေမရိကန္ သတင္းေထာက္ Seymour Hersh ၏ ေဖာ္ျပခ်က္အရ CIA မွာ တာဝန္ရွိသည္ဟု ဆိုသည္။ ေထာက္လွမ္းေရး အသိုင္းအဝိုင္းအတြင္းမွ သတင္းရင္းျမစ္မ်ားကို ကိုးကား၍ Hersh သည္ ေနာ္ေဝေရတပ္ႏွင့္အတူ လက္တြဲလုပ္ေဆာင္ေနေသာ CIA ေရငုပ္သမားမ်ားသည္ ေဒသတြင္း ေနတိုးေလ့က်င့္ခန္းကို ဟန္ျပလုပ္ကာ ၿပီးခဲ့ေသာေႏြရာသီတြင္ ဗုံးမ်ားကို လမ္းေၾကာင္းမ်ားေပၚတြင္ ျဖန႔္ျဖဴးခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။

CIA စစ္ဆင္ေရး၏ ရည္႐ြယ္ခ်က္မွာ ႐ုရွားႏွင့္ ဂ်ာမနီအၾကား ဓာတ္ေငြ႕ခ်ိတ္ ဆက္မႈမ်ားကို ျဖတ္ေတာက္ရန္ျဖစ္ၿပီး ေမာ္စကိုအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားကို ဖယ္ရွားကာ ဘာလင္သို႔ ဓာတ္ေငြ႕မ်ားေပးပို႔ျခင္းတို႔ကို ျပန္လည္လုပ္ေဆာင္ရန္ျဖစ္သည္ဟု Hersh ၏ သတင္းမ်ားက ေဖာ္ျပေနသည္။

Related news

© 2021. All rights reserved.