လျှပ်စစ်မီးမမှန်ခြင်းကြောင့် ဆန်စက်အချို့ Gasifier ဖြင့်ကိုယ်ပိုင်လျှပ်စစ် ထုတ်သုံးစွဲနေရ
955
ယွန်း (NP News) - ဩဂုတ် ၂၂
လျှပ်စစ်မီးရရှိချိန် မမှန်သည့် ဆန်စက်အချို့တွင် စပါးခွံလောင်စာသုံး Gasifier များဖြင့် ကိုယ်တိုင် လျှပ်စစ်ထုတ်ယူသုံးစွဲနေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။
ဩဂုတ်(၁၂)ရက်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် NP News ၏မေးမြန်းမှုအပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ် သည်။
ပြီးခဲ့သည့်ဇူလိုင်လမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ဆန်စက်များတွင် လျှပ်စစ်မီး(၆)နာရီနီးပါး အထိရရှိခဲ့ကြောင်း သိရသည်။ သို့သော် ဆန်စက်အချို့တွင် လျှပ်စစ်မီးရရှိချိန် မမှန်သည့်ပြဿနာနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင် စပါးခွံမှတစ်ဆင့် လျှပ်စစ်ထုတ်ယူသုံးစွဲ သည့်နည်းလမ်းကို အကောင်အထည်ဖော်ဆောင်ရွက်နေရကြောင်း သိရသည်။
‘‘လျှပ်စစ်ကတော့ အဆင်ပြေတယ်လို့တော့ မဟုတ်သေးဘူး။ အရင်ကထက်စာရင် မိုးတွင်းကတော့ ပိုရလာတယ်။ လျှပ်စစ်မီးရရှိတဲ့အချိန်မမှန်ရင် အလုပ်သမားစီစဉ်ရတာခက်တယ်။ ဆန်စက်တွေ မှာကျတော့ ဆန်အိတ်တွေ မ ရတယ်၊ ရွှေ့ရတယ်။ မီးကမလာတော့ ဘာမှလုပ်လို့မရဘူး။ တချို့ဆန်စက်တွေကလည်း မီးစက်တွေ စီစဉ်ကြတယ်။ လျှပ်စစ်ကတော့ မိုးတွင်းဆိုတော့ပိုရတယ်။ နွေရာသီမှာတော့ (၄) နာရီဆိုပေမယ့် (၂) နာရီလောက်ပဲရတာ လည်းရှိ တယ်။ လုပ်ရကိုင်ရခက်တယ်။ အခုတော့ နည်းနည်းအဆင်ပြေလာတယ်လို့ပြောလို့ရတယ်။ ဒါတောင် တချို့နယ် တွေမှာဆိုရင် လျှပ်စစ်က ညပိုင်းပဲလာပြီး နေ့လယ်ပိုင်းတွေမှာ သိပ်မလာတာတွေရှိတယ်။ ဆန်စက်လုပ်ငန်းရှင်တွေ အနေနဲ့ သူ့နည်းသူ့ဟန်နဲ့ စပါးခွံကနေလျှပ်စစ် ဓာတ်အား ထုတ်တာတို့၊ မီးစက်တွေနဲ့လည်းဆောင် ရွက်နေတာ တွေရှိပါတယ်’’ဟု ဦးရဲမင်းအောင်ကပြောသည်။
ထို့ပြင် အဆိုပါ စပါးခွံလောင်စာသုံး Gasifier များကို အားပေးထောက်ပံ့မှုများဆောင်ရွက်သင့်ပြီး ရင်းနှီးမြှုပ်နှံ သူများအတွက် ဘဏ်များနှင့် ချိတ်ဆက် ၍ ချေးငွေရရှိရေးကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ပြည်တွင်း၌ စပါးစိုက်ပျိုးမှုများပြားသည့် ဧရာဝတီတိုင်း၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ်(၁၀ဝ)နှင့် (၁၅၀)အကြား သုံးစွဲမှုရှိနေပြီး စပါးခွံများ ကိုသုံးစွဲ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည်ဆိုပါက အဆိုပါတိုင်းအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်(၂၀)ခန့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် လျှပ်စစ်မီးအပြည့်အဝရရှိနေသည့် ဆန်စက်များအနေဖြင့်လည်း တာဝါတိုင်များဖျက်ဆီးခံရ၍ မီးရရှိမှုလျော့နည်းမည်ကို စိုးရိမ်မှုများရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အဓိကဈေးကွက် ကြီး(၃)ခုကို ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး အိမ်အရောက်ပို့စ နစ်ဖြင့် ဆန်အိတ်များရောင်းချပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁၀)ရက်နေ့မှ ယနေ့ အထိ အိမ်ထောင်စု(၁၀ဝဝ)ကျော်ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
zawgyi version
လွ်ပ္စစ္မီးမမွန္ျခင္းေၾကာင့္ ဆန္စက္အခ်ိဳ႕ Gasifier ျဖင့္ကိုယ္ပိုင္လွ်ပ္စစ္ ထုတ္သုံးစြဲေနရ
ယြန္း (NP News) - ဩဂုတ္ ၂၂
လွ်ပ္စစ္မီးရရွိခ်ိန္ မမွန္သည့္ ဆန္စက္အခ်ိဳ႕တြင္ စပါးခြံေလာင္စာသုံး Gasifier မ်ားျဖင့္ ကိုယ္တိုင္ လွ်ပ္စစ္ထုတ္ယူသုံးစြဲေနရေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က ဆိုသည္။
ဩဂုတ္(၁၂)ရက္ေန႔က ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္႐ုံးတြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ တြင္ NP News ၏ေမးျမန္းမႈအေပၚ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ဥကၠ႒က အထက္ပါအတိုင္း ထည့္သြင္းေျဖၾကားခဲ့ျခင္း ျဖစ္ သည္။
ၿပီးခဲ့သည့္ဇူလိုင္လမွစ၍ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိ ဆန္စက္မ်ားတြင္ လွ်ပ္စစ္မီး(၆)နာရီနီးပါး အထိရရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ဆန္စက္အခ်ိဳ႕တြင္ လွ်ပ္စစ္မီးရရွိခ်ိန္ မမွန္သည့္ျပႆနာႏွင့္ ရင္ဆိုင္ေနရဆဲျဖစ္ၿပီး ၎တို႔ ကိုယ္တိုင္ စပါးခြံမွတစ္ဆင့္ လွ်ပ္စစ္ထုတ္ယူသုံးစြဲ သည့္နည္းလမ္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနရေၾကာင္း သိရသည္။
‘‘လွ်ပ္စစ္ကေတာ့ အဆင္ေျပတယ္လို႔ေတာ့ မဟုတ္ေသးဘူး။ အရင္ကထက္စာရင္ မိုးတြင္းကေတာ့ ပိုရလာတယ္။ လွ်ပ္စစ္မီးရရွိတဲ့အခ်ိန္မမွန္ရင္ အလုပ္သမားစီစဥ္ရတာခက္တယ္။ ဆန္စက္ေတြ မွာက်ေတာ့ ဆန္အိတ္ေတြ မ ရတယ္၊ ေ႐ႊ႕ရတယ္။ မီးကမလာေတာ့ ဘာမွလုပ္လို႔မရဘူး။ တခ်ိဳ႕ဆန္စက္ေတြကလည္း မီးစက္ေတြ စီစဥ္ၾကတယ္။ လွ်ပ္စစ္ကေတာ့ မိုးတြင္းဆိုေတာ့ပိုရတယ္။ ေႏြရာသီမွာေတာ့ (၄) နာရီဆိုေပမယ့္ (၂) နာရီေလာက္ပဲရတာ လည္းရွိ တယ္။ လုပ္ရကိုင္ရခက္တယ္။ အခုေတာ့ နည္းနည္းအဆင္ေျပလာတယ္လို႔ေျပာလို႔ရတယ္။ ဒါေတာင္ တခ်ိဳ႕နယ္ ေတြမွာဆိုရင္ လွ်ပ္စစ္က ညပိုင္းပဲလာၿပီး ေန႔လယ္ပိုင္းေတြမွာ သိပ္မလာတာေတြရွိတယ္။ ဆန္စက္လုပ္ငန္းရွင္ေတြ အေနနဲ႔ သူ႔နည္းသူ႔ဟန္နဲ႔ စပါးခြံကေနလွ်ပ္စစ္ ဓာတ္အား ထုတ္တာတို႔၊ မီးစက္ေတြနဲ႔လည္းေဆာင္ ႐ြက္ေနတာ ေတြရွိပါတယ္’’ဟု ဦးရဲမင္းေအာင္ကေျပာသည္။
ထို႔ျပင္ အဆိုပါ စပါးခြံေလာင္စာသုံး Gasifier မ်ားကို အားေပးေထာက္ပံ့မႈမ်ားေဆာင္႐ြက္သင့္ၿပီး ရင္းႏွီးျမႇဳပ္ႏွံ သူမ်ားအတြက္ ဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ ၍ ေခ်းေငြရရွိေရးကိုလည္း ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။ ျပည္တြင္း၌ စပါးစိုက္ပ်ိဳးမႈမ်ားျပားသည့္ ဧရာဝတီတိုင္း၏ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈမွာ မဂၢါဝပ္(၁၀ဝ)ႏွင့္ (၁၅၀)အၾကား သုံးစြဲမႈရွိေနၿပီး စပါးခြံမ်ား ကိုသုံးစြဲ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္မည္ဆိုပါက အဆိုပါတိုင္းအတြက္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္(၂၀)ခန႔္ အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
ထို႔ျပင္ လွ်ပ္စစ္မီးအျပည့္အဝရရွိေနသည့္ ဆန္စက္မ်ားအေနျဖင့္လည္း တာဝါတိုင္မ်ားဖ်က္ဆီးခံရ၍ မီးရရွိမႈေလ်ာ့နည္းမည္ကို စိုးရိမ္မႈမ်ားရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္တြင္းဆန္ေဈးကြက္တည္ၿငိမ္ေရးအတြက္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ အဓိကေဈးကြက္ ႀကီး(၃)ခုကို ရည္ၫႊန္းေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး အိမ္အေရာက္ပို႔စ နစ္ျဖင့္ ဆန္အိတ္မ်ားေရာင္းခ်ေပးျခင္းကိုလည္း ေဆာင္႐ြက္လ်က္ရွိရာ ဇူလိုင္(၁၀)ရက္ေန႔မွ ယေန႔ အထိ အိမ္ေထာင္စု(၁၀ဝဝ)ေက်ာ္ကို ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရသည္။