လွိုင်ကော် ပြန်လည်ထူထောင်ရေးအောင်မြင်နေပြီး စစ်ဘေးရှောင်မြို့ခံအများအပြား ပြန်လည်ဝင်ရောက်နေ

 4202

သန့်ဇင် (NP News) - ဩဂုတ် ၂၁

ကယားပြည်နယ်၏မြို့တော်ဖြစ်သော လွိုင်ကော်မြို့၏ ပြန်လည် ထူထောင်ရေးမှာအောင်မြင်နေပြီး စစ်ဘေးရှောင်သွားသော မြို့ခံအများအ ပြား ပြန်လည်ဝင်ရောက်နေကြကြောင်း ဒေသခံများထံ NP News က ဆက်သွယ် မေးမြန်းထားချက်အရ သိရသည်။

KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃)ခုနှစ် နိုဝင်ဘာ လ(၁၁)ရက်တွင် (၁.၁.၁.၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြသည်။ ယင်းကဲ့သို့ ဖော်ဆောင်သည့် တိုက်ပွဲများကြောင့် တပ်မတော် နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။

ထို့နောက် တိုက်ပွဲဖြစ်ပွားပြီး လပိုင်းအကြာတွင် တပ်မတော်ဘက်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ် ရေးယန္တရားများသည်လည်း လက်ရှိတွင်ပြန်လည် လည်ပတ်နေလျက်ရှိကြောင်း သိရသည်။ KNDF နှင့် PDF ပူးပေါင်းအဖွဲ့တို့ ဖော်ဆောင်လာခဲ့သည့် (၁.၁.၁.၁) စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်မြို့၏ (၇၀)ရာခိုင်နှုန်းခန့်သည် တိုက်ပွဲများကြောင့် ပျက်စီးထိခိုက်ခဲ့ရပြီး ဒေသခံ စစ်ဘေးရှောင် ပြည်သူလူထုသည်လည်း လက်ရှိအ ချိန်အထိနေရပ်သို့ အလုံးစုံပြန်လည်အခြေချနိုင်ခြင်း မရှိသေးသော်လည်း မြို့ခံအများစုနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအချို့မှာပြန်လည် ဝင်ရောက်နေထိုင်ပြီဖြစ်ကြောင်း သိရသည်။

"လွိုင်ကော်မြို့က ပြန်လည်ထူထောင်ရေး လုပ်ပြီးတော့ တော်တော်များများလည်း ပြန်ရောက်နေပြီ။ လွိုင်ကော်မြို့ဈေးမှာလည်း လူစည်နေပါပြီ။ ဈေးကတော့ ယာယီဈေးပုံစံမျိုးဖွင့်ထားတာပေါ့။ မြို့ ပေါ်ရပ်ကွက် တော်တော်များများမှာ လူတွေပြန်နေပြီ ပေါ့။ မြို့ရဲ့ဆက်သွယ်ရေး၊ လျှပ်စစ် မီး နဲ့ ရေပေးဝေ ရေးတို့ကလည်း ပုံမှန်တိုင်းတော့ ပြန်ဖြစ်နေပါပြီ"ဟု လွိုင်ကော်မြို့ခံတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်ဘေးကြောင့် တိမ်းရှောင်သွားသော မြို့ခံများပြန်လည်ဝင်နေသော်လည်း လွိုင်ကော်တက္ကသိုလ်အနီးရှိ ရပ်ကွက်အချို့တွင် KNDF ပူးပေါင်းအဖွဲ့က ထောင်သွားခဲ့သည့် မြေမြှုပ်မိုင်းများရှိနေသောကြောင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် မပြုသေးကြောင်း သိရသည်။

"မြို့ကရပ်ကွက်တချို့တော့ ပြန်နေကြတယ်။ တက္ကသိုလ်နားက ဒေါဥခူတို့၊ နာနတ်တောတို့ ဘက်ကိုတော့ပြန်ဝင်ခွင့်မပြုသေးဘူး သိရတယ်။ ဘာ လို့ဆို အဲဒီဘက်မှာလည်း ဟိုကောင်တွေရှိတုန်းက ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေရှိနေတော့ ပြန်ဝင်ရင် မိုင်းမတော်တဆမှုတွေဖြစ်မှာကြောင့်လည်း ပြန်ဝင် ခွင့်မပေးသေးတာဖြစ်မယ်။ မြို့ပေါ်ကမှာတော့ သွားရေးလာရေး ပုံမှန်အတိုင်းရှိတယ်။ တခြားမြို့အဝင်အထွက်လမ်းတွေလည်း အဆင်ပြေပြေသွားနေကြတာရှိတယ်။ လွိုင်ကော်ကို ရှမ်းမြောက်က စစ်ဘေးရှောင်တွေတောင် လာရှောင်လို့ရတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

လွိုင်ကော်မြို့တွင် KNDF ပူးပေါင်းအဖွဲ့က ဖော်ဆောင်သည့် မြို့သိမ်း တိုက်ပွဲကြောင့် အရပ်သား ပြည်သူလူထု၏ နေအိမ်များစွာအပါအဝင် ဌာနဆိုင်ရာရုံးအချို့သည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် လက်ရှိပြန်လည်ထူထောင်ရေး ကာလတွင် ဌာနဆိုင်ရာရုံးအချို့ကို ပြန်လည်ပြုပြင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
လြိဳင္ေကာ္ ျပန္လည္ထူေထာင္ေရးေအာင္ျမင္ေနၿပီး စစ္ေဘးေရွာင္ၿမိဳ႕ခံအမ်ားအျပား ျပန္လည္ဝင္ေရာက္ေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၂၁

ကယားျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ လြိဳင္ေကာ္ၿမိဳ႕၏ ျပန္လည္ ထူေထာင္ေရးမွာေအာင္ျမင္ေနၿပီး စစ္ေဘးေရွာင္သြားေသာ ၿမိဳ႕ခံအမ်ားအ ျပား ျပန္လည္ဝင္ေရာက္ေနၾကေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ ေမးျမန္းထားခ်က္အရ သိရသည္။

KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာ လ(၁၁)ရက္တြင္ (၁.၁.၁.၁) စစ္ဆင္ေရးအမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ေပၚတြင္ ၿမိဳ႕သိမ္းတိုက္ပြဲကို ေဖာ္ေဆာင္ခဲ့ၾကသည္။ ယင္းကဲ့သို႔ ေဖာ္ေဆာင္သည့္ တိုက္ပြဲမ်ားေၾကာင့္ တပ္မေတာ္ ႏွင့္ KNDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ျပည္နယ္အစိုးရအဖြဲ႕၏ ဌာနဆိုင္ရာ႐ုံးမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ဝန္ထမ္းမ်ားသည္လည္း ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္မႈမ်ားရွိခဲ့သည္။

ထို႔ေနာက္ တိုက္ပြဲျဖစ္ပြားၿပီး လပိုင္းအၾကာတြင္ တပ္မေတာ္ဘက္က လြိဳင္ေကာ္ၿမိဳ႕ကို ျပန္လည္ထိန္း ခ်ဳပ္ႏိုင္ခဲ့ၿပီး ကယားျပည္နယ္အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္ ေရးယႏၲရားမ်ားသည္လည္း လက္ရွိတြင္ျပန္လည္ လည္ပတ္ေနလ်က္ရွိေၾကာင္း သိရသည္။ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔ ေဖာ္ေဆာင္လာခဲ့သည့္ (၁.၁.၁.၁) စစ္ဆင္ေရးကာလအတြင္း လြိဳင္ေကာ္ၿမိဳ႕၏ (၇၀)ရာခိုင္ႏႈန္းခန႔္သည္ တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးထိခိုက္ခဲ့ရၿပီး ေဒသခံ စစ္ေဘးေရွာင္ ျပည္သူလူထုသည္လည္း လက္ရွိအ ခ်ိန္အထိေနရပ္သို႔ အလုံးစုံျပန္လည္အေျခခ်ႏိုင္ျခင္း မရွိေသးေသာ္လည္း ၿမိဳ႕ခံအမ်ားစုႏွင့္ ဌာနဆိုင္ရာ ဝန္ထမ္းအခ်ိဳ႕မွာျပန္လည္ ဝင္ေရာက္ေနထိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

"လြိဳင္ေကာ္ၿမိဳ႕က ျပန္လည္ထူေထာင္ေရး လုပ္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ျပန္ေရာက္ေနၿပီ။ လြိဳင္ေကာ္ၿမိဳ႕ေဈးမွာလည္း လူစည္ေနပါၿပီ။ ေဈးကေတာ့ ယာယီေဈးပုံစံမ်ိဳးဖြင့္ထားတာေပါ့။ ၿမိဳ႕ ေပၚရပ္ကြက္ ေတာ္ေတာ္မ်ားမ်ားမွာ လူေတြျပန္ေနၿပီ ေပါ့။ ၿမိဳ႕ရဲ႕ဆက္သြယ္ေရး၊ လွ်ပ္စစ္ မီး နဲ႔ ေရေပးေဝ ေရးတို႔ကလည္း ပုံမွန္တိုင္းေတာ့ ျပန္ျဖစ္ေနပါၿပီ"ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ရွင္းျပသည္။

လက္ရွိတြင္ စစ္ေဘးေၾကာင့္ တိမ္းေရွာင္သြားေသာ ၿမိဳ႕ခံမ်ားျပန္လည္ဝင္ေနေသာ္လည္း လြိဳင္ေကာ္တကၠသိုလ္အနီးရွိ ရပ္ကြက္အခ်ိဳ႕တြင္ KNDF ပူးေပါင္းအဖြဲ႕က ေထာင္သြားခဲ့သည့္ ေျမျမႇဳပ္မိုင္းမ်ားရွိေနေသာေၾကာင့္ တာဝန္ရွိသူမ်ားက အဆိုပါေနရာမ်ားသို႔ ျပန္လည္ဝင္ေရာက္ေနထိုင္ခြင့္ မျပဳေသးေၾကာင္း သိရသည္။

"ၿမိဳ႕ကရပ္ကြက္တခ်ိဳ႕ေတာ့ ျပန္ေနၾကတယ္။ တကၠသိုလ္နားက ေဒါဥခူတို႔၊ နာနတ္ေတာတို႔ ဘက္ကိုေတာ့ျပန္ဝင္ခြင့္မျပဳေသးဘူး သိရတယ္။ ဘာ လို႔ဆို အဲဒီဘက္မွာလည္း ဟိုေကာင္ေတြရွိတုန္းက ေထာင္ခဲ့တဲ့ ေျမျမႇဳပ္မိုင္းေတြရွိေနေတာ့ ျပန္ဝင္ရင္ မိုင္းမေတာ္တဆမႈေတြျဖစ္မွာေၾကာင့္လည္း ျပန္ဝင္ ခြင့္မေပးေသးတာျဖစ္မယ္။ ၿမိဳ႕ေပၚကမွာေတာ့ သြားေရးလာေရး ပုံမွန္အတိုင္းရွိတယ္။ တျခားၿမိဳ႕အဝင္အထြက္လမ္းေတြလည္း အဆင္ေျပေျပသြားေနၾကတာရွိတယ္။ လြိဳင္ေကာ္ကို ရွမ္းေျမာက္က စစ္ေဘးေရွာင္ေတြေတာင္ လာေရွာင္လို႔ရတယ္"ဟု ၎က ဆက္လက္ေျပာသည္။

လြိဳင္ေကာ္ၿမိဳ႕တြင္ KNDF ပူးေပါင္းအဖြဲ႕က ေဖာ္ေဆာင္သည့္ ၿမိဳ႕သိမ္း တိုက္ပြဲေၾကာင့္ အရပ္သား ျပည္သူလူထု၏ ေနအိမ္မ်ားစြာအပါအဝင္ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕သည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ရသျဖင့္ လက္ရွိျပန္လည္ထူေထာင္ေရး ကာလတြင္ ဌာနဆိုင္ရာ႐ုံးအခ်ိဳ႕ကို ျပန္လည္ျပဳျပင္ လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.