တရုတ်ခေါင်းဆောင်မော်စီတုံး စိုးရိမ်ခဲ့ဖူးသော “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’’ စကားပုံနှင့် သူလက်ခံကျင့်သုံးခဲ့သော “ ဝါးရုံပင်ကဲ့သို့ ’’ စကားပုံ

 1310

လင်းမြတ် (NP News) - ဩဂုတ် ၂၁

မြန်မာလူမျိုးတို့ယနေ့အထိ လက်ခံကျင့်သုံးခဲ့တဲ့ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံနှင့် ဆင်တူရိုးမှား တရုတ်ပြည်တွင်လည်း ‘ညောင်တစ်ပင်ရှင်သန်ကောင်းမွန်ခဲ့ရင် နောင်မျိုးဆက်များ စွာအတွက် အရိပ်ပေး စွမ်းနိုင်တယ်။ ချမ်းချမ်းသာသာ မိုးလုံလေလုံနိုင်တယ်’ ဆိုတဲ့အယူဝါဒကို ရှေးနှစ် ပေါင်းများစွာကပင် လက်ခံကျင့်သုံးခဲ့ ကြပါတယ်။ နှစ်ပေါင်းကြာရှည် ခေတ်အချိန်အခါပြောင်းလာချိန်မှာတော့ အာရှသားတို့ဓလေ့ထုံးစံအတိုင်း အဲဒီစကား ပုံကိုမှီပြီး မိသားစုထက်ကျော်လွန်တဲ့ မလိုလားအပ်တဲ့ တိုင်းပြည်၊ လူမျိုး၊ လူသားအရင်းအမြစ်တို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာတွေကို ခေါင်းဆောင် ကြီးဟာ လက်တွေ့စတင်တွေ့ရှိလာပါတယ်။

လူမှုအဖွဲ့အစည်းမှသည် နိုင်ငံနဲ့ လူမျိုးအဆင့်အထိ ရိုက်ခတ်လာတဲ့ ဘေးထွက်ဆိုးကျိုးများ

ဥပမာ-လူတစ်ယောက် ထူးချွန်ထက်မြက်လို့ မြင့်မားတဲ့ရာထူးရလာတာသော်လည်းကောင်း ကြီးပွားတိုးတက် ချမ်းသာလာခဲ့ရင်သော်လည်းကောင်း သူနဲ့သူ့မိသားစုတင်မက အခြွေအရံ၊ အသိမိတ်ဆွေတွေ မျက်မှန်းတမ်း သူတွေ ကပါ ချဉ်းကပ်၊ မြှောက်ပင့်၊ ဟန်ဆောင်အရိုအသေပေးတာကတစ် ဆင့်အကျိုးရလဒ်အပေါ်ပူပေါင်းတဲ့ လူ့အသိုင်း အဝိုင်းတစ်ခုဟာ ကြီးမားထင်ရှားစွာပေါ်ပေါက်လာတတ်ပြီး ဥရောပလူ့အဖွဲ့အစည်းများထက်များစွာ ရှုပ်ထွေး အရှက် မဲ့လာခဲ့ပါတယ်။

ထိုနည်းတူ အဆိုပါရာထူးကြီးသူ သူဌေးတွေဟာလည်း လိုတာထက်လွန်ကျူးတဲ့ အခစားခံရတာ၊ အချီးမြှောက် ခံရတာကနေတစ်ဆင့် အဆိုပါ နီးစပ်သူတွေကို ယုံကြည်လာတာ၊ အခွင့်အရေးပေးတာ၊ အထူးအာဏာ ပြောရေးဆိုခွင့် ပေးတာတို့ကို ခွင့်ပြုလာကြရာကနေတစ်ဆင့် အရိုက်အရာဆက်ခံသူအ ဆင့်အထိပေးလာကြပါတယ်။ သာမန်ရိုးသားစွာ အလုပ်ကြိုးစားသူတွေ သမာသမတ်ကျကျ အလုပ်လုပ်သူတွေရဲ့ယုံကြည်ချက်ကို ရိုက်ချိုးနိုင်လောက်တဲ့အထိ အရှိန် အဝါကြီးသူတစ်ယောက်ယောက်ကို အရှက်မဲ့စွာပြေးကပ် အခစားဝင်ပြီး လူသိရှင်ကြား ‘သားတပည့်’ ခံရုံတင်နဲ့ ဘဝက အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲရုံမက အလားတူ ‘သားတပည့်’ အခြွေအရံခံလိုသူတွေဟာလည်း ဆင့်ကဲပြေးဝင်လာ တာကို လက်တွေ့ကျကျတွေ့မြင်လာရသလို အချိန်ကြာလာတော့ နိုင်ငံနဲ့လူမှုပတ်ဝန်းကျင်အတွက်လည်း အမှန်တရားလို ဖြစ်လာပါတော့တယ်။

နိုင်ငံတော်ဆိုင်ရာ မဟာဗျူဟာမြောက် အဖွဲ့အစည်းကြီးတွေထဲအထိ ဆရာတပည့်မွေး အရိပ်ခို ကိုယ့်လူ ကိုယ်မွေး မိမိရဲ့ကျွမ်းကျင်ရာအလုပ် Professional ကိုပင် မေ့ပျောက်ဘေးဖယ်ကာ အင်ပါယာထောင်ခြင်း ဓလေ့ဟာ ကြီးထွားလာပြီး အဲဒီအရိပ်ခိုခြင်းရဲ့ အောက်ဆုံးအရင်းအမြစ်လူတန်းစားကတော့ အရိပ်တွေရဲ့အရှိန်အဝါနဲ့ သာမန် အပြစ်မဲ့ လူထုဆီက နည်းမျိုးစုံနဲ့ တရားမဝင်အရှက်မဲ့စွာ အခွန်အခထက်ကျော်လွန်တဲ့ ငွေနဲ့ရပိုင်ခွင့်တွေကို နည်းနည်း ကနေ ကြီးမားတဲ့ ပမာဏအထိပင်သာမက ကာမနဲ့ လူအဖွဲ့အစည်းက လက်မခံ မနှစ်မြို့လောက် တဲ့အပြုအမူတွေကိုပါ တရားဝင်ကဲ့သို့ ပြုမူတောင်းယူ အနိုင်ကျင့်ခြင်းဓလေ့ခိုင်မာလာခြင်းမှသည် အစဉ်အလာဓလေ့တစ်ခုအထိ ဖြစ်လာပါ တယ်။ မိမိရဲ့ ကျွမ်းကျင်ရာအလုပ် Professional ရဲ့ ကြီးလေးတဲ့ တာဝန်သစ္စာစောင့်သိမှုပျက်ကွက်ခြင်း၊ စဉ်ဆက်မ ပြတ်လေ့ကျင့်ဖြည့်တင်းမှု၊ ခေတ်နဲ့အညီဆန်းသစ်မှု တွေအစား ရှေ့ကလူလည်းဒါတွေမလုပ်ဘဲ ငါ့အလှည့်ရောက်လာတဲ့ အတွက် ငါမလုပ်လည်းရတယ်။ နောက်လူအလှည့်ကျရင် လုပ်လိမ့်မယ်ဆိုတဲ့ တာဝန်မဲ့အရှက်မဲ့စွာ ရပိုင်ခွင့်နဲ့ စည်းစိမ် ကိုသာယာရင်း အချိန်ဖြုန်းတတ်ခြင်းနဲ့အတူ အဲဒီအမူအကျင့်ကို အစဉ်အလာကဲ့သို့ အထက်လူကြီးအဆင့်ဆင့်ကလည်း အပြစ်မမြင်နိုင်တဲ့အပြင် ဆက်လက်ချီးမြှောက်တဲ့အထိ ဆိုးရွားတဲ့ဓလေ့ ကြီးထွားလာပါတယ်။

ကြွယ်ဝချမ်းသာသူတွေထဲမှာလည်း စီးပွားရေးမဟာဗျူဟာအရ အားနည်းလို့မဟုတ်ဘဲ သားသ မီးလမ်းမှားလို့ တပည့်ခိုးလို့ ကုန်းကောက်စရာမရှိ အောင်မွဲပြီး မျိုးဆက်ပြတ်ကုန်တာတွေလည်း မြင်တွေ့လာရပါတယ်။ အဲဒီလိုပဲ အကြောင်းကြောင်းကြောင့် အဆိုပါ ရာထူးကြီးသူချမ်းသာသူ ပြိုလဲပျက် စီးသွားတာကြောင့် အခစားဝင်သူတွေက ပြောင်းလဲ အခစားဝင်စရာ ခေါင်းဆောင်ရှာတွေ့သူထက် မျိုးရိုးအစဉ်အဆက်လိုက် ပျက်ဆီးဆုံးရှုံးလမ်းပျောက်ရသူ တွေကသာ ပိုများလာပါတယ်။ တစ်ခါတစ်ရံမှာ ရိုသေလှချည်ရဲ့ဆိုတဲ့ အခြွေအရံတွေကပင် အဆိုပါအရို သေခံတွေရဲ့ နောက်ကျောကို ဓားနဲ့ထိုးတာ အနီးဆုံး ကိုယ်ရေးအရာရှိ ကိုယ်ရံတော်တွေထံကပင် ပြင်ပက ကြီးမားဆွဲဆောင်လှတဲ့ လာဘ်သပ်ပကာကြောင့် စဉ်ဆက်မပြတ် အရေးကြီးအချက်အလက်တွေကို ပေါက်ကြားဖွင့်ဟတာတွေအထိ ဆိုးကျိုး တွေကို လက်တွေ့ကျကျ အစဉ်အဆက် သာဓကများစွာဖြင့် မြင်တွေ့လာရပါတယ်။

အခက်အခဲမှာ အဲဒီလို အလွယ်တကူ ရေသာခို အခွင့်အရးယူခြင်းဟာ သာမန်မျိုးဆက်သစ် ကလေးငယ် တွေအထိ ကူးစက်လာပြီး ခေတ်စကားလို ဖြစ်လာပါတယ်။ ဥပမာ-အာဏာ(သို့)ချမ်းသာသူရဲ့ သားမြေးတပည့်တွေ တင်သာမက အသိမိတ်တွေ အဆင့်လောက်ကပင် ‘ငါဘယ်သူလဲသိလား’ (သို့) ‘ငါဘယ်သူလည်း မသိရကောင်းလား’ ‘မည်သူမည် ဝါ၏ဆွေမျိုးတော်စပ်သူပါ/မိတ်ဆွေပါ’ စသည်ဖြင့် သာမက အသိမိတ်တွေတစ်ယောက်က ထင်ရှားစွမ်း ဆောင်နိုင်လောက်တဲ့ ရာထူးစည်းစိမ်ရရှိသွားတာနဲ့ မိမိကို ‘မေ့မထားပါနဲ့’ ‘စောင့်ရှောက်ပါဦး’ ဆိုတဲ့ စကားတွေဟာ တစ်ချိန်က တရုတ်ပြည် လူ့အသိုင်းအဝိုင်းထဲမှာ အခုအချိန်ထက် ရင်းနှီးလွယ်တဲ့ သာမန် အာလုတ်စကားဖြစ် လာပါတယ်။ အခုခေတ်ကာလမှာတော့ အဲဒီအကျိုးအပြစ်ကို အထိုက်အလျောက် နားလည်သွားတဲ့ တရုတ်လူမျိုး တွေဟာ တရုတ်ပြည် ထဲထက် သာမန် နီးစပ်ရာနိုင်ငံတွေမှာသာ အခြေအနေကြည့် ကျင့်သုံးဆဲဖြစ်ပါတယ်။

အရည်အချင်းမဲ့ လောင်းရိပ်မိ အာဏာပိုင်တွေနဲ့ အရည်အချင်းမဲ့ စီးပွားရေးသမားတွေဟာ လူပုံအလယ်မှာ ပုလဲနံမသင့်ရင်းနှီးကြသလို ကိုင်းကျွန်းမီ ကျွန်းကိုင်းမီရှိကြပေမယ့် မမြင်ကွယ်ရာမှာတော့ အဲဒီ အရည်အချင်းမဲ့ အာဏာ ပိုင်အဆင့်ဆင့်ကို လူထက်အဆင့်နိမ့်ကြ ယုတ်ညံ့စွာပြောဆိုခိုင်းနှိုင်း တတ်ကြလေ့ရှိခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဂုဏ်ဒြပ်ကိုပါ ငြှိုးနွမ်းကျဆင်းလာစေတဲ့အထိဖြစ် လာပါတော့တယ်။ အဲဒီလိုပဲ လောင်းရိပ်မိအကျင့် ပျက်သူတွေကြောင့် ဂုဏ်ဒြပ်အစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းတွေကိုပင် ပြည်သူတွေက မလေးစား အားမကိုးကြတဲ့အပြင် ရွံမုန်းလာရပါ တော့တယ်။

မော်စီတုံးနဲ့ လီကွမ်ယုပြောတဲ့ ‘သစ်တစ် ပင်ကောင်း ငှက်တစ်သောင်းနား’ ရဲ့ အနာဂတ် အားနည်းချက်

ခေါင်းဆောင်ကြီး မော်စီတုံးရဲ့အမြင်မှာ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံဟာ မိသားစု ထဲမှာတောင် အိုမင်းမစွမ်းနိုင်တော့တဲ့ သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေနဲ့ လူမမည်က လေးတွေအတွက်သာ မှန်သင့် သလောက်မှန်ပြီး အရိပ်ရဲ့အားကိုယူပြီး အရိပ်ကြီးတစ်ပင် ဆက်လက် ပေါက်နိုင်လောက်တဲ့မျိုးဆက်ထက် လောင်းရိပ်မိ ပြီး ခိုလှုံရာအပင်ကြီးလောက်နီးတူ အဆင့်လောက်ပင် မရှင်သန်မကြီးထွားနိုင်မှုက ပိုများသည်ကို ရလဒ်ဆိုး အဖြစ်ရှာ တွေခဲ့ပါတယ်။

မြန်မာစကားပုံထဲကလို ‘အဖေထက် သားတစ်လကြီး’ ‘ဆရာထက် တပည့် လက်စောင်း ထက်’ ဆိုသည်ထက် ‘အရိပ်နေနေ ခက်ချိုးချိုး’က ပိုများလာရင်းကတစ်ဆင့် နောက်မျိုးဆက်ကျတော့ ‘ဆင်သေနဲ့လိုက်တဲ့ ကျီးမိုက်’ ကဲ့သို့ လက်တွေ့ကျကျ တွေ့လာရပါတယ်။

စင်ကာပူနိုင်ငံတည်ထောင်သူ လီကွမ်ယု ကလည်း ‘‘တို့အာရှမှာ အောင်မြင်ပြီး ထက်မြက်မှု (သို့မဟုတ်) စနစ်တစ်ခုဟာ ဘယ်တော့မှ မျိုးဆက် နှစ်ဆက်ကျော်အထိ ဆက်လက်အားကောင်းပြီးရှင် သန်မနေနိုင်ဘူး”လို့ မိန့်ဆိုခဲ့ ဖူးတဲ့စကားဟာလည်း အာရှအတွက်မက သူနိုင်ငံအတွက်ပါ ဒီနေ့အထိ ထိရောက်မှန်ကန်နေလို့ အရှိန်မလျော့သွား အောင် ဆက်လက်ထိန်းသိမ်းနိုင်ရန်အလို့ငှာ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ စကားပုံကို အနာဂတ် လူငယ်တွေကြားထဲ အယူအဆမမှားအောင် ‘မိမိ သာလျှင် မိမိဖြစ်ကြောင်း’ နဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင် အစွမ်းအစကိုသာ အစဉ်တန်ဖိုးထားနိုင်စေရန်၊ အစွမ်းအစမတူညီခြင်းတွေကို ပေါင်းစပ်လုပ်ကိုင်တတ်ပြီး အတူတကွ ကြီးထွားတိုး တက်ကြစေရန် စဉ်ဆက်မပြတ် ထိန်းကျောင်းတည့်မတ်နေကြဆဲဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး မော်စီတုံး စတင်ကျင့်သုံးခဲ့တဲ့ ဝါးရုံပင်ကဲ့သို့ ဥပမာနဲ့ ယနေ့တရုတ်ပြည်

မော်စီတုံးက အထက်ပါ ညောင်ရိပ်ခိုကာ လောင်းရိပ်မိခဲ့ကြပြီးနဲ့ မိနေဆဲမျိုးဆက်တွေကို အဆက်ဖြတ်ပြောင်း လဲပြစ်ပြီး အောင်မြင်ကြီးပွားသူ တွေဟာ လက်အောက်ငယ်သားနဲ့ နောက်မျိုးဆက် အတွက် ဝါးရုံပင်ကဲ့သို့ ကျင့်ရမယ်လို့ဆိုခဲ့ပါတယ်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်နဲ့လူမျိုးအတွက် အရည်အချင်း အလားအလာရှိသူ လူငယ်မျိုးဆက် အချို့ပင်လျှင် လူမှန်နေရာမှန်မဟုတ်တဲ့ အရိပ်ခိုမှု တွေကတစ်ဆင့် အရည်အချင်းပျက် အသရေပျက်ကာ ကြီးမားတဲ့ လောင်းရိပ်မိမှုများကတစ်ဆင့် အဲဒီသူ ကိုယ်တိုင်သာမက တိုင်းပြည်နဲ့ လူမျိုးပါ နစ်နာခဲ့ရမှု များစွာရှိခဲ့ကြပါတယ်။ ကြီးမားတဲ့ ဝါးပင်ကြီးတွေဟာ ရေတိုက်စားခံနေရာနဲ့ တောင်ကမ်းပါးရံတွေမှာတောင် သေးငယ်တဲ့ ဝါးပင်ငယ်တွေအတွက် ခိုင်ခံ့ရှုပ်ထွေးတဲ့ အမြစ်ပင်စည်နဲ့အာဟာရ ခွန်အားအဖြစ်ပဲ တောင့်ခံ ပေးထားပြီး နေကို အတူမျှော်ထွက် ကြီးထွားတာနဲ့ ဘေးကို ဖြန့်ကားကြီးထွားခြင်းကိုမူ ဝါးပင်ငယ်တွေ စိတ်ကြိုက် ပင်ကိုအတိုင်းသာ ရုန်းထွက်ကြီးထွားစေ ရုံမျှမက အဆိုပါဝါးပင်ငယ်တွေကို နောက်မျိုးဆက် ဝါးပင်လေးတွေအတွက် မိမိကဲ့သို့ ကြံ့ခိုင်သန်စွမ်း သောဝါးမြစ်များဖြစ်စေဖို့ လက်တွဲကြီးထွားစေပြန်ပါ တယ်။ မျိုးဆက်တစ်ဆက်ထက် မတူညီအောင် မြင်တဲ့ နောက်မျိုးဆက်တစ်ဆက်ပေါင်းများစွာကို တီထွင်ဖန်တီးလိုစိတ်ကို ပြောင်းလဲဖို့ခက်ခဲတဲ့ ကွန်မြူ နစ်စနစ် ဟောင်း လူ့အဖွဲ့အစည်းထဲမှသည် ကွန်မြူနစ်စနစ်သစ် လူအဖွဲ့အစည်းထဲကို ပညာရေးစနစ်ရော လူ့အဖွဲ့အစည်း အတွေးအခေါ်အတွက်ပါ အငြင်သာ ဆုံး ဆယ်စုနှစ်များစွာ လက်ဆင့်ကမ်း ကူးပြောင်းစေခဲ့ ရုံသာမကာ အဲဒီစနစ်ဆိုးကို ပြိုင်ဘက်တွေရဲ့ လူ့အ ဖွဲ့အစည်းထံ အသုံးချသင့်ကြောင်းကိုလည်း မဟာဗျူ ဟာကျကျ ပါးနပ်စွာရိုက်ထည့် သံမှိုစွဲစေပြီး စီးပွား ရေး၊ စစ်ရေး၊ နည်းပညာအင်အားကြီးမားသော ယနေ့ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေရဲ့ ပကတိဖြစ်တည်မှု ဟာ ခိုင်မာတဲ့အုတ်မြစ်ကို ဝါးရုံပင်ကြီးကဲ့သို့ တည်ဆောက်နိုင်ခဲ့တာနဲ့အတူ ခေါင်းဆောင်ကြီးမော်စီတုံးရဲ့ ဆယ်စုနှစ်ပေါင်း များစွာ တည်ဆောက်ချမှတ်ခဲ့တဲ့ မဟာဗျူဟာတွေထဲက ထင်ရှားတဲ့မဟာဗျူဟာ သက်သေတစ်ခုပင်ဖြစ်ပါတယ်။

zawgyi version
တ႐ုတ္ေခါင္းေဆာင္ေမာ္စီတုံး စိုးရိမ္ခဲ့ဖူးေသာ “သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနား’’ စကားပုံႏွင့္ သူလက္ခံက်င့္သုံးခဲ့ေသာ “ ဝါး႐ုံပင္ကဲ့သို႔ ’’ စကားပုံ
လင္းျမတ္ (NP News) - ဩဂုတ္ ၂၁

ျမန္မာလူမ်ိဳးတို႔ယေန႔အထိ လက္ခံက်င့္သုံးခဲ့တဲ့ ‘သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနား’ စကားပုံႏွင့္ ဆင္တူ႐ိုးမွား တ႐ုတ္ျပည္တြင္လည္း ‘ေညာင္တစ္ပင္ရွင္သန္ေကာင္းမြန္ခဲ့ရင္ ေနာင္မ်ိဳးဆက္မ်ား စြာအတြက္ အရိပ္ေပး စြမ္းႏိုင္တယ္။ ခ်မ္းခ်မ္းသာသာ မိုးလုံေလလုံႏိုင္တယ္’ ဆိုတဲ့အယူဝါဒကို ေရွးႏွစ္ ေပါင္းမ်ားစြာကပင္ လက္ခံက်င့္သုံးခဲ့ ၾကပါတယ္။ ႏွစ္ေပါင္းၾကာရွည္ ေခတ္အခ်ိန္အခါေျပာင္းလာခ်ိန္မွာေတာ့ အာရွသားတို႔ဓေလ့ထုံးစံအတိုင္း အဲဒီစကား ပုံကိုမွီၿပီး မိသားစုထက္ေက်ာ္လြန္တဲ့ မလိုလားအပ္တဲ့ တိုင္းျပည္၊ လူမ်ိဳး၊ လူသားအရင္းအျမစ္တို႔ရဲ႕ အနာဂတ္အတြက္ စိုးရိမ္ဖြယ္ရာေတြကို ေခါင္းေဆာင္ ႀကီးဟာ လက္ေတြ႕စတင္ေတြ႕ရွိလာပါတယ္။

လူမႈအဖြဲ႕အစည္းမွသည္ ႏိုင္ငံနဲ႔ လူမ်ိဳးအဆင့္အထိ ႐ိုက္ခတ္လာတဲ့ ေဘးထြက္ဆိုးက်ိဳးမ်ား

ဥပမာ-လူတစ္ေယာက္ ထူးခြၽန္ထက္ျမက္လို႔ ျမင့္မားတဲ့ရာထူးရလာတာေသာ္လည္းေကာင္း ႀကီးပြားတိုးတက္ ခ်မ္းသာလာခဲ့ရင္ေသာ္လည္းေကာင္း သူနဲ႔သူ႔မိသားစုတင္မက အေႁခြအရံ၊ အသိမိတ္ေဆြေတြ မ်က္မွန္းတမ္း သူေတြ ကပါ ခ်ဥ္းကပ္၊ ေျမႇာက္ပင့္၊ ဟန္ေဆာင္အ႐ိုအေသေပးတာကတစ္ ဆင့္အက်ိဳးရလဒ္အေပၚပူေပါင္းတဲ့ လူ႔အသိုင္း အဝိုင္းတစ္ခုဟာ ႀကီးမားထင္ရွားစြာေပၚေပါက္လာတတ္ၿပီး ဥေရာပလူ႔အဖြဲ႕အစည္းမ်ားထက္မ်ားစြာ ရႈပ္ေထြး အရွက္ မဲ့လာခဲ့ပါတယ္။

ထိုနည္းတူ အဆိုပါရာထူးႀကီးသူ သူေဌးေတြဟာလည္း လိုတာထက္လြန္က်ဴးတဲ့ အခစားခံရတာ၊ အခ်ီးေျမႇာက္ ခံရတာကေနတစ္ဆင့္ အဆိုပါ နီးစပ္သူေတြကို ယုံၾကည္လာတာ၊ အခြင့္အေရးေပးတာ၊ အထူးအာဏာ ေျပာေရးဆိုခြင့္ ေပးတာတို႔ကို ခြင့္ျပဳလာၾကရာကေနတစ္ဆင့္ အ႐ိုက္အရာဆက္ခံသူအ ဆင့္အထိေပးလာၾကပါတယ္။ သာမန္႐ိုးသားစြာ အလုပ္ႀကိဳးစားသူေတြ သမာသမတ္က်က် အလုပ္လုပ္သူေတြရဲ႕ယုံၾကည္ခ်က္ကို ႐ိုက္ခ်ိဳးႏိုင္ေလာက္တဲ့အထိ အရွိန္ အဝါႀကီးသူတစ္ေယာက္ေယာက္ကို အရွက္မဲ့စြာေျပးကပ္ အခစားဝင္ၿပီး လူသိရွင္ၾကား ‘သားတပည့္’ ခံ႐ုံတင္နဲ႔ ဘဝက အရွိန္အဟုန္နဲ႔ တိုးတက္ေျပာင္းလဲ႐ုံမက အလားတူ ‘သားတပည့္’ အေႁခြအရံခံလိုသူေတြဟာလည္း ဆင့္ကဲေျပးဝင္လာ တာကို လက္ေတြ႕က်က်ေတြ႕ျမင္လာရသလို အခ်ိန္ၾကာလာေတာ့ ႏိုင္ငံနဲ႔လူမႈပတ္ဝန္းက်င္အတြက္လည္း အမွန္တရားလို ျဖစ္လာပါေတာ့တယ္။

ႏိုင္ငံေတာ္ဆိုင္ရာ မဟာဗ်ဴဟာေျမာက္ အဖြဲ႕အစည္းႀကီးေတြထဲအထိ ဆရာတပည့္ေမြး အရိပ္ခို ကိုယ့္လူ ကိုယ္ေမြး မိမိရဲ႕ကြၽမ္းက်င္ရာအလုပ္ Professional ကိုပင္ ေမ့ေပ်ာက္ေဘးဖယ္ကာ အင္ပါယာေထာင္ျခင္း ဓေလ့ဟာ ႀကီးထြားလာၿပီး အဲဒီအရိပ္ခိုျခင္းရဲ႕ ေအာက္ဆုံးအရင္းအျမစ္လူတန္းစားကေတာ့ အရိပ္ေတြရဲ႕အရွိန္အဝါနဲ႔ သာမန္ အျပစ္မဲ့ လူထုဆီက နည္းမ်ိဳးစုံနဲ႔ တရားမဝင္အရွက္မဲ့စြာ အခြန္အခထက္ေက်ာ္လြန္တဲ့ ေငြနဲ႔ရပိုင္ခြင့္ေတြကို နည္းနည္း ကေန ႀကီးမားတဲ့ ပမာဏအထိပင္သာမက ကာမနဲ႔ လူအဖြဲ႕အစည္းက လက္မခံ မႏွစ္ၿမိဳ႕ေလာက္ တဲ့အျပဳအမူေတြကိုပါ တရားဝင္ကဲ့သို႔ ျပဳမူေတာင္းယူ အႏိုင္က်င့္ျခင္းဓေလ့ခိုင္မာလာျခင္းမွသည္ အစဥ္အလာဓေလ့တစ္ခုအထိ ျဖစ္လာပါ တယ္။ မိမိရဲ႕ ကြၽမ္းက်င္ရာအလုပ္ Professional ရဲ႕ ႀကီးေလးတဲ့ တာဝန္သစၥာေစာင့္သိမႈပ်က္ကြက္ျခင္း၊ စဥ္ဆက္မ ျပတ္ေလ့က်င့္ျဖည့္တင္းမႈ၊ ေခတ္နဲ႔အညီဆန္းသစ္မႈ ေတြအစား ေရွ႕ကလူလည္းဒါေတြမလုပ္ဘဲ ငါ့အလွည့္ေရာက္လာတဲ့ အတြက္ ငါမလုပ္လည္းရတယ္။ ေနာက္လူအလွည့္က်ရင္ လုပ္လိမ့္မယ္ဆိုတဲ့ တာဝန္မဲ့အရွက္မဲ့စြာ ရပိုင္ခြင့္နဲ႔ စည္းစိမ္ ကိုသာယာရင္း အခ်ိန္ျဖဳန္းတတ္ျခင္းနဲ႔အတူ အဲဒီအမူအက်င့္ကို အစဥ္အလာကဲ့သို႔ အထက္လူႀကီးအဆင့္ဆင့္ကလည္း အျပစ္မျမင္ႏိုင္တဲ့အျပင္ ဆက္လက္ခ်ီးေျမႇာက္တဲ့အထိ ဆိုး႐ြားတဲ့ဓေလ့ ႀကီးထြားလာပါတယ္။

ႂကြယ္ဝခ်မ္းသာသူေတြထဲမွာလည္း စီးပြားေရးမဟာဗ်ဴဟာအရ အားနည္းလို႔မဟုတ္ဘဲ သားသ မီးလမ္းမွားလို႔ တပည့္ခိုးလို႔ ကုန္းေကာက္စရာမရွိ ေအာင္မြဲၿပီး မ်ိဳးဆက္ျပတ္ကုန္တာေတြလည္း ျမင္ေတြ႕လာရပါတယ္။ အဲဒီလိုပဲ အေၾကာင္းေၾကာင္းေၾကာင့္ အဆိုပါ ရာထူးႀကီးသူခ်မ္းသာသူ ၿပိဳလဲပ်က္ စီးသြားတာေၾကာင့္ အခစားဝင္သူေတြက ေျပာင္းလဲ အခစားဝင္စရာ ေခါင္းေဆာင္ရွာေတြ႕သူထက္ မ်ိဳး႐ိုးအစဥ္အဆက္လိုက္ ပ်က္ဆီးဆုံးရႈံးလမ္းေပ်ာက္ရသူ ေတြကသာ ပိုမ်ားလာပါတယ္။ တစ္ခါတစ္ရံမွာ ႐ိုေသလွခ်ည္ရဲ႕ဆိုတဲ့ အေႁခြအရံေတြကပင္ အဆိုပါအ႐ို ေသခံေတြရဲ႕ ေနာက္ေက်ာကို ဓားနဲ႔ထိုးတာ အနီးဆုံး ကိုယ္ေရးအရာရွိ ကိုယ္ရံေတာ္ေတြထံကပင္ ျပင္ပက ႀကီးမားဆြဲေဆာင္လွတဲ့ လာဘ္သပ္ပကာေၾကာင့္ စဥ္ဆက္မျပတ္ အေရးႀကီးအခ်က္အလက္ေတြကို ေပါက္ၾကားဖြင့္ဟတာေတြအထိ ဆိုးက်ိဳး ေတြကို လက္ေတြ႕က်က် အစဥ္အဆက္ သာဓကမ်ားစြာျဖင့္ ျမင္ေတြ႕လာရပါတယ္။

အခက္အခဲမွာ အဲဒီလို အလြယ္တကူ ေရသာခို အခြင့္အရးယူျခင္းဟာ သာမန္မ်ိဳးဆက္သစ္ ကေလးငယ္ ေတြအထိ ကူးစက္လာၿပီး ေခတ္စကားလို ျဖစ္လာပါတယ္။ ဥပမာ-အာဏာ(သို႔)ခ်မ္းသာသူရဲ႕ သားေျမးတပည့္ေတြ တင္သာမက အသိမိတ္ေတြ အဆင့္ေလာက္ကပင္ ‘ငါဘယ္သူလဲသိလား’ (သို႔) ‘ငါဘယ္သူလည္း မသိရေကာင္းလား’ ‘မည္သူမည္ ဝါ၏ေဆြမ်ိဳးေတာ္စပ္သူပါ/မိတ္ေဆြပါ’ စသည္ျဖင့္ သာမက အသိမိတ္ေတြတစ္ေယာက္က ထင္ရွားစြမ္း ေဆာင္ႏိုင္ေလာက္တဲ့ ရာထူးစည္းစိမ္ရရွိသြားတာနဲ႔ မိမိကို ‘ေမ့မထားပါနဲ႔’ ‘ေစာင့္ေရွာက္ပါဦး’ ဆိုတဲ့ စကားေတြဟာ တစ္ခ်ိန္က တ႐ုတ္ျပည္ လူ႔အသိုင္းအဝိုင္းထဲမွာ အခုအခ်ိန္ထက္ ရင္းႏွီးလြယ္တဲ့ သာမန္ အာလုတ္စကားျဖစ္ လာပါတယ္။ အခုေခတ္ကာလမွာေတာ့ အဲဒီအက်ိဳးအျပစ္ကို အထိုက္အေလ်ာက္ နားလည္သြားတဲ့ တ႐ုတ္လူမ်ိဳး ေတြဟာ တ႐ုတ္ျပည္ ထဲထက္ သာမန္ နီးစပ္ရာႏိုင္ငံေတြမွာသာ အေျခအေနၾကည့္ က်င့္သုံးဆဲျဖစ္ပါတယ္။

အရည္အခ်င္းမဲ့ ေလာင္းရိပ္မိ အာဏာပိုင္ေတြနဲ႔ အရည္အခ်င္းမဲ့ စီးပြားေရးသမားေတြဟာ လူပုံအလယ္မွာ ပုလဲနံမသင့္ရင္းႏွီးၾကသလို ကိုင္းကြၽန္းမီ ကြၽန္းကိုင္းမီရွိၾကေပမယ့္ မျမင္ကြယ္ရာမွာေတာ့ အဲဒီ အရည္အခ်င္းမဲ့ အာဏာ ပိုင္အဆင့္ဆင့္ကို လူထက္အဆင့္နိမ့္ၾက ယုတ္ညံ့စြာေျပာဆိုခိုင္းႏႈိင္း တတ္ၾကေလ့ရွိျခင္းျဖင့္ သက္ဆိုင္ရာအဖြဲ႕အစည္းရဲ႕ ဂုဏ္ျဒပ္ကိုပါ ျငႇိဳးႏြမ္းက်ဆင္းလာေစတဲ့အထိျဖစ္ လာပါေတာ့တယ္။ အဲဒီလိုပဲ ေလာင္းရိပ္မိအက်င့္ ပ်က္သူေတြေၾကာင့္ ဂုဏ္ျဒပ္အစဥ္အလာႀကီးမားတဲ့ အဖြဲ႕အစည္းေတြကိုပင္ ျပည္သူေတြက မေလးစား အားမကိုးၾကတဲ့အျပင္ ႐ြံမုန္းလာရပါ ေတာ့တယ္။

ေမာ္စီတုံးနဲ႔ လီကြမ္ယုေျပာတဲ့ ‘သစ္တစ္ ပင္ေကာင္း ငွက္တစ္ေသာင္းနား’ ရဲ႕ အနာဂတ္ အားနည္းခ်က္

ေခါင္းေဆာင္ႀကီး ေမာ္စီတုံးရဲ႕အျမင္မွာ ‘သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနား’ စကားပုံဟာ မိသားစု ထဲမွာေတာင္ အိုမင္းမစြမ္းႏိုင္ေတာ့တဲ့ သက္ႀကီး႐ြယ္အို၊ မသန္စြမ္းသူေတြနဲ႔ လူမမည္က ေလးေတြအတြက္သာ မွန္သင့္ သေလာက္မွန္ၿပီး အရိပ္ရဲ႕အားကိုယူၿပီး အရိပ္ႀကီးတစ္ပင္ ဆက္လက္ ေပါက္ႏိုင္ေလာက္တဲ့မ်ိဳးဆက္ထက္ ေလာင္းရိပ္မိ ၿပီး ခိုလႈံရာအပင္ႀကီးေလာက္နီးတူ အဆင့္ေလာက္ပင္ မရွင္သန္မႀကီးထြားႏိုင္မႈက ပိုမ်ားသည္ကို ရလဒ္ဆိုး အျဖစ္ရွာ ေတြခဲ့ပါတယ္။

ျမန္မာစကားပုံထဲကလို ‘အေဖထက္ သားတစ္လႀကီး’ ‘ဆရာထက္ တပည့္ လက္ေစာင္း ထက္’ ဆိုသည္ထက္ ‘အရိပ္ေနေန ခက္ခ်ိဳးခ်ိဳး’က ပိုမ်ားလာရင္းကတစ္ဆင့္ ေနာက္မ်ိဳးဆက္က်ေတာ့ ‘ဆင္ေသနဲ႔လိုက္တဲ့ က်ီးမိုက္’ ကဲ့သို႔ လက္ေတြ႕က်က် ေတြ႕လာရပါတယ္။

စင္ကာပူႏိုင္ငံတည္ေထာင္သူ လီကြမ္ယု ကလည္း ‘‘တို႔အာရွမွာ ေအာင္ျမင္ၿပီး ထက္ျမက္မႈ (သို႔မဟုတ္) စနစ္တစ္ခုဟာ ဘယ္ေတာ့မွ မ်ိဳးဆက္ ႏွစ္ဆက္ေက်ာ္အထိ ဆက္လက္အားေကာင္းၿပီးရွင္ သန္မေနႏိုင္ဘူး”လို႔ မိန႔္ဆိုခဲ့ ဖူးတဲ့စကားဟာလည္း အာရွအတြက္မက သူႏိုင္ငံအတြက္ပါ ဒီေန႔အထိ ထိေရာက္မွန္ကန္ေနလို႔ အရွိန္မေလ်ာ့သြား ေအာင္ ဆက္လက္ထိန္းသိမ္းႏိုင္ရန္အလို႔ငွာ ‘သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနား’ စကားပုံကို အနာဂတ္ လူငယ္ေတြၾကားထဲ အယူအဆမမွားေအာင္ ‘မိမိ သာလွ်င္ မိမိျဖစ္ေၾကာင္း’ နဲ႔ ကိုယ္ပိုင္ဟန္ ကိုယ္ပိုင္ အစြမ္းအစကိုသာ အစဥ္တန္ဖိုးထားႏိုင္ေစရန္၊ အစြမ္းအစမတူညီျခင္းေတြကို ေပါင္းစပ္လုပ္ကိုင္တတ္ၿပီး အတူတကြ ႀကီးထြားတိုး တက္ၾကေစရန္ စဥ္ဆက္မျပတ္ ထိန္းေက်ာင္းတည့္မတ္ေနၾကဆဲျဖစ္ပါတယ္။

ေခါင္းေဆာင္ႀကီး ေမာ္စီတုံး စတင္က်င့္သုံးခဲ့တဲ့ ဝါး႐ုံပင္ကဲ့သို႔ ဥပမာနဲ႔ ယေန႔တ႐ုတ္ျပည္

ေမာ္စီတုံးက အထက္ပါ ေညာင္ရိပ္ခိုကာ ေလာင္းရိပ္မိခဲ့ၾကၿပီးနဲ႔ မိေနဆဲမ်ိဳးဆက္ေတြကို အဆက္ျဖတ္ေျပာင္း လဲျပစ္ၿပီး ေအာင္ျမင္ႀကီးပြားသူ ေတြဟာ လက္ေအာက္ငယ္သားနဲ႔ ေနာက္မ်ိဳးဆက္ အတြက္ ဝါး႐ုံပင္ကဲ့သို႔ က်င့္ရမယ္လို႔ဆိုခဲ့ပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ တိုင္းျပည္နဲ႔လူမ်ိဳးအတြက္ အရည္အခ်င္း အလားအလာရွိသူ လူငယ္မ်ိဳးဆက္ အခ်ိဳ႕ပင္လွ်င္ လူမွန္ေနရာမွန္မဟုတ္တဲ့ အရိပ္ခိုမႈ ေတြကတစ္ဆင့္ အရည္အခ်င္းပ်က္ အသေရပ်က္ကာ ႀကီးမားတဲ့ ေလာင္းရိပ္မိမႈမ်ားကတစ္ဆင့္ အဲဒီသူ ကိုယ္တိုင္သာမက တိုင္းျပည္နဲ႔ လူမ်ိဳးပါ နစ္နာခဲ့ရမႈ မ်ားစြာရွိခဲ့ၾကပါတယ္။ ႀကီးမားတဲ့ ဝါးပင္ႀကီးေတြဟာ ေရတိုက္စားခံေနရာနဲ႔ ေတာင္ကမ္းပါးရံေတြမွာေတာင္ ေသးငယ္တဲ့ ဝါးပင္ငယ္ေတြအတြက္ ခိုင္ခံ့ရႈပ္ေထြးတဲ့ အျမစ္ပင္စည္နဲ႔အာဟာရ ခြန္အားအျဖစ္ပဲ ေတာင့္ခံ ေပးထားၿပီး ေနကို အတူေမွ်ာ္ထြက္ ႀကီးထြားတာနဲ႔ ေဘးကို ျဖန႔္ကားႀကီးထြားျခင္းကိုမူ ဝါးပင္ငယ္ေတြ စိတ္ႀကိဳက္ ပင္ကိုအတိုင္းသာ ႐ုန္းထြက္ႀကီးထြားေစ ႐ုံမွ်မက အဆိုပါဝါးပင္ငယ္ေတြကို ေနာက္မ်ိဳးဆက္ ဝါးပင္ေလးေတြအတြက္ မိမိကဲ့သို႔ ႀကံ့ခိုင္သန္စြမ္း ေသာဝါးျမစ္မ်ားျဖစ္ေစဖို႔ လက္တြဲႀကီးထြားေစျပန္ပါ တယ္။ မ်ိဳးဆက္တစ္ဆက္ထက္ မတူညီေအာင္ ျမင္တဲ့ ေနာက္မ်ိဳးဆက္တစ္ဆက္ေပါင္းမ်ားစြာကို တီထြင္ဖန္တီးလိုစိတ္ကို ေျပာင္းလဲဖို႔ခက္ခဲတဲ့ ကြန္ျမဴ နစ္စနစ္ ေဟာင္း လူ႔အဖြဲ႕အစည္းထဲမွသည္ ကြန္ျမဴနစ္စနစ္သစ္ လူအဖြဲ႕အစည္းထဲကို ပညာေရးစနစ္ေရာ လူ႔အဖြဲ႕အစည္း အေတြးအေခၚအတြက္ပါ အျငင္သာ ဆုံး ဆယ္စုႏွစ္မ်ားစြာ လက္ဆင့္ကမ္း ကူးေျပာင္းေစခဲ့ ႐ုံသာမကာ အဲဒီစနစ္ဆိုးကို ၿပိဳင္ဘက္ေတြရဲ႕ လူ႔အ ဖြဲ႕အစည္းထံ အသုံးခ်သင့္ေၾကာင္းကိုလည္း မဟာဗ်ဴ ဟာက်က် ပါးနပ္စြာ႐ိုက္ထည့္ သံမႈိစြဲေစၿပီး စီးပြား ေရး၊ စစ္ေရး၊ နည္းပညာအင္အားႀကီးမားေသာ ယေန႔ တ႐ုတ္ႏိုင္ငံနဲ႔ တ႐ုတ္လူမ်ိဳးေတြရဲ႕ ပကတိျဖစ္တည္မႈ ဟာ ခိုင္မာတဲ့အုတ္ျမစ္ကို ဝါး႐ုံပင္ႀကီးကဲ့သို႔ တည္ေဆာက္ႏိုင္ခဲ့တာနဲ႔အတူ ေခါင္းေဆာင္ႀကီးေမာ္စီတုံးရဲ႕ ဆယ္စုႏွစ္ေပါင္း မ်ားစြာ တည္ေဆာက္ခ်မွတ္ခဲ့တဲ့ မဟာဗ်ဴဟာေတြထဲက ထင္ရွားတဲ့မဟာဗ်ဴဟာ သက္ေသတစ္ခုပင္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.