ကွာရှင်းပြတ်စဲဖို့ တရားရုံးမှာလျှောက်ထားခဲ့ကြတဲ့ ဂျနီဖာလိုးပက်ဇ်နဲ့ ဘန်အဖလက်ခ်တို့စုံတွဲ

 1693

Pika (NP News) - သြဂုတ် ၂၂

ဟောလိဝုဒ်ကြယ်ပွင့်များဖြစ်သော ဂျနီဖာလိုးပက်ဇ် နှင့် ဘန်အဖလက်ခ်တို့သည် အိမ်ထောင်သက်(၂)နှစ်အကြာ တွင် ကွာရှင်းပြတ်စဲရန် တရားရုံးတွင်လျှောက်ထားခဲ့ကြောင်း သိရသည်။ ဂျနီဖာလိုးပက်ဇ်သည် ဩဂုတ်လ(၂၀) ရက်တွင် လော့စ်အိန်ဂျလီကောင်တီ အထက်တန်းတရားရုံးတွင် ဘန်အဖလက်ခ်နှင့် ကွာရှင်းရန် လျှောက်ထားခဲ့ ကြောင်း တရားရုံးစာရွက်စာတမ်းများအရ သိရသည်။

ဂျနီဖာလိုးပက်ဇ် နှင့် ဘန်အဖလက်ခ်တို့သည် ၂ဝ၂၂ ခုနှစ် ဇူလိုင်လတွင် လတ်စ်ဗီးဂတ်စ်မြို့မှာ မင်္ဂလာဆောင် ခဲ့ပြီး နောက် တစ်လအကြာတွင် ဂျော်ဂျီယာပြည်နယ်မှာ ပိုကြီးသောမင်္ဂလာပွဲအခမ်းအနားကို ထပ်မံကျင်းပခဲ့ကြောင်း သိရသည်။

ဂျနီဖာလိုးပက်ဇ် နှင့် ဘန်အဖလက်ခ်တို့သည် ၂ဝဝ၃ ခုနှစ်တွင် ထွက်ရှိခဲ့သော Gigli ရုပ်ရှင်ဇာတ်ကားတွင် အတူတွဲကာ သရုပ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကြားတွင် အချစ်ဇာတ်လမ်းများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် အဆိုပါနှစ်တွင် လက်ထပ်ရန်စီစဉ်ခဲ့ကြသော်လည်း ၂၀၀၄ ခုနှစ်အစောပိုင်းတွင် ၎င်းတို့၏ ဆက်ဆံရေးမှာ ပြတ်စဲသွားခဲ့ကြောင်း သိရသည်။
ဆယ်စုနှစ်(၂)ခုနီးပါးကြာပြီးနောက် ဂျနီဖာလိုးပက်ဇ်နှင့် ဘန်အဖလက်ခ်တို့ကြား ဆက်ဆံရေးမှာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ၂ဝ၂၂ ခုနှစ် ဇူလိုင်လတွင် လက်ထပ်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း အိမ်ထောင်သက် (၂)နှစ်အကြာတွင် ၎င်းတို့နှစ်ဦးကြား ယခုလိုကွာရှင်းပြတ်စဲမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါကွာရှင်းပြတ်စဲမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ၎င်းတို့နှစ်ဦးစလုံး၏ ကိုယ်စားလှယ် များက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ပရိသတ်များကြားတွင် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး လပေါင်းများစွာကြာ ထင်ကြေးပေးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂျနီဖာလိုးပက်ဇ် နှင့် ဘန်အဖလက်ခ်တို့သည် ၎င်းတို့နှစ်ဦးပိုင်ဆိုင်သည့် Beverly Hills ဇိမ်ခံစံအိမ်ကြီးကို အမေရိကန်ဒေါ်လာ(၆၅)သန်းဖြင့် ရောင်းချခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ကြာရွင္းျပတ္စဲဖို႔ တရား႐ုံးမွာေလွ်ာက္ထားခဲ့ၾကတဲ့ ဂ်နီဖာလိုးပက္ဇ္နဲ႔ ဘန္အဖလက္ခ္တို႔စုံတြဲ
Pika (NP News) - ၾသဂုတ္ ၂၂

ေဟာလိဝုဒ္ၾကယ္ပြင့္မ်ားျဖစ္ေသာ ဂ်နီဖာလိုးပက္ဇ္ ႏွင့္ ဘန္အဖလက္ခ္တို႔သည္ အိမ္ေထာင္သက္(၂)ႏွစ္အၾကာ တြင္ ကြာရွင္းျပတ္စဲရန္ တရား႐ုံးတြင္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။ ဂ်နီဖာလိုးပက္ဇ္သည္ ဩဂုတ္လ(၂၀) ရက္တြင္ ေလာ့စ္အိန္ဂ်လီေကာင္တီ အထက္တန္းတရား႐ုံးတြင္ ဘန္အဖလက္ခ္ႏွင့္ ကြာရွင္းရန္ ေလွ်ာက္ထားခဲ့ ေၾကာင္း တရား႐ုံးစာ႐ြက္စာတမ္းမ်ားအရ သိရသည္။

ဂ်နီဖာလိုးပက္ဇ္ ႏွင့္ ဘန္အဖလက္ခ္တို႔သည္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လတြင္ လတ္စ္ဗီးဂတ္စ္ၿမိဳ႕မွာ မဂၤလာေဆာင္ ခဲ့ၿပီး ေနာက္ တစ္လအၾကာတြင္ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ ပိုႀကီးေသာမဂၤလာပြဲအခမ္းအနားကို ထပ္မံက်င္းပခဲ့ေၾကာင္း သိရသည္။

ဂ်နီဖာလိုးပက္ဇ္ ႏွင့္ ဘန္အဖလက္ခ္တို႔သည္ ၂ဝဝ၃ ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ Gigli ႐ုပ္ရွင္ဇာတ္ကားတြင္ အတူတြဲကာ သ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ၎တို႔ႏွစ္ဦးၾကားတြင္ အခ်စ္ဇာတ္လမ္းမ်ား စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၎တို႔ႏွစ္ဦးသည္ အဆိုပါႏွစ္တြင္ လက္ထပ္ရန္စီစဥ္ခဲ့ၾကေသာ္လည္း ၂၀၀၄ ခုႏွစ္အေစာပိုင္းတြင္ ၎တို႔၏ ဆက္ဆံေရးမွာ ျပတ္စဲသြားခဲ့ေၾကာင္း သိရသည္။
ဆယ္စုႏွစ္(၂)ခုနီးပါးၾကာၿပီးေနာက္ ဂ်နီဖာလိုးပက္ဇ္ႏွင့္ ဘန္အဖလက္ခ္တို႔ၾကား ဆက္ဆံေရးမွာ ျပန္လည္ ေကာင္းမြန္လာခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လတြင္ လက္ထပ္ခဲ့ၾကေၾကာင္း သိရသည္။ သို႔ေသာ္လည္း အိမ္ေထာင္သက္ (၂)ႏွစ္အၾကာတြင္ ၎တို႔ႏွစ္ဦးၾကား ယခုလိုကြာရွင္းျပတ္စဲမႈမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
အဆိုပါကြာရွင္းျပတ္စဲမႈႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ၎တို႔ႏွစ္ဦးစလုံး၏ ကိုယ္စားလွယ္ မ်ားက ျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ပရိသတ္မ်ားၾကားတြင္ ၎တို႔ႏွစ္ဦး၏ ဆက္ဆံေရးႏွင့္ပတ္သက္ၿပီး လေပါင္းမ်ားစြာၾကာ ထင္ေၾကးေပးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဂ်နီဖာလိုးပက္ဇ္ ႏွင့္ ဘန္အဖလက္ခ္တို႔သည္ ၎တို႔ႏွစ္ဦးပိုင္ဆိုင္သည့္ Beverly Hills ဇိမ္ခံစံအိမ္ႀကီးကို အေမရိကန္ေဒၚလာ(၆၅)သန္းျဖင့္ ေရာင္းခ်ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.